< Jeremiah 47 >

1 The word of the Lord which came to Jeremiah the prophet about the Philistines, before Pharaoh's attack on Gaza.
ဂါ​ဇ​မြို့​ကို​အီ​ဂျစ်​ဘု​ရင်​မ​တိုက်​ခိုက်​မီ ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။
2 This is what the Lord has said: See, waters are coming up out of the north, and will become an overflowing stream, overflowing the land and everything in it, the town and those who are living in it; and men will give a cry, and all the people of the land will be crying out in pain.
ကိုယ်​တော်​က၊ ``ကြည့်​ရှု​လော့။ မြောက်​အ​ရပ်​တွင်​ရေ​တက် လျက် ရေ​လျှံ​မြစ်​ကဲ့​သို့​စီး​ဆင်း​လာ​လိမ့်​မည်။ ထို​ရေ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မြေ​ကြီး ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​များ၊မြို့​များ​နှင့် မြို့​သူ​မြို့​သား​များ​ကို​လွှမ်း​မိုး​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကယ်​ရန်​ဟစ်​ခေါ်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ပြင်း​ပြ​စွာ ငို​ကြွေး​ကြ​လိမ့်​မည်။
3 At the noise of the stamping of the feet of his war-horses, at the rushing of his carriages and the thunder of his wheels, fathers will give no thought to their children, because their hands are feeble;
သူ​တို့​သည်​မြင်း​ခွာ​သံ​များ​နှင့်​မြင်း​ရ​ထား ဘီး​လည်​သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ ဖ​ခင်​များ​သည်​မိ​မိ​တို့​သား​သ​မီး​များ​ကို ပြန်​မ​ကြည့်​ကြ။ သူ​တို့​၏​လက်​များ​သည်​လည်း​အား​လျော့​၍ တွဲ​ကျ​လျက်​ရှိ​လိမ့်​မည်။
4 Because of the day which is coming with destruction on all the Philistines, cutting off from Tyre and Zidon the last of their helpers: for the Lord will send destruction on the Philistines, the rest of the sea-land of Caphtor.
တု​ရု​မြို့​နှင့်​ဇိ​ဒုန်​သို့​ပေး​ပို့​နိုင်​သည့်​စစ်​ကူ အ​ကြွင်း​အ​ကျန်​မှန်​သ​မျှ​ကို​ဖြတ်​တောက် ပစ်​ရန် ဖိ​လိတ္တိ​ပြည်​ကို၊သုတ်​သင်​ပယ်​ရှင်း​ရ​မည့် နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​ရေ​တေ​ကမ်း​ခြေ​မှ လာ​သူ​အ​ပေါင်း​ဖြစ်​သည့် ဖိ​လိတ္တိ​အမျိုး​သား​တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။
5 The hair is cut off from the head of Gaza; Ashkelon has come to nothing; the last of the Anakim are deeply wounding themselves.
ဂါ​ဇ​မြို့​သူ​မြို့​သား​တို့​သည်​များ​စွာ ဝမ်း​နည်း​ကြေ​ကွဲ​ရ​ကြ​လေ​ပြီ။ အာ​ရှ​ကေ​လုန်​မြို့​သူ​မြို့​သား​တို့​သည်​လည်း ဆိတ်​ဆိတ်​နေ​ကြ​၏။ ကြွင်း​ကျန်​၍​နေ​သော​ဖိ​လိတ္တိ​ပြည်​သူ​တို့ သည်​အ​ဘယ်​မျှ ကြာ​ကြာ​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ မည်​နည်း။
6 O sword of the Lord, how long will you have no rest? put yourself back into your cover; be at peace, be quiet.
ထာ​ဝ​ရ​ဘု​ရား​၏​ဋ္ဌား​တော်၊ သင်​သည်​အ​ဘယ်​မျှ​ကြာ​ကြာ​ခုတ်​ထစ် နေ​ပါ​ဦး​မည်​နည်း။ မိ​မိ​ဋ္ဌား​အိမ်​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ငြိမ်​သက်​စွာ နေ​ပါ​လော့'' ဟု​သင်​တို့​ဆို​ကြ​၏။
7 How is it possible for it to be quiet, seeing that the Lord has given it orders? against Ashkelon and against the sea-land he has given it directions.
သို့​ရာ​တွင်​ထို​ဋ္ဌား​တော်​သည်​ငါ​ပေး​အပ်​ထား သည့် အ​လုပ်​ရှိ​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ငြိမ်​သက်​စွာ​နေ​နိုင်​မည်​နည်း။ အာ​ရှ​ကေ​လုန်​မြို့​နှင့်​ပင်​လယ်​ကမ်း​ခြေ​တွင် နေ​ထိုင်​သော လူ​တို့​အား၊တိုက်​ခိုက်​ရန်​ထို​ဋ္ဌား​တော်​ကို​ငါ အ​မိန့်​ပေး​တော်​မူ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

< Jeremiah 47 >