< Psalms 147 >

1 Praise the LORD, for it is good to sing praises to our God; for it is pleasant and fitting to praise him.
ထာဝရ ဘုရားကို ချီးမွမ်း ကောင်း သည်ဖြစ်၍၊ ချီးမွမ်း ကြလော့။ ငါ တို့၏ဘုရား သခင်ကို ထောမနာ ပြု ခြင်းသည် သာယာ လျောက်ပတ် သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။
2 The LORD builds up Jerusalem. He gathers together the outcasts of Israel.
ထာဝရဘုရား သည် ယေရုရှလင် မြို့ကို တည်ဆောက် ၍၊ အဝေး သို့နှင်လိုက်သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေတော်မူ၏။
3 He heals the broken in heart, and binds up their wounds.
စိတ် ကြေမွ သောသူတို့ကို နှစ်သိမ့် စေ၍ ၊ သူ တို့၏ အနာ ကို ကု တော်မူ၏။
4 He counts the number of the stars. He calls them all by their names.
ကြယ် များကိုရေတွက် ၍ အသီးအသီး တို့ကို သမုတ် တော်မူ၏။
5 Great is our Lord, and mighty in power. His understanding is infinite.
ငါ တို့၏ဘုရား ရှင်သည် ကြီးမြတ် တော်မူ၏။ တန်ခိုး တော်လည်း ကြီး ၏။ ဉာဏ် တော်သည်အနန္တ ဖြစ်၏။
6 The LORD upholds the humble. He brings the wicked down to the ground.
ထာဝရဘုရား သည် စိတ် နှိမ့်ချသောသူတို့ ကို ကြွပင့် ၍၊ မ တရားသောသူတို့ ကိုကား၊ မြေ ပေါ် မှာ လှဲ တော်မူ၏။
7 Sing to the LORD with thanksgiving. Sing praises on the harp to our God,
ဂုဏ်တော်ကိုချီးမွမ်း လျက် ထာဝရဘုရား ရှေ့တော်၌ သီချင်း ဆိုကြလော့။ စောင်း တီး၍၊ ငါ တို့၏ ဘုရား သခင်ကို ထောမနာ သီချင်းဆိုကြလော့။
8 who covers the sky with clouds, who prepares rain for the earth, who makes grass grow on the mountains.
ကောင်းကင် ကို မိုဃ်းတိမ် များနှင့် ဖုံးလွှမ်း သဖြင့်၊ မြေကြီး ဘို့ မိုဃ်း ရေကိုပြင်ဆင် ၍၊ တောင် များပေါ်မှာ မြက်ပင် ကိုပေါက် စေတော်မူ၏။
9 He provides food for the livestock, and for the young ravens when they call.
မြည် တတ်သော ကျီးကန်း ကလေး မှစ၍ ၊ တိရစ္ဆာန် များတို့ကို ကျွေးမွေး တော်မူ၏။
10 He does not delight in the strength of the horse. He takes no pleasure in the legs of a man.
၁၀မြင်း ၏ခွန်အား နှင့်လူ ၏လျင်မြန် ခြင်းကို အားရ နှစ်သက်တော်မူခြင်းမ ရှိ။
11 The LORD takes pleasure in those who fear him, in those who hope in his loving kindness.
၁၁ကြောက်ရွံ့ သောသူနှင့် ကရုဏာ တော်ကို မြော်လင့် သောသူတို့ ကို ထာဝရဘုရား နှစ်သက် တော်မူ ၏။
12 Praise the LORD, Jerusalem! Praise your God, Zion!
၁၂အိုယေရုရှလင် မြို့၊ ထာဝရဘုရား ကို ချီးမွမ်း လော့။ အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင်ကို ချီးမွမ်း လော့။
13 For he has strengthened the bars of your gates. He has blessed your children within you.
၁၃အကြောင်း မူကား၊ သင် ၏တံခါး ကန့်လန့် တို့ကို ခိုင်မာ စေ၍၊ သင် ၏ အထဲမှာ သားသမီး များကို ကောင်းကြီး ပေးတော်မူ၏။
14 He makes peace in your borders. He fills you with the finest of the wheat.
၁၄သင် ၏ပြည်စွန်း ပြည်နားမှာ အမှုအရေးကို ငြိမ်းစေ ၍၊ အကောင်း ဆုံးသော စပါး နှင့် သင့် ကို ဝ စွာ ကျွေးမွေးတော်မူ၏။
15 He sends out his commandment to the earth. His word runs very swiftly.
၁၅မြေကြီး ပေါ် သို့ဗျာဒိတ် တော်ကို လွှတ် တော်မူ၏။ နှုတ်ကပတ် တော်သည် အလျင် အမြန်ပြေး တတ်ပါ၏။
16 He gives snow like wool, and scatters frost like ashes.
၁၆မိုဃ်းပွင့် ကို သိုးမွေး ကဲ့သို့ ချ တော်မူ၏။ နှင်းခဲ ကိုလည်း ပြာ ကဲ့သို့ ဆွတ်ဖြူ တော်မူ၏။
17 He hurls down his hail like pebbles. Who can stand before his cold?
၁၇မိမိ မိုဃ်းသီး ကို စားနုတ် စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်း စေတော်မူခြင်းကို အဘယ်သူ ခံ နိုင် သနည်း။
18 He sends out his word, and melts them. He causes his wind to blow, and the waters flow.
၁၈တဖန်နှုတ်ကပတ် တော်ကိုလွှတ် ၍ ၊ ထို မိုဃ်းပွင့်အစရှိသည်တို့ကို အရည် ကျိုတော်မူ၏။ မိမိ လေ ကို လာ စေတော်မူသဖြင့်၊ ရေ တို့သည် စီး ကြ၏။
19 He shows his word to Jacob, his statutes and his ordinances to Israel.
၁၉နှုတ်ကပတ် အမိန့်တော်ကို ယာကုပ် အမျိုး၌ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို ဣသရေလ အမျိုး၌ ၎င်း ဘော်ပြ တော်မူ၏။
20 He has not done this for just any nation. They do not know his ordinances. Praise the LORD!
၂၀အခြားတပါးသော အမျိုးသား တို့ ၌ ထိုသို့ ပြု တော် မ မူ။ စီရင် တော်မူချက်များကို သူ တို့မ သိ ရကြ။ ဟာလေလုယ။

< Psalms 147 >