< Ecclesiastes 5 >

1 Keep thy foot when thou goest to the house of God, and draw near to hear, rather than to give the sacrifice of fools: for they know not that they do evil.
ဘုရား သခင့်အိမ် တော်သို့ သွား သောအခါ ၊ သင့် ခြေ တို့ကို စောင့် လော့။ လူမိုက် ပြု သောယဇ် ပူဇော်ခြင်းအမှုထက် ၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစားလော့။ လူမိုက် တို့သည် ကိုယ်အပြစ် ကိုမ ဆင်ခြင် တတ် ကြ။
2 Be not rash with thy mouth, and let not thy heart be hasty to utter anything before God: for God is in the heavens, and thou upon earth; therefore let thy words be few.
သင် ၏နှုတ် သည် သတိ မ လစ်စေနှင့်။ ဘုရား သခင့်ရှေ့ တော်၌ စကား ပြောခြင်းငှါ ၊ သင် ၏စိတ် နှလုံးမ လျင် မမြန်စေနှင့်။ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ သင် သည် မြေကြီး ပေါ် မှာရှိ၏။ ထိုကြောင့် သင် ၏စကား မ များစေ နှင့်။
3 For a dream cometh through the multitude of business, and a fool's voice through a multitude of words.
အမှု များ သောအားဖြင့် အိပ်မက် မြင် တတ်သကဲ့သို့ ၊ စကား များ သောအားဖြင့် မိုက် သောသူ ၏အသံ ကို ကြားရ၏။
4 When thou vowest a vow unto God, defer not to pay it; for he hath no pleasure in fools: pay that which thou hast vowed.
ဘုရား သခင့်ထံ တော်၌ သစ္စာဂတိ ပြု မိလျှင် ၊ သစ္စာဝတ်ကို မ ဖြေ ဘဲမနေနှင့်။ မိုက် သောသူတို့ကို အားရနှစ်သက် တော်မ မူ။ သစ္စာဂတိ ပြုသည်အတိုင်း ဝတ် ကို ဖြေလော့။
5 Better is it that thou shouldest not vow, than that thou shouldest vow and not pay.
သစ္စာဂတိ ပြု၍ ဝတ်ကိုမ ဖြေ ဘဲနေသည်ထက်၊ သစ္စာဂတိ အလျှင်းမ ပြုဘဲနေသော် သာ၍ ကောင်း ၏။
6 Suffer not thy mouth to cause thy flesh to sin; neither say thou before the angel, that it was an inadvertence. Wherefore should God be wroth at thy voice, and destroy the work of thy hands?
သင် ၏နှုတ် သည် သင် ၏ကိုယ်ခန္ဓါ ၌ အပြစ် မ ရောက်စေနှင့်။ အကျွန်ုပ်မှား ပါပြီဟု၊ တမန်တော် ရှေ့ မှာ ပြော ရသော အကြောင်းမ ရှိစေနှင့်။ ဘုရား သခင်သည် သင် ၏စကား သံကို အမျက် တော်ထွက်၍၊ သင် ပြုစု သောအမှု ကို အဘယ်ကြောင့် ဖျက်ဆီး တော်မူရမည်နည်း။
7 For in the multitude of dreams are vanities; so with many words: but fear God.
အိပ်မက် များ ရာ၌ ၎င်း၊ စကား များ ရာ၌၎င်း ၊ အချည်းနှီး သောအကြောင်းအရာပါတတ်၏။ သင် မူကား ဘုရား သခင်ကို ကြောက်ရွံ့ လော့။
8 If thou seest the oppression of the poor, and violent perverting of judgment and justice in a province, marvel not at the matter; for a higher than the high is watching, and there are higher than they.
ကျေးရွာ ၌ ဆင်းရဲသား တို့ကို ညှဉ်းဆဲ ခြင်း၊ တရား လမ်း မှလွှဲ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည် ကို အံ့ဩ ခြင်းမ ရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
9 Moreover the earth is every way profitable: the king [himself] is dependent upon the field.
မြေကြီး ကဖြစ် သော စီးပွါးသည်အလုံးစုံ တို့အဘို့ ဖြစ်၏။ ရှင်ဘုရင် သော်လည်း၊ လယ် ၏ ကျေးဇူး ကိုခံရ၏။
10 He that loveth silver shall not be satisfied with silver, nor he that loveth abundance with increase. This also is vanity.
၁၀ငွေ ကိုတပ်မက် သောသူသည် ငွေ နှင့် အလိုဆန္ဒ မ ပြေနိုင်။ စည်းစိမ် ကို တပ်မက် သောသူသည် စည်းစိမ် တိုးပွားသော်လည်း မ ရောင့်ရဲနိုင်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ်၏။
11 When goods increase, they are increased that eat them; and what profit is there to the owner thereof, except the beholding [of them] with his eyes?
၁၁ဥစ္စာ တိုးပွား သောအခါ စား ရသောသူတို့သည် လည်း တိုးပွား များပြားကြ၏။ ဥစ္စာ ရှင်သည် မျက်စိ နှင့်ကြည့်ရှု ခြင်း ကျေးဇူးမှတပါး အဘယ် ကျေးဇူး ရှိသနည်း။
12 The sleep of the labourer is sweet, whether he have eaten little or much; but the fulness of the rich doth not suffer him to sleep.
၁၂အလုပ်လုပ် သောသူသည် များစွာ စား သည် ဖြစ်စေ ၊ အနည်းငယ် စားသည်ဖြစ်စေ ၊ အအိပ် မြိန် တတ်၏။ ရတတ် သောသူ၏ စည်းစိမ် မူကား ၊ စည်းစိမ် ရှင်ကို အအိပ် ပျက် စေတတ်၏။
13 There is a grievous evil that I have seen under the sun: riches kept for the owners thereof to their hurt;
၁၃စည်းစိမ် ရှင်သည် ကိုယ် အကျိုး ပျက်သည်တိုင်အောင် ၊ စည်းစိမ် ကိုသိုထား ခြင်းတည်းဟူသော၊ နေ အောက် ၌ အလွန် ဆိုးသောအမှုအရာကို ငါမြင် ပြီ။
14 or those riches perish by some evil circumstance, and if he have begotten a son, there is nothing in his hand.
၁၄ထို စည်းစိမ် သည် မကောင်း သောအမှု အားဖြင့် ပျောက်ပျက် တတ်၏။ စည်းစိမ်ရှင်မြင် သော သား သည် လည်း လက်ချည်း နေရ၏။
15 As he came forth from his mother's womb, naked shall he go away again as he came, and shall take nothing of his labour, which he may carry away in his hand.
၁၅သို့မဟုတ်၊ စည်းစိမ် ရှင်သည် အမိ ဝမ်း ထဲက အလျှင်း မပါဘဲ ထွက် လာသကဲ့သို့ ၊ ထိုနည်းတူ ပြန် သွား ရမည်။ ကြိုးစား အားထုတ်၍ ရ သောဥစ္စာ တစုံတခုကိုမျှ လက် နှင့် စွဲကိုင် လျက် ယူ ၍မ သွားရ။
16 And this also is a grievous evil, that in all points as he came so doth he go away, and what profit hath he, in having laboured for the wind?
၁၆သူသည်လာ သကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောအမှုအရာသည် အလွန် ဆိုးသောအမှုအရာဖြစ်၏။ လေ ကို ရအံ့သောငှါ ကြိုးစား အားထုတ်သောသူသည် အဘယ် ကျေးဇူး ရှိသနည်း။
17 All his days also he eateth in darkness, and hath much vexation, and sickness, and irritation.
၁၇သူ ၏နေ့ရက် ကာလကို မှောင်မိုက် ၌ လွန် စေ တတ်၏။ များစွာ သောနှောင့်ရှက် ခြင်း၊ ညှိုးငယ် ခြင်း၊ အမျက် ထွက်ခြင်းကို ခံရ၏။
18 Behold what I have seen good and comely: [it is] to eat and to drink, and to enjoy good in all his labour wherewith [man] laboureth under the sun, all the days of his life which God hath given him: for that is his portion.
၁၈ငါ သိ မြင်သောအရာဟူမူကား ၊ စား သောက် ခြင်း အမှု၊ နေ အောက် ၌ ဘုရား သခင်ပေး တော်မူသောအသက် ရှည်သမျှ ကာလ ပတ်လုံး၊ ကြိုးစား အားထုတ်၍ ရ သောအကျိုး၌ ပျော်မွေ့ ခြင်းအမှုကို ပြုကောင်း ၏။ လျောက်ပတ် ၏။ ထို အမှုသည် လူ ၏အဘို့ ဖြစ်၏။
19 Every man also to whom God hath given riches and wealth, and power to eat thereof, and to take his portion and to rejoice in his labour: that is a gift of God.
၁၉ဘုရား သခင်ပေး သနားတော်မူသောစည်းစိမ် ဥစ္စာ ကိုရသော လူတိုင်း မိမိ အဘို့ ကိုခံ ၍ ဝင်စား ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ ပျော်မွေ့ ခြင်းငှါ ၎င်း၊ ဘုရား သခင့်ကျေးဇူးတော် ကြောင့် အခွင့် ရှိ၏။
20 For he will not much remember the days of his life, because God answereth [him] with the joy of his heart.
၂၀လွန် သောနေ့ရက် ကာလကို များစွာ မ အောက်မေ့ ရ။ စိတ် နှလုံးရွှင်လန်း သောအခွင့်ကို ဘုရား သခင်ပေး သနားတော်မူ၏။

< Ecclesiastes 5 >