< Exodus 39 >

1 And from the needlework of blue and purple and red they made the robes used for the work of the holy place, and the holy robes for Aaron, as the Lord had given orders to Moses.
သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရ​မည့် ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ခန့် ညား​ထည်​ဝါ​သော​အ​ဝတ်​တန်​ဆာ​များ​ကို သူ​တို့​သည် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​ဖြင့်​ချုပ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ရုန်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​တို့​၏ အဝတ်​တန်​ဆာ​များ​ကို​ချုပ်​ကြ​၏။
2 The ephod he made of gold and blue and purple and red and the best linen;
ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ပိတ်​ချော၊ အ​ပြာ ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​နှင့်​ရွှေ ချည်​တို့​ဖြင့်​ရက်​လုပ်​၏။-
3 Hammering the gold into thin plates and cutting it into wires to be worked into the blue and the purple and the red and the linen by the designer.
အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​တွင်​အ​ပြား​ခတ်​ထား​သော​ရွှေ မှ​လှီး​သော​ရွှေ​ကြိုး​များ​ဖြင့်​ရက်​လုပ်​ထား​၏။-
4 And they made two bands for joining its edges together at the top of the arms.
သင်​တိုင်း​ကို​ချည်​ထား​ရန်​ပခုံး​သိုင်း​ကြိုး​နှစ် ချောင်း​ကို​တပ်​ထား​၏။-
5 And the beautifully worked band which went on it was of the same design and the same material, worked in gold and blue and purple and red and twisted linen-work, as the Lord gave orders to Moses.
ထာ​ဝရ​ဘုရား​က​မောရှေ​အား​မိန့်​တော်​မူ​သည့် အ​တိုင်း၊ ကျွမ်း​ကျင်​စွာ​ရက်​လုပ်​သော​ခါး​ပန်း ကို၊ အ​လား​တူ​ပစ္စည်း​နှင့်​ရက်​လုပ်​၍ သင်​တိုင်း နှင့်​တစ်​သား​တည်း​ဖြစ်​စေ​ကြ​၏။-
6 Then they made the beryl stones, fixed in twisted frames of gold and cut like the cutting of a stamp, with the names of the children of Israel.
သူ​တို့​သည်​မ​ဟူ​ရာ​ကျောက်​များ​ကို​သွေး​၍ ရွှေ​ပန်း​ထည်​၌​ထည့်​ပြီး​လျှင်၊ ယာ​ကုပ်​၏ သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏​နာ​မည်​များ ကို​ကျောက်​များ​ပေါ်​တွင်​ထွင်း​ထား​လေ​သည်။-
7 These he put on the ephod, over the arm-holes, to be stones of memory for the children of Israel, as the Lord had said to Moses.
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ့် နှစ်​မျိုး​တို့​ကို​ကိုယ်​စား​ပြု​ရန်၊ ထို​ကျောက် များ​ကို​ပ​ခုံး​သိုင်း​ကြိုး​များ​ပေါ်​တွင်​တပ် ဆင်​ထား​ကြ​၏။
8 The priest's bag was designed like the ephod, of the best linen worked with gold and blue and purple and red.
သူ​တို့​သည်​ရင်​ဖုံး​ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း များ​နှင့်​ချုပ်​၍ အ​လား​တူ​ပန်း​ထိုး​ထား​ကြ သည်။-
9 It was square and folded in two, as long and as wide as the stretch of a man's hand;
ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား၊ အနံ မှာ​ကိုး​လက်​မ​စီ​ရှိ​သည်။-
10 And on it they put four lines of stones: in the first line was a carnelian, a chrysolite, and an emerald;
၁၀သူ​တို့​သည်​ထို​ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက် လေး​တန်း​တပ်​ဆင်​ထား​၏။ ပ​ထ​မ​အ​တန်း တွင်​ပတ္တမြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-
11 In the second, a ruby, a sapphire, and an onyx;
၁၁ဒု​တိ​ယ​အ​တန်း​တွင်​မြ၊ နီ​လာ၊ စိန်၊
12 In the third, a jacinth, an agate, and an amethyst;
၁၂တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊
13 In the fourth, a topaz, a beryl, and a jasper; they were fixed in twisted frames of gold.
၁၃စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-
14 There were twelve stones for the twelve tribes of Israel; on every one the name of one of the tribes of Israel was cut, like the cutting of a stamp.
၁၄ကျောက်​မျက်​တစ်​လုံး​ပေါ်​တွင်​နာ​မည်​တစ်​ခု ကျ​စီ​ဖြင့်၊ ကျောက်​မျက်​တစ်​ဆယ့်​နှစ်​လုံး​ပေါ် တွင်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ကို​ကိုယ်​စား ပြု​ရန်၊ ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက် တို့​၏​နာ​မည်​များ​ကို​ထွင်း​ထား​လေ​သည်။-
15 And on the bag they put gold chains, twisted like cords.
၁၅သူ​တို့​သည်​ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ် များ​ကို​ပြု​လုပ်​၏။-
16 And they made two gold frames and two gold rings, the rings being fixed to the ends of the priest's bag;
၁၆ရွှေ​ပန်း​ထည်​နှစ်​ခု​နှင့်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို လုပ်​၍၊ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ရင်​ဖုံး​အ​ထက် ထောင့်​များ​တွင်​တပ်​ဆင်​ကြ​၏။-
17 And they put the two twisted chains on the two rings at the ends of the priest's bag;
၁၇ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ရင်​ဖုံး​ထောင့်​ရှိ​ကွင်း ၌​တပ်​၍၊-
18 And the other two ends of the chains were joined to the two frames and fixed to the front of the ephod over the arm-holes.
၁၈အ​ခြား​အ​ဖျား​နှစ်​ခု​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု တွင်​ချည်​နှောင်​ထား​၏။ ဤ​နည်း​အား​ဖြင့်​ရွှေ ကြိုး​လိမ်​များ​သည်၊ သင်​တိုင်း​၏​ပ​ခုံး​သိုင်း ကြိုး​များ​အ​ရှေ့​ပိုင်း​တွင်​တပ်​ထား​လျက် ရှိ​လေ​၏။-
19 And they made two rings of gold and put them on the two lower ends of the bag, on the inner side nearest to the ephod.
၁၉သူ​တို့​သည်​နောက်​ထပ်​ရွှေ​ကွင်း​ကို​ပြု​လုပ်​၍၊ သင်​တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက် ထောင့်​အ​တွင်း​နား​တွင်​တပ်​ထား​၏။-
20 And two other gold rings were put on the front of the ephod, over the arm-holes, at the join, and over the worked band.
၂၀သူ​တို့​သည်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု လုပ်​၍၊ လှ​ပ​စွာ​ရက်​ထား​သော​ရင်​စည်း အ​ထက်၊ သင်​တိုင်း​၏​ပ​ခုံး​ကြိုး​နှစ်​ခု​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ထား​၏။-
21 And the rings on the bag were fixed to the rings of the ephod by a blue cord, keeping it in place over the band, so that the bag might not get loose, as the Lord gave orders to Moses.
၂၁ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော် မူ​သည့်​အ​တိုင်း၊ ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင် တိုင်း​မှ​ကွင်း​များ​နှင့်​ကြိုး​ပြာ​ဖြင့်​ချည် ထား​သ​ဖြင့်၊ ရင်​ဖုံး​သည်​လျှော​မ​ကျ​ဘဲ ရင်​စည်း​ထက်​တွင်​တည်​မြဲ​နေ​၏။
22 The robe which went with the ephod was made all of blue;
၂၂သူ​တို့​သည်​သင်​တိုင်း​အ​ပေါ်​တွင်​ဝတ်​ရ​သော ဝတ်​ရုံ​တစ်​ခု​လုံး​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ရက် လုပ်​ကြ​၏။-
23 With a hole at the top in the middle, like the hole in the coat of a fighting-man, edged with a band to make it strong.
၂၃ထို​ဝတ်​ရုံ​၏​လည်​စွပ်​ကို​မ​စုတ်​မ​ပြဲ​စေ​ရန် ရက်​ထည်​ဖြင့်​အ​နား​ကွပ်​ထား​သည်။-
24 The skirts of the robe were worked all round with fruits in blue and purple and red made of twisted linen.
၂၄ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း ဝတ်​ရုံ​၏​အောက်​နား​ပတ်​လည် တွင်​ပိတ်​ချော၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ ဆည်း​လည်း​များ​ကို​တစ်​လုံး​ကျော်​စီ​တပ် ဆင်​ထား​သည်။
25 And between the fruits all round the skirt they put gold bells, as the Lord gave orders to Moses.
၂၅
26 All round the skirt of the robe were bells and fruits in turn.
၂၆
27 The coats for Aaron and his sons they made of the best linen;
၂၇သူ​တို့​သည်​အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​တွက် အ​တွင်း​ခံ​အင်္ကျီ၊-
28 And the twisted head-dress for Aaron, and beautiful head-dresses of linen, and linen trousers,
၂၈ခေါင်း​ပေါင်း၊ ဦး​ထုပ်၊ ပိတ်​ချော​ဘောင်း​ဘီ၊
29 And a linen band worked with a design of blue and purple and red, as the Lord had said to Moses.
၂၉အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး ဖြင့်​ပန်း​ထိုး​ထား​သော ပိတ်​ချော​ခါး​ပန်း​စ သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သည့်​အ​တိုင်း​ချုပ်​လုပ်​ကြ​၏။-
30 The plate for the holy crown was made of the best gold, and on it were cut these words, HOLY TO THE LORD.
၃၀သူ​တို့​သည် ``ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ် ထား​သည်'' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ထွင်း ထား​သည်​ရွှေ​န​ဖူး​စည်း​ကို​ပြု​လုပ်​ကြ​၏။-
31 It was fixed to the head-dress by a blue cord, as the Lord had given orders to Moses.
၃၁ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ထို​န​ဖူး​စည်း​ကို​ခေါင်း​ပေါင်း အ​ပေါ်​တွင်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ကြ​၏။
32 So all the work on the House of the Tent of meeting was done; as the Lord had given orders to Moses, so the children of Israel did it.
၃၂နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​ဆိုင်​ရာ​လုပ်​ငန်း​အား​လုံး​ပြီး​စီး လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဆောင်​ရွက်​ကြ​၏။-
33 Then they took the House to Moses, the tent with all the things for it; its hooks, its boards, its rods, its pillars, and its bases;
၃၃သူ​တို့​သည်​တဲ​တော်​မှ​စ​၍​တဲ​တော်​နှင့်​ဆိုင် သော​ပစ္စည်း​အား​လုံး၊ ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ များ​ကို​လည်း​ကောင်း၊-
34 The outer cover of sheepskins coloured red, and the cover of leather, and the veil for the doorway;
၃၄အ​နီ​ရောင်​ဆိုး​သိုး​ထီး​သား​ရေ​အ​မိုး၊ သား​ရေ​ချော​အ​မိုး​ကာ​ရန်​ကန့်​လန့်​ကာ၊-
35 The ark of the law, with its rods and its cover;
၃၅ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ် သေတ္တာ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏ ထမ်း​ပိုး​နှင့်​အ​ဖုံး​တို့​ကို​လည်း​ကောင်း၊-
36 The table, with all its vessels and the holy bread;
၃၆စား​ပွဲ​မှ​စ​၍​စား​ပွဲ​ဆိုင်​ရာ​ပစ္စည်း​အား​လုံး နှင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရန်​မုန့်​ကို လည်း​ကောင်း၊-
37 The support for the lights, with the vessels for the lights to be put in their places on it, and all its vessels, and the oil for the lights;
၃၇ရွှေ​ဆီ​မီး​တိုင်​မှ​စ​၍​မီး​ခွက်​များ၊ ဆီ​မီး​တိုင် နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​နှင့်​မီး​ခွက်​များ အ​တွက်​ဆီ​ကို​လည်း​ကောင်း၊-
38 And the gold altar, and the holy oil, and the sweet perfume for burning, and the curtain for the doorway of the tent;
၃၈ရွှေ​ယဇ်​ပလ္လင်၊ ဘိ​သိက်​ဆီ၊ နံ့​သာ​ပေါင်း​နှင့် တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ ကို​လည်း​ကောင်း၊-
39 And the brass altar, with its network of brass, and its rods and all its vessels, and the washing-vessel and its base;
၃၉ကြေး​ဝါ​ယဇ်​ပလ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင်​ထမ်း ပိုး၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​တို့​ကို လည်း​ကောင်း၊ ရွှေ​အင်​တုံ​နှင့်​အောက်​ခုံ​ကို​လည်း ကောင်း၊-
40 The hangings for the open space, with the pillars and their bases, and the curtain for the doorway, and the cords and nails, and all the instruments necessary for the work of the House of the Tent of meeting;
၄၀တဲ​တော်​ဝင်း​အ​တွက်​ကန့်​လန့်​ကာ​များ၊ တိုင် များ​နှင့်​အောက်​ခြေ​ခံ​များ၊ တဲ​တော်​ဝင်း တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​နှင့်​ကြိုး​များ၊ တဲ​တော်​ကြက်​ဆူး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​တွင်း​ဆောင်​ရွက်​ခြင်း​ဆိုင်​ရာ​ပစ္စည်း​ရှိ သ​မျှ​ကို​လည်း​ကောင်း၊-
41 The robes for use in the holy place, and the holy robes for Aaron and his sons when acting as priests.
၄၁သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရာ​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ထည် ဝါ​သော​အ​ဝတ်​တန်​ဆာ​များ၊ အာ​ရုန်​နှင့် သား​များ​ဝတ်​ဆင်​ရန်​သန့်​ရှင်း​သော​အ​ဝတ် တန်​ဆာ​များ​ကို​လည်း​ကောင်း၊ မော​ရှေ​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။-
42 The children of Israel did everything as the Lord had given orders to Moses.
၄၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝရ ဘု​ရား​က မော​ရှေ​အား​မိန့်​တော်​မူ​သ​မျှ တို့​ကို​လုပ်​ဆောင်​ပြီး​စီး​ကြ​၏။-
43 Then Moses, when he saw all their work and saw that they had done everything as the Lord had said, gave them his blessing.
၄၃မော​ရှေ​သည်​သူ​တို့​လုပ်​ပြီး​သ​မျှ​ကို​စစ် ဆေး​၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လုပ်​ဆောင်​ကြ​ကြောင်း​တွေ့​မြင်​ရ​၏။ ထို့​ကြောင့်​မော​ရှေ​သည်​သူ​တို့​အား​ကောင်း​ချီး ပေး​လေ​၏။

< Exodus 39 >