< Psalms 20 >

1 To the chief music-maker. A Psalm. Of David. May the Lord give ear to you in the day of trouble; may you be placed on high by the name of the God of Jacob;
ဒုက္ခ​ရောက်​စဉ်​အ​ခါ​အ​ရှင်​မင်း​ကြီး​၏ ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​တော်​မူ ပါ​စေ​သော။ ယာ​ကုပ်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။
2 May he send you help from the holy place, and give you strength from Zion;
ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​အား​ဗိ​မာန် တော်​ထဲ​က အ​ကူ​အ​ညီ​ပေး​တော်​မူ​ပါ​စေ​သော။ ဇိ​အုန်​တောင်​တော်​ပေါ်​မှ​အ​ထောက်​အ​ကူ ပေး​တော်​မူ​ပါ​စေ​သော။
3 May he keep all your offerings in mind, and be pleased with the fat of your burned offerings; (Selah)
ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​၏​ပူ​ဇော် သ​ကာ ရှိ​သ​မျှ​ကို​လက်​ခံ​တော်​မူ​လျက် မီး​ရှို့​ရာ​ယဇ်​အ​ပေါင်း​ကို​လည်း​နှစ်​သက် တော်​မူ​ပါ​စေ​သော။
4 May he give you your heart's desire, and put all your purposes into effect.
အ​ရှင်​မင်း​ကြီး​၏​လို​အင်​ဆန္ဒ​ကို​ပြည့်​ဝ​စေ တော်​မူ​၍ အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​ကို​လည်း​အောင် မြင်​စေ​ရန် ကူ​မ​တော်​မူ​ပါ​စေ​သော။
5 We will be glad in your salvation, and in the name of our God we will put up our flags: may the Lord give you all your requests.
ထို​အ​ခါ​ကျွန်​တော်​မျိုး​တို့​သည်​အ​ရှင်​မင်း ကြီး​၏ အောင်​ပွဲ​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လျက် အ​ရှင် မင်း​ကြီး​၏​အောင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​မင်း​ကြီး​တောင်း လျှောက် သ​မျှ​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။
6 Now am I certain that the Lord gives salvation to his king; he will give him an answer from his holy heaven with the strength of salvation in his right hand.
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဘိ​သိက်​ပေး​တော် မူ​သော ဘု​ရင်​အား​စစ်​ပွဲ​နိုင်​စေ​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ ကိုယ်​တော်​သည်​မင်း​ကြီး​၏​ပန်​ကြား​ချက်​ကို သန့်​ရှင်း မြင့်​မြတ်​သည့်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​၍ တန်​ခိုး​တော်​ဖြင့်​မင်း​ကြီး​အား​အောင်​ပွဲ​ကြီး များ​ကို ပေး​တော်​မူ​၏။
7 Some put their faith in carriages and some in horses; but we will be strong in the name of the Lord our God.
အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏ စစ်​ရ​ထား​များ​ကို​လည်း​ကောင်း၊ မြင်း​များ​ကို​လည်း​ကောင်း​အား​ကိုး​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​၏။
8 They are bent down and made low; but we have been lifted up.
ထို​သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​လိမ့်​မည်။ ငါ​တို့​မူ​ကား​ထ​၍​ကြံ့​ကြံ့​ခိုင်​ရပ်​တည်​ကြ လိမ့်​မည်။
9 Come to our help, Lord: let the king give ear to our cry.
အို ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။

< Psalms 20 >