< Psalms 86 >

1 A prayer of David. Incline Your ear, O LORD, and answer me, for I am poor and needy.
အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲ ငတ်မွတ်ပါ၏။
2 Preserve my soul, for I am godly. You are my God; save Your servant who trusts in You.
အကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းသူတို့အဝင် ဖြစ်သော အကျွန်ုပ်၏ ဝိညာဉ်ကိုစောင့်မ၍၊ ကိုယ်တော် ကို ကိုးစားသော ကိုယ်တော်၏ကျွန်ကို ကယ်တင် တော်မူပါ။
3 Be merciful to me, O Lord, for I call to You all day long.
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။
4 Bring joy to Your servant, for to You, O Lord, I lift up my soul.
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက် မည်အကြောင်း ပြုတော်မူပါ။
5 For You, O Lord, are kind and forgiving, rich in loving devotion to all who call on You.
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်း သောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။
6 Hear my prayer, O LORD, and attend to my plea for mercy.
အို ထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည် ကာလ၊ ကိုယ်တော်ကို ခေါ်ပါမည်။
7 In the day of my distress I call on You, because You answer me.
ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။
8 O Lord, there is none like You among the gods, nor any works like Yours.
အို ထာဝရဘုရား၊ ဘုရားတို့တွင် ကိုယ်တော်နှင့် တူသော ဘုရားမရှိပါ။ အမှုတော်နှင့် တူသော အမှုလည်း မရှိပါ။
9 All the nations You have made will come and bow before You, O Lord, and they will glorify Your name.
အို ထာဝရဘုရား၊ ဖန်ဆင်းတော်မူသော လူမျိုး အပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ ပြပ်ဝပ်၍၊ နာမတော်ကို ချီးမြှောက်ကြပါလိမ့်မည်။
10 For You are great and perform wonders; You alone are God.
၁၀ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဩဘွယ်တို့ကို ပြုတော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင် ဘုရား သခင်ဖြစ်တော်မူ၏။
11 Teach me Your way, O LORD, that I may walk in Your truth. Give me an undivided heart, that I may fear Your name.
၁၁အို ထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာ တရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက် ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော် မူပါ။
12 I will praise You, O Lord my God, with all my heart; I will glorify Your name forever.
၁၂အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍၊ နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည်။
13 For great is Your loving devotion to me; You have delivered me from the depths of Sheol. (Sheol h7585)
၁၃အကျွန်ုပ်ခံရသော ကရုဏာတော်ကြီးလှပါ၏။ အကျွန်ုပ်၏ ဝိညာဉ်ကို မရဏနိုင်ငံ အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ။ (Sheol h7585)
14 The arrogant rise against me, O God; a band of ruthless men seeks my life, with no regard for You.
၁၄အို ဘုရားသခင်၊ မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ၍၊ ကြမ်းတမ်းသော လူအစု အဝေးတို့သည် ကိုယ်တော်ကို မျက်မှောက်မပြုဘဲ၊ အကျွန်ုပ်အသက်ကို ရှာကြပါ၏။
15 But You, O Lord, are a compassionate and gracious God, slow to anger, abounding in loving devotion and faithfulness.
၁၅အို ထာဝရဘုရား၊ ကိုယ်တော်သည် သနား စုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့်သစ္စာ ကြွယ်ဝ သော သဘောနှင့် ပြည့်စုံသောဘုရားဖြစ်တော်မူ၏။
16 Turn to me and have mercy; grant Your strength to Your servant; save the son of Your maidservant.
၁၆အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော် မူပါ။ ကိုယ်တော်၏ကျွန်အား တန်ခိုးတော်ကိုပေး၍၊ ကိုယ်တော် ၏ ကျွန်မသားကို ကယ်တင်တော်မူပါ။
17 Show me a sign of Your goodness, that my enemies may see and be ashamed; for You, O LORD, have helped me and comforted me.
၁၇အကျွန်ုပ်အားကောင်းသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့သည် မြင်၍ ရှက်ကြောက်ကြပါစေ။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစ၍ ချမ်းသာ ပေးတော်မူ၏။

< Psalms 86 >