< Luke 11 >

1 One day in a place where Jesus had just finished praying, one of His disciples requested, “Lord, teach us to pray, just as John taught his disciples.”
အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ခု​သော အ​ရပ်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။ ဆု​တောင်း​ပတ္ထ​နာ​ပြီး​ဆုံး​သော​အ​ခါ တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ယော​ဟန် သည်​မိ​မိ​၏​တ​ပည့်​များ​အား​ဆု​တောင်း​ပတ္ထ နာ​ပြု​ရန်​နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား လည်း​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​၏။
2 So Jesus told them, “When you pray, say: ‘Father, hallowed be Your name. Your kingdom come.
ကိုယ်​တော်​က ``သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ၊ `အို အ​ဖ၊ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ရှိ​ပါ စေ​သော။
3 Give us each day our daily bread.
လို​အပ်​သော​အ​စား​အ​စာ​ကို​အ​ကျွန်ုပ်​တို့​အား၊ နေ့​စဉ်​နေ့​တိုင်း​ပေး​သ​နား​တော်​မူ​ပါ။
4 And forgive us our sins, for we also forgive everyone who sins against us. And lead us not into temptation.’”
အ​ကျွန်ုပ်​တို့​အား​သူ​တစ်​ပါး​တို့​မှား​မိ​သည့် အ​ပြစ်​များ​ကို၊ အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့​အ​ကျွန်ုပ် တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​လွန်​ကဲ​သော​စုံ​စမ်း​သွေး ဆောင်​ခြင်း​ကို မ​ခံ​ရ​ပါ​စေ​နှင့်' ဟူ​၍​မြွက်​ဆို​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
5 Then Jesus said to them, “Suppose one of you goes to his friend at midnight and says, ‘Friend, lend me three loaves of bread,
ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​တွင်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သန်း​ခေါင်​အ​ချိန်​၌​မိတ် ဆွေ​တစ်​ဦး​၏​အိမ်​သို့​သွား​၍ `အ​ဆွေ၊ ကျွန်ုပ်​၏ အိမ်​သို့​ခ​ရီး​သည်​မိတ်​ဆွေ​တစ်​ယောက်​ရောက်​ရှိ လာ​ပါ​သည်။ ကျွန်ုပ်​တို့​ထံ​တွင်​သူ့​အား​ကျွေး စ​ရာ​ဘာ​မျှ​မ​ရှိ​သ​ဖြင့် မုန့်​သုံး​လုံး​ကို​ချေး လို​ပါ​သည်' ဟု​ဆို​သော်၊-
6 because a friend of mine has come to me on a journey, and I have nothing to set before him.’
7 And suppose the one inside answers, ‘Do not bother me. My door is already shut, and my children and I are in bed. I cannot get up to give you anything.’
အိမ်​ရှင်​က `ကျွန်ုပ်​ကို​မ​နှောင့်​ယှက်​ပါ​နှင့်။ အိမ် တံ​ခါး​ကို​ပိတ်​ထား​ပြီး​လေ​ပြီ။ သား​သမီး များ​နှင့်​ကျွန်ုပ်​သည်​အိပ်​ရာ​ဝင်​ကြ​ပြီး​ဖြစ် ၏။ ထို့​ကြောင့်​ကျွန်ုပ်​ထ​၍​သင့်​အား​ဘာ​မျှ မ​ပေး​နိုင်​ပါ' ဟု​အိမ်​တွင်း​မှ​ပြော​လိမ့်​မည်။-
8 I tell you, even though he will not get up to provide for him because of his friendship, yet because of the man’s persistence, he will get up and give him as much as he needs.
အိမ်​ရှင်​သည်​မိတ်​ဆွေ​တစ်​ဦး​အ​နေ​ဖြင့်​အိပ်​ရာ မှ​ထ​၍​သူ့​အား​မုန့်​များ​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​သော်​လည်း​ထို​သူ​သည်​အ​ရှက်​အ​ကြောက် ကင်း​မဲ့​စွာ​ဆက်​လက်​တောင်း​ခံ​နေ​သော​ကြောင့် အိမ်​ရှင်​သည်​ထ​၍​လို​သ​မျှ​သော​မုန့်​များ ကို​ပေး​လိမ့်​မည်။-
9 So I tell you: Ask, and it will be given to you; seek, and you will find; knock, and the door will be opened to you.
သင်​တို့​အား​ငါ​ဆို​သည်​ကား​တောင်း​ကြ​လော့၊ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့၊ ရှာ လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ လော့၊ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​လိမ့်​မည်။-
10 For everyone who asks receives; he who seeks finds; and to him who knocks, the door will be opened.
၁၀တောင်း​သူ​သည်​ရ​လိမ့်​မည်။ ရှာ​သော​သူ​သည် တွေ့​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​သော​သူ​အား တံ​ခါး​ကို​ဖွင့်​ပေး​လိမ့်​မည်။-
11 What father among you, if his son asks for a fish, will give him a snake instead?
၁၁သင်​တို့​တွင်​အ​ဘယ်​ဖ​ခင်​သည်​မိ​မိ​၏​သား က​ငါး​ကို​တောင်း​လျှင်​မြွေ​ကို​ပေး​မည်​နည်း။-
12 Or if he asks for an egg, will give him a scorpion?
၁၂ကြက်​ဥ​ကို​တောင်း​လျှင်​ကင်း​မြီး​ကောက်​ကို ပေး​မည်​နည်း။-
13 So if you who are evil know how to give good gifts to your children, how much more will your Father in heaven give the Holy Spirit to those who ask Him!”
၁၃သင်​တို့​သည်​ဆိုး​သော​သူ​များ​ဖြစ်​လျက်​ပင် သား​သ​မီး​များ​အား​အ​ကောင်း​ကို​ပေး​တတ် လျှင်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​အ​ဖ​သည် တောင်း​လျှောက်​သော​သူ​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​သာ​၍​ပေး​တော်​မူ​မည်​မ​ဟုတ် လော'' ဟု​မိန့်​တော်​မူ​၏။
14 One day Jesus was driving out a demon that was mute. And when the demon was gone, the man who had been mute spoke. The crowds were amazed,
၁၄သ​ခင်​ယေ​ရှု​သည်​ဆွံ့​အ​သော​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​၍​နတ်​မိစ္ဆာ​ထွက်​သွား​သည် နောက်​ဆွံ့​အ​သော​သူ​သည်​စ​ကား​ပြော လေ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ ကြ​၏။-
15 but some of them said, “It is by Beelzebul, the prince of the demons, that He drives out demons.”
၁၅သို့​ရာ​တွင်​လူ​အ​ချို့​က ``ကိုယ်​တော်​သည်​နတ် မိစ္ဆာ​ဘု​ရင်​ဗေလ​ဇေ​ဗုလ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု​ဆို​ကြ​၏။
16 And others tested Him by demanding a sign from heaven.
၁၆အ​ချို့​က​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင် ၍ ``ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ် ကို​ပြ​တော်​မူ​ပါ'' ဟု​တောင်း​ခံ​ကြ​၏။-
17 Knowing their thoughts, Jesus said to them, “Every kingdom divided against itself will be laid waste, and a house divided against a house will fall.
၁၇ကိုယ်​တော်​သည်​ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို သိ​တော်​မူ​သ​ဖြင့် ``တိုင်း​နိုင်​ငံ​တစ်​ခု​တွင်​လူ တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​လျှင် ထို​နိုင်​ငံ​သည် မ​ကြာ​မီ​ပျက်​စီး​မည်​သာ​ဖြစ်​၏။ အိမ်​ထောင်​တစ် ခု​တွင်​အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား လျက်​နေ​လျှင် ထို​အိမ်​ထောင်​သည်​ပျက်​စီး မည်​သာ​ဖြစ်​၏။-
18 If Satan is divided against himself, how can his kingdom stand? After all, you say that I drive out demons by Beelzebul.
၁၈ထို့​ကြောင့်​စာ​တန်​၏​နိုင်​ငံ​တွင်​စိတ်​ဝမ်း​ကွဲ​ပြား မှု​ရှိ​လျှင် အ​ဘယ်​သို့​လျှင်​ရပ်​တည်​နိုင်​မည်​နည်း။ ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ များ​ကို​နှင်​ထုတ်​သည်​ဟု​သင်​တို့​ဆို​ကြ​၏။-
19 And if I drive out demons by Beelzebul, by whom do your sons drive them out? So then, they will be your judges.
၁၉အ​ကယ်​၍​ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​မူ သင်​တို့​၏​တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ကြ​သ​နည်း။ ထို​သူ​တို့​က​ပင်​လျှင်​သင်​တို့​မှား​ကြောင်း သက်​သေ​ထူ​ကြ​၏။-
20 But if I drive out demons by the finger of God, then the kingdom of God has come upon you.
၂၀သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည် ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​သင်​တို့​တွင်​တည်​လျက်​ရှိ​လေ​ပြီ။''
21 When a strong man, fully armed, guards his house, his possessions are secure.
၂၁``ခွန်​အား​ကြီး​သူ​သည်​လက်​နက်​စုံ​နှင့် မိ​မိ အိမ်​ကို​စောင့်​ကြပ်​နေ​သော​အ​ခါ သူ​၏​ဥစ္စာ ပစ္စည်း​များ​သည်​လုံ​ခြုံ​မှု​ရှိ​၏။-
22 But when someone stronger attacks and overpowers him, he takes away the armor in which the man trusted, and then he divides up his plunder.
၂၂သို့​ရာ​တွင်​ထို​သူ​ထက်​ခွန်​အား​ကြီး​သူ​သည် ရောက်​လာ​၍ သူ့​ကို​တိုက်​ခိုက်​အောင်​မြင်​သော အ​ခါ သူ​အား​ကိုး​အား​ထား​ပြု​သည့်​လက် နက်​များ​ကို​သိမ်း​ယူ​သွား​လိမ့်​မည်။ တိုက်​ခိုက် ၍​ရ​ရှိ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​ခွဲ ဝေ​လိမ့်​မည်။''
23 He who is not with Me is against Me, and he who does not gather with Me scatters.
၂၃``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။''
24 When an unclean spirit comes out of a man, it passes through arid places seeking rest and does not find it. Then it says, ‘I will return to the house I left.’
၂၄``ညစ်​ညမ်း​သော​နတ်​သည်​လူ​ထဲ​က​ထွက်​သည့် အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​သို့​လှည့်​လည်​၍ နား​စ​ရာ​နေ​ရာ​ကို​ရှာ​တတ်​၏။ ရှာ​မ​တွေ့ လျှင် `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင် ပြန်​ပါ​အံ့' ဟု​ဆို​၏။-
25 On its return, it finds the house swept clean and put in order.
၂၅သို့​ဖြစ်​၍​သူ​သည်​ထို​နေ​ရာ​သို့​ပြန်​သွား သော​အ​ခါ သပ်​ရပ်​စွာ​လှဲ​ကျင်း​ထား​သည် ကို​တွေ့​သော်၊-
26 Then it goes and brings seven other spirits more wicked than itself, and they go in and dwell there. And the final plight of that man is worse than the first.”
၂၆မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ်​ခု​နစ်​ဦး​ကို​ခေါ် ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ​လေ​၏။ သို့​ဖြစ် ၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဆုံး​ဖြစ်​အင်​သည် ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​လေ​၏'' ဟု​မိန့် တော်​မူ​၏။
27 As Jesus was saying these things, a woman in the crowd raised her voice and said, “Blessed is the womb that bore You, and blessed are the breasts that nursed You!”
၂၇သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး သော​အ​ခါ လူ​ပ​ရိ​သတ်​ထဲ​က​အ​မျိုး​သမီး တစ်​ယောက်​သည် ``အ​ရှင့်​ကို​မွေး​၍​နို့​တိုက် ရ​သော​အ​မျိုး​သမီး​သည်​မင်္ဂ​လာ​ရှိ​ပါ​၏'' ဟု​လျှောက်​၏။
28 But He replied, “Blessed rather are those who hear the word of God and obey it.”
၂၈သို့​ရာ​တွင်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ကြား​၍​လိုက်​နာ​သူ​သည် မင်္ဂ​လာ​ရှိ​၏​ဟု​ဆို​လျှင်​ပို​၍​သင့်​မြတ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။
29 As the crowds were increasing, Jesus said, “This is a wicked generation. It demands a sign, but none will be given it except the sign of Jonah.
၂၉လူ​ပ​ရိ​သတ်​တို့​သည်​စု​ရုံး​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က ``ယ​ခု​ခေတ်​လူ​တို့​သည်​အ​လွန် ဆိုး​ညစ်​လှ​ပါ​သည်​တ​ကား။ သူ​တို့​သည်​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န ၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ် လက္ခ​ဏာ​ကို​မျှ​သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။-
30 For as Jonah was a sign to the Ninevites, so the Son of Man will be a sign to this generation.
၃၀နိ​နေ​ဝေ​မြို့​သား​တို့​အ​တွက်​ယော​န​သည် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့​ဤ​ခေတ်​လူ​တို့ အ​တွက်​လူ​သား​သည်​လည်း​နိ​မိတ်​လက္ခ​ဏာ ဖြစ်​ပေ​အံ့။-
31 The Queen of the South will rise at the judgment with the men of this generation and condemn them; for she came from the ends of the earth to hear the wisdom of Solomon, and now One greater than Solomon is here.
၃၁ရှေ​ဘ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရ အောင်​ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ ရောက်​ခဲ့​၏။ ယ​ခု​အ​ခါ​၌​မူ​ရှော​လ​မုန်​ထက် ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။ သို့ ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တွင်​ရှေ​ဘ ပြည်​ဘု​ရင်​မ​သည်​ထ​၍​ထို​သူ​တို့​အား​ပြစ် တင်​စွပ်​စွဲ​လိမ့်​မည်။-
32 The men of Nineveh will stand at the judgment with this generation and condemn it; for they repented at the preaching of Jonah, and now One greater than Jonah is here.
၃၂နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​ဟော​ပြော သွန်​သင်​ချက်​ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ ယ​ခု မှာ​မူ​ယော​န​ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက် ရှိ​နေ​လေ​ပြီ။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ နိ​နေ​ဝေ​မြို့​သား​တို့​သည်​ထ​၍​ဤ​လူ​တို့ အား​ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
33 No one lights a lamp and puts it in a cellar or under a basket. Instead, he sets it on a stand, so those who enter can see the light.
၃၃လူ​တို့​သည် ``ဆီ​မီး​ကို​ထွန်း​ညှိ​၍​ဖုံး​ကွယ်​ထား လေ့​မ​ရှိ။ တောင်း​ဖြင့်​လည်း​အုပ်​ထား​လေ့​မ​ရှိ။ အိမ်​ထဲ​သို့​ဝင်​လာ​သူ​များ​အ​လင်း​ရ​စေ​ရန် မီး​တင်​ခုံ​ပေါ်​မှာ​တင်​ထား​လေ့​ရှိ​၏။-
34 Your eye is the lamp of your body. When your eyes are good, your whole body also is full of light. But when they are bad, your body is full of darkness.
၃၄မျက်​စိ​သည်​ကိုယ်​ခန္ဓာ​အ​တွက်​ဆီ​မီး​သ​ဖွယ်​ဖြစ် ၏။ မျက်​စိ​ကောင်း​လျှင်​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။ မျက်စိ​မ​ကောင်း​လျှင်​မူ​ကား သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မှောင်​လျက် နေ​လိမ့်​မည်။-
35 Be careful, then, that the light within you is not darkness.
၃၅သို့​ဖြစ်​၍​သင်​တို့​တွင်​ရှိ​သည့်​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
36 So if your whole body is full of light, with no part of it in darkness, you will be radiant, as though a lamp were shining on you.”
၃၆အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
37 As Jesus was speaking, a Pharisee invited Him to dine with him; so He went in and reclined at the table.
၃၇ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​ည စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ်​၏။-
38 But the Pharisee was surprised to see that Jesus did not first wash before the meal.
၃၈ကိုယ်​တော်​သည်​ထို​သူ​၏​အိမ်​သို့​ကြွ​၍​စား​ပွဲ တွင်​ထိုင်​တော်​မူ​၏။ ဤ​သို့​အ​စား​အ​စာ​မ​သုံး ဆောင်​မီ​ကိုယ်​တော်​သည်​ဆေး​ကြော​ခြင်း​ပြု တော်​မ​မူ​သည်​ကို​ထို​ဖာ​ရိ​ရှဲ​မြင်​သော​အ​ခါ အံ့​သြ​လေ​၏။-
39 “Now then,” said the Lord, “you Pharisees clean the outside of the cup and dish, but inside you are full of greed and wickedness.
၃၉သ​ခင်​ဘု​ရား​က ``သင်​တို့​ဖာရိရှဲ​များ​သည်​ပန်း ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ်​အောင် ဆေး​ကြော​ကြ​သော်​လည်း​သင်​တို့​၏​စိတ်​အ​တွင်း မှာ​ကား​အ​ကြမ်း​ဖက်​မှု၊ ဆိုး​ညစ်​မှု​တို့​ဖြင့်​ပြည့် လျက်​နေ​၏။-
40 You fools! Did not the One who made the outside make the inside as well?
၄၀အ​ချင်း​လူ​မိုက်​တို့၊ ပြင်​ပ​သဏ္ဌာန်​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​သဏ္ဌာန်​ကို လည်း​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။-
41 But give as alms the things that are within you, and you will see that everything is clean for you.
၄၁သို့​ရာ​တွင်​သင်​တို့​၏​ပန်း​ကန်​ခွက်​ယောက် များ​တွင်​ရှိ​သည့်​အ​ရာ​များ​ကို​ဆင်း​ရဲ​သူ များ​အား​ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​အ​တွက်​သန့် စင်​လိမ့်​မည်။''
42 Woe to you Pharisees! You pay tithes of mint, rue, and every herb, but you disregard justice and the love of God. You should have practiced the latter without neglecting the former.
၄၂``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''
43 Woe to you Pharisees! You love the chief seats in the synagogues and the greetings in the marketplaces.
၄၃``အ​ချင်း​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​တွင် မြင့်​မြတ်​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ စျေး​ရပ်​ကွက်​တွင်​လူ​တို့​အ​လေး​ပြု​ခြင်း ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-
44 Woe to you! For you are like unmarked graves, which men walk over without even noticing.”
၄၄သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် အ​မှတ်​အ​သား​မ​ရှိ​သည့်​သင်္ချိုင်း​တွင်း​များ​နှင့် တူ​၏။ လူ​တို့​သည်​ထို​တွင်း​များ​အ​ပေါ်​မှာ လျှောက်​၍​သွား​ကြ​သော​အ​ခါ​သင်္ချိုင်း​တွင်း ဖြစ်​မှန်း​ကို​မ​သိ​ကြ'' ဟု​မိန့်​တော်​မူ​၏။
45 One of the experts in the law told Him, “Teacher, when You say these things, You insult us as well.”
၄၅ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ရှင်​ဤ​သို့​မိန့်​တော်​မူ​သည်​မှာ​အ​ကျွန်ုပ် တို့​ကို​လည်း​စော်​ကား​ရာ​ရောက်​ပါ​သည်'' ဟု လျှောက်​၏။
46 “Woe to you as well, experts in the law!” He replied. “You weigh men down with heavy burdens, but you yourselves will not lift a finger to lighten their load.
၄၆ကိုယ်​တော်​က ``အ​ချင်း​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ထမ်း ရ​ခက်​သည့်​ဝန်​ထုပ်​များ​ကို​သင်​တို့​သည်​လူ များ​အား​ထမ်း​စေ​ကြ​လျက်​သင်​တို့​ကိုယ်​တိုင် မူ​ကား​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။-
47 Woe to you! You build tombs for the prophets, but it was your fathers who killed them.
၄၇သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​၏ ဘိုး​ဘေး​များ​က​သတ်​သော​ပ​ရော​ဖက်​များ အ​တွက်​သင်​တို့​က​ဂူ​များ​တည်​ဆောက်​ပေး ကြ​၏။-
48 So you are witnesses consenting to the deeds of your fathers: They killed the prophets, and you build their tombs.
၄၈ဤ​သို့​လျှင်​သင်​တို့​၏​ဘိုး​ဘေး​များ​ကူး​လွန် ခဲ့​သည့်​အ​မှု​များ​တွင် သင်​တို့​အ​လို​တူ​အ​လို ပါ​ဖြစ်​ကြ​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​က​သင်္ချိုင်း များ​ကို​တည်​ဆောက်​ပေး​ကြ​၏။-
49 Because of this, the wisdom of God said, ‘I will send them prophets and apostles; some of them they will kill and others they will persecute.’
၄၉သို့​ဖြစ်​ခြင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ရွှေ ဉာဏ်​တော်​ဖြင့်`ဤ​လူ​များ​ထဲ​သို့​ပ​ရော​ဖက် များ၊ စေ​တ​မန်​များ​ကို​ငါ​စေ​လွှတ်​မည်။ ထို ပ​ရော​ဖက်​များ၊ စေ​တ​မန်​များ​အ​နက်​အ​ချို့ ကို​သူ​တို့​ညှဉ်း​ဆဲ​၍​အ​ချို့​ကို​သတ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏။-
50 As a result, this generation will be charged with the blood of all the prophets that has been shed since the foundation of the world,
၅၀သို့​ဖြစ်​၍​အာ​ဗေ​လ​မှ​သည်​ဗိ​မာန်​တော် အ​တွင်း​ပိုင်း​နှင့်​ယဇ်​ပလ္လင်​အ​ကြား​မှာ အ​သတ် ခံ​ခဲ့​ရ​သည့်​ပ​ရော​ဖက်​ဇာ​ခ​ရိ​အ​ထိ၊ ကမ္ဘာ တည်​ချိန်​မှ​စ​၍​အ​သတ်​ခံ​ခဲ့​ရ​သော​ပ​ရော ဖက်​များ​၏​အ​သွေး​ကြောင့် ဤ​ခေတ်​လူ​တို့ သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​မှု​အား​လုံး​အ​တွက် ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်​ဟု​ငါ​အ​မှန်​ဆို​၏။
51 from the blood of Abel to the blood of Zechariah, who was killed between the altar and the sanctuary. Yes, I tell you, all of it will be charged to this generation.
၅၁
52 Woe to you experts in the law! For you have taken away the key to knowledge. You yourselves have not entered, and you have hindered those who were entering.”
၅၂``ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​အ​သိ​ပ​ညာ​ဗိ​မာန် တံ​ခါး​သော့​ကို​သိမ်း​ထား​ပြီး​လျှင်​ကိုယ်​တိုင် လည်း​မ​ဝင်၊ ဝင်​လို​သူ​များ​ကို​လည်း​ဆီး​တား ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
53 As Jesus went on from there, the scribes and Pharisees began to oppose Him bitterly and to ply Him with questions about many things,
၅၃ထို​အ​ရပ်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​သော အ​ခါ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ သည် ကိုယ်​တော်​အား​ပြင်း​ထန်​စွာ​ဝေ​ဖန်​မှု​ကို စ​တင်​ပြု​လုပ်​လာ​ကြ​၏။-
54 waiting to catch Him in something He might say.
၅၄နှုတ်​တော်​ထွက်​စ​ကား​တွင်​အ​မှား​ရှာ​ရန် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​မေး မြန်း​ကြ​၏။

< Luke 11 >