< Romans 6 >
1 So what shall we say? Should we remain in sin, so that grace may abound?
၁သို့ဖြစ်လျှင်အဘယ်သို့ဆိုရမည်နည်း။ ဘုရား သခင်၏ကျေးဇူးတော်ကိုပိုမိုခံစားရစေ ရန် အပြစ်ထဲ၌ဆက်လက်၍ကျင်လည်ရမည် လော။-
2 Let it not be so! For how can we who have died to sin still live in sin?
၂ထိုသို့မဆိုလိုပါ။ အပြစ်ဒုစရိုက်နှင့်လုံးဝ အဆက်ဖြတ်ပြီးသော ငါတို့သည်အဘယ် ကြောင့်အပြစ်ထဲ၌ပြန်၍ကျင်လည်ရကြ ပါမည်နည်း။-
3 Do you not know that those of us who have been baptized in Christ Jesus have been baptized into his death?
၃ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်ရန်ဗတ္တိဇံမင်္ဂလာခံကြသော အခါ တစ်ချိန်တည်းမှာပင်ကိုယ်တော်နှင့်အတူ အသေခံကြကြောင်းကိုသင်တို့အမှန်ပင် သိကြ၏။-
4 For through baptism we have been buried with him into death, so that, in the manner that Christ rose from the dead, by the glory of the Father, so may we also walk in the newness of life.
၄သို့ဖြစ်၍ငါတို့သည်ဗတ္တိဇံအားဖြင့်ခရစ်တော် နှင့်အတူ မြှုပ်နှံခြင်းကိုခံသဖြင့်ကိုယ်တော် နှင့်အတူအသေခံကြ၏။ ကိုယ်တော်နှင့်အတူ အသေခံရသည့်အကြောင်းမှာခမည်းတော် သည်ဘုန်းတန်ခိုးတော်အားဖြင့် ကိုယ်တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသည် နည်းတူငါတို့အားလည်းဘဝသစ်၌ကျင် လည်ရကြစေရန်ဖြစ်သတည်း။
5 For if we have been planted together, in the likeness of his death, so shall we also be, in the likeness of his resurrection.
၅အဘယ်ကြောင့်ဆိုသော်ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်လျက်သေကြပါမူ ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသကဲ့သို့ ငါတို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် သေခြင်းမှရှင်ပြန်ထမြောက်ကြ မည်ဖြစ်သောကြောင့်တည်း။-
6 For we know this: that our former selves have been crucified together with him, so that the body which is of sin may be destroyed, and moreover, so that we may no longer serve sin.
၆ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-
7 For he who has died has been justified from sin.
၇ခရစ်တော်နှင့်အတူသေသောသူသည်အပြစ် တရား၏လက်အောက်ခံမဟုတ်တော့ပေ။-
8 Now if we have died with Christ, we believe that we shall also live together with Christ.
၈ငါတို့သည်ခရစ်တော်နှင့်အတူသေကြပြီ ဖြစ်၍ကိုယ်တော်နှင့်အတူအသက်ရှင်ရ ကြမည်ကိုယုံကြည်ကြ၏။-
9 For we know that Christ, in rising up from the dead, can no longer die: death no longer has dominion over him.
၉ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသဖြင့် နောင်အစဉ်သေခြင်းတရားနှင့် ကင်းလွတ်တော်မူကြောင်းကိုငါတို့သိကြ၏။ သေခြင်းတရားသည်ကိုယ်တော်ကိုအစိုးမရ တော့ပေ။-
10 For in as much as he died for sin, he died once. But in as much as he lives, he lives for God.
၁၀သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။-
11 And so, you should consider yourselves to be certainly dead to sin, and to be living for God in Christ Jesus our Lord.
၁၁ထိုနည်းတူသင်တို့သည်လည်းအပြစ်တရား နှင့်လုံးဝအဆက်ပြတ်၍ခရစ်တော်ယေရှု အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျက်ရှိနေသည်ဟုမှတ်ယူရကြမည်။
12 Therefore, let not sin reign in your mortal body, such that you would obey its desires.
၁၂ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။-
13 Nor should you offer the parts of your body as instruments of iniquity for sin. Instead, offer yourselves to God, as if you were living after death, and offer the parts of your body as instruments of justice for God.
၁၃သင်တို့ကိုယ်အင်္ဂါများကိုလည်းဒုစရိုက်အတွက် အသုံးမပြုကြနှင့်။ ယင်းသို့ပြုမည့်အစား သင်တို့သည်သေရာမှရှင်ပြန်သူများအဖြစ် ဖြင့်လည်းကောင်း၊ သုစရိုက်အတွက်အသုံးတော် ခံရန်လည်းကောင်း၊ မိမိတို့ကိုယ်ကိုဘုရား သခင်အားဆက်သကြလော့။-
14 For sin should not have dominion over you. For you are not under the law, but under grace.
၁၄အပြစ်တရားသည်သင်တို့အားအစိုးမရစေ နှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ပညတ် တရားလက်အောက်၌မရှိ။ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ရှိကြသော ကြောင့်တည်း။
15 What is next? Should we sin because we are not under the law, but under grace? Let it not be so!
၁၅သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။-
16 Do you not know to whom you are offering yourselves as servants under obedience? You are the servants of whomever you obey: whether of sin, unto death, or of obedience, unto justice.
၁၆လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။-
17 But thanks be to God that, though you used to be the servants of sin, now you have been obedient from the heart to the very form of the doctrine into which you have been received.
၁၇သင်တို့သည်အခါတစ်ပါးကအပြစ်တရား ၏ကျွန်ဖြစ်ခဲ့ဖူးသော်လည်းယခုအခါ၌ မိမိ တို့ခံယူယုံကြည်သည့်ဘာသာတရားတော်ကို အကြွင်းမဲ့လိုက်နာကျင့်သုံးကြသည့်အတွက် ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။-
18 And having been freed from sin, we have become servants of justice.
၁၈သင်တို့သည်အပြစ်တရား၏ကျွန်ဘဝမှ လွတ်မြောက်ကြသောအခါဖြောင့်မတ်ခြင်း တရား၏ကျွန်ဖြစ်လာကြ၏။-
19 I am speaking in human terms because of the infirmity of your flesh. For just as you offered the parts of your body to serve impurity and iniquity, for the sake of iniquity, so also have you now yielded the parts of your body to serve justice, for the sake of sanctification.
၁၉(သင်တို့၏ဇာတိသဘောအရအားနည်းမှု ကြောင့် လူတို့နားလည်နိုင်သောဝေါဟာရကို ငါသုံးခြင်းဖြစ်သည်။) အခါတစ်ပါးက သင်တို့သည်ဆိုးယုတ်မှုအမျိုးမျိုးကိုပြု ကျင့်နိုင်ရန် မိမိတို့ကိုယ်ကိုညစ်ညမ်းဆိုးယုတ် မှု၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝအပ်နှံ ခဲ့ကြ၏။ ထိုနည်းတူစွာသင်တို့သည်ယခု အခါ၌သန့်ရှင်းမြင့်မြတ်သည့်အမှုကို ပြုကျင့်နိုင်ရန် မိမိတို့၏ကိုယ်ကိုဖြောင့်မတ် ခြင်းတရား၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝ အပ်နှံကြလော့။
20 For though you were once the servants of sin, you have become the children of justice.
၂၀သင်တို့သည်အပြစ်တရား၏ကျွန်ဖြစ်စဉ် အခါက ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်မြောက်ကြ၏။-
21 But what fruit did you hold at that time, in those things about which you are now ashamed? For the end of those things is death.
၂၁ထိုစဉ်အခါကသင်တို့ပြုကျင့်ခဲ့သောအမှု များသည်မည်သည့်အကျိုးကိုမျှမပေးခဲ့။ သင် တို့ကိုသာသေစေခဲ့၏။ ယခုအခါသင်တို့ သည်ထိုအမှုများအတွက်ရှက်ကြောက်လျက် နေကြ၏။-
22 Yet truly, having been freed now from sin, and having been made servants of God, you hold your fruit in sanctification, and truly its end is eternal life. (aiōnios )
၂၂သို့သော်သင်တို့သည်ယခုအခါအပြစ် တရား၏လက်မှလွတ်မြောက်ပြီးလျှင် ဘုရား သခင်၏ကျွန်များဖြစ်လာကြပေပြီ။ သင် တို့ရရှိသည့်အကျိုးကားကိုယ်တော်၏အတွက် မိမိတို့ကိုယ်ကိုအကြွင်းမဲ့ဆက်ကပ်ခြင်း ဖြစ်သည်။ အဆုံး၌ထာဝရအသက်ကိုရရှိ ခြင်းပင်ဖြစ်သည်။- (aiōnios )
23 For the wages of sin is death. But the free gift of God is eternal life in Christ Jesus our Lord. (aiōnios )
၂၃အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။ (aiōnios )