< 1 Peter 1 >
1 Peter, an Apostle of Jesus Christ, to the saints who are living in Pontus, Galatia, Cappadocia, Asia, and Bithynia,
၁သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။
2 Who, through the purpose of God, have been made holy by the Spirit, disciples of Jesus, made clean by his blood: May you have grace and peace in full measure.
၂
3 Praise be to the God and Father of our Lord Jesus Christ, who through his great mercy has given us a new birth and a living hope by the coming again of Jesus Christ from the dead,
၃ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထြေမာက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-
4 And a heritage fair, holy and for ever new, waiting in heaven for you,
၄သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏လူစု တော်အတွက် ဘုရားသခင်လျာထားတော် မူသောကောင်းချီးမင်္ဂလာများကိုခံစားနိုင် ရန်မျှော်မှန်းကြပေသည်။ ကိုယ်တော်သည် ထိုကောင်းချီးမင်္ဂလာများကိုကောင်းကင် ဘုံတွင် သင်တို့အဖို့လျာထားတော်မူ၏။ ယင်းတို့သည်ယိုယွင်းပျက်စီးမှေးမှိန်၍ မသွားနိုင်။-
5 Who, by the power of God are kept, through faith, for that salvation, which will be seen at the last day.
၅သင်တို့သည်ဘုရားသခင်ကိုယုံကြည်သူများ ဖြစ်သည့်အလျောက် အဆုံးစွန်သောကာလ၌ ပေါ်လွင်ထင်ရှားရန်အသင့်ရှိသည့်ကယ်တင် ခြင်းကျေးဇူးတော်ကိုခံစားရချိန်တိုင်အောင် ကိုယ်တော်သည်သင်တို့အားတန်ခိုးတော်ဖြင့် စောင့်ထိန်းလျက်ထားတော်မူ၏။
6 You have cause for great joy in this, though it may have been necessary for you to be troubled for a little time, being tested in all sorts of ways,
၆သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုး တို့ကြောင့် ယခုခဏမျှဝမ်းနည်းရကြ သော်လည်း အထက်ဖော်ပြပါအကြောင်း ကြောင့်ရွှင်လန်းဝမ်းမြောက်ကြလော့။-
7 So that the true metal of your faith, being of much greater value than gold (which, though it comes to an end, is tested by fire), may come to light in praise and glory and honour, at the revelation of Jesus Christ:
၇ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
8 To whom your love is given, though you have not seen him; and the faith which you have in him, though you do not see him now, gives you joy greater than words and full of glory:
၈သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-
9 For so you have the true end of your faith, even the salvation of your souls.
၉အဘယ်ကြောင့်ဆိုသော်သင်တို့သည်သခင် ယေရှုအားယုံကြည်ခြင်း၏အကျိုးကြောင့် ကယ်တင်ခြင်းကိုခံယူနေရကြပြီဖြစ် သောကြောင့်တည်း။
10 For the prophets who gave the news of the grace which would come to you, made search with all care for knowledge of this salvation;
၁၀ပရောဖက်များသည်ယင်းကယ်တင်ခြင်းနှင့် ပတ်သက်၍အသေအချာစုံစမ်းရှာဖွေခဲ့ ကြ၏။ သင်တို့အားဘုရားသခင်ပေးတော် မူမည့်ဤဆုကျေးဇူးအကြောင်းကိုဟော ကြားခဲ့ကြ၏။-
11 Attempting to see what sort of time the Spirit of Christ which was in them was pointing to, when it gave witness to the pains which Christ would undergo and the glories which would come after them.
၁၁ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-
12 And it was made clear to those prophets that they were God's servants not for themselves but for you, to give you word of the things which have now come to your ears from the preachers of the good news through the Holy Spirit sent down from heaven; things which even angels have a desire to see.
၁၂ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။
13 So make your minds ready, and keep on the watch, hoping with all your power for the grace which is to come to you at the revelation of Jesus Christ;
၁၃သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-
14 Like children ruled by God, do not go back to the old desires of the time when you were without knowledge:
၁၄ဘုရားသခင်၏စကားကိုနားထောင်၍မသိ နားမလည်စဉ်အခါက မိမိတို့၏စိတ်ဆန္ဒ ရှိသည့်အလျောက်ပြုကျင့်သကဲ့သို့ဆက် လက်မပြုကျင့်ကြနှင့်။-
15 But be holy in every detail of your lives, as he, whose servants you are, is holy;
၁၅သင်တို့အားရွေးကောက်တော်မူသောအရှင် သည်မြင့်မြတ်သန့်ရှင်းတော်မူ၏။ သို့ဖြစ်၍ သင်တို့ပြုကျင့်သမျှတို့သည်မြင့်မြတ် သန့်ရှင်းရမည်။-
16 Because it has been said in the Writings, You are to be holy, for I am holy.
၁၆``ငါသည်မြင့်မြတ်သန့်ရှင်းသည်ဖြစ်၍သင် တို့သည်လည်းမြင့်မြတ်သန့်ရှင်းရမည်'' ဟူ သောကျမ်းစကားကိုအောက်မေ့ကြလော့။
17 And if you give the name of Father to him who, judging every man by his acts, has no respect for a man's position, then go in fear while you are on this earth:
၁၇ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။-
18 Being conscious that you have been made free from that foolish way of life which was your heritage from your fathers, not through a payment of things like silver or gold which come to destruction,
၁၈မိမိတို့ဘိုးဘေးများထံမှဆက်ခံရရှိ သောအချည်းနှီးသောဘဝမှအဘယ်သို့ အဖိုးအခပေး၍ သင်တို့အားလွတ်မြောက် စေကြောင်းကိုသင်တို့သိကြ၏။ ထိုအဖိုး အခသည်ရွှေ၊ ငွေအစရှိသည့်ဖောက်ပြန် ပျက်စီးတတ်သောအရာမဟုတ်။-
19 But through holy blood, like that of a clean and unmarked lamb, even the blood of Christ:
၁၉အပြစ်အနာအဆာကင်းစင်သည့်သိုးသူငယ် နှင့်တူသောခရစ်တော်၏အသက်တော်ကို တင်လှူပူဇော်ခြင်းဖြစ်ပေသည်။-
20 Who was marked out by God before the making of the world, but was caused to be seen in these last times for you,
၂၀ဤကမ္ဘာလောကမတည်မရှိမီကပင်လျှင် ကိုယ်တော်အားဘုရားသခင်ရွေးချယ်သတ် မှတ်တော်မူပြီးလျှင်၊ ဤအဆုံးစွန်သော ကာလများ၌သင်တို့၏အကျိုးငှာထင် ရှားပေါ်ထွန်းစေတော်မူ၏။-
21 Who through him have faith in God who took him up again from the dead into glory; so that your faith and hope might be in God.
၂၁ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။
22 And as you have made your souls clean, being ruled by what is true, and loving one another without deceit, see that your love is warm and from the heart:
၂၂သင်တို့သည်သမ္မာတရားတော်ကိုလိုက်လျှောက် ကျင့်သုံးကြခြင်းအားဖြင့် မိမိတို့စိတ်နှလုံး ကိုသန့်စင်စေကြပြီးလျှင် အချင်းချင်းတစ် ယောက်ကိုတစ်ယောက်အကယ်ပင်ချစ်ကြလေ ပြီ။ သို့ဖြစ်၍သင်တို့အချင်းချင်းအား အစွမ်းရှိသမျှနှင့်ချစ်ကြလော့။-
23 Because you have had a new birth, not from the seed of man, but from eternal seed, through the word of a living and unchanging God. (aiōn )
၂၃အဘယ်ကြောင့်ဆိုသော်သင်တို့သည်သေခြင်း တရားနှင့်ကင်းသောနိစ္စထာဝရအရှင်၏ သားသမီးများဖြစ်ကြပြီးအသက်ရှင်၍ ထာဝစဉ်တည်သောနှုတ်ကပတ်တော်အား ဖြင့်တစ်ဖန်မွေးဖွားလာသူများဖြစ်ကြပြီ။ (aiōn )
24 For it is said, All flesh is like grass, and all its glory like the flower of the grass. The grass becomes dry and the flower dead:
၂၄``လူသားအပေါင်းတို့သည်မြက်ပင်နှင့်လည်း ကောင်း၊ သူတို့၏ဘုန်းအသရေသည်မြက်ပွင့် နှင့်လည်းကောင်းတူကြ၏။ မြက်ပင်သည်ညှိုးနွမ်းခြောက်သွေ့၍သွားတတ်၏။ မြက်ပွင့်များသည်လည်းကြွေ၍ကျတတ်၏။
25 But the word of the Lord is eternal. And this is the word of the good news which was given to you. (aiōn )
၂၅ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ထာဝစဉ်တည်၏'' ဟူ၍ကျမ်းစာ၌ဖော်ပြသည့်အတိုင်းဖြစ် သည်။ ထိုနှုတ်ကပတ်တော်ကားသင်တို့အား ကြေညာသည့်သတင်းကောင်းဖြစ်ပေသည်။ (aiōn )