< Numbers 17 >

1 And the Lord said to Moses,
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
2 Say to the children of Israel that they are to give you rods, one for every family, for every chief, the head of his father's house, making twelve rods; let every man's name be placed on his rod.
``ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​၏​ဦး​စီး​ခေါင်း ဆောင်​တို့​ထံ​မှ တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ကျ​ဖြင့် တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို​သင့် ထံ​သို့​ယူ​ဆောင်​လာ​စေ​လော့။ ခေါင်း​ဆောင်​တစ် ဦး​စီ​သည်​မိ​မိ​၏​နာ​မည်​ကို​တောင်​ဝှေး​ပေါ် တွင်​ရေး​ရ​မည်။-
3 And let Aaron's name be placed on the rod of Levi: for there is to be one rod for the head of every family.
လေ​ဝိ​အ​နွယ်​၏​တောင်​ဝှေး​ပေါ်​တွင်​အာ​ရုန် ၏​နာ​မည်​ကို​ရေး​ရ​မည်။ အ​နွယ်​ဦး​စီး​ခေါင်း ဆောင်​တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ရှိ​ရ​မည်။-
4 And let them be stored up in the Tent of meeting, in front of the ark of witness where I come to you.
တောင်​ဝှေး​များ​ကို​ငါ​စံ​တော်​မူ​ရာ​တဲ တော်​သို့​ယူ​ဆောင်​၍​သင့်​ကို​ငါ​တွေ့​ဆုံ​ရာ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ထား​လော့။-
5 And the rod of that man who is marked out by me for myself will have buds on it; so I will put a stop to the outcries which the children of Israel make to me against you.
ငါ​ရွေး​ကောက်​သော​သူ​၏​တောင်​ဝှေး​မှ အ​ညှောက်​ထွက်​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သင့်​အား မ​ကြာ​ခ​ဏ​ညည်း​ညူ​အ​ပြစ်​တင်​ခြင်း ပြု​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
6 So Moses gave these orders to the children of Israel, and all their chiefs gave him rods, one for the head of every family, making twelve rods: and Aaron's rod was among them.
သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​သ​ဖြင့် အ​နွယ်​ဦး​စီး ခေါင်း​ဆောင်​တစ်​ဦး​စီ​က​တောင်​ဝှေး​တစ် ချောင်း​ကျ တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို သူ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​သည်။ အာ​ရုန်​၏ တောင်​ဝှေး​သည်​တစ်​ဆယ့်​နှစ်​ချောင်း​တွင် ပါ​ဝင်​၏။-
7 And Moses put the rods before the Lord in the Tent of witness.
ထို​နောက်​မော​ရှေ​သည်​တဲ​တော်​ထဲ​ရှိ​ထာ​ဝ​ရ ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​တောင်​ဝှေး များ​ကို​ထား​လေ​သည်။
8 Now on the day after, Moses went into the Tent of witness; and he saw that Aaron's rod, the rod of the house of Levi, had put out buds, and was covered with buds and flowers and fruit.
နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​တဲ​တော်​ထဲ သို့​ဝင်​သော​အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​အာ​ရုန် ၏​တောင်​ဝှေး​မှ​အ​ညှောက်​ထွက်​လျက်​ရှိ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ ထို​တောင်​ဝှေး​မှ အ​ဖူး၊ အ​ပွင့်​များ​ဖူး​ပွင့်​၍​ဗာ​ဒံ​သီး​မှည့် များ​သီး​လျက်​ရှိ​ပေ​သည်။-
9 Then Moses took out all the rods from before the Lord, and gave them back to the children of Israel: and they saw them, and every man took his rod.
မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တောင်​ဝှေး​အား​လုံး​ကို​ထုတ်​ပြ​ရာ​သူ တို့​သည်​ဖြစ်​ခဲ့​သော​အ​ခြင်း​အ​ရာ​ကို​တွေ့ မြင်​ကြ​၏။ ဦး​စီး​ခေါင်း​ဆောင်​တို့​သည်​မိ​မိ တို့​ဆိုင်​ရာ​တောင်​ဝှေး​ကို​ပြန်​ယူ​ကြ​လေ​သည်။-
10 And the Lord said to Moses, Put Aaron's rod back in front of the ark of witness, to be kept for a sign against this false-hearted people, so that you may put a stop to their outcries against me, and death may not overtake them.
၁၀ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​၏​တောင်​ဝှေး​ကို သေတ္တာ​တော်​ရှေ့​တွင်​ပြန်​ထား​လော့။ ပုန်​ကန် တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အ​ပြစ်​တင်​ညည်း​ညူ​နေ​လျှင် အ​သက် သေ​ဆုံး​ရ​မည်​ဖြစ်​ကြောင်း​သ​တိ​ပေး​သည့် အ​နေ​ဖြင့်​အာ​ရုန်​၏​တောင်​ဝှေး​ကို​ထို နေ​ရာ​၌​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။-
11 This Moses did: as the Lord gave orders, so he did.
၁၁ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။
12 And the children of Israel said to Moses, Truly, destruction has come on us; an evil fate has overtaken us all.
၁၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မော​ရှေ အား``အ​ကျွန်ုပ်​တို့​၏​ဘ​ဝ​ဆုံး​ရှုံး​ပါ​ပြီ။-
13 Death will overtake everyone who comes near, who comes near the House of the Lord: are we all to come to destruction?
၁၃တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​သူ​တိုင်း​သေ ရ​မည်​ဆို​လျှင် အ​ကျွန်ုပ်​တို့​အား​လုံး​သေ​ဆုံး ရ​ပါ​တော့​မည်'' ဟု​ဆို​ကြ​လေ​သည်။

< Numbers 17 >