< Acts 6 >
1 But in those days, the disciples multiplying in number, there arose a murmuring of the Hellenists against the Hebrews because their widows were overlooked in the daily ministration.
၁ကာလအနည်းငယ်ကြာသော်တပည့်တော် အရေအတွက်မှာ တိုးတက်များပြားလာ၏။ ထိုအခါဂရိစကားကိုသုံးစွဲသူယုဒ အမျိုးသားများနှင့် ဒေသခံယုဒအမျိုး သားတို့အငြင်းပွားကြ၏။ ဂရိစကား သုံးစွဲသူယုဒအမျိုးသားတို့က မိမိတို့ မုဆိုးမများနေ့စဉ်အသုံးစရိတ်မရ ရှိကြောင်းပြစ်တင်ပြောဆိုကြ၏။-
2 And the twelve, having called the multitude of the disciples to [them], said, It is not right that we, leaving the word of God, should serve tables.
၂တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည် တပည့်တော်အပေါင်းကိုခေါ်ပြီးလျှင်``ငါ တို့သည်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ဟောပြောမှုကိုလျစ်လူပြုပြီးလျှင် ငွေ ရေးကြေးရေးကိုစီမံဆောင်ရွက်ရန်မသင့်။-
3 Look out therefore, brethren, from among yourselves seven men, well reported of, full of [the] [Holy] Spirit and wisdom, whom we will establish over this business:
၃ညီအစ်ကိုတို့၊ သင်တို့အထဲမှသင်တို့နှစ်သက် သူ လူခုနစ်ယောက်ကိုရွေးချယ်ကြလော့။ ဤ တာဝန်ကိုထမ်းဆောင်စေရန်ထိုသူတို့အား ငါတို့ခန့်ထားမည်။ သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်းပြည့်ဝလျက်အသရေရှိသူ များဖြစ်ရမည်။-
4 but we will give ourselves up to prayer and the ministry of the word.
၄ငါတို့အဖို့မှာမူဆုတောင်းပတ္ထနာပြုခြင်း နှင့် တရားတော်ကိုဟောပြောခြင်းအားဖြင့် သာလျှင် အချိန်ကိုကုန်လွန်စေကြမည်'' ဟု ဆို၏။
5 And the saying pleased the whole multitude: and they chose Stephen, a man full of faith and [the] Holy Spirit, and Philip, and Prochorus, and Nicanor, and Timon, and Parmenas, and Nicolas, a proselyte of Antioch,
၅ဤအကြံကိုတပည့်တော်အပေါင်းတို့နှစ်သက် ကြ၏။ သူတို့သည်သတေဖန်ကိုရွေးချယ်ကြ ၏။ သတေဖန်သည်ယုံကြည်ခြင်းအားကြီး၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသူဖြစ် ၏။ ထို့နောက်ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့်နိကောလတို့ကိုလည်းရွေးချယ် ကြ၏။ နိကောလကားယုဒအမျိုးသားမဟုတ်၊ ယုဒဘာသာသို့ကူးပြောင်းလာသူအန္တိအုတ် မြို့သားဖြစ်၏။-
6 whom they set before the apostles; and, having prayed, they laid their hands on them.
၆တပည့်တော်တို့သည်ထိုသူတို့အားတမန်တော် တို့၏ရှေ့မှောက်သို့ဝင်ရောက်စေကြ၏။ ထိုနောက် တမန်တော်တို့သည်ဆုတောင်းပြီးလျှင် ထိုသူ တို့၏ဦးခေါင်းပေါ်မှာမိမိတို့၏လက်ကို တင်ကြ၏။
7 And the word of God increased; and the number of the disciples in Jerusalem was very greatly multiplied, and a great crowd of the priests obeyed the faith.
၇သို့ဖြစ်၍ဘုရားသခင်၏နှုတ်ကပတ်တရား တော်သည်ပျံ့နှံ့၍ တပည့်တော်အရေအတွက် သည် ယေရုရှလင်မြို့တွင်များစွာတိုးပွားလျက် နေ၏။ ယဇ်ပုရောဟိတ်အမြောက်အမြားပင် သတင်းကောင်းကိုလက်ခံယုံကြည်လာကြ၏။
8 And Stephen, full of grace and power, wrought wonders and great signs among the people.
၈သတေဖန်သည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုကြွယ်ဝစွာခံစားရသူ၊ တန်ခိုးတော် ကိုခံယူရရှိသူဖြစ်သဖြင့် အံ့သြဖွယ်ရာ အမှုများနှင့်နိမိတ်လက္ခဏာများကိုပြလေ၏။-
9 And there arose up certain of those of the synagogue called of freedmen, and of Cyrenians, and of Alexandrians, and of those of Cilicia and Asia, disputing with Stephen.
၉သို့ရာတွင်လူအချို့တို့သည်သူ့ကိုအတိုက် အခံပြုကြ၏။ ထိုသူတို့ကားကုရေနေနှင့် အာလေဇန္ဒြူယမြို့ရှိယုဒအမျိုးသားတို့ ပါဝင်သည့်လွတ်လပ်သူများ ၏တရားဇရပ်အဖွဲ့ဝင်များဖြစ်၏။ ထိုသူတို့နှင့် တကွကိလိကိပြည်နှင့်အာရှပြည်မှ ယုဒအမျိုး သားအချို့တို့သည်သတေဖန်နှင့်စတင်ငြင်းခုံ ကြ၏။-
10 And they were not able to resist the wisdom and the Spirit with which he spoke.
၁၀သို့ရာတွင်သတေဖန်သည်ဝိညာဉ်တော်ချပေး သည့်အသိပညာနှင့်ပြောဆိုသဖြင့် ထိုသူ တို့သည်သူ့အားချေပနိုင်စွမ်းမရှိကြ။-
11 Then they suborned men, saying, We have heard him speaking blasphemous words against Moses and God.
၁၁သို့ဖြစ်၍``ဤသူသည်မောရှေအားလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်းပြစ်မှားပြော ဆိုသည်ကိုငါတို့ကြားပါသည်'' ဟုလူတို့ အားတံစိုးလက်ဆောင်ပေး၍အပြောခိုင်း ကြ၏။-
12 And they roused the people, and the elders, and the scribes. And coming upon [him] they seized him and brought [him] to the council.
၁၂ဤနည်းအားဖြင့်သူတို့သည်လူများ၊ ဘာသာ ရေးခေါင်းဆောင်များနှင့်ကျမ်းတတ်ဆရာများ အားနှိုးဆွပေးကြ၏။ သူတို့သည်သူ့ကို ဖမ်းဆီး၍တရားလွှတ်တော်သို့ပို့ကြ၏။-
13 And they set false witnesses, saying, This man does not cease speaking words against the holy place and the law;
၁၃ထို့နောက်သူတို့သည်မုသားသက်သေများကို ခေါ်ဆောင်ခဲ့ကြ၏။ ထိုသက်သေများက``ဤသူ သည်ဗိမာန်တော်နှင့်ပညတ်တရားတော်တို့ ကိုဆန့်ကျင်၍ အမြဲပြောဆိုလျက်နေပါ၏။-
14 for we have heard him saying, This Jesus the Nazaraean shall destroy this place, and change the customs which Moses taught us.
၁၄နာဇရက်မြို့သားယေရှုသည်ဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အားမောရှေပေးအပ်ခဲ့ သည့်ထုံးတမ်းစဉ်လာများကိုပြောင်းလဲစေ လိမ့်မည်ဖြစ်ကြောင်း ထိုသူပြောဆိုသည်ကို အကျွန်ုပ်တို့ကြားကြပါ၏'' ဟုထွက်ဆို ကြ၏။-
15 And all who sat in the council, looking fixedly on him, saw his face as [the] face of an angel.
၁၅တရားလွှတ်တော်တွင်ထိုင်လျက်နေကြသော သူအပေါင်းတို့သည် သတေဖန်ကိုအာရုံစိုက် ၍ကြည့်သောအခါ သူ၏မျက်နှာသည်ကောင်း ကင်တမန်၏မျက်နှာနှင့်တူသည်ကိုတွေ့မြင် ရကြ၏။