< Psalms 36 >

1 For the Chief Musician. By David, the servant of the LORD. A revelation is within my heart about the disobedience of the wicked: There is no fear of God before his eyes.
ဘုရား သခင်ကို ကြောက်ရွံ့ ရသောအကြောင်းသည် မ တရားသောသူ၏ မျက်စိ ၌ မ ထင်ဟု၊ ထိုသူ ပြု တတ်သော ဒုစရိုက် ကို ငါ ထောက် ၍ သဘော ကျ၏။
2 For he flatters himself in his own eyes, too much to detect and hate his sin.
သူ ၏အပြစ် ကို တွေ့ တော်မမူ၊ ရွံရှာ တော်မမူဟု ကိုယ် မျက်စိ ရှေ့၌ ကိုယ် ကောင်းသော အယောင် ကို ဆောင်တတ်၏။
3 The words of his mouth are iniquity and deceit. He has ceased to be wise and to do good.
သူ ပြော သောစကား သည် အဓမ္မ စကား၊ လှည့်စား သောစကားဖြစ်၏။ ကောင်း သောအကျင့်ကို ကျင့်စေ တတ်သောပညာ ကို စွန့် လေပြီ။
4 He plots iniquity on his bed. He sets himself in a way that is not good. He does not abhor evil.
အိပ်ရာ ပေါ် မှာ မကောင်း သောအမှုကို ကြံစည် တတ်၏။ မ ကောင်း သော လမ်း သို့ အမြဲလိုက် ၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာ ခြင်းမ ရှိ။
5 Your loving kindness, LORD, is in the heavens. Your faithfulness reaches to the skies.
အိုထာဝရဘုရား ၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်း တိမ်သို့ ၎င်း မှီပါ၏။
6 Your righteousness is like the mountains of God. Your judgments are like a great deep. LORD, you preserve man and animal.
ဖြောင့်မတ် တော်မူခြင်းတရားသည် ကြီးမား စွာ သောတောင်ရိုး နှင့် တူ ပါ၏။ တရား စီရင်တော်မူချက် တို့သည် အလွန် နက်နဲ ရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူ မျိုးနှင့် တိရစ္ဆာန် မျိုးကို စောင့်မ တော်မူ ၏။
7 How precious is your loving kindness, God! The children of men take refuge under the shadow of your wings.
အိုဘုရား သခင်၊ ကရုဏာ တော်သည် အလွန် မြတ်နိုး ဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူ သား တို့သည် အတောင် တော်အရိပ် ကို ခိုလှုံ လျက်နေရကြပါ၏။
8 They shall be abundantly satisfied with the abundance of your house. You will make them drink of the river of your pleasures.
အိမ် တော်၏ကြွယ်ဝ ခြင်းနှင့် ရောင့်ရဲ လျက် နေ၍ ၊ ကိုယ်တော် ၏ချမ်းသာ မြစ် ရေကို သောက် စေခြင်းငှါအခွင့်ပေးတော်မူ၏။
9 For with you is the spring of life. In your light we will see light.
အကြောင်း မူကား၊ ကိုယ်တော် ထံ မှာအသက် စမ်းရေ တွင်းရှိပါ၏။ အလင်း တော်ထဲ မှာ အကျွန်ုပ်တို့ သည် အလင်း ကို ရ ကြပါ၏။
10 Oh continue your loving kindness to those who know you, your righteousness to the upright in heart.
၁၀ကိုယ်တော် ကို သိ သောသူတို့အား ၊ ကရုဏာ တော်ကို၎င်း၊ သဘော ဖြောင့် သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို၎င်း တည် မြဲတည်စေတော်မူပါ။
11 Do not let the foot of pride come against me. Do not let the hand of the wicked drive me away.
၁၁မာန ၏ခြေ သည် အကျွန်ုပ် ကို မ နင်း ပါစေနှင့်။ မတရား သောသူတို့သည် အကျွန်ုပ် ကို နေရာ မ ရွေ့ကြ ပါစေနှင့်။
12 There the workers of iniquity are fallen. They are thrust down, and shall not be able to rise.
၁၂ဒုစရိုက် ကို ပြု သောသူတို့သည် ထို အရပ်၌ပင် လဲ လျက်နေရကြပါ၏။ လှဲ ခြင်းကို ခံရသောကြောင့်၊ တဖန် ထ ခြင်းငှါမ တတ် နိုင်ကြပါ။

< Psalms 36 >