< Judges 1 >

1 After the death of Joshua, the sons of Israel consulted the Lord, saying, “Who will ascend before us, against the Canaanite, and who will be the commander of the war?”
ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊
2 And the Lord said: “Judah shall ascend. Behold, I have delivered the land into his hands.”
ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
3 And Judah said to his brother Simeon, “Go up with me to my lot, and fight against the Canaanite, so that I also may go forth with you to your lot.” And Simeon went with him.
ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ၏။
4 And Judah went up, and the Lord delivered the Canaanite, as well as the Perizzite, into their hands. And they struck down ten thousand of the men at Bezek.
ယုဒ ချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတထောင်ကို သတ်လေ၏။
5 And they found Adonibezek at Bezek, and they fought against him, and they struck down the Canaanite and the Perizzite.
အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့၌ တွေ့၍၊ ခါနနိလူ၊ ဖေရဇိလူတို့ကို သတ်သောအခါ၊
6 Then Adonibezek fled. And they pursued him and captured him, and they cut off the ends of his hands and feet.
အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ ဘမ်းမိပြီးလျှင် လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။
7 And Adonibezek said: “Seventy kings, with the ends of their hands and feet amputated, have been gathering the remnants of food under my table. Just as I have done, so has God repaid me.” And they brought him to Jerusalem, and he died there.
အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါ ပြုဘူးသည်အတိုင်း၊ ဘုရားသခင် သည် ငါ၌ အပြစ်ပေးတော်မူပြီဟု ဆို၏။ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့၍ သူသည် ထိုမြို့မှာ သေလေ၏။
8 Then the sons of Judah, besieging Jerusalem, seized it. And they struck it with edge of the sword, delivering the entire city to be burned.
ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို တိုက်ယူ၍ ထားနှင့် လုပ်ကြံပြီးမှ မီးရှို့ကြ၏။
9 And afterward, descending, they fought against the Canaanites who were living in the mountains, and in the south, and in the plains.
ထိုနောက် တောင်ပေါ်၌၎င်း၊ တောင်မျက်နှာ၌၎င်း၊ ချိုင့်ထဲ၌၎င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ၏။
10 And Judah, going forth against the Canaanites who were living at Hebron, (the name of which from antiquity was Kiriath-Arba) struck down Sheshai, and Ahiman, and Talmai.
၁၀တဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို လုပ်ကြံကြ၏။
11 And continuing on from there, he went to the inhabitants of Debir, the old name of which was Kiriath-Sepher, that is, the City of Letters.
၁၁တဖန် ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်၍၊
12 And Caleb said, “Whoever will strike Kiriath-Sepher, and will lay waste to it, I will give to him my daughter Achsah as wife.”
၁၂ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟု ဆိုလျှင်၊
13 And when Othniel, the son of Kenaz, a younger brother of Caleb, had seized it, he gave his daughter Achsah to him in marriage.
၁၃ကာလက်ညီကေနတ်၏ သားဩသံယေလသည် ထိုမြို့ကို တိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
14 And as she was traveling on a journey, her husband admonished her, so that she would request a field from her father. And since she had sighed while sitting on her donkey, Caleb said to her, “What is it?”
၁၄ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌ တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်က ဆင်းလေ၏။ အဘကာလက်က၊ အဘယ်အလိုရှိသနည်းဟုမေးလျှင်၊
15 But she responded: “Give a blessing to me. For you have given me a dry land. Also give a watered land.” Therefore, Caleb gave to her the upper watered land and the lower watered land.
၁၅သမီးက၊ ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
16 Now the sons of the Kenite, the relative of Moses, ascended from the City of Palms, with the sons of Judah, into the wilderness of his lot, which is toward the south of Arad. And they lived with him.
၁၆မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။
17 Then Judah went out with his brother Simeon, and together they struck the Canaanites who were living at Zephath, and they put them to death. And the name of the city was called Hormah, that is, Anathema.
၁၇တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။
18 And Judah seized Gaza, with its parts, and Ashkelon as well as Ekron, with their borders.
၁၈ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။
19 And the Lord was with Judah, and he possessed the mountains. But he was not able to wipe out the inhabitants of the valley. For they abounded with chariots armed with scythes.
၁၉ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထား ရှိကြ၏။
20 And just as Moses had said, they gave Hebron to Caleb, who destroyed out of it the three sons of Anak.
၂၀မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အား ပေးကြ၍၊ သူသည် အာနက သားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။
21 But the sons of Benjamin did not wipe out the Jebusite inhabitants of Jerusalem. And the Jebusite has lived with the sons of Benjamin in Jerusalem, even to the present day.
၂၁ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
22 The house of Joseph also ascended against Bethel, and the Lord was with them.
၂၂ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။
23 For when they were besieging the city, which was previously called Luz,
၂၃လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည်၊
24 they saw a man departing from the city, and they said to him, “Reveal to us the entrance to the city, and we will act with mercy toward you.”
၂၄မြို့ထဲက ထွက်လာသောလူတယောက်ကို တွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟု ဆိုသော်၊
25 And when he had revealed it to them, they struck the city with the edge of the sword. But that man, and all his relatives, they released.
၂၅ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။
26 And having been sent away, he went out to the land of the Hittites, and he built a city there, and he called it Luz. And so it is called, even to the present day.
၂၆ထိုသူသည် ဟိတ္တိပြည်သို့ သွားပြီးလျှင်၊ မြို့ကို တည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
27 Likewise, Manasseh did not destroy Bethshean and Taanach, with their villages, nor the inhabitants of Dor and Ibleam and Megiddo, with their villages. And the Canaanite began to live with them.
၂၇မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။
28 Then, after Israel had grown strong, he made them tributaries, but he was not willing to destroy them.
၂၈တဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကို ဆက်သွင်းစေကြ၏။
29 And now Ephraim did not put to death the Canaanite, who was living at Gezer; instead, he lived with him.
၂၉ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက် နေကြ၏။
30 Zebulun did not wipe out the inhabitants of Kitron and of Nahalal. Instead, the Canaanite lived in their midst and became their tributary.
၃၀ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့ သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။
31 Likewise, Asher did not destroy the inhabitants of Acco and Sidon, Ahlab and Achzib, and Helbah, and Aphik, and Rehob.
၃၁ထိုအတူ အာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊
32 And he lived in the midst of the Canaanites, the inhabitants of that land, for he did not put them to death.
၃၂အာရှာအမျိုးသားတို့သည် ပြည်သား ခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။
33 Naphtali also did not wipe out the inhabitants of Beth-shemesh and Bethanath. And he lived among the Canaanite inhabitants of the land. And the Beth-shemeshites and Bethanathites were tributaries to him.
၃၃ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။ သို့ရာတွင် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ သည် အခွန်ပေးလျက် နေကြ၏။
34 And the Amorite hemmed in the sons of Dan on the mountain, and did not give them a place, so that they might descend to the flatlands.
၃၄အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ။
35 And he lived on the mountain at Har-heres, which is translated as ‘resembling brick,’ and at Aijalon and Sha-alabbin. But the hand of the house of Joseph was very heavy, and he became a tributary to him.
၃၅အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။
36 Now the border of the Amorite was from the Ascent of the Scorpion, to the Rock and the higher places.
၃၆အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ်ပေတည်း။

< Judges 1 >