< Numbers 3 >
1 Now these are the generations of Aaron and Moses, in the day when the word of the Lord came to Moses on Mount Sinai.
၁ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မောရှေအားဗျာဒိတ်ပေးတော်မူသည့်အချိန် အခါ၌ အာရုန်နှင့်မောရှေတို့၏မိသားစု စာရင်းမှာဤသို့တည်း။-
2 These are the names of the sons of Aaron: Nadab the oldest, and Abihu, Eleazar, and Ithamar.
၂အာရုန်တွင်သားဦးနာဒပ်၊ အဘိဟု၊ ဧလာ ဇာနှင့်ဣသမာဟူ၍သားလေးယောက် ရှိ၏။-
3 These are the names of the sons of Aaron, the priests, on whom the holy oil was put, who were marked out as priests.
၃သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဘိသိက် ခံခဲ့၍ဆက်ကပ်ထားသူများဖြစ်ကြ၏။-
4 And Nadab and Abihu were put to death before the Lord when they made an offering of strange fire before the Lord, in the waste land of Sinai, and they had no children: and Eleazar and Ithamar did the work of priests before Aaron their father.
၄သို့ရာတွင်နာဒပ်နှင့်အဘိဟုတို့သည်သိနာ တောကန္တာရတွင်ထာဝရဘုရားအားမပူဇော် အပ်သောမီးဖြင့်ပူဇော်သောကြောင့်သေဆုံးခဲ့ ကြ၏။ သူတို့တွင်သားသမီးများမကျန်ရစ် ခဲ့ချေ။ ဧလာဇာနှင့်ဣသမာတို့သည်အာရုန် ၏လက်အောက်တွင်ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြရသည်။
5 And the Lord said to Moses,
၅ထာဝရဘုရားကမောရှေအား၊-
6 Make the tribe of Levi come near, and put them before Aaron the priest, to be his helpers,
၆``လေဝိအနွယ်ဝင်တို့ကိုဆင့်ခေါ်၍ယဇ်ပုရော ဟိတ်အာရုန်၏လက်အောက်တွင်အမှုတော်ဆောင် ရွက်စေလော့။-
7 In order that they may be responsible to him and to all Israel for the care of the Tent of meeting, and to do the work of the House;
၇သူတို့သည်ငါစံတော်မူရာတဲတော်နှင့်ဆိုင် သောအမှုကိုဆောင်ရွက်ရမည်။ ယဇ်ပုရော ဟိတ်များ၏ဝတ္တရားများနှင့်ဣသရေလ တစ်မျိုးသားလုံးနှင့်ဆိုင်သောဝတ္တရားများ ကိုဆောင်ရွက်ရမည်။-
8 And they will have the care of all the vessels of the Tent of meeting, and will do for the children of Israel all the necessary work of the House.
၈သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။-
9 Give the Levites to Aaron and his sons; so that they may be his without question from among the children of Israel.
၉လေဝိအနွယ်ဝင်တို့၏အဋ္ဌိကတာဝန် မှာအာရုန်နှင့် သူ၏သားတို့လက်အောက်၌ အမှုထမ်းခြင်းဖြစ်သည်။-
10 And give orders that Aaron and his sons are to keep their place as priests; any strange person who comes near is to be put to death.
၁၀သင်သည်အာရုန်နှင့်သူ၏သားတို့အားယဇ် ပုရောဟိတ်၏ဝတ္တရားများကိုဆောင်ရွက်ခန့် ထားရမည်။ မဆိုင်သူကယဇ်ပုရောဟိတ် ဝတ္တရားများကိုဝင်ရောက်ဆောင်ရွက်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်'' ဟုမိန့် တော်မူ၏။
11 And the Lord said to Moses,
၁၁တစ်ဖန်ထာဝရဘုရားကမောရှေအား``လေဝိ အနွယ်ဝင်တို့ကိုငါပိုင်၏။ ငါသည်အီဂျစ် အမျိုးသားတို့၏သားဦးအားလုံးကိုသေ ဒဏ်ခတ်စဉ်အခါ ဣသရေလအမျိုးသား မိသားစုတိုင်းမှသားဦးနှင့်တိရစ္ဆာန်သား ဦးပေါက်တို့ကိုငါ့အတွက်ရွေးချယ်ခဲ့သည်။ ယခုဣသရေလအမျိုးသားတို့၏သားဦး အစားလေဝိအနွယ်ဝင်တို့ကိုငါ့အတွက် ရွေးယူပြီ။ သူတို့ကိုငါပိုင်၏။ ငါသည် ထာဝရဘုရားဖြစ်တော်မူသည်'' ဟု မိန့်တော်မူ၏။
12 See, I have taken the Levites out of the children of Israel to be mine in place of the first sons of the children of Israel;
၁၂
13 For all the first sons are mine; on the day when I put to death all the first sons in the land of Egypt, I took for myself every first male birth of man and beast. They are mine; I am the Lord.
၁၃
14 And the Lord said to Moses in the waste land of Sinai,
၁၄ထာဝရဘုရားသည်သိနာတောကန္တာရတွင်၊-
15 Let all the children of Levi be numbered by their families and their fathers' houses; let every male of a month old and over be numbered.
၁၅လေဝိအနွယ်ဝင်ထဲမှတစ်လသားအရွယ် နှင့်အထက်ရှိသူတိုင်းကို သားချင်းစုနှင့် မိသားစုအလိုက်စာရင်းကောက်ရန်အမိန့် ရှိတော်မူသည့်အတိုင်း၊-
16 So Moses did as the Lord said, numbering them as he had been ordered.
၁၆မောရှေလိုက်နာဆောင်ရွက်လေ၏။-
17 These were the sons of Levi by name: Gershon and Kohath and Merari.
၁၇လေဝိတွင်ဂေရရှုန်၊ ကောဟတ်၊ မေရာရိဟူ ၍သားသုံးယောက်ရှိ၏။ သူတို့သည်မိမိတို့ နာမည်ခံသားချင်းစုတို့၏ဘိုးဘေးများ ဖြစ်ကြသည်။ ဂေရရှုန်တွင်လိဗနိနှင့်ရှိမိ ဟူ၍သားနှစ်ယောက်၊ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သား လေးယောက်၊ မေရာရိတွင်မဟာလိနှင့် မုရှိ ဟူ၍သားနှစ်ယောက်အသီးသီးရှိကြ၏။ သူတို့သည်မိမိတို့နာမည်ခံမိသားစု များ၏ဘိုးဘေးများဖြစ်ကြ၏။
18 And these are the names of the sons of Gershon, by their families: Libni and Shimei.
၁၈
19 And the sons of Kohath, by their families: Amram and Izhar and Hebron and Uzziel.
၁၉
20 And the sons of Merari by their families: Mahli and Mushi. These are the families of the Levites in the order of their fathers' houses.
၂၀
21 From Gershon come the Libnites and the Shimeites; these are the families of the Gershonites.
၂၁ဂေရရှုန်၏သားချင်းစုတွင်လိဗနိ၏ မိသားစုနှင့်ရှိမိ၏မိသားစုတို့ပါဝင်၍၊-
22 Those who were numbered of them, the males from one month old and over, were seven thousand, five hundred.
၂၂အသက်တစ်လသားအရွယ်နှင့်အထက်ရှိသူ ယောကျာ်းဦးရေစုစုပေါင်းမှာခုနစ်ထောင့်ငါး ရာဖြစ်သည်။-
23 The tents of the Gershonites are to be placed at the back of the House, to the west.
၂၃ယင်းသားချင်းစုသည်တဲတော်၏အနောက် ဘက်မျက်နှာတွင်စခန်းချရမည်။-
24 The chief of the Gershonites is Eliasaph, the son of Lael.
၂၄သူတို့၏ခေါင်းဆောင်မှာလေလ၏သားဧလျာ သပ်ဖြစ်သည်။-
25 In the Tent of meeting, the Gershonites are to have the care of the House, and the Tent with its cover, and the veil for the door of the Tent of meeting,
၂၅သူတို့သည်တဲတော်နှင့်ဆိုင်သောအတွင်းအမိုး၊ အပြင်အမိုး၊ တံခါးဝရှိကန့်လန့်ကာ၊-
26 And the hangings for the open space round the House and the altar, and the curtain for its doorway, and all the cords needed for its use.
၂၆တဲတော်ဝင်းကိုကာရံထားသောကန့်လန့်ကာ များနှင့်တဲတော်ဝင်းတံခါးရှိကန့်လန့်ကာ ကိုထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကိုထိန်း သိမ်းစောင့်ရှောက်ရကြသည်။
27 From Kohath come the Amramites and the Izharites and the Hebronites and the Uzzielites; these are the families of the Kohathites.
၂၇ကောဟတ်၏သားချင်းစုတွင်အာမရံမိသားစု၊ ဣဇဟာမိသားစု၊ ဟေဗြုန်မိသားစု၊ သြဇေလ မိသားစုတို့ပါဝင်၍၊-
28 Those who were numbered of them, the males from one month old and over, were eight thousand, six hundred, who were responsible for the care of the holy place.
၂၈အသက်တစ်လသားအရွယ်နှင့်အထက်ရှိ သူယောကျာ်းဦးရေ စုစုပေါင်းမှာရှစ်ထောင့် ခြောက်ရာဖြစ်သည်။-
29 The tents of the Kohathites are to be placed on the south side of the House.
၂၉ယင်းသားချင်းစုသည်တဲတော်၏တောင်ဘက် မျက်နှာတွင်စခန်းချရမည်။-
30 Their chief is Elizaphan, the son of Uzziel.
၃၀သူတို့၏ခေါင်းဆောင်မှာသြဇေလ၏သား ဧလိဇာဖန်ဖြစ်သည်။-
31 In their care are the ark, and the table, and the lights, and the altars, and all the vessels used in the holy place, and the veil, and all they are used for.
၃၁သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
32 Eleazar, the son of Aaron the priest, will be head over all the Levites and overseer of those responsible for the care of the holy place.
၃၂လေဝိအမျိုးသားတို့၏အကြီးအကဲမှာ ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ ဖြစ်သည်။ သူသည်သန့်ရှင်းရာဌာနတော် တွင်တာဝန်ကျသူတို့အားကြီးကြပ် ကွပ်ကဲရသည်။
33 From Merari come the Mahlites and the Mushites; these are the families of Merari.
၃၃မေရာရိ၏သားချင်းစုတွင်မဟာလိ မိသားစုနှင့်မုရှိမိသားစုပါဝင်၍၊-
34 Those who were numbered of them, the males of a month old and over, were six thousand, two hundred.
၃၄အသက်တစ်လသားအရွယ်နှင့်အထက် ရှိသူယောကျာ်းဦးရေစုစုပေါင်းမှာ ခြောက်ထောင့်နှစ်ရာဖြစ်သည်။-
35 The chief of the families of Merari was Zuriel, the son of Abihail: their tents are to be placed on the north side of the House.
၃၅ယင်းသားချင်းစုသည်တဲတော်၏မြောက်ဘက် မျက်နှာတွင်စခန်းချရမည်။ သူတို့၏ခေါင်း ဆောင်မှာအဘိဟဲလ၏သားဇုရေလ ဖြစ်သည်။-
36 And in their care are to be all the boards of the Tent, with their rods and pillars and bases, and all the instruments, and all they are used for,
၃၆သူတို့သည်တဲတော်ဘောင်များ၊ တန်းများ၊ တိုင်များ၊ အောက်ခံခုံများနှင့်ယင်းတို့နှင့် စပ်လျက်ရှိသောတန်ဆာများတို့ကိုထိန်း သိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူ တို့သည်အထက်ပါပစ္စည်းများကိုထိန်းသိမ်း စောင့်ရှောက်ရကြသည်။-
37 And the pillars of the open space round it, with their bases and nails and cords.
၃၇သူတို့သည်တဲတော်ဝင်းရှိတိုင်များ၊ အောက်ခံ ခုံများ၊ ကြက်ဆူးများ၊ ကြိုးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။
38 And those whose tents are to be placed on the east side of the House in front of the Tent of meeting, looking to the dawn, are Moses and Aaron and his sons, who will do the work of the holy place for the children of Israel; and any strange person who comes near will be put to death.
၃၈မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
39 All the Levites numbered by Moses and Aaron at the order of the Lord, all the males of one month old and over numbered in the order of their families, were twenty-two thousand.
၃၉ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည်အသက်တစ်လသားအရွယ် နှင့်အထက်ရှိလေဝိအနွယ်ဝင်ယောကျာ်း တို့ကိုသားချင်းစုအလိုက်စာရင်းကောက် ယူရာ လူဦးရေစုစုပေါင်းနှစ်သောင်းနှစ် ထောင်ရရှိလေသည်။
40 And the Lord said to Moses, Let all the first male children be numbered, and take the number of their names.
၄၀ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့၏သားဦးရှိသမျှတို့သည် ငါနှင့်ဆိုင်၏။ သို့ဖြစ်၍အသက်တစ်လသား အရွယ်နှင့်အထက်ရှိသားဦးအားလုံးတို့ ၏နာမည်စာရင်းကိုကောက်ယူလော့။ သို့ရာ တွင်ထိုသူတို့ကိုငါပိုင်ဆိုင်ရာအဖြစ်ရွေး ချယ်မည့်အစားလေဝိအနွယ်ဝင်အပေါင်း တို့ကိုရွေးချယ်၏။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။ ထို့အပြင်သိုးနွားတိရစ္ဆာန် သားဦးပေါက်အားလုံးကိုငါပိုင်ဆိုင်ရာ အဖြစ်ရွေးချယ်မည့်အစားငါသည်လေဝိ အနွယ်ဝင်တို့၏သိုးနွားတိရစ္ဆာန်တို့ကို ငါရွေးချယ်၏'' ဟုမိန့်တော်မူ၏။-
41 And give to me the Levites (I am the Lord) in place of the first sons of the children of Israel; and the cattle of the Levites in place of the first births among the cattle of the children of Israel.
၄၁
42 So Moses had all the first sons among the children of Israel numbered, as the Lord said to him.
၄၂မောရှေသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း၊-
43 Every first son from a month old and over was numbered by name, and the number came to twenty-two thousand, two hundred and seventy-three.
၄၃အသက်တစ်လသားအရွယ်နှင့်အထက်ရှိ ဣသရေလအမျိုးသားတို့၏သားဦးများ ကိုစာရင်းကောက်ယူရာစုစုပေါင်းနှစ်သောင်း နှစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးယောက်ရှိ၏။
44 And the Lord said to Moses,
၄၄တစ်ဖန်ထာဝရဘုရားကမောရှေအား၊-
45 Take the Levites in place of all the first sons of the children of Israel, and the cattle of the Levites in place of their cattle; the Levites are to be mine; I am the Lord.
၄၅``ယခုဣသရေလအမျိုးသားတို့၏သား ဦးအပေါင်းတို့အစားလေဝိအမျိုးသား တို့ကိုငါ့အားဆက်ကပ်လော့။ လေဝိအမျိုး သားတို့၏သိုးနွားတိရစ္ဆာန်သားဦးပေါက် တို့ကိုလည်းဣသရေလအမျိုးသားတို့ ၏သိုးနွားတိရစ္ဆာန်သားဦးပေါက်တို့အစား ငါ့အားဆက်ကပ်လော့။-
46 And the price you have to give for the two hundred and seventy-three first sons of the children of Israel which are in addition to the number of the Levites,
၄၆ဣသရေလအမျိုးသားတို့၏သားဦး အရေအတွက်သည်လေဝိအမျိုးသားဦး ရေထက်နှစ်ရာခုနစ်ဆယ့်သုံးယောက်ပိုသော ကြောင့်ပိုများသောဦးရေကိုရွေးယူရမည်။-
47 Will be five shekels for every one, by the scale of the holy place (the shekel is twenty gerahs);
၄၇တစ်ဦးလျှင်တရားဝင်ချင်တွယ်နည်းအရ ငွေသားငါးကျပ်ဖြင့်ရွေးယူရမည်။-
48 And this money, the price of those over the number of the Levites, is to be given to Aaron and his sons.
၄၈ထိုငွေကိုအာရုန်နှင့်သူ၏သားတို့လက်သို့ ပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
49 So Moses took the money, the price of those whose place had not been taken by the Levites;
၄၉မောရှေသည်ထာဝရဘုရားမိန့်တော်မူသည် အတိုင်းရရှိသော၊-
50 From the first sons of Israel he took it, a thousand, three hundred and sixty-five shekels, by the scale of the holy place;
၅၀ငွေသားတစ်ထောင့်သုံးရာခြောက်ဆယ့်ငါး ကျပ်ကို၊-
51 And he gave the money to Aaron and his sons, as the Lord had said.
၅၁အာရုန်နှင့်သူ၏သားတို့အားပေးအပ်လေ သည်။