< Psalms 49 >

1 For the choirmaster. A Psalm of the sons of Korah. Hear this, all you peoples; listen, all inhabitants of the world,
လူများအပေါင်းတို့၊ ကြားကြလော့။ ခပ်သိမ်း သောလောကသား၊
2 both low and high, rich and poor alike.
အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသော သူ၊ တညီတညွတ်တည်း နားထောင်ကြလော့။
3 My mouth will impart wisdom, and the meditation of my heart will bring understanding.
ငါ့နှုတ်သည်ပညာကိုမြွတ်ဆိုမည်။ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။
4 I will incline my ear to a proverb; I will express my riddle with the harp:
ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။
5 Why should I fear in times of trouble, when wicked usurpers surround me?
ခဲယဉ်းဆိုးယုတ်သော ကာလ၌ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း။
6 They trust in their wealth and boast in their great riches.
ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊
7 No man can possibly redeem his brother or pay his ransom to God.
မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကိုဘုရားသခင်၌ မပေးနိုင်။
8 For the redemption of his soul is costly, and never can payment suffice,
သူတို့အသက်ဝိညာဉ်၏ ရွေးရန် အဘိုးကြီးလှ ပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။
9 that he should live on forever and not see decay.
ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ် ခြင်းသို့ မရောက်ရာ။
10 For it is clear that wise men die, and the foolish and the senseless both perish and leave their wealth to others.
၁၀ထင်ရှားသောအရာဟူမူကား၊ ပညာရှိသော သူတို့သည် သေတတ်ကြ၏။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်း သို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။
11 Their graves are their eternal homes— their dwellings for endless generations— even though their lands were their namesakes.
၁၁မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏။
12 But a man, despite his wealth, cannot endure; he is like the beasts that perish.
၁၂သို့ရာတွင် လူသည်ဂုဏ်အသရေ၌ မတည်မနေ တတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏။
13 This is the fate of the self-confident and their followers who endorse their sayings.
၁၃ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာ ဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ၏။
14 Like sheep they are destined for Sheol. Death will be their shepherd. The upright will rule them in the morning, and their form will decay in Sheol, far from their lofty abode. (Sheol h7585)
၁၄ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။ (Sheol h7585)
15 But God will redeem my life from Sheol, for He will surely take me to Himself. (Sheol h7585)
၁၅ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုးမှ ရွေးတော်မူမည်။ (Sheol h7585)
16 Do not be amazed when a man grows rich, when the splendor of his house increases.
၁၆သူတပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ် အသရေတိုးပွါးသောအခါ သင်သည် မစိုးရိမ်နှင့်။
17 For when he dies, he will carry nothing away; his abundance will not follow him down.
၁၇ထိုသူသည်သေသောအခါ၊ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်း သက်ရ။
18 Though in his lifetime he blesses his soul— and men praise you when you prosper—
၁၈ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ်၏။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ၏။
19 he will join the generation of his fathers, who will never see the light of day.
၁၉သို့သော်လည်း၊ သူသည် သူ၏ဘိုးဘေးအမျိုး ရှိရာသို့ သွားရလိမ့်မည်။ ကာလအစဉ်အဆက် သူတို့သည်အလင်းကို မမြင်ရကြ။
20 A man who has riches without understanding is like the beasts that perish.
၂၀ဂုဏ်အသရေနှင့်ပြည့်စုံလျက် ပညာသတိမရှိ သောသူသည်ကား၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။

< Psalms 49 >