< Genesis 21 >

1 And the Lord came to Sarah as he had said and did to her as he had undertaken.
ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း စာ​ရာ​ကို​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊-
2 And Sarah became with child, and gave Abraham a son when he was old, at the time named by God.
အာ​ဗြ​ဟံ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သည့်​အ​ခါ ၌ စာ​ရာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား​မြင် လေ​၏။ ဘု​ရား​သ​ခင်​သတ်​မှတ်​သော​အ​ချိန်​၌ ထို​သား​ကို​ဖွား​မြင်​၏။-
3 And Abraham gave to his son, to whom Sarah had given birth, the name Isaac.
အာ​ဗြ​ဟံ​သည်​ထို​သား​ကို​ဣ​ဇာက်​ဟု​နာ​မည် မှည့်​၍၊-
4 And when his son Isaac was eight days old, Abraham made him undergo circumcision, as God had said to him.
ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ရှစ်​ရက် သား​အ​ရွယ်​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို စီ​ရင်​လေ​သည်။-
5 Now Abraham was a hundred years old when the birth of Isaac took place.
ဣ​ဇာက်​ကို​ဖွား​မြင်​သော​အ​ခါ​အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​ပြီ​ဖြစ်​၏။-
6 And Sarah said, God has given me cause for laughing, and everyone who has news of it will be laughing with me.
စာ​ရာ​က​လည်း``ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရယ် စေ​တော်​မူ​ပြီ။ ဤ​သတင်း​ကို​ကြား​ရ​သော​သူ တိုင်း​ငါ​နှင့်​အ​တူ​ရယ်​လိမ့်​မည်'' ဟု​ဆို​လေ​၏။-
7 And she said, Who would have said to Abraham that Sarah would have a child at her breast? for see, I have given him a son now when he is old.
စာ​ရာ​က​ဆက်​လက်​၍``စာ​ရာ​သည်​သား​ကို​နို့ တိုက်​မည်​ဟု​မည်​သူ​က​အာ​ဗြ​ဟံ​အား​ပြော​မည် နည်း။ ယ​ခု​မူ​ကား​အ​သက်​အ​ရွယ်​ကြီး​ရင့်​သော အ​ချိန်​၌​ငါ​သည်​သူ့​အ​တွက်​သား​ကို​ဖွား​ပြီ'' ဟု​ဆို​လေ​၏။
8 And when the child was old enough to be taken from the breast, Abraham made a great feast.
ထို​သူ​ငယ်​သည်​ကြီး​ထွား​လာ​၍​နို့​ခွဲ​သော​နေ့​၌ အာ​ဗြ​ဟံ​သည်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​လေ​၏။
9 And Sarah saw the son of Hagar the Egyptian playing with Isaac.
တစ်​နေ့​သ​၌​အီ​ဂျစ်​အ​မျိုး​သ​မီး​ဟာ​ဂ​ရ နှင့်​ရ​သော အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​သည် စာ​ရာ​၏​သား​ဣ​ဇာက်​နှင့်​အ​တူ​ကစား​လျက် ရှိ​သည်။-
10 So she said to Abraham, Send away that woman and her son: for the son of that woman is not to have a part in the heritage with my son Isaac.
၁၀ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​စာရာ​က``ဤ​ကျွန်​မ နှင့်​သူ​၏​သား​ကို​နှင်​ပစ်​ပါ။ ကျွန်​မ​၏​သား​ဣ​ဇာက် ဆက်​ခံ​ရ​မည့်​အ​မွေ​ဥစ္စာ​ကို​ဤ​ကျွန်​မ​၏​သား ပါ​ဝင်​ခံ​စား​ခွင့်​မ​ရှိ​ရ'' ဟု​အာ​ဗြ​ဟံ​အား ပြော​လေ​သည်။
11 And this was a great grief to Abraham because of his son.
၁၁ဣ​ရှ​မေ​လ​သည်​မိ​မိ​၏​သား​ဖြစ်​သော​ကြောင့် အာ​ဗြ​ဟံ​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လေ​၏။-
12 But God said, Let it not be a grief to you because of the boy and Hagar his mother; give ear to whatever Sarah says to you, because it is from Isaac that your seed will take its name.
၁၂သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သူ​ငယ်​နှင့် သင်​၏​ကျွန်​မ​ဟာ​ဂ​ရ​အ​တွက်​စိတ်​မ​ချမ်း မ​သာ​မ​ဖြစ်​နှင့်။ ငါ​က​တိ​ထား​သည့်​အ​တိုင်း ဣ​ဇာက်​မှ​သင်​၏​အ​မျိုး​အ​နွယ်​ဆင်း​သက်​မည် ဖြစ်​သော​ကြောင့် စာ​ရာ​ပြော​သ​မျှ​အ​တိုင်း ဆောင်​ရွက်​လော့။-
13 And I will make a nation of the son of your servant-woman, because he is your seed.
၁၃ကျွန်​မ​၏​သား​သည်​လည်း​သင်​၏​သား​ဖြစ်​သော ကြောင့်​သူ​၏​အ​ဆက်​အ​နွယ်​ကို​လည်း​လူ​မျိုး ကြီး​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
14 And early in the morning Abraham got up, and gave Hagar some bread and a water-skin, and put the boy on her back, and sent her away: and she went, wandering in the waste land of Beer-sheba.
၁၄နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် အ​စား​အ​စာ​နှင့်​ရေ​ဘူး​ကို​ဟာ​ဂ​ရ​အား​ပေး လေ​၏။ သူ​ငယ်​ကို​လည်း​ကျွန်​မ​၏​ပ​ခုံး​ပေါ်​တွင် တင်​၍​အိမ်​မှ​ထွက်​ခွာ​သွား​စေ​၏။ ဟာ​ဂ​ရ​သည် လည်း​အိမ်​မှ​ထွက်​ခွာ​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ် သော​တော​ကန္တာ​ရ​သို့​ရောက်​လေ​၏။-
15 And when all the water in the skin was used up, she put the child down under a tree.
၁၅ရေ​ဘူး​တွင်​ရေ​ကုန်​သော​အ​ခါ​သူ​သည် က​လေး​ကို​ချုံ​အောက်​၌​ထား​ခဲ့​ပြီး​လျှင်၊-
16 And she went some distance away, about an arrow flight, and seating herself on the earth, she gave way to bitter weeping, saying, Let me not see the death of my child.
၁၆ကိုက်​တစ်​ရာ​ခန့်​အ​ကွာ​သို့​သွား​၍​ထိုင်​၏။ သူ က``သူ​ငယ်​ရေ​ငတ်​၍​သေ​သည်​ကို​ငါ​မ​မြင်​လို'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​မ​သည်​ကျယ်​လောင်​စွာ ငို​လေ​၏။
17 And the boy's cry came to the ears of God; and the angel of God said to Hagar from heaven, Hagar, why are you weeping? have no fear, for the child's cry has come to the ears of God.
၁၇ဘု​ရား​သ​ခင်​သည်​သား​ငယ်​ငို​သံ​ကို​ကြား တော်​မူ​၏။ ထို​ကြောင့်​ဘု​ရား​သခင်​၏​ကောင်း​ကင် တ​မန်​သည်​ကောင်း​ကင်​မှ``ဟာ​ဂ​ရ၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ပူ​ပန်​ရ​သ​နည်း။ မ​စိုး​ရိမ် နှင့်။ ဘု​ရား​သ​ခင်​သည်​သား​၏​ငို​သံ​ကို​ကြား တော်​မူ​ပြီ။-
18 Come, take your child in your arms, for I will make of him a great nation.
၁၈ထ​လော့၊ သွား​၍​သူ​ငယ်​ကို​ပိုက်​ချီ​လော့။ ငါ​သည် သူ​၏​အ​ဆက်​အ​နွယ်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ မည်'' ဟု​ဆို​လေ​၏။-
19 Then God made her eyes open, and she saw a water-spring, and she got water in the skin and gave the boy a drink.
၁၉ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဟာ​ဂ​ရ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့်​သူ​သည်​ရေ​တွင်း​ကို​မြင်​ရ လေ​၏။ သူ​သည်​သား​ရေ​ဘူး​တွင်​ရေ​တွင်း​မှ​ရေ နှင့်​ဖြည့်​၍​သား​ငယ်​ကို​ရေ​တိုက်​လေ​သည်။-
20 And God was with the boy, and he became tall and strong, and he became a bowman, living in the waste land.
၂၀ဘု​ရား​သ​ခင်​သည်​သူ​ငယ်​နှင့်​အ​တူ​ရှိ​တော် မူ​၏။ သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​၌​နေ​ထိုင်​သ​ဖြင့်​ကျင် လည်​သော​မုဆိုး​ဖြစ်​လာ​သည်။-
21 And while he was in the waste land of Paran, his mother got him a wife from the land of Egypt.
၂၁သူ​သည်​ပါ​ရန်​တော​ကန္တာ​ရ​တွင်​နေ-ထိုင်​လျက် သူ့​မိ​ခင်​သည်​သူ့​အား​အီ​ဂျစ်​အ​မျိုး​သ​မီး တစ်​ဦး​နှင့်​စုံ​ဖက်​ပေး​လေ​၏။
22 Now at that time, Abimelech and Phicol, the captain of his army, said to Abraham, I see that God is with you in all you do.
၂၂ထို​အ​ချိန်​အ​ခါ​အ​ဘိ​မ​လက်​သည်​သူ​၏​စစ်​ဗိုလ် ချုပ်​ဖိ​ကော​လ​နှင့်​အ​တူ​အာ​ဗြ​ဟံ​ထံ​သို့​သွား ၍``သင်​ဆောင်​ရွက်​သ​မျှ​တို့​၌​ဘု​ရား​သ​ခင်​ပါ ရှိ​တော်​မူ​၏။-
23 Now, then, give me your oath, in the name of God, that you will not be false to me or to my sons after me, but that as I have been good to you, so you will be to me and to this land where you have been living.
၂၃သို့​ဖြစ်​၍​သင်​သည်​ငါ့​ကို​သော်​လည်း​ကောင်း၊ ငါ ၏​သား​သမီး​နှင့်​အ​ဆက်​အ​နွယ်​များ​ကို​သော် လည်း​ကောင်း​မ​လှည့်​စား​ပါ​ဟူ​၍​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ဆို​ပါ​လော့။ ငါ​သည် သင့်​အား​သစ္စာ​စောင့်​သည့်​နည်း​တူ ငါ့​ကို​သော် လည်း​ကောင်း၊ သင်​မှီ​တင်း​နေ​ထိုင်​ရာ​ဤ​ပြည် ကို​သော်​လည်း​ကောင်း​သစ္စာ​စောင့်​ပါ​မည်​ဟူ​၍ က​တိ​ပြု​လော့'' ဟု​အာ​ဗြ​ဟံ​အား​ဆို​လေ​၏။
24 And Abraham said, I will give you my oath.
၂၄အာ​ဗြ​ဟံ​က​လည်း``ထို​အ​တိုင်း​ငါ​က​တိ သစ္စာ​ဆို​ပါ​၏'' ဟု​ဆို​၏။
25 But Abraham made a protest to Abimelech because of a water-hole which Abimelech's servants had taken by force.
၂၅အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​၏​ကျွန်​တို့​က အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ​သော​ရေ​တွင်း​အ​ကြောင်း ကို​အ​ဘိ​မ​လက်​အား​တိုင်​ကြား​လေ​၏။-
26 But Abimelech said, I have no idea who has done this thing; you never gave me word of it, and I had no knowledge of it till this day.
၂၆ထို​အ​ခါ​အ​ဘိ​မ​လက်​က``မည်​သူ​ဤ​သို့ ပြု​လုပ်​သည်​ဟူ​၍​ငါ​မ​သိ​ရ။ သင်​က​ငါ့​ကို ယ​ခင်​က​မ​ပြော​သ​ဖြင့် ဤ​ကိစ္စ​အ​ကြောင်း ကို​ယ​ခု​မှ​ငါ​သိ​ရ​သည်'' ဟု​ဆို​လေ​၏။-
27 And Abraham took sheep and oxen and gave them to Abimelech, and the two of them made an agreement together.
၂၇ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အား သိုး​နှင့်​နွား​တို့​ကို​ပေး​၍​သူ​တို့​နှစ်​ဦး​က​တိ သစ္စာ​ပြု​ကြ​လေ​သည်။-
28 And Abraham put seven young lambs of the flock on one side by themselves.
၂၈တစ်​ဖန်​အာ​ဗြ​ဟံ​သည်​သူ​၏​သိုး​အုပ်​မှ​သိုး က​လေး​ခု​နစ်​ကောင်​ကို​ခွဲ​ထုတ်​လေ​၏။-
29 Then Abimelech said, What are these seven lambs which you have put on one side?
၂၉အ​ဘိ​မ​လက်​က``သင်​အ​ဘယ်​ကြောင့်​ထို​သို့ ပြု​လုပ်​သ​နည်း'' ဟု​မေး​၏။
30 And he said, Take these seven lambs from me as a witness that I have made this water-hole.
၃၀အာ​ဗြ​ဟံ​က``ဤ​ရေ​တွင်း​သည်​ငါ​တူး​သော ရေ​တွင်း​ဖြစ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​သည့် အ​နေ​ဖြင့် ဤ​သိုး​က​လေး​ခု​နစ်​ကောင်​ကို လက်​ခံ​ပါ'' ဟု​ဖြေ​ကြား​လေ​သည်။-
31 So he gave that place the name Beer-sheba, because there the two of them had given their oaths.
၃၁ထို​သို့​သူ​တို့​နှစ်​ဦး​သည်​သစ္စာ​ဆို​ကြ​သည် ဖြစ်​၍ ထို​အ​ရပ်​ကို​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ်​တွင် ကြ​သည်။
32 So they made an agreement at Beer-sheba, and Abimelech and Phicol, the captain of his army, went back to the land of the Philistines.
၃၂ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​သူ​တို့​က​တိ​သစ္စာ ဆို​ပြီး​သည့်​နောက် အ​ဘိ​မ​လက်​နှင့်​ဖိ​ကော လ​တို့​သည်​ဖိ​လိတ္တိ​ပြည်​သို့​ပြန်​ကြ​လေ​၏။-
33 And Abraham, after planting a holy tree in Beer-sheba, gave worship to the name of the Lord, the Eternal God.
၃၃အာ​ဗြ​ဟံ​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​မန် ကျည်း​တစ်​ပင်​ကို​စိုက်​၍​အ​စဉ်​အ​မြဲ​တည် တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ဝတ်​ပြု ကိုး​ကွယ်​လေ​၏။-
34 And Abraham went on living in the land of the Philistines as in a strange country.
၃၄ထို​နောက်​အာ​ဗြ​ဟံ​သည်​ဖိလိတ္တိ​ပြည်​တွင် ကြာ​မြင့်​စွာ​နေ​ထိုင်​လေ​သည်။

< Genesis 21 >