< Leviticus 24 >

1 And the Lord said to Moses,
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​အောက်​ပါ​အ​တိုင်း မိန့်​တော်​မူ​သည်။ တဲ​တော်​ထဲ​ရှိ​မီး​တိုင်​ကို အ​စဉ်​မ​ပြတ်​ထွန်း​ညှိ​ထား​နိုင်​စေ​ရန် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​စစ်​စစ်​ကို​ယူ ခဲ့​ကြ​လော့။-
2 Give orders to the children of Israel to give you clean olive oil for the light, so that a light may be burning at all times,
3 Outside the veil of the ark in the Tent of meeting; let Aaron see that it is burning from evening till morning at all times before the Lord: it is a rule for ever through all your generations.
အာ​ရုန်​သည်​တဲ​တော်​တွင်း​အ​လွန်​သန့်​ရှင်း သော​ဌာ​န​တော်​၌​တည်​ရှိ​သည့် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​ရ​မည်။ ထို​မီး​တိုင်​သည်​ရှေ့​တော်​၌​ည​နေ​မှ​နံ​နက် သို့​တိုင်​အောင်​ထွန်း​တောက်​လျက်​ရှိ​စေ​ရ​မည်။ သင်​တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့် ထိန်း​ရ​ကြ​မည်။-
4 Let Aaron put the lights in order on the support before the Lord at all times.
အာ​ရုန်​သည်​ရွှေ​မီး​တိုင်​မှ​မီး​ခွက်​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​၍​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​အ​စဉ်​မ​ပြတ်​ထွန်း​တောက်​လျက် ရှိ​စေ​ရ​မည်။
5 And take the best meal and make twelve cakes of it, a fifth part of an ephah in every cake.
မုန့်​ညက်​နှစ်​ဆယ့်​လေး​ပေါင်​ဖြင့်​မုန့်​တစ်​ဆယ့် နှစ်​လုံး​ဖုတ်​လော့။-
6 And put them in two lines, six in a line, on the holy table before the Lord.
ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရှိ​သော​ရွှေ​စင် ဖြင့်​မွမ်း​မံ​ထား​သည့်​စား​ပွဲ​ပေါ်​တွင်​မုန့်​လုံး များ​ကို​တစ်​တန်း​လျှင်​မုန့်​ခြောက်​လုံး​ကျ နှစ်​တန်း​စီ​လော့။-
7 And on the lines of cakes put clean sweet-smelling spices, for a sign on the bread, an offering made by fire to the Lord.
ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သည့်​ပူဇော်​သ​ကာ အ​ထိမ်း​အ​မှတ်​အ​ဖြစ်​မုန့်​လုံး​တစ်​တန်း​စီ​ပေါ် တွင်​နံ့​သာ​အ​စစ်​ကို​တင်​လော့။-
8 Every Sabbath day regularly, the priest is to put it in order before the Lord: it is offered for the children of Israel, an agreement made for ever.
အ​စဉ်​အ​မြဲ​ဥ​ပုသ်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​မုန့်​ကို​ဆက်​သ​ရ​မည်။-
9 And it will be for Aaron and his sons; they are to take it for food in a holy place: it is the most holy of all the offerings made by fire to the Lord, a rule for ever.
ဤ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထာ​ဝ​စဉ် ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​ဖြစ်​သည်။ ဤ​မုန့်​များ သည်​အာ​ရုန်​နှင့်​သူ​၏​သား​မြေး​များ​စား​ရန် အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​မုန့်​ဖြစ်​ခြင်း ကြောင့်​အ​လွန်​သန့်​ရှင်း​သ​ဖြင့်​သူ​တို့​သည်​ဤ မုန့်​ကို​သန့်​ရှင်း​သော​ဌာ​န​တော်​၌​စား​ရ​ကြ မည်။
10 And a son of an Israelite woman, whose father was an Egyptian, went out among the children of Israel and had a fight with a man of Israel by the tents;
၁၀ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ခန်း​တွင် အီ​ဂျစ်​အ​မျိုး​သား​ဖ​ခင်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သ​မီး​မိ​ခင်​တို့​မှ​ပေါက်​ဖွား​သူ​တစ် ယောက်​ရှိ​၏။ မိ​ခင်​သည်​ဒန်​အ​မျိုး​ထဲ​မှ​ဒိ​ဗ​ရိ ၏​သ​မီး​ရှေ​လော​မိတ်​ဖြစ်​သည်။ ထို​သူ​သည် စ​ခန်း​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​နှင့်​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​ကျိန်​ဆဲ​၏။ ထို့​ကြောင့် သူ့​အား​မော​ရှေ​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ သ​ဖြင့်၊-
11 And the son of the Israelite woman said evil against the holy Name, with curses; and they took him to Moses. His mother's name was Shelomith, the daughter of Dibri, of the tribe of Dan.
၁၁
12 And they kept him shut up, till a decision might be given by the mouth of the Lord.
၁၂သူ့​ကို​ချုပ်​ထား​ပြီး​လျှင်​သူ​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​တော်​မူ​မည်​ကို စောင့်​ဆိုင်း​နေ​ကြ​၏။
13 And the Lord said to Moses,
၁၃ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
14 Take the curser outside the tent-circle; and let all in whose hearing the words were said put their hands on his head, and let him be stoned by all the people.
၁၄``ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​လော့။ သူ ကျိန်​ဆဲ​ခြင်း​ကို​ကြား​ရ​သူ​တိုင်း​သည်​သူ​၏ ဦး​ခေါင်း​ပေါ်​သို့​လက်​ကို​တင်​၍​ဟုတ်​မှန်​ကြောင်း သက်​သေ​ခံ​ရ​မည်။ ထို့​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က​သူ့​အား​ခဲ​ဖြင့် ပစ်​သတ်​ရ​မည်။-
15 And say to the children of Israel, As for any man cursing God, his sin will be on his head.
၁၅တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​လျှင်​ထို​သူ​သည်​အ​ပြစ်​ကို​ခံ​ရ​မည်။-
16 And he who says evil against the name of the Lord will certainly be put to death; he will be stoned by all the people; the man who is not of your nation and one who is an Israelite by birth, whoever says evil against the holy Name is to be put to death.
၁၆သူ့​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်​ဟူ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား ကို​ကျိန်​ဆဲ​လျှင်​ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​က ထို​သူ​ကို​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။
17 And anyone who takes another's life is certainly to be put to death.
၁၇``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-
18 And anyone wounding a beast and causing its death, will have to make payment for it: a life for a life.
၁၈သူ​တစ်​ပါး​ပိုင်​သော​တိ​ရစ္ဆာန်​ကို​သတ်​သော သူ​သည်​ပိုင်​ရှင်​အား​အ​စား​လျော်​ပေး​ရ​မည်။ ဤ​ပ​ညတ်​သ​ဘော​မှာ​အ​သက်​အ​တွက် အ​သက်​ကို​အ​စား​ပေး​ခြင်း​ဖြစ်​သည်။
19 And if a man does damage to his neighbour, as he has done, so let it be done to him;
၁၉``အ​ခြား​သူ​တစ်​ဦး​အား​ထိ​ခိုက်​နာ​ကျင် စေ​သော​သူ​သည်​ကိုယ်​တိုင်​လည်း​ထို​အ​တိုင်း ခံ​စေ​ရ​မည်။-
20 Wound for wound, eye for eye, tooth for tooth; whatever damage he has done, so let it be done to him.
၂၀သူ​တစ်​ပါး​၏​အ​ရိုး​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​အ​ရိုး​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​၏​မျက်​လုံး​ကို​ထိုး​ဖောက်​သော​သူ သည်​ကိုယ်​တိုင်​မျက်​လုံး​ဖောက်​ခြင်း​ခံ​ရ​မည်။ သူ​တစ်​ပါး​၏​သွား​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​သွား​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​အား​ထိ​ခိုက်​နာ​ကျင်​စေ​သည့်​ပ​မာ ဏ​အ​တိုင်း​ကိုယ်​တိုင်​ခံ​ရ​မည်။-
21 He who puts a beast to death will have to make payment for it; he who puts a man to death will himself be put to death.
၂၁တိ​ရစ္ဆာန်​ကို​သတ်​သော​သူ​သည်​အ​စား လျော်​ပေး​ရ​မည်။ သို့​ရာ​တွင်​လူ​ကို​သတ် သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
22 You are to have the same law for a man of another nation living among you as for an Israelite; for I am the Lord your God.
၂၂ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သော​ကြောင့်​သင်​တို့​နှင့်​တ​ကွ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည်​ဤ​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
23 And Moses said these words to the children of Israel, and they took the man who had been cursing outside the tent-circle and had him stoned. The children of Israel did as the Lord gave orders to Moses.
၂၃မော​ရှေ​သည်​ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​ကြား​သည့်​အ​တိုင်း သူ​တို့​သည် အ​ပြစ်​ကူး​လွန်​သူ​ကို​စ​ခန်း​အ​ပြင်​သို့ ထုတ်​၍​ခဲ​ဖြင့်​ပစ်​ကြ​၏။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ကြ​၏။

< Leviticus 24 >