< Hosea 6 >
1 Come, let us go back to the Lord; for he has given us wounds and he will make us well; he has given blows and he will give help.
၁လူတို့က``ထာဝရဘုရားထံသို့ပြန်ကြ စို့၊ ကိုယ်တော်သည်ငါတို့အားအနာတရ ဖြစ်စေသော်လည်း အနာပျောက်ကင်းအောင် ကုသတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းတော်မူမည်။-
2 After two days he will give us life, and on the third day he will make us get up, and we will be living before him.
၂ငါတို့ကိုနှစ်ရက်သုံးရက်အတွင်းအင်အား ပြည့်လျက်ပြန်လည်ရှင်သန်စေတော်မူ၍ မျက်မှောက်တော်အောက်တွင်နေစေတော်မူ လိမ့်မည်။-
3 And let us have knowledge, let us go after the knowledge of the Lord; his going out is certain as the dawn, his decisions go out like the light; he will come to us like the rain, like the spring rain watering the earth.
၃ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
4 O Ephraim, what am I to do to you? O Judah, what am I to do to you? For your love is like a morning cloud, and like the dew which goes early away.
၄သို့ရာတွင်ထာဝရဘုရားက``ဣသရေလ အမျိုးသားနှင့်ယုဒအမျိုးသားတို့၊ သင် တို့ကိုငါမည်ကဲ့သို့စီရင်ရမည်နည်း၊ ငါ့ အားသင်တို့ထားသောမေတ္တာသည်နံနက် ဆီးနှင်းကဲ့သို့လည်းကောင်း၊ နှင်းပေါက်ကဲ့ သို့လည်းကောင်းပျောက်လွယ်လှ၏။-
5 So I have had it cut in stones; I gave them teaching by the words of my mouth;
၅ထို့ကြောင့်ငါသည်ပရောဖက်များကိုစေ လွှတ်၍ သင်တို့ကိုတရားစီရင်မည့်အကြောင်း နှင့်ပျက်စီးဆုံးပါးစေမည့်အကြောင်းကြား ပြောစေခဲ့၏။-
6 Because my desire is for mercy and not offerings; for the knowledge of God more than for burned offerings.
၆ငါသည်သင်တို့၏ယဇ်ကောင်ပူဇော်ခြင်းကို အလိုမရှိ၊ သင်တို့၏မေတ္တာကိုသာအလိုရှိ ၏။ ငါ၏လူမျိုးတော်သည်ငါ့အားမီးရှို့ရာ ယဇ်ပူဇော်ခြင်းထက်ငါ့အားသိကျွမ်းခြင်း ကိုသာအလိုရှိ၏။''
7 But like a man, they have gone against the agreement; there they were false to me.
၇``သို့ရာတွင်သူတို့သည်ပြည်တော်ထဲသို့ ဝင်ရောက်လျှင်ဝင်ရောက်ခြင်း ငါနှင့်ပြုလုပ် ခဲ့သောပဋိညာဉ်ကိုချိုးဖောက်ကြ၏။-
8 Gilead is a town of evil-doers, marked with blood.
၈ဂိလဒ်မြို့သည်လူဆိုးများလူသတ် သမားများမင်းမူရာအရပ်ဖြစ်သည်။-
9 And like a band of thieves waiting for a man, so are the priests watching secretly the way of those going quickly to Shechem, for they are working with an evil design.
၉ယဇ်ပုရောဟိတ်များသည်လုယက်ရန်ချုံ ခိုစောင့်သောဋ္ဌားပြဂိုဏ်းကဲ့သို့ကျင့်ကြံ ကြသည်။ သူတို့သည်ရှေခင်မြို့သို့သွား ရာလမ်း၌ပင်လျှင်လူကိုသတ်ကြ၏။ သူ တို့သည်ဤကဲ့သို့ဆိုးရွားသောရာဇဝတ် မှုများကိုကူးလွန်ကြ၏။-
10 In Israel I have seen a very evil thing; there false ways are seen in Ephraim, Israel is unclean;
၁၀ဣသရေလပြည်သားတို့၏စက်ဆုပ်ဖွယ် ကောင်းသောအမှုကိုငါမြင်ရပြီ။ ငါ၏ လူမျိုးတော်သည်ရုပ်တုများကိုကိုးကွယ် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြပြီ။''
11 And Judah has put up disgusting images for himself.
၁၁``ယုဒပြည်သားတို့သင်တို့ကူးလွန်သည့် အပြစ်အတွက် သင်တို့အားလည်းငါပြစ် ဒဏ်စီရင်မည့်နေ့ရက်ကိုသတ်မှတ်ထား ပြီးဖြစ်သည်။''