< Isaiah 36 >
1 And it came about in the fourteenth year of King Hezekiah that Sennacherib, king of Assyria, came up against all the walled towns of Judah and took them.
၁ယုဒဘုရင်ဟေဇကိနန်းစံတစ်ဆယ့်လေး နှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာ ခရိပ်သည် ယုဒပြည်ရှိခံတပ်မြို့များကို တိုက်ခိုက်သိမ်းယူလေသည်။-
2 And the king of Assyria sent the Rab-shakeh from Lachish to Jerusalem to King Hezekiah with a strong force, and he took up his position by the stream of the higher pool, by the highway of the washerman's
၂ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
3 And there came out to him Eliakim, the son of Hilkiah, who was over the house, and Shebna the scribe, and Joah, the son of Asaph, the recorder.
၃ထိုအခါယုဒပြည်သူသုံးဦးတို့သည်သူ နှင့်အတူလာရောက်တွေ့ဆုံကြ၏။ သူတို့ ကားဟိလခိ၏သားနန်းတော်အုပ်ဧလျာ ကိမ်၊ နန်းတော်အတွင်းဝန်ရှေဗနနှင့်၊ အာ သပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
4 And the Rab-shakeh said to them, Say now to Hezekiah, These are the words of the great king, the king of Assyria: In what are you placing your hope?
၄အာရှုရိအရာရှိကသူတို့အား``ဟေဇကိ မင်းသည်အဘယ်ကြောင့် မိမိကိုယ်ကိုဤမျှ ယုံကြည်ကိုးစားလျက်နေကြောင်းဘုရင် ဧကရာဇ်သိရှိလိုပါသည်။-
5 You say you have a design and strength for war, but these are only words: now to whom are you looking for support, that you have gone against my authority?
၅စစ်အင်အားစွမ်းရည်ကိုစကားလုံးဖြင့် အစားထိုးနိုင်လိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။ ငါ့ကိုပုန်ကန်ရန် သင်တို့အားအဘယ်သူကူညီလိမ့်မည် ဟုထင်မှတ်ကြပါသနည်း။-
6 See, you are basing your hope on that broken rod of Egypt, which will go into a man's hand if he makes use of it for a support; for so is Pharaoh, king of Egypt, to all who put their faith in him.
၆သင်တို့သည်အီဂျစ်ပြည်၏အကူအညီကို စောင့်စားလျက်နေကြ၏။ သို့ရာတွင်ထိုပြည် ကိုအားကိုးခြင်းသည်ကျိုး၍လက်စူးတတ် သည့်ကူရိုးကိုတောင်ဝှေးအဖြစ်အသုံးပြု သည်နှင့်တူ၏။ အီဂျစ်ဘုရင်ကားမိမိတို့ မှီခိုအားကိုးသူရှိလာချိန်၌ကူရိုးနှင့် သာတူသတည်း'' ဟုပြော၏။
7 And if you say to me, Our hope is in the Lord our God; is it not he whose high places and altars Hezekiah has taken away, saying to Judah and Jerusalem that worship may only be given before this altar?
၇ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-
8 And now, take a chance with my master, the king of Assyria, and I will give you two thousand horses, if you are able to put horsemen on them.
၈ငါသည်ဘုရင်ဧကရာဇ်၏နာမတော်ကို တိုင်တည်၍ သင်တို့နှင့်အလောင်းအစားပြု မည်။ သင်တို့သည်မြင်းစီးသူရဲနှစ်ထောင်ရ ရှိအောင်ရှာနိုင်မည်ဆိုလျှင် သင်တို့အား မြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။-
9 How then may you put to shame the least of my master's servants? and you have put your hope in Egypt for war-carriages and horsemen:
၉သင်တို့သည်ရာထူးအနိမ့်ဆုံးအာရှုရိတပ် မှူးကလေးကိုပင်လျှင်ယှဉ်ပြိုင်နိုင်စွမ်းမရှိ ကြ။ သို့ပါလျက်အီဂျစ်အမျိုးသားတို့ထံ မှစစ်ရထားနှင့်မြင်းစီးသူရဲအကူအညီ များကိုစောင့်မျှော်ကြပါသည်တကား။-
10 And have I now come to send destruction on this land without the Lord's authority? It was the Lord himself who said to me, Go up against this land and make it waste.
၁၀ငါသည်ထာဝရဘုရား၏အကူအညီ မပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟုသင်တို့ထင်မှတ်ကြပါ သလော။ သင်တို့ပြည်ကိုတိုက်ခိုက်ဖျက်ဆီး ရန်ထာဝရဘုရားကိုယ်တော်တိုင်ပင်ငါ့ အားစေခိုင်းတော်မူပါ၏'' ဟုဆို၏။
11 Then Eliakim and Shebna and Joah said to the Rab-shakeh, Please make use of the Aramaean language in talking to your servants, for we are used to it, and do not make use of the Jews' language in the hearing of the people on the wall.
၁၁ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည်ထိုအရာရှိအား``အရှင်၊ အာရမိ ဘာသာစကားဖြင့်အကျွန်ုပ်တို့အားအမိန့် ရှိပါ၊ ထိုစကားကိုအကျွန်ုပ်တို့နားလည် ပါသည်။ ဟေဗြဲဘာသာစကားကိုမပြော ပါနှင့်။ မြို့ရိုးပေါ်ရှိလူအပေါင်းတို့နား ထောင်လျက်နေကြပါသည်'' ဟုပြော၏။
12 But the Rab-shakeh said, Is it to your master or to you that my master has sent me to say these words? has he not sent me to the men seated on the wall? for they are the people who will be short of food with you when the town is shut in.
၁၂ထိုသူကဘုရင်ဧကရာဇ်သည်သင်တို့ဘုရင် အားသာလျှင် ဤစကားများကိုပြောကြား ရန် ငါ့အားစေလွှတ်တော်မူထိုက်သည်ဟုထင် မှတ်ကြပါသလော။ ငါသည်မြို့ရိုးပေါ်တွင် ထိုင်နေကြသူတို့အားလည်းပြောကြားပါ ၏။ သူတို့သည်လည်းသင်တို့နည်းတူမိမိ တို့၏မစင်ကိုပြန်၍စားပြီးလျှင် မိမိ တို့ကျင်ငယ်ရေကိုပြန်၍သောက်ရကြ လိမ့်မည်'' ဟုပြန်ပြော၏။
13 Then the Rab-shakeh got up and said with a loud voice in the Jews' language, Give ear to the words of the great king, the king of Assyria:
၁၃ထိုနောက်သူသည်ထ၍ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။-
14 This is what the king says: Do not be tricked by Hezekiah, for there is no salvation for you in him.
၁၄ထိုအရှင်ကသင်တို့သည်ဟေဇကိ၏လှည့်စား မှုကိုမခံကြစေရန် သတိပေးတော်မူလိုက် ပါ၏။ ဟေဇကိသည်သင်တို့အားမကယ်နိုင်။-
15 And do not let Hezekiah make you put your faith in the Lord, saying, The Lord will certainly keep us safe, and this town will not be given into the hands of the king of Assyria.
၁၅ထာဝရဘုရားအား၊ အားကိုးရန်သူသွေး ဆောင်တိုက်တွန်းသော်လည်း သင်တို့ခွင့်မပြု ကြနှင့်။ ထာဝရဘုရားသည်သင်တို့အား ကယ်တော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ ငါတို့အာရှုရိတပ်မတော်အား သင်တို့ ၏မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည် မဟုတ်ဟူ၍လည်းကောင်း မထင်မှတ်ကြနှင့်။-
16 Do not give ear to Hezekiah, for this is what the king of Assyria says, Make peace with me, and come out to me; and everyone will be free to take the fruit of his vine and of his fig-tree, and the water of his spring;
၁၆ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။-
17 Till I come and take you away to a land like yours, a land of grain and wine, a land of bread and vine-gardens.
၁၇
18 Give no attention to Hezekiah when he says to you, The Lord will keep us safe. Has any one of the gods of the nations kept his land from falling into the hands of the king of Assyria?
၁၈ထာဝရဘုရားသည်ငါတို့ကိုကယ်ဆယ် တော်မူနိုင်သည်ဟု သင်တို့ထင်မှတ်ကြစေ ရန် ဟေဇကိလှည့်စားသည်ကိုနားမထောင် ကြနှင့်။ အခြားအမျိုးသားတို့၏ဘုရား များသည် သူတို့၏ပြည်ကိုအာရှုရိဧကရာဇ် ဘုရင်၏လက်မှကယ်ဆယ်ခဲ့ကြပါသလော။-
19 Where are the gods of Hamath and of Arpad? where are the gods of Sepharvaim? where are the gods of Samaria? and have they kept Samaria out of my hand?
၁၉ဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည်ယခု အဘယ်မှာရှိပါသနည်း။ အဘယ်ဘုရား ကရှမာရိပြည်ကိုကယ်ဆယ်ခဲ့ကြပါ သနည်း။-
20 Who among all the gods of these countries have kept their country from falling into my hand, to give cause for the thought that the Lord will keep Jerusalem from falling into my hand?
၂၀ထိုတိုင်းပြည်အပေါင်းတို့၏ဘုရားများ အနက်မှအဘယ်မည်သောဘုရားသည် မိမိ ၏ပြည်သို့ငါတို့ဘုရင်ဧကရာဇ်၏လက် မှအဘယ်အခါမှကယ်ခဲ့ဖူးပါသနည်း။ ယင်းသို့ဖြစ်ပါမူထာဝရဘုရားသည် လည်း ယေရုရှလင်မြို့ကိုကယ်တော်မူနိုင် သည်ဟုသင်တို့အဘယ်ကြောင့်ထင်မှတ် ကြပါသနည်း'' ဟုဆို၏။
21 But they kept quiet and gave him no answer: for the king's order was, Give him no answer.
၂၁ထိုအခါလူတို့သည်ဟေဇကိမှာကြား လိုက်သည်အတိုင်းဆိတ်ဆိတ်နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍မပြောကြ။-
22 Then Eliakim, the son of Hilkiah, who was over the house, and Shebna the scribe, and Joah, the son of Asaph, the recorder, came to Hezekiah with their clothing parted as a sign of grief, and gave him an account of what the Rab-shakeh had said.
၂၂ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည် ဝမ်းနည်းပူဆွေးလျက်မိမိတို့အဝတ် များကိုဆုတ်ဖြဲကာ အာရှုရိအရာရှိ၏ စကားများကိုမင်းကြီးထံသွားရောက် လျှောက်ထားကြ၏။