< Proverbs 24 >

1 Do not be envious of evil men, neither desire to be with them;
မ တရားသောသူ တို့ကို မ ငြူစူ နှင့်။ သူ တို့နှင့် ပေါင်းဘော် ခြင်းငှါ အလို မ ရှိနှင့်။
2 for their hearts plot violence and their lips talk about mischief.
သူ တို့သည် ဖျက်ဆီး ခြင်းငှါ နှလုံး ကြံစည် တတ် ၏။ နှုတ် နှင့်လည်း ဘေး ပြုမည်စကားကို ပြော တတ်၏။
3 Through wisdom a house is built; by understanding it is established;
ဉာဏ် ပညာအားဖြင့် အိမ် ကိုတည်ဆောက် ၍ ခိုင်ခံ့ မြဲမြံစေရ၏။
4 by knowledge the rooms are filled with all rare and beautiful treasure.
ပညာ အတတ်အားဖြင့် အခန်း များတို့သည် အဘိုးထိုက်၍၊ နှစ်သက် ဘွယ်သော ဥစ္စာ အပေါင်း တို့နှင့် ပြည့် ရကြ၏။
5 A wise man has great power. A knowledgeable man increases strength,
ပညာရှိ သောသူ သည် တန်ခိုး ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူ သည် ခွန်အား တိုးပွါး တတ်၏။
6 for by wise guidance you wage your war, and victory is in many advisors.
ပညာရှိ တို့နှင့် တိုင်ပင်ပြီးမှစစ်မှု ကိုပြု ရ၏။ အကြံ ပေးနိုင်သော သူများစွာ ရှိ လျှင် ၊ ဘေး လွတ်တတ်၏။
7 Wisdom is too high for a fool. He does not open his mouth in the gate.
ပညာ မြင့် သောကြောင့် မိုက် သောသူမမှီနိုင်။ မြို့တံခါးဝ ၌ စကား မ ပြော ဝံ့။
8 One who plots to do evil will be called a schemer.
မ ကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည် သောသူကို၊ ဘေး ပြုသောသူဟူ၍ မှည့် ရ၏။
9 The schemes of folly are sin. The mocker is detested by men.
မိုက် သောအကြံ အစည်၌ အပြစ် ပါ၏။ မထီမဲ့မြင် ပြုသောသူသည် လည်း ၊ လူ စက်ဆုပ် ရွံရှာဘွယ်ဖြစ် ၏။
10 If you falter in the time of trouble, your strength is small.
၁၀သင် သည် အမှု ရောက်သောကာလ ၌ စိတ်ပျက် လျှင် အားနည်း ၏။
11 Rescue those who are being led away to death! Indeed, hold back those who are staggering to the slaughter!
၁၁သင်္ချိုင်း သို့ ထုတ် ၍ အသေခံ လုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အား မထုတ်ဘဲနေလျက်၊
12 If you say, “Behold, we did not know this,” does not he who weighs the hearts consider it? He who keeps your soul, does not he know it? Shall he not render to every man according to his work?
၁၂ငါ့တို့မ သိ ဟုဆို သော်လည်း ၊ နှလုံး သဘောကို ဆင်ခြင် သောသူသည် မ မှတ်၊ သင် ၏စိတ် ဝိညာဉ်ကို စောင့် သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူ တို့အကျင့် နှင့် အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
13 My son, eat honey, for it is good, the droppings of the honeycomb, which are sweet to your taste;
၁၃ငါ့ သား ၊ ပျားရည် ကောင်း သောကြောင့် စား လော့။ ချိုမြိန် သော ပျားလပို့ ကိုလည်း စားလော့။
14 so you shall know wisdom to be to your soul. If you have found it, then there will be a reward: Your hope will not be cut off.
၁၄ထိုအတူ ၊ သင်တွေ့ရသောပညာ တရားသည် စိတ် ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင် သည် မြော်လင့် ခြင်းအကြောင်းမ ပျက်၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။
15 Do not lay in wait, wicked man, against the habitation of the righteous. Do not destroy his resting place;
၁၅အိုမ တရားသောသူ၊ ဖြောင့်မတ် သောသူ၏ အိမ် ကို ချောင်း ၍ မ ကြည့်နှင့်။ သူ ၏ ငြိမ်ဝပ် ရာအရပ်ကို မ ဖျက် နှင့်။
16 for a righteous man falls seven times and rises up again, but the wicked are overthrown by calamity.
၁၆ဖြောင့်မတ် သောသူသည် ခုနစ် ကြိမ်လဲ သော်လည်း ထ ပြန်လိမ့်မည်။ မ တရားသောသူမူကား ၊ လဲ သောအခါ ဆုံးရှုံး လိမ့်မည်။
17 Do not rejoice when your enemy falls. Do not let your heart be glad when he is overthrown,
၁၇သင် ၏ရန်သူ လဲ သောအခါ ဝမ်း မ မြောက်နှင့်။ ခြေ ထိခိုက်သောအခါ ရွှင်လန်း သောစိတ် မ ရှိနှင့်။
18 lest the LORD see it, and it displease him, and he turn away his wrath from him.
၁၈ရှိလျှင် ထာဝရဘုရား သိမြင် သဖြင့် ၊ မ နှစ်သက်ဘဲ သူ မှ အမျက် တော်ကို လွှဲ တော်မူမည်။
19 Do not fret yourself because of evildoers, neither be envious of the wicked;
၁၉မ တရားသောသူတို့ကြောင့် စိတ် မ ပူနှင့်။ အဓမ္မ လူတို့ကို မ ငြူစူ နှင့်။
20 for there will be no reward to the evil man. The lamp of the wicked will be snuffed out.
၂၀အကြောင်း မူကား၊ မ တရားသောသူသည် အကျိုး ကိုမ ရ။ အဓမ္မ လူ၏ မီးခွက် သည် သေ လိမ့်မည်။
21 My son, fear the LORD and the king. Do not join those who are rebellious,
၂၁ငါ့ သား ၊ ထာဝရဘုရား ကို၎င်း၊ ရှင် ဘုရင်ကို၎င်း ၊ ကြောက်ရွံ့ လော့။ မ တည်ကြည်သောသူတို့နှင့် မ ရောနှော မပေါင်းဘော်နှင့်။
22 for their calamity will rise suddenly. Who knows what destruction may come from them both?
၂၂သူ တို့ဘေး သည် ချက်ခြင်း ရောက် တတ်၏။ ထို နှစ်ပါး တို့၏ အဆုံး ကို အဘယ်သူ သိ သနည်း။
23 These also are sayings of the wise: To show partiality in judgment is not good.
၂၃ထိုမှတပါး ၊ ပညာရှိ တို့နှင့် ဆိုင်သော အရာဟူမူကား ၊ တရား တွေ့မှု စီရင်ရာတွင် လူမျက်နှာ ကို မ ထောက် ကောင်း။
24 He who says to the wicked, “You are righteous,” peoples will curse him, and nations will abhor him—
၂၄သင် သည် ဖြောင့်မတ် ၏ဟု မ တရားသောသူအား ဆို သောသူကို လူ အမျိုးတို့သည် ကျိန်ဆဲ ကြလိမ့်မည်။ လူ အနွှယ်တို့သည် စက်ဆုပ် ရွံရှာကြလိမ့်မည်။
25 but it will go well with those who convict the guilty, and a rich blessing will come on them.
၂၅ဆုံးမ ပြစ်တင်သောသူတို့မူကား ၊ စိတ် သာယာလျက် ၊ ကောင်းကြီး မင်္ဂလာကို ခံ လျက်ရှိကြ လိမ့်မည်။
26 An honest answer is like a kiss on the lips.
၂၆မှန် သောစကားကို ပြန် ပြောတတ်သောသူ၏ နှုတ် ကို လူတိုင်းနမ်း လိမ့်မည်။
27 Prepare your work outside, and get your fields ready. Afterwards, build your house.
၂၇ပြင် အရပ်မှာ သင် ၏အလုပ် ကိုပြင် လော့။ လယ် တော၌ ကိုယ်အဘို့ ပြင်ဆင် လော့။ နောက်မှ သင် ၏ နေရာအိမ် ကို ဆောက် လော့။
28 Do not be a witness against your neighbor without cause. Do not deceive with your lips.
၂၈သင် ၏အိမ်နီးချင်း တဘက် ၌ အကြောင်း မရှိဘဲ သက်သေ မ ခံ နှင့်။ ကိုယ် နှုတ် နှင့် သူတပါးကို မလှည့်စား နှင့်။
29 Do not say, “I will do to him as he has done to me; I will repay the man according to his work.”
၂၉သူသည် ငါ ၌ ပြု သည်အတိုင်း သူ ၌ ငါပြု မည်။ သူ့ အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ ဆို နှင့်။
30 I went by the field of the sluggard, by the vineyard of the man void of understanding.
၃၀ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊
31 Behold, it was all grown over with thorns. Its surface was covered with nettles, and its stone wall was broken down.
၃၁ဆူးပင် များပြား ၍၊ မြေတပြင်လုံး ၌ ဆူးလေ ပင် အနှံ့အပြားလွှမ်းမိုး လျက် ၊ ကျောက် ရိုး ပြို လျက်ရှိသည်ကို၊
32 Then I saw, and considered well. I saw, and received instruction:
၃၂ငါ မြင် ၍ စေ့စေ့ဆင်ခြင် ၏။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ၏။
33 a little sleep, a little slumber, a little folding of the hands to sleep,
၃၃ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် ခြင်းငှါ ၊ ခဏ လက်ချင်း ပိုက် လျက်နေစဉ်တွင်၊
34 so your poverty will come as a robber and your want as an armed man.
၃၄ဆင်းရဲ ခြင်းသည် ခရီးသွား သောသူကဲ့သို့၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာလိမ့်မည်။

< Proverbs 24 >