< Psalms 38 >

1 A Psalm by David, for a memorial. LORD, do not rebuke me in your wrath, neither chasten me in your hot displeasure.
အောက်မေ့ စေခြင်းငှာ စပ်ဆိုသောဆာလံ။ အိုထာဝရဘုရား ၊ အမျက် တော်ထွက်၍ အကျွန်ုပ် ကို အပြစ် တင်တော်မ မူပါနှင့်။ ပြင်းစွာ သောစိတ် တော်ရှိ၍ ဆုံးမ တော်မမူပါနှင့်။
2 For your arrows have pierced me, your hand presses hard on me.
မြှား တော်တို့သည် အကျွန်ုပ် ၌ စုဝေး ၍ ၊ လက် တော်သည် အကျွန်ုပ် ကို နှိပ် လျက်ရှိပါ၏။
3 There is no soundness in my flesh because of your indignation, neither is there any health in my bones because of my sin.
အမျက် တော်ထွက်သောကြောင့် ၊ အကျွန်ုပ် အသား သည် ကျန်းမာ ခြင်းမ ရှိပါ။ ဒုစရိုက် အပြစ်ကြောင့် အရိုး များထဲ မှာ သက်သာ ခြင်းမ ရှိပါ။
4 For my iniquities have gone over my head. As a heavy burden, they are too heavy for me.
အကျွန်ုပ် ပြုမိသော ဒုစရိုက် တို့သည် အကျွန်ုပ် ခေါင်း ကို လွှမ်းမိုး ၍ ၊ လေး သောဝန် ကဲ့သို့ အကျွန်ုပ် မထမ်း နိုင်အောင် လေး ကြပါ၏။
5 My wounds are loathsome and corrupt because of my foolishness.
အကျွန်ုပ် မိုက် သောအမှုကြောင့် အနာ တို့သည် နံ စော်၍ ရိယွဲ့လျက်ရှိကြပါ၏။
6 I am in pain and bowed down greatly. I go mourning all day long.
အကျွန်ုပ်သည် ပြင်းထန် စွာခံရ၍၊ အလွန် နှိမ့်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွား ရပါ၏။
7 For my waist is filled with burning. There is no soundness in my flesh.
အကျွန်ုပ် ခါး သည် ပူလောင် သောအနာစွဲ ၍ ၊ အသား သည်လည်း ကျန်းမာ ခြင်းမ ရှိပါ။
8 I am faint and severely bruised. I have groaned by reason of the anguish of my heart.
နုန်နဲ့ ခြင်း၊ ကြေကွဲ ခြင်းရှိ၍ ၊ စိတ် နှလုံးလှုပ်ရှား သဖြင့် အော်ဟစ် ရပါသည်။
9 Lord, all my desire is before you. My groaning is not hidden from you.
အိုဘုရား ရှင်၊ အကျွန်ုပ် အလို ရှိသမျှ သည် ရှေ့ တော်၌ ထင်ရှားပါ၏။ အကျွန်ုပ် ညည်းတွား ခြင်း ကိုလည်း အကြွင်းမဲ့ သိတော်မူ၏။
10 My heart throbs. My strength fails me. As for the light of my eyes, it has also left me.
၁၀အကျွန်ုပ် ၏ နှလုံး တုန်လှုပ် ၍၊ ခွန်အား လည်း ကုန် ပါပြီ။ မျက်စိ အလင်း သည် ကွယ် ပျောက်ပါပြီ။
11 My lovers and my friends stand aloof from my plague. My kinsmen stand far away.
၁၁အကျွန်ုပ် ၏အဆွေ ခင်ပွန်း၊ အပေါင်း အဘော်တို့သည် အကျွန်ုပ် အနာ ရောဂါကြောင့် ၊ ဝေးဝေး ရပ် လျက် ၊ ပေါင်းဘော် တို့သည်လည်း ရှောင် လျက် နေကြ ပါ၏။
12 They also who seek after my life lay snares. Those who seek my hurt speak mischievous things, and meditate deceits all day long.
၁၂အကျွန်ုပ် အသက် ကို ရှာ သောသူတို့သည် ကျော့ကွင်း များကို ထောင်ထားကြပါ၏။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် တနေ့လုံး မနာလို သောစကားကိုပြော ၍ ၊ မကောင်းသောပရိယာယ် ကို ကြံစည် ကြပါ၏။
13 But I, as a deaf man, do not hear. I am as a mute man who does not open his mouth.
၁၃အကျွန်ုပ် မူကား ၊ နားပင်း သောသူကဲ့ သို့ မ ကြား။ နှုတ် ကို မ ဖွင့် တတ်သောလူ ကဲ့ သို့ ဖြစ်ပါ၏။
14 Yes, I am as a man who does not hear, in whose mouth are no reproofs.
၁၄နားမ ကြား ၊ ပြန် ၍မ ငြင်းနိုင်သော သူ ကဲ့ သို့ဖြစ် ပါ၏။
15 For I hope in you, LORD. You will answer, Lord my God.
၁၅အကြောင်း မူကား၊ အိုထာဝရဘုရား ၊ ကိုယ်တော် ကိုအကျွန်ုပ် ကိုးစား ပါ၏။ အကျွန်ုပ် ၏ အရှင် ဘုရား သခင်၊ ကိုယ်တော်သည် ပြန် ပြောတော်မူမည်။
16 For I said, “Do not let them gloat over me, or exalt themselves over me when my foot slips.”
၁၆သို့မဟုတ် ၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက် ကြပါလိမ့်မည်။ အကျွန်ုပ် သည် ခြေ ချော် သောအခါ အကျွန်ုပ် တဘက် ၌ ကိုယ် ကို ချီးမြှောက် ကြပါ လိမ့်မည်ဟု လျှောက် ပါပြီ။
17 For I am ready to fall. My pain is continually before me.
၁၇အကျွန်ုပ် လဲ လု သည်ဖြစ်၍ ၊ ကိုယ် ဆင်းရဲ ခြင်းကို အစဉ် အောက်မေ့ လျက်နေရပါ၏။
18 For I will declare my iniquity. I will be sorry for my sin.
၁၈ကိုယ် အပြစ် ကိုဘော် ပြပါ၏။ ပြစ်မှား မိသောကြောင့် စိတ် ပူပန်ခြင်းရှိပါ၏။
19 But my enemies are vigorous and many. Those who hate me without reason are numerous.
၁၉အကျွန်ုပ် ၏ ရန်သူ တို့ကား ၊ ကျန်းမာ လျက် ၊ ခွန်အား ကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ် ကို မ ဟုတ်မှန်ဘဲ မုန်း သောသူတို့ကား၊ များပြား ကြပါ၏။
20 They who render evil for good are also adversaries to me, because I follow what is good.
၂၀အကျွန်ုပ် သည် ကျေးဇူး တရားကို ကြိုးစား၍ ကျင့် သောကြောင့် ၊ ကျေးဇူး အတွက် အပြစ် ပြု တတ်သောသူတို့ သည်အကျွန်ုပ် ကို ရန်ဘက် ပြုကြပါ၏။
21 Do not forsake me, LORD. My God, do not be far from me.
၂၁အိုထာဝရဘုရား ၊ အကျွန်ုပ် ကို စွန့်ပစ် တော်မ မူ ပါနှင့်။ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ် နှင့် ဝေးဝေးနေ တော် မ မူပါနှင့်။
22 Hurry to help me, Lord, my salvation.
၂၂အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား ရှင်၊ အကျွန်ုပ် ကိုမစ ခြင်းငှါ အလျင်အမြန်ကြွလာ တော်မူပါ။

< Psalms 38 >