< Numbers 10 >
1 And the Lord said to Moses,
၁ထာဝရဘုရားသည်မောရှေအား၊-
2 Make two silver horns of hammered work, to be used for getting the people together and to give the sign for the moving of the tents.
၂``သင်သည်လူများကိုစုရုံးခေါ်ယူရာ၌လည်း ကောင်း၊ စခန်းဖြုတ်ရာ၌လည်းကောင်း မှုတ်ရန် အချက်ပေးငွေတံပိုးခရာနှစ်လုံးကိုထု လုပ်လော့။-
3 When they are sounded, all the people are to come together to you at the door of the Tent of meeting.
၃တံပိုးခရာနှစ်လုံးစလုံးကိုအသံရှည်ဆွဲ ၍မှုတ်သည့်အခါ လူအပေါင်းတို့သည်တဲ တော်တံခါးဝရှိသင့်ထံသို့စုရုံးလာရ ကြမည်။-
4 If only one of them is sounded, then the chiefs, the heads of the thousands of Israel, are to come to you.
၄တံပိုးခရာတစ်လုံးတည်းကိုမှုတ်လျှင်သား ချင်းစုခေါင်းဆောင်တို့သာလျှင် သင့်ထံသို့ စုရုံးလာရကြမည်။-
5 When a loud note is sounded, the tents placed on the east side are to go forward.
၅တံပိုးခရာမှအသံပြတ်တောင်းမှုတ်လျှင် အရှေ့ဘက်တွင်စခန်းချသောဣသရေလ အနွယ်တို့ခရီးစထွက်ရကြမည်။-
6 At the sound of a second loud note, the tents on the south side are to go forward: the loud note will be the sign to go forward.
၆ဒုတိယအကြိမ်တံပိုးခရာမှအသံပြတ် တောင်းမှုတ်လျှင် တောင်ဘက်တွင်စခန်းချသော ဣသရေလအနွယ်တို့ခရီးစထွက်ရ ကြမည်။-
7 But when all the people are to come together, the horn is to be sounded but not loudly.
၇သို့ဖြစ်၍တံပိုးခရာကိုပြတ်တောင်းမှုတ်သည့် အခါ စခန်းဖြုတ်ရကြမည်။ သို့ရာတွင်လူ အပေါင်းတို့ကိုစုဝေးစေရန်ဆင့်ခေါ်သည့် အခါ တံပိုးခရာကိုအသံရှည်ဆွဲ၍မှုတ် ရမည်။-
8 The horns are to be sounded by the sons of Aaron, the priests; this is to be a law for you for ever, from generation to generation.
၈ယဇ်ပုရောဟိတ်များဖြစ်ကြသောအာရုန် ၏သားများက တံပိုးခရာကိုမှုတ်ရမည်။ ``အောက်ပါပညတ်ကိုသင်တို့အမျိုး အစဉ်အဆက်လိုက်နာစောင့်ထိန်းရမည်။-
9 And if you go to war in your land against any who do you wrong, then let the loud note of the horn be sounded; and the Lord your God will keep you in mind and give you salvation from those who are against you.
၉သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။-
10 And on days of joy and on your regular feasts and on the first day of every month, let the horns be sounded over your burned offerings and your peace-offerings; and they will put the Lord in mind of you: I am the Lord your God.
၁၀ထို့အပြင်ပျော်ပွဲရွှင်ပွဲများဖြစ်သောလဆန်း ပွဲများနှင့်အခြားဘာသာရေးပွဲများတွင် မီး ရှို့ရာယဇ်နှင့်မိတ်သဟာယဇ်ကိုပူဇော်သော အခါ သင်တို့သည်တံပိုးခရာများကိုမှုတ် ရမည်။ ထိုအခါငါသည်သင်တို့အားကူညီ ထောက်မတော်မူမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသည်'' ဟုမိန့်တော်မူ၏။
11 Now in the second year, on the twentieth day of the second month, the cloud was taken up from over the Tent of witness.
၁၁ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင်တဲတော် ကိုဖုံးလွှမ်းနေသောမိုးတိမ်သည်အထက် သို့တက်ကြွသဖြင့်၊-
12 And the children of Israel went on their journey out of the waste land of Sinai; and the cloud came to rest in the waste land of Paran.
၁၂သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
13 They went forward for the first time on their journey as the Lord had given orders by the hand of Moses.
၁၃သူတို့သည်မောရှေမှတစ်ဆင့် ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်းခရီး ထွက်ကြ၏။-
14 First the flag of the children of Judah went forward with their armies: and at the head of his army was Nahshon, the son of Amminadab.
၁၄ခရီးထွက်သည့်အခါတိုင်းသတ်မှတ်ထား သောအစီအစဉ်အရချီတက်ကြသည်။ ယုဒအနွယ်တပ်အလံနောက်မှလိုက်ရသော လူစုကို အမိနဒပ်၏သားနာရှုန်ကအုပ် ချုပ်ရသည်။ သူတို့သည်တပ်စုအလိုက်ရှေ့ ဆုံးမှချီတက်ရသည်။-
15 And at the head of the army of the children of Issachar was Nethanel, the son of Zuar.
၁၅ဣသခါအနွယ်ကိုဇုအာ၏သားနာသ နေလကလည်းကောင်း၊-
16 And at the head of the army of the children of Zebulun was Eliab, the son of Helon.
၁၆ဇာဗုလုန်အနွယ်ကိုဟေလုန်၏သားဧလျာဘ ကလည်းကောင်းအုပ်ချုပ်ရသည်။
17 Then the House was taken down; and the sons of Gershon and the sons of Merari, who were responsible for moving the House, went forward.
၁၇ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။
18 Then the flag of the children of Reuben went forward with their armies: and at the head of his army was Elizur, the son of Shedeur.
၁၈ထိုနောက်ရုဗင်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို ရှေဒုရ၏သားဧလိ ဇုရသည်အုပ်ချုပ်လျက်တပ်စုအလိုက်ချီ တက်ရသည်။-
19 And at the head of the army of the children of Simeon was Shelumiel, the son of Zurishaddai.
၁၉ဇုရိရှဒ္ဒဲ၏သားရှေလုမျေလသည် ရှိမောင် အနွယ်ကိုလည်းကောင်း၊-
20 At the head of the army of the children of Gad was Eliasaph, the son of Reuel.
၂၀ဒွေလ၏သားဧလျာသပ်သည်ဂဒ်အနွယ် ကိုလည်းကောင်းအုပ်ချုပ်ရသည်။
21 Then the Kohathites went forward with the holy place; the others put up the House ready for their coming.
၂၁ထိုနောက်လေဝိအနွယ်ကောဟတ်သားချင်းစု တို့သည် တဲတော်ဆိုင်ရာပစ္စည်းများကိုထမ်းလျက် ချီတက်ရသည်။ သူတို့သည်နောက်စခန်းသို့ ဆိုက်ရောက်သည့်အခါ တဲတော်ကိုထူနှင့်ပြီး ဖြစ်သည်။
22 Then the flag of the children of Ephraim went forward with their armies: and at the head of his army was Elishama, the son of Ammihud.
၂၂ထိုနောက်ဧဖရိမ်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို အမိဟုဒ်၏သားဧလိ ရှမာသည်အုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
23 At the head of the army of the children of Manasseh was Gamaliel, the son of Pedahzur.
၂၃မနာရှေ၏အနွယ်ကိုပေဒါဇုရ၏သား ဂါမလျေလအုပ်ချုပ်ရသည်။-
24 At the head of the army of the children of Benjamin was Abidan, the son of Gideoni.
၂၄ဗင်္ယာမိန်အနွယ်ကိုဂိဒေါနိ၏သားအဘိဒန် အုပ်ချုပ်ရသည်။
25 And the flag of the children of Dan, whose tents were moved last of all, went forward with their armies: and at the head of his army was Ahiezer, the son of Ammishaddai.
၂၅နောက်ဆုံးတပ်ဖြစ်သောဒန်အနွယ်တပ်အလံ နောက်မှလိုက်ရသောလူစုကို အမိရှဒ္ဒဲ၏သား အဟေဇာအုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
26 At the head of the army of the children of Asher was Pagiel, the son of Ochran.
၂၆အာရှာအနွယ်ကိုသြကရန်၏သားပါဂျေလ အုပ်ချုပ်၍၊-
27 And at the head of the army of the children of Naphtali was Ahira, the son of Enan.
၂၇နဿလိအနွယ်ကိုဧနန်၏သားအဟိရ အုပ်ချုပ်ရသည်။-
28 This was the order in which the children of Israel were journeying by armies; so they went forward.
၂၈ဣသရေလအမျိုးသားတို့သည်စခန်းဖြုတ် ၍ခရီးထွက်သည့်အခါတိုင်း အထက်ဖော်ပြ ပါအစီအစဉ်အရတပ်စုအလိုက်ချီတက် ကြရသည်။
29 Then Moses said to Hobab, the son of his father-in-law Reuel the Midianite, We are journeying to that place of which the Lord has said, I will give it to you: so come with us, and it will be for your profit: for the Lord has good things in store for Israel.
၂၉မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။
30 But he said, I will not go with you, I will go back to the land of my birth and to my relations.
၃၀ဟောဗပ်က``ငါမလိုက်လိုပါ။ ငါ၏နေရင်း ပြည်သို့ပြန်မည်'' ဟုဖြေကြားလေ၏။
31 And he said, Do not go from us; for you will be eyes for us, guiding us to the right places in the waste land to put up our tents.
၃၁ထိုအခါမောရှေက``ငါတို့ကိုစွန့်ပစ်၍မထား ခဲ့ပါနှင့်။ သင်သည်တောကန္တာရခရီးလမ်းသိ ကျွမ်းသူဖြစ်သဖြင့် စခန်းချရာအရပ်ကို ငါတို့အားညွှန်ပြနိုင်မည်ဖြစ်သည်။-
32 And if you come with us, we will give you a part in whatever good the Lord does for us.
၃၂ငါတို့နှင့်အတူလိုက်ခဲ့ပါမူငါတို့အား ထာဝရဘုရားချပေးတော်မူသော ကောင်း ချီးမင်္ဂလာအပေါင်းတို့ကိုသင်လည်းခံ စားခွင့်ရရှိစေပါမည်'' ဟုဆို၏။
33 So they went forward three days' journey from the mountain of the Lord; and the ark of the Lord's agreement went three days' journey before them, looking for a resting-place for them;
၃၃ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။-
34 And by day the cloud of the Lord went over them, when they went forward from the place where they had put up their tents.
၃၄သူတို့စခန်းမှထွက်ခွာလာသည့်အခါတိုင်း ထာဝရဘုရား၏မိုးတိမ်သည်နေ့အချိန် တွင်သူတို့၏အပေါ်မှလိုက်ပါလျက်ရှိ၏။
35 And when the ark went forward Moses said, Come up, O Lord, and let the armies of those who are against you be broken, and let your haters go in flight before you.
၃၅ပဋိညာဉ်သေတ္တာတော်ခရီးစထွက်သည့်အခါ မောရှေက``အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့ကိုကစဥ့်ကလျား ဖြစ်စေ၍ ကိုယ်တော်အားမုန်းတီးသူတို့ကို ထွက်ပြေးစေတော်မူပါ'' ဟူ၍လည်း ကောင်း၊-
36 And when it came to rest, he said, Take rest, O Lord, and give a blessing to the families of Israel.
၃၆ပဋိညာဉ်သေတ္တာတော်ရပ်နားသောအခါ``အို ထာဝရဘုရား၊ ထောင်သောင်းမကသောဣသ ရေလအမျိုးသားတို့ထံသို့ပြန်ကြွတော် မူပါ'' ဟူ၍လည်းကောင်းလျှောက်ဆိုလေ့ရှိ၏။