< Psalms 113 >

1 Let the Lord be praised. O you servants of the Lord, give praise to the name of the Lord.
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ချင်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ​လော့။
2 Let blessing be on the name of the Lord, from this time and for ever.
ကိုယ်​တော်​၏​နာ​မ​တော်​အား​ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သော။
3 From the coming up of the sun to its going down, the Lord's name is to be praised.
နေ​ထွက်​ရာ​အ​ရပ်​မှ​နေ​ဝင်​ရာ​အ​ရပ်​သို့ တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ ပါ​စေ​သ​တည်း။
4 The Lord is high over all nations, and his glory is higher than the heavens.
ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​ထွန်း​တောက်​တော်​မူ​၏။
5 Who is like the Lord our God, who is seated on high,
ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် နှိုင်း​ယှဉ်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​တွင်​စံ​နေ တော်​မူ​၏။
6 Looking down on the heavens, and on the earth?
သို့​ရာ​တွင်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို ငုံ့​ကြည့်​တော်​မူ​၏။
7 He takes the poor man out of the dust, lifting him up from his low position;
ဆင်း​ရဲ​သူ​တို့​ကို​မြေ​မှုန့်​ထဲ​က​ချီး​မြှင့်​၍ နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​ထဲ​က ချီး​မြှောက်​တော်​မူ​၏။
8 To give him a place among the rulers, even with the rulers of his people.
ထို​နောက်​မင်း​သား​များ​ဖြစ်​ကြ​သော၊ကိုယ် တော်​၏ လူ​စု​တော်​ကို​အုပ်​စိုး​သော​မင်း​သား​များ​နှင့် အ​တူ သွား​လာ​ပေါင်း​ဖော်​ခွင့်​ကို​ပေး​တော်​မူ​၏။
9 He gives the unfertile woman a family, making her a happy mother of children. Give praise to the Lord.
ကိုယ်​တော်​သည်​မြုံ​သော​အိမ်​ရှင်​မ​အား ချီး​မြှင့်​တော်​မူ​ရာ​သား​သ​မီး​ရ​စေ​၍ ဝမ်း​မြောက်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

< Psalms 113 >