< Numbers 23 >

1 Balaam said to Balak, “Build here seven altars for me, and prepare here seven bulls and seven rams for me.”
ထိုအခါ ဗာလမ် က၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်း အား ဆို သည်အတိုင်း ၊
2 Balak did as Balaam had spoken; and Balak and Balaam offered on every altar a bull and a ram.
ဗာလက် မင်းသည် ပြု ပြီးလျှင် ၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင် တခုတခုအပေါ် မှာနွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် ကြ၏။
3 Balaam said to Balak, “Stand by your burnt offering, and I will go. Perhaps the LORD will come to meet me. Whatever he shows me I will tell you.” He went to a bare height.
ဗာလမ် ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာရပ် လော့။ ငါသည် အခြားတပါးသို့ သွား ပါမည်။ ထာဝရဘုရား သည် ငါ့ ကို ကြိုဆို ခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့ အား ပြ တော်မူသမျှကို မင်းကြီးအား ငါကြားပြော ပါမည်ဟု ဗာလက် မင်းအား ဆို ပြီးမှ ကုန်း တခုပေါ်သို့ တက် သွား၏။
4 God met Balaam, and he said to him, “I have prepared the seven altars, and I have offered up a bull and a ram on every altar.”
ဘုရားသခင် သည် ဗာလမ် ကို ကြိုဆို တော်မူလျှင် ၊ ဗာလမ်က အကျွန်ုပ် သည် ယဇ်ပလ္လင် ခုနစ် ခုကို ပြင်ဆင်၍ ပလ္လင် တခုတခုအပေါ် မှာ နွားထီး တကောင်စီနှင့် သိုးထီး တကောင်စီကို ပူဇော် ပါပြီဟု လျှောက် လေ၏။
5 The LORD put a word in Balaam’s mouth, and said, “Return to Balak, and thus you shall speak.”
ထာဝရဘုရား သည် ဗာလမ် နှုတ် ၌ စကား ကို ထား လျက် ၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
6 He returned to him, and behold, he was standing by his burnt offering, he, and all the princes of Moab.
ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် အပေါင်း တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ်နား မှာ ရပ် နေ၏။
7 He took up his parable, and said, “From Aram has Balak brought me, the king of Moab from the mountains of the East. Come, curse Jacob for me. Come, defy Israel.
ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ မောဘ ရှင်ဘုရင် ဗာလက် က၊ လာ ပါ။ ငါ့ အဘို့ ယာကုပ် အမျိုးကို ကျိန်ဆဲ ပါ။ လာ ပါ။ ဣသရေလ အမျိုးကို ပျက်စီး ခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ ကို အာရံ ပြည်အရှေ့ တောင်ရိုး မှ ဆောင် ခဲ့ပြီ။
8 How shall I curse whom God has not cursed? How shall I defy whom the LORD has not defied?
ဘုရားသခင် ကျိန်ဆဲ တော်မ မူသောသူကို အဘယ်သို့ ငါကျိန်ဆဲ နိုင်မည်နည်း။ ဘုရားသခင် သည် ပျက်စီး ခြင်းသို့ အပ်တော်မ မူသောသူကို အဘယ်သို့ ငါအပ် နိုင်မည်နည်း။
9 For from the top of the rocks I see him. From the hills I see him. Behold, it is a people that dwells alone, and shall not be listed among the nations.
ကျောက် ပေါ် က သူ့ ကို ငါမြင် ၏။ တောင် ပေါ်က သူ့ ကို ငါကြည့်ရှု ၏။ ထိုလူမျိုး သည် တမျိုးတည်း နေ၍ အခြား တပါးသော လူမျိုးတို့နှင့် မ ရောနှော ရ။
10 Who can count the dust of Jacob, or count the fourth part of Israel? Let me die the death of the righteous! Let my last end be like his!”
၁၀ယာကုပ် အမျိုးမြေမှုန့် ကို အဘယ်သူ ရေတွက် နိုင်သနည်း။ ဣသရေလ အမျိုးလေးစုတစု ကိုမျှ အဘယ်သူ ရေတွက်နိုင်သနည်း။ ဖြောင့်မတ် သောသူသေ သကဲ့သို့ငါ သေ ပါစေသော။ ငါ့ အဆုံး သည် သူ ၏အဆုံးကဲ့သို့ ဖြစ် ပါစေသောဟု မြွက်ဆို ၏။
11 Balak said to Balaam, “What have you done to me? I took you to curse my enemies, and behold, you have blessed them altogether.”
၁၁ဗာလက် မင်းကလည်း ၊ သင်သည် ငါ၌ အဘယ်သို့ ပြု သနည်း။ ငါ ၏ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ် အား ဆို လျှင် ၊
12 He answered and said, “Must I not take heed to speak that which the LORD puts in my mouth?”
၁၂ဗာလမ်က၊ ထာဝရဘုရား သည် ငါ့ နှုတ် ၌ ထား တော်မူသောစကားကို ပြော ရအောင် ငါသတိမ ပြုရ သလော ဟုပြန် ဆို၏။
13 Balak said to him, “Please come with me to another place, where you may see them. You shall see just part of them, and shall not see them all. Curse them from there for me.”
၁၃ဗာလက် မင်းကလည်း ၊ ဣသရေလအမျိုးသားအပေါင်း တို့ကို တပြိုင်နက်မ မြင် ရဘဲ တပိုင်း ကိုမျှသာ ကြည့်မြင် ရာ၊ အခြား သောအရပ် သို့ ငါ နှင့်အတူ လိုက် ပါ လော့။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု ဆို လျက်၊
14 He took him into the field of Zophim, to the top of Pisgah, and built seven altars, and offered up a bull and a ram on every altar.
၁၄ပိသဂါ တောင်ပေါ် ၊ ဇောဖိမ် လယ်ပြင် သို့ ဆောင် သွား၍ ယဇ်ပလ္လင် ခုနစ် ခုကို တည်ပြီးမှ၊ ပလ္လင် တခု တခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။
15 He said to Balak, “Stand here by your burnt offering, while I meet God over there.”
၁၅ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာ ရပ် လော့။ ငါ သည် ထာဝရဘုရားကို ခရီးဦးကြိုပြု ခြင်းငှါအခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို ၏။
16 The LORD met Balaam, and put a word in his mouth, and said, “Return to Balak, and say this.”
၁၆ထာဝရဘုရား သည် ဗာလမ် ကို ကြိုဆို ၍ သူ ၏ နှုတ် ၌ စကား ကိုထား လျက်၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
17 He came to him, and behold, he was standing by his burnt offering, and the princes of Moab with him. Balak said to him, “What has the LORD spoken?”
၁၇ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ် နား မှာ ရပ် နေလျက်၊ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟုမေး လေ၏။
18 He took up his parable, and said, “Rise up, Balak, and hear! Listen to me, you son of Zippor.
၁၈ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ အိုဇိဖေါ် သား ဗာလက် မင်း၊ ထ လော့။ ငါ့ စကားကို စေ့စေ့နားထောင် လော့။
19 God is not a man, that he should lie, nor a son of man, that he should repent. Has he said, and he will not do it? Or has he spoken, and he will not make it good?
၁၉ဘုရားသခင် သည် မုသာ စကားကို ပြောအံ့သောငှါ လူ ဖြစ်တော်မူသည်မ ဟုတ်။ နောင်တရ အံ့သောငှါ လူ သား ဖြစ်တော်မူသည်မဟုတ်။ မိန့် တော်မူပြီးမှ ၊ စကားတော်အတိုင်း မ ပြု ဘဲ နေတော်မူမည်လော။ ဂတိ ထားတော်မူပြီးမှ ၊ ဂတိတော်မ တည် ဘဲနေတော်မူမည်လော။
20 Behold, I have received a command to bless. He has blessed, and I cannot reverse it.
၂၀ကောင်းကြီး ပေးရမည်အကြောင်း၊ အမိန့်တော် ကို ငါခံရ ပြီ။ ဘုရားသခင်ကောင်းကြီး ပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမ ဖျက် နိုင်။
21 He has not seen iniquity in Jacob. Neither has he seen perverseness in Israel. The LORD his God is with him. The shout of a king is among them.
၂၁ယာကုပ် အမျိုးကို ညှဉ်းဆဲ သောအမှု၊ ဣသရေလ အမျိုးတဘက်၌ ပြုသောနှောင့်ရှက် ခြင်းအမှုကို ဘုရားသခင် သည် ကြည့်ရှု ၍ နေတော်မ မူ။ သူ တို့ ဘုရားသခင် ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင် ကြွေးကြော် ခြင်းအသံကို သူ တို့တွင် ကြားရ၏။
22 God brings them out of Egypt. He has as it were the strength of the wild ox.
၂၂ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။
23 Surely there is no enchantment with Jacob; neither is there any divination with Israel. Now it shall be said of Jacob and of Israel, ‘What has God done!’
၂၃အကယ်စင်စစ် ယာကုပ် အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့်မ နိုင်ရာ။ ဣသရေလ အမျိုးကို အဘယ်သူမျှမ ပြုစား ရာ။ ဘုရားသခင် သည် အဘယ်သို့ ပြု တော်မူပြီတကားဟု ယခု ကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလ အမျိုးကို ရည်ဆောင် လျက် ဆို လေ့ရှိ လိမ့်မည်။
24 Behold, a people rises up as a lioness. As a lion he lifts himself up. He shall not lie down until he eats of the prey, and drinks the blood of the slain.”
၂၄ဤလူမျိုး သည်၊ ခြင်္သေ့ ကဲ့သို့ ထ လိမ့်မည်။ ခြင်္သေ့ပျို ကဲ့သို့ ထွက် လိမ့်မည်။ ဘမ်းမိ သော အကောင်ကို မ စား မှီ၊ သတ် အပ်သော တိရစ္ဆာန်အသွေး ကို မသောက် မှီ တိုင်အောင်ငြိမ်ဝပ် စွာမ နေဟု မြွက်ဆို၏။
25 Balak said to Balaam, “Neither curse them at all, nor bless them at all.”
၂၅ဗာလက် မင်းကလည်း ၊ သူ တို့ကို အလျှင်း မ ကျိန်ဆဲ ပါနှင့်။ ကောင်းကြီး ကိုလည်း အလျှင်း မ ပေးပါနှင့်ဟု ဗာလမ် အား ဆို လျှင် ၊
26 But Balaam answered Balak, “Did not I tell you, saying, ‘All that the LORD speaks, that I must do’?”
၂၆ဗာလမ်က၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ငါပြု ရပါမည်ဟု မင်းကြီး အား အရင်ပြော နှင့်ပြီ မ ဟုတ်လော ဟု ဗာလက် မင်းအား ပြန်ပြော ၏။
27 Balak said to Balaam, “Come now, I will take you to another place; perhaps it will please God that you may curse them for me from there.”
၂၇တဖန် ဗာလက် မင်းက၊ လာ ပါတော့။ အခြား သော အရပ် သို့ ဆောင် သွားပါမည်။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ စေခြင်းငှါဘုရားသခင် အလို တော်ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ် အား ဆို လျက်၊
28 Balak took Balaam to the top of Peor, that looks down on the desert.
၂၈ယေရှိမုန် မြို့ကို မျက်နှာပြု သော ပေဂုရ တောင်ထိပ် သို့ ဆောင် သွားလေ၏။
29 Balaam said to Balak, “Build seven altars for me here, and prepare seven bulls and seven rams for me here.”
၂၉ဗာလမ် ကလည်း ၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်းအား ဆို သည်အတိုင်း ၊
30 Balak did as Balaam had said, and offered up a bull and a ram on every altar.
၃၀ဗာလက် မင်းသည်ပြု ၍ ၊ ယဇ်ပလ္လင် တခုတခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။

< Numbers 23 >