< Exodus 37 >

1 And Bezalel made the ark of hard wood, two and a half cubits long, a cubit and a half wide and a cubit and a half high;
ဗေ​ဇ​လေ​လ​သည်​အ​လျား​လေး​ဆယ့်​ငါး လက်​မ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ၊ အ​မြင့် နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​သော​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို၊ အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-
2 Plating it inside and out with the best gold, and putting an edge of gold all round it.
သေတ္တာ​တော်​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍၊ သေတ္တာ​တော်​အ​နား​ပတ်​လည်​ကို​ရွှေ​ကွပ် ထား​၏။-
3 And he made four gold rings for its four angles, two on one side and two on the other,
သေတ္တာ​တော်​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး ကွင်း​ကို​လုပ်​၍၊ အောက်​ခြေ​လေး​ထောင့်​တွင်၊ နှစ်​ကွင်း​စီ​တပ်​ဆင်​၏။-
4 And rods of the same wood plated with gold.
ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။-
5 These rods he put in the rings at the sides of the ark, for lifting it.
သေတ္တာ​တော်​ကို​ထမ်း​ရန်​ထမ်း​ပိုး​များ​ကို သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​သွင်း ထား​လေ​သည်။-
6 And he made the cover all of gold, two and a half cubits long and a cubit and a half wide.
အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အနံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​ဖုံး​ကို​ရွှေ​ဖြင့် လုပ်​၏။-
7 And he made two winged ones, hammered out of one bit of gold, for the two ends of the cover;
သေတ္တာ​အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​ပေါ်​တွင်၊ ရွှေ စင်​ဖြင့်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ရုပ်​ကို​ထု​လုပ်​၏။ ခေ ရု​ဗိမ်​ရုပ်​များ​ကို​လည်း​သေတ္တာ​တော်​အ​ဖုံး နှင့်​တစ်​သား​တည်း​ရှိ​အောင်​ပြု​လုပ်​၏။-
8 Placing one at one end and one at the other; the winged ones were part of the cover.
9 And their wings were stretched out over the cover; the faces of the winged ones were opposite one another and facing the cover.
ခေ​ရု​ဗိမ်​များ​သည်​မျက်​နှာ​ချင်း​ဆိုင်​လျက် သူ​တို့​၏​အ​တောင်​ပံ​များ​ကို​ဖြန့်​၍​သေတ္တာ တော်​အ​ဖုံး​ကို​အုပ်​ထား​၏။
10 And he made the table of hard wood, two cubits long, a cubit wide and a cubit and a half high;
၁၀သူ​သည်​အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက် မ​ရှိ​သော​စား​ပွဲ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-
11 Plating it with the best gold and putting a gold edge all round it.
၁၁စား​ပွဲ​ကို​ရွှေ​ချ​၍၊ အ​နား​ပတ်​လည်​တွင် ရွှေ ပြော့​ကြောင်း​ထိုး​ထား​၏။-
12 And he made a frame all round it about as wide as a man's hand, edged with gold all round.
၁၂စား​ပွဲ​ပတ်​လည်​တွင်၊ လေး​လက်​မ​ဗြက်​ရှိ သော​ဘောင်​ကို​လုပ်​၍၊ အ​နား​ကို​ရွှေ​ကွပ် ထား​၏။-
13 And he made four gold rings, and put the rings at the angles of its four feet.
၁၃စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ် ယူ​ရန်၊ ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​၏။-
14 The rings were fixed under the frame to take the rods with which the table was to be lifted.
၁၄ထို​ကွင်း​များ​ကို​ဘောင်​အ​နီး​တွင်​ကပ်​၍ တပ် ထား​၏။-
15 The rods for lifting the table he made of hard wood plated with gold.
၁၅ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​၏။-
16 And all the table-vessels, the plates and spoons and basins and the cups for liquids, he made of the best gold.
၁၆စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား၊ စ​ပျစ်​ရည်​ဆက်​သ​ရန်​ဖ​လား​တို့​ကို​ရွှေ ဖြင့်​ပြု​လုပ်​၏။
17 Then he made the support for the lights, all of the best gold; its base and its pillar were of hammered gold; its cups and buds and flowers were all made out of the same metal:
၁၇သူ​သည်​ဆီ​မီး​တိုင်​ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ​မီး တိုင်​အောက်​ခံ​ခုံ​နှင့်​တိုင်​ကို၊ ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော​အ​လှ ပန်း​များ​ကို၊ ဆီ​မီး​တိုင်​နှင့်​တစ်​သား​တည်း​ပြု လုပ်​သည်။-
18 It had six branches coming out from its sides, three from one side and three from the other;
၁၈ဆီ​မီး​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​ကိုင်း​သုံး ခက်​စီ​ဖြင့်၊ အ​ကိုင်း​ခြောက်​လက်​ဖြာ​ထွက်​၏။-
19 Every branch having three cups made like almond flowers, every cup with a bud and a flower on all the branches;
၁၉အ​ကိုင်း​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့် ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​နှင့်​တူ သည့်​အ​လှ​ပန်း​ပွင့်​သုံး​ပွင့်​ရှိ​လေ​သည်။-
20 And on its pillar, four cups like almond flowers, every one with its bud and its flower;
၂၀ဆီ​မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ ပါ​သော ဗာ​ဒံ​ပွင့်​နှင့်​တူ​သည့်​အ​လှ​ပန်း​ပွင့်​လေး​ပွင့် ရှိ​လေ​သည်။-
21 And under every two branches a bud, made with the branch, for all six branches of it.
၂၁အ​ကိုင်း​သုံး​စုံ​တွင်၊ တစ်​စုံ​စီ​အောက်​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​သည်။-
22 The buds and the branches were made of the same metal, all together one complete work of the best hammered gold.
၂၂ပွင့်​ဖူး၊ အ​ကိုင်း​နှင့်​ဆီ​မီး​တိုင်​တို့​သည်​တစ် သား​တည်း​ဖြစ်​၍၊ ရွှေ​ဖြင့်​ထု​လုပ်​၏။-
23 And he made the seven vessels for the lights, and all the necessary instruments for it, of gold.
၂၃သူ​သည်​ဆီ​မီး​တိုင်​အ​တွက်​ဆီ​မီး​ခွက် ခု​နစ်​လုံး၊ မီး​ညှပ်​နှင့်​မီး​ညှပ်​ခံ​ခွက်​များ ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။-
24 A talent of the best gold was used for the making of it and its vessels.
၂၄သူ​သည်​ဆီ​မီး​တိုင်​နှင့်​ဆီ​မီး​တိုင်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို၊ ရွှေ​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ဖြင့်​ပြု​လုပ်​လေ​၏။
25 And he made the altar for the burning of spices, using the same hard wood; it was square, a cubit long and a cubit wide and two cubits high; the horns made of the same.
၂၅သူ​သည်​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​၏။ ထို​ပလ္လင် သည်​အ​လျား​တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​သုံး​ဆယ့်​ခြောက် လက်​မ​ရှိ​၏။ ဦး​ချို​ပုံ​သဏ္ဌာန်​ထောင့်​ချွန် အ​တက်​များ​သည်​ပလ္လင်​နှင့်​တစ်​သား​တည်း ရှိ​၏။-
26 The top and the sides and the horns were all plated with the best gold; and he put an edge of gold all round it.
၂၆ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်​လေး ဘက်​နှင့်​ထောင့်​ချွန်​အ​တက်​တို့​ကို​ရွှေ​ချ​၍၊ အ​ပေါ်​နား​ပတ်​လည်​တွင်​ရွှေ​ပြော့​ကြောင်း ထိုး​ထား​၏။-
27 And he made two gold rings, placing them on the two opposite sides under the edge, to take the rods for lifting it.
၂၇ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​ထောင့်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​စုံ​ကို​တပ် ထား​သည်။-
28 The rods he made of the same hard wood, plating them with gold.
၂၈ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။
29 And he made the holy oil and the perfume of sweet spices for burning, after the art of the perfume-maker.
၂၉သူ​သည်​သန့်​ရှင်း​သော​ဘိ​သိက်​ဆီ​နှင့်​မွေး​ကြိုင်​၍ စင်​ကြယ်​သော​မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို​ဖော်​စပ် လေ​၏။

< Exodus 37 >