< Numbers 33 >

1 These are the journeys of the children of Israel, when they went out of the land of Egypt by their armies under the hand of Moses and Aaron.
မောရှေ နှင့် အာရုန် စီရင်၍ အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား အလုံးအရင်း တို့ သည် ခရီးသွား ခြင်း အကြောင်းအရာများကို၊
2 Moses wrote the starting points of their journeys by the commandment of the LORD. These are their journeys according to their starting points.
ထာဝရဘုရား အမိန့် တော်အတိုင်း မောရှေ မှတ်သား ၍ ၊ ထို ခရီးသွား ခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
3 They traveled from Rameses in the first month, on the fifteenth day of the first month; on the next day after the Passover, the children of Israel went out with a high hand in the sight of all the Egyptians,
ပဌမ လ တဆယ် ငါး ရက် နေ့၌ ရာမသက် မြို့မှ ထွက်လာ ကြ၏။ ပသခါ ပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု လူအပေါင်း တို့ရှေ့မှာ ဝါကြွား သောအခြင်းအရာနှင့် ထွက်လာ ကြ၏။
4 while the Egyptians were burying all their firstborn, whom the LORD had struck among them. The LORD also executed judgments on their gods.
အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောသားဦး အပေါင်း တို့ကို အဲဂုတ္တု လူတို့သည် သင်္ဂြိုဟ် ရကြ၏။ သူ တို့၏ ဘုရား များကိုလည်း ၊ ထာဝရဘုရား သည် တရား စီရင် တော်မူ၏။
5 The children of Israel traveled from Rameses, and encamped in Succoth.
ဣသရေလ အမျိုးသား တို့သည် ရာမသက် မြို့မှ ပြောင်း ၍ သုကုတ် အရပ်၌ စားခန်းချ ကြ၏။
6 They traveled from Succoth, and encamped in Etham, which is in the edge of the wilderness.
သုကုတ် အရပ်မှ ပြောင်း ၍ တော စပ် နား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
7 They traveled from Etham, and turned back to Pihahiroth, which is before Baal Zephon, and they encamped before Migdol.
ဧသံ မြို့မှ ပြောင်း ၍ ဗာလဇေဖုန် မြို့ရှေ့မှာ ရှိ သော ပိဟဟိရုတ် မြို့သို့ တဖန် လည်၍ မိဂဒေါလ မြို့ရှေ့၌ စားခန်းချ ကြ၏။
8 They traveled from before Hahiroth, and crossed through the middle of the sea into the wilderness. They went three days’ journey in the wilderness of Etham, and encamped in Marah.
ပိဟဟိရုတ် မြို့မှ ပြောင်း ၍ ပင်လယ် အလယ် ၌ ရှောက်သွား သဖြင့် ဧသံ တော သို့ ရောက်၍၊ ထိုတော ထဲ၌ သုံး ရက် ခရီး သွား ပြီးလျှင် ၊ မာရ အရပ်၌ စားခန်းချ ကြ၏။
9 They traveled from Marah, and came to Elim. In Elim, there were twelve springs of water and seventy palm trees, and they encamped there.
မာရ အရပ်မှ ပြောင်း ၍ ရေတွင်း ဆယ် နှစ် တွင်း နှင့် စွန်ပလွံ ပင် ခုနစ်ဆယ် ရှိသောဧလိမ် ရွာသို့ ရောက် ၍ စားခန်းချ ကြ၏။
10 They traveled from Elim, and encamped by the Red Sea.
၁၀ဧလိမ် ရွာမှ ပြောင်း ၍ ဧဒုံ ပင်လယ် နားမှာ စားခန်းချ ကြ၏။
11 They traveled from the Red Sea, and encamped in the wilderness of Sin.
၁၁ဧဒုံ ပင်လယ် မှ ပြောင်း ၍ သိန် တော ၌ စားခန်းချ ကြ၏။
12 They traveled from the wilderness of Sin, and encamped in Dophkah.
၁၂သိန် တော မှ ပြောင်း ၍ ဒေါဖကာ အရပ်၌ စားခန်းချ ကြ၏။
13 They traveled from Dophkah, and encamped in Alush.
၁၃ဒေါဖကာ အရပ်မှ ပြောင်း ၍ အာလုရှ အရပ်၌ စားခန်းချ ကြ၏။
14 They traveled from Alush, and encamped in Rephidim, where there was no water for the people to drink.
၁၄အာလုရှ အရပ်မှ ပြောင်း ၍ လူ များသောက် စရာရေ မ ရှိ သော ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။
15 They traveled from Rephidim, and encamped in the wilderness of Sinai.
၁၅ရေဖိဒိမ် အရပ်မှ ပြောင်း ၍ သိနာ တော ၌ စားခန်းချ ကြ၏။
16 They traveled from the wilderness of Sinai, and encamped in Kibroth Hattaavah.
၁၆သိနာ တော မှ ပြောင်း ၍ ကိဗြုတ်ဟတ္တဝါ အရပ်၌ စားခန်းချ ကြ၏။
17 They traveled from Kibroth Hattaavah, and encamped in Hazeroth.
၁၇ကိဗြုတ်ဟတ္တဝါ အရပ်မှ ပြောင်း ၍ ဟာဇရုတ် အရပ်၌ စားခန်းချ ကြ၏။
18 They traveled from Hazeroth, and encamped in Rithmah.
၁၈ဟာဇရုတ် အရပ်မှ ပြောင်း ၍ ရိသမ အရပ်၌ စားခန်းချ ကြ၏။
19 They traveled from Rithmah, and encamped in Rimmon Perez.
၁၉ရိသမ အရပ်မှ ပြောင်း ၍ ရိမ္မုန်ဖါရက် ၌ စားခန်းချ ကြ၏။
20 They traveled from Rimmon Perez, and encamped in Libnah.
၂၀ရိမ္မုန်ဖါရက် အရပ်မှ ပြောင်း ၍ လိဗန ရွာ၌ စားခန်းချ ကြ၏။
21 They traveled from Libnah, and encamped in Rissah.
၂၁လိဗန ရွာမှ ပြောင်း ၍ ရိဿ အရပ်၌ စားခန်းချ ကြ၏။
22 They traveled from Rissah, and encamped in Kehelathah.
၂၂ရိဿ အရပ်မှ ပြောင်း ၍ ကေဟလာသ အရပ်၌ စားခန်းချ ကြ၏။
23 They traveled from Kehelathah, and encamped in Mount Shepher.
၂၃ကေဟလာသ အရပ်မှ ပြောင်း ၍ ရှာဖါ တောင် ၌ စားခန်းချ ကြ၏။
24 They traveled from Mount Shepher, and encamped in Haradah.
၂၄ရှာဖါ တောင် မှ ပြောင်း ၍ ဟာရဒ အရပ်၌ စားခန်းချ ကြ၏။
25 They traveled from Haradah, and encamped in Makheloth.
၂၅ဟာရဒ အရပ်မှ ပြောင်း ၍ မက္ကလုတ် အရပ်၌ စားခန်းချ ကြ၏။
26 They traveled from Makheloth, and encamped in Tahath.
၂၆မက္ကလုတ် အရပ်မှ ပြောင်း ၍ တာဟတ် အရပ်၌ စားခန်းချ ကြ၏။
27 They traveled from Tahath, and encamped in Terah.
၂၇တာဟတ် အရပ်မှ ပြောင်း ၍ တာရ အရပ်၌ စားခန်းချ ကြ၏။
28 They traveled from Terah, and encamped in Mithkah.
၂၈တာရ အရပ်မှ ပြောင်း ၍ မိသကာ အရပ်၌ စားခန်းချ ကြ၏။
29 They traveled from Mithkah, and encamped in Hashmonah.
၂၉မိသကာ အရပ်မှ ပြောင်း ၍ ဟာရှမောန အရပ်၌ စားခန်းချ ကြ၏။
30 They traveled from Hashmonah, and encamped in Moseroth.
၃၀ဟာရှမောန အရပ်မှ ပြောင်း ၍ မောသရုတ် အရပ်၌ စားခန်းချ ကြ၏။
31 They traveled from Moseroth, and encamped in Bene Jaakan.
၃၁မောသရုတ် အရပ်မှ ပြောင်း ၍ ဗင်္ယာကန် အရပ် ၌ စားခန်းချ ကြ၏။
32 They traveled from Bene Jaakan, and encamped in Hor Haggidgad.
၃၂ဗင်္ယာကန် အရပ်မှ ပြောင်း ၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချ ကြ၏။
33 They traveled from Hor Haggidgad, and encamped in Jotbathah.
၃၃ဟောရဂိဒ်ဂဒ် အရပ်မှ ပြောင်း ၍ ယုပ္ဘာသ အရပ်၌ စားခန်းချ ကြ၏။
34 They traveled from Jotbathah, and encamped in Abronah.
၃၄ယုပ္ဘာသ အရပ်မှ ပြောင်း ၍ ဧဗြောန အရပ်၌ စားခန်းချ ကြ၏။
35 They traveled from Abronah, and encamped in Ezion Geber.
၃၅ဧဗြောန အရပ်မှ ပြောင်း ၍ ဧဇယုန်ဂါဗာ အရပ် ၌ စားခန်းချ ကြ၏။
36 They traveled from Ezion Geber, and encamped at Kadesh in the wilderness of Zin.
၃၆ဧဇယုန်ဂါဗာ အရပ်မှ ပြောင်း ၍ ဇိန တော ၊ ကာဒေရှ အရပ်၌ စားခန်းချ ကြ၏။
37 They traveled from Kadesh, and encamped in Mount Hor, in the edge of the land of Edom.
၃၇ကာဒေရှ အရပ်မှ ပြောင်း ၍ ဧဒုံ ပြည် အနား မှာ ဟောရ တောင် ၌ စားခန်းချ ကြ၏။
38 Aaron the priest went up into Mount Hor at the commandment of the LORD and died there, in the fortieth year after the children of Israel had come out of the land of Egypt, in the fifth month, on the first day of the month.
၃၈ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သောနောက်၊ သက္ကရာဇ် လေးဆယ် ၊ ပဉ္စမ လ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ် အာရုန် သည် ဟောရ တောင် ပေါ်သို့ တက် ၍ အနိစ္စ ရောက်လေ၏။
39 Aaron was one hundred twenty-three years old when he died in Mount Hor.
၃၉အာရုန် သည် ဟောရ တောင် ပေါ်မှာ အနိစ္စ ရောက်သောအခါ ၊ အသက် တရာ နှစ်ဆယ် သုံး နှစ် ရှိသတည်း။
40 The Canaanite king of Arad, who lived in the South in the land of Canaan, heard of the coming of the children of Israel.
၄၀ခါနာန် ပြည် တောင် ပိုင်း၌ နေ သောခါနနိ ရှင်ဘုရင် အာရဒ် သည် ဣသရေလ အမျိုးသား ရောက် ကြောင်းကို ကြား လေ၏။
41 They traveled from Mount Hor, and encamped in Zalmonah.
၄၁သူတို့သည် ဟောရ တောင် မှ ပြောင်း ၍ ၊ ဇာလမောန အရပ်၌ စားခန်းချ ကြ၏။
42 They traveled from Zalmonah, and encamped in Punon.
၄၂ဇာလမောန အရပ်မှ ပြောင်း ၍ ပုနုန် အရပ်၌ စားခန်းချ ကြ၏။
43 They traveled from Punon, and encamped in Oboth.
၄၃ပုနုန် အရပ်မှ ပြောင်း ၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။
44 They traveled from Oboth, and encamped in Iye Abarim, in the border of Moab.
၄၄ဩဗုတ် အရပ်မှ ပြောင်း ၍ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။
45 They traveled from Iyim, and encamped in Dibon Gad.
၄၅ဣဇာဗာရိမ်အရပ်မှ ပြောင်း ၍ ဒိဗုန် ဂဒ် အရပ်၌ စားခန်းချ ကြ၏။
46 They traveled from Dibon Gad, and encamped in Almon Diblathaim.
၄၆ဒိဗုန် ဂဒ် အရပ်မှ ပြောင်း ၍ အာလမုန်ဒိဗလသိမ် အရပ်၌ စားခန်းချ ကြ၏။
47 They traveled from Almon Diblathaim, and encamped in the mountains of Abarim, before Nebo.
၄၇အာလမုန်ဒိဗလသိမ် အရပ်မှ ပြောင်း ၍ နေဗော တောင်ရှေ့တွင် အာဗရိမ် တောင်ရိုး ၌ စားခန်းချ ကြ၏။
48 They traveled from the mountains of Abarim, and encamped in the plains of Moab by the Jordan at Jericho.
၄၈အာဗရိမ် တောင်ရိုး မှ ပြောင်း ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စားခန်းချ ကြ၏။
49 They encamped by the Jordan, from Beth Jeshimoth even to Abel Shittim in the plains of Moab.
၄၉ထိုသို့ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နားမှာ ဗက်ယေရှိမုတ် မြို့မှ အာဗေလရှိတ္တိမ် မြို့ တိုင်အောင် စားခန်းချ ကြ၏။
50 The LORD spoke to Moses in the plains of Moab by the Jordan at Jericho, saying,
၅၀မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား၊ ယေရိခေါ မြို့ တဘက်၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်၍၊
51 Speak to the children of Israel, and tell them, “When you pass over the Jordan into the land of Canaan,
၅၁သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
52 then you shall drive out all the inhabitants of the land from before you, destroy all their stone idols, destroy all their molten images, and demolish all their high places.
၅၂ထိုပြည်သူ ပြည်သားအပေါင်း တို့ကို နှင်ထုတ် ရကြမည်။ သူ တို့ရေး သော အရုပ်၊ သွန်း သော ရုပ်တု ဆင်းတုရှိသမျှ တို့ကို ဖျက် ရကြမည်။ သူ တို့လုပ်သော ကုန်း ရှိသမျှ တို့ ကို ဖြိုချ ရကြမည်။
53 You shall take possession of the land, and dwell therein; for I have given the land to you to possess it.
၅၃ထိုပြည် ကို သင် တို့အား ငါအပိုင် ပေး သောကြောင့် ၊ ထိုပြည်သားတို့ကို နှင်ထုတ် ၍ သင်တို့ကိုယ်တိုင်နေ ရကြမည်။
54 You shall inherit the land by lot according to your families; to the larger groups you shall give a larger inheritance, and to the smaller you shall give a smaller inheritance. Wherever the lot falls to any man, that shall be his. You shall inherit according to the tribes of your fathers.
၅၄သင် တို့အဆွေအမျိုး တို့အား စာရေးတံချ ၍ ထိုမြေ ကို ဝေ ရမည်။ လူများ လျှင်များ သောမြေ၊ လူနည်း လျှင် နည်း သောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံ ကျ သည်အတိုင်း၊ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။
55 “But if you do not drive out the inhabitants of the land from before you, then those you let remain of them will be like pricks in your eyes and thorns in your sides. They will harass you in the land in which you dwell.
၅၅သင်တို့သည် ထိုပြည်သူ ပြည်သားတို့ကို အကုန်အစင် မ နှင်ထုတ် လျှင် ၊ ကျန်ကြွင်း သောသူတို့ သည် သင် တို့မျက်စိ ၌ အပ် ဖျားကဲ့သို့ ၎င်း ၊ သင် တို့နံဘေး ၌ ဆူး ကဲ့သို့ ၎င်း ဖြစ်၍၊ သင် တို့နေ သောပြည် မှာ သင် တို့ကို နှောင့်ရှက် ကြလိမ့်မည်။
56 It shall happen that as I thought to do to them, so I will do to you.”
၅၆ထိုမှတပါး ၊ သူ တို့အား ငါကြံစည် သည်အတိုင်း သင် တို့ကို ငါပြု မည်ဟု မိန့် တော်မူ၏။

< Numbers 33 >