< Numbers 22 >

1 The children of Israel traveled, and encamped in the plains of Moab beyond the Jordan at Jericho.
တဖန် ဣသရေလ အမျိုးသား တို့သည် ခရီးသွား ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ တဲ ဆောက်ကြ၏။
2 Balak the son of Zippor saw all that Israel had done to the Amorites.
အာမောရိ အမျိုးသားတို့၌ ပြု ကြသော အမှုအလုံးစုံ ကို၊ ဇိဖေါ် သား ဗာလက် မင်းသိမြင် လျှင် ၊
3 Moab was very afraid of the people, because they were many. Moab was distressed because of the children of Israel.
ဣသရေလ အမျိုးသား တို့သည် များပြား သောကြောင့် ၊ မောဘ ပြည်သားတို့သည် အလွန် ကြောက်ရွံ့ ကြ၍ ၊
4 Moab said to the elders of Midian, “Now this multitude will lick up all that is around us, as the ox licks up the grass of the field.” Balak the son of Zippor was king of Moab at that time.
နွား သည် မြက်ပင် ကို လှမ်း ၍ စားသကဲ့သို့ ဤအလုံးအရင်း သည် ငါ တို့ပတ်လည် ၌ ရှိသမျှ ကို လှမ်း ၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန် ပြည်သားအသက်ကြီး သူတို့အား ဆို ကြ၏။ ထို အခါ ဇိဖေါ် သား ဗာလက် သည်၊ မောဘ ရှင်ဘုရင် ဖြစ်သည်နှင့်၊
5 He sent messengers to Balaam the son of Beor, to Pethor, which is by the River, to the land of the children of his people, to call him, saying, “Behold, there is a people who came out of Egypt. Behold, they cover the surface of the earth, and they are staying opposite me.
အမ္မုန်ပြည်၌ စီးသောမြစ် ၏အနား မှာရှိသော ပေသော် မြို့နေ ဗောရ သား ဗာလမ် ကို ခေါ်ပင့် ခြင်းငှါ ၊ သံတမန် တို့ကို စေလွှတ် ၍၊ အဲဂုတ္တု ပြည်မှ ရောက်လာ သော လူ တမျိုးသည် မြေ မျက်နှာ ကို ဖုံးလွှမ်း လျက် ငါ့ အနား ၌ နေရာ ချကြပြီ။
6 Please come now therefore, and curse this people for me; for they are too mighty for me. Perhaps I shall prevail, that we may strike them, and that I may drive them out of the land; for I know that he whom you bless is blessed, and he whom you curse is cursed.”
သို့ဖြစ်၍ ၊ ကြွလာ ပါ။ ဤ လူမျိုး သည် ငါ့ ထက် အားကြီး သောကြောင့် သူတို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင် သူ တို့ကို ငါတိုက် ၍ ငါ့ပြည် မှ နှင်ထုတ် နိုင် ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီး ပေးသောသူ သည် ကောင်းကြီး မင်္ဂလာခံရသည်ကို၎င်း ၊ ကိုယ်တော်ကျိန်ဆဲ သောသူ သည် ကျိန်ဆဲ အပ်သောသူဖြစ်သည်ကို၎င်းငါသိ သည်ဟု မှာလိုက်လေ၏။
7 The elders of Moab and the elders of Midian departed with the rewards of divination in their hand. They came to Balaam, and spoke to him the words of Balak.
မောဘ ပြည်သားအသက်ကြီး သူတို့နှင့် မိဒျန် ပြည်သားအသက်ကြီး သူတို့သည် ပြုစား ခြင်းလက်ဆောင်ပါလျက်သွား ၍ ၊ ဗာလမ် ထံသို့ ရောက် သောအခါ ၊ ဗာလက် မင်းစကား ကို ကြားလျှောက် လေ၏။
8 He said to them, “Lodge here this night, and I will bring you word again, as the LORD shall speak to me.” The princes of Moab stayed with Balaam.
ဗာလမ်က၊ ယနေ့ည မှာ ဤ အရပ်၌နေ ကြပါဦး။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ငါပြန် ပြောမည်ဟု ဆို လျှင် ၊ မောဘ အရာရှိ တို့သည် ဗာလမ် ထံမှာ နေ ကြ၏။
9 God came to Balaam, and said, “Who are these men with you?”
ဘုရားသခင် သည် ဗာလမ် ရှိရာသို့ လာ ၍ ၊ သင် ၌ ရှိသောဤ လူ တို့သည် အဘယ်သူ နည်းဟုမေး တော်မူလျှင်၊
10 Balaam said to God, “Balak the son of Zippor, king of Moab, has said to me,
၁၀ဗာလမ် က၊ မောဘ ရှင်ဘုရင် ဇိဖေါ် သား ဗာလက် သည် အကျွန်ုပ် ဆီသို့ လူကို စေလွှတ် ၍၊
11 ‘Behold, the people that has come out of Egypt covers the surface of the earth. Now, come curse them for me. Perhaps I shall be able to fight against them, and shall drive them out.’”
၁၁အဲဂုတ္တု ပြည်မှ ရောက်လာ သောလူ အများ သည်၊ မြေ မျက်နှာ ကို ဖုံးလွှမ်း လျက်နေကြပြီ။ သို့ဖြစ်၍ကြွလာ ပါ။ ဤလူမျိုးကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင်၊ သူ တို့ကို ငါတိုက် ၍ နှင်ထုတ် နိုင် ကောင်းနှင်ထုတ်နိုင်လိမ့်မည် ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင် အား လျှောက်ဆို ၏။
12 God said to Balaam, “You shall not go with them. You shall not curse the people, for they are blessed.”
၁၂ဘုရားသခင် ကလည်း၊ သင်သည် ဤလူ တို့နှင့်အတူ မ လိုက် မသွားရ။ ထိုလူမျိုး ကို မ ကျိန်ဆဲ ရ။ ကောင်းကြီး မင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ် အား မိန့် တော်မူ၏။
13 Balaam rose up in the morning, and said to the princes of Balak, “Go to your land; for the LORD refuses to permit me to go with you.”
၁၃နံနက် ရောက်မှ၊ ဗာလမ် သည် ထ ၍ သင်တို့သည် ကိုယ် ပြည် သို့ ပြန်သွား ကြပါလော့။ သင် တို့နှင့်အတူ ငါလိုက်ရသောအခွင့် ကို ထာဝရဘုရား ပေးတော်မ မူဟု ဗာလက် မင်းစေလွှတ်သော အရာရှိ တို့အား ပြန်ပြော လေ၏။
14 The princes of Moab rose up, and they went to Balak, and said, “Balaam refuses to come with us.”
၁၄ထိုအခါ မောဘ ပြည်အရာရှိ တို့သည် ဗာလက် မင်းထံသို့ ပြန် သွား၍ ၊ ဗာလမ် သည် ကျွန်တော် တို့နှင့်အတူ မ လိုက် လိုပါဟု လျှောက် ကြ၏။
15 Balak again sent princes, more, and more honorable than they.
၁၅တဖန် ဗာလက် မင်းသည်၊ အရင်ထက် အရေအတွက်အားဖြင့်များ ၍ အရာအားဖြင့် ဘုန်းကြီး သော မှူးမတ် တို့ကို စေလွှတ် ပြန် သည်အတိုင်း၊
16 They came to Balaam, and said to him, “Balak the son of Zippor says, ‘Please let nothing hinder you from coming to me,
၁၆သူတို့သည် ဗာလမ် ထံသို့ ရောက်လာ ၍ ဇိဖေါ် သား ဗာလက် မင်းက၊ ကိုယ်တော်သည် ငါ့ ထံသို့ မလာ မည် အကြောင်းအဘယ်အဆီးအတား မျှ မရှိပါစေနှင့်။
17 for I will promote you to very great honor, and whatever you say to me I will do. Please come therefore, and curse this people for me.’”
၁၇ငါသည် ကိုယ်တော် ကို အလွန် ချီးမြှောက် မည်။ ကိုယ်တော်တောင်း သမျှ ကို ပေး မည်။ သို့ဖြစ်၍ ကြွလာ ပါ။ ဤ လူမျိုး ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု မိန့် တော်မူကြောင်းကို ပြန်ပြော ကြ၏။
18 Balaam answered the servants of Balak, “If Balak would give me his house full of silver and gold, I cannot go beyond the word of the LORD my God, to do less or more.
၁၈ဗာလမ် ကလည်း၊ ဗာလက် မင်းသည် ရွှေ ငွေ နှင့် ပြည့် သော မိမိ နန်း တော်ကိုပင် ပေး သော်လည်း ၊ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို လွန်ကျူး ၍ အမှုအကြီး အငယ် တစုံတခုကိုမျှ ငါမ ပြု နိုင်။
19 Now therefore please stay here tonight as well, that I may know what else the LORD will speak to me.”
၁၉သို့ရာတွင် ထာဝရဘုရား သည် အဘယ်သို့ ထပ်၍ မိန့် တော်မူမည်ကို ငါသိ မည်အကြောင်း၊ ယနေ့ည မှာ ဤ အရပ်၌ နေ ကြပါဦးဟု ဗာလက် မင်းကျွန် တို့အား ပြန်ပြော ၏။
20 God came to Balaam at night, and said to him, “If the men have come to call you, rise up, go with them; but only the word which I speak to you, that you shall do.”
၂၀ည အချိန်၌ ဘုရားသခင် သည် ဗာလမ် ရှိရာသို့ လာ ၍၊ ထိုလူ တို့သည် သင့် ကိုခေါ် ခြင်းငှါ လာ လျှင် ၊ သူ တို့ နှင့်အတူ ထ ၍ လိုက် လော့။ သို့ရာတွင် ငါမှာထား သမျှ အတိုင်းသာ ပြု ရမည်ဟု မိန့် တော်မူ၏။
21 Balaam rose up in the morning, and saddled his donkey, and went with the princes of Moab.
၂၁နံနက် ရောက်မှ ဗာလမ် ထ ၍ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မောဘ အရာရှိ တို့နှင့်အတူ လိုက် လေ၏။
22 God’s anger burned because he went; and the LORD’s angel placed himself in the way as an adversary against him. Now he was riding on his donkey, and his two servants were with him.
၂၂ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် သူ့ ကို ဆီးတား ခြင်းငှါလမ်း ၌ ရပ် နေ၏။ ထိုအခါ ဗာလမ် သည် မြည်း ကို စီး ၍ ငယ်သား နှစ် ယောက်နှင့် သွား စဉ်တွင်၊
23 The donkey saw the LORD’s angel standing in the way, with his sword drawn in his hand; and the donkey turned out of the path, and went into the field. Balaam struck the donkey, to turn her into the path.
၂၃ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကို မိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို မြည်း သည် မြင် လျှင် ၊ လမ်းလွှဲ ၍ လယ် သို့ ဝင် လေ၏။ ဗာလမ် လည်း မြည်း ကို လမ်း သို့ ပြန် စေခြင်းငှါ ရိုက် လေ၏။
24 Then the LORD’s angel stood in a narrow path between the vineyards, a wall being on this side, and a wall on that side.
၂၄ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ စပျစ် ဥယျာဉ်စောင်ရန်း နှစ်ဘက်စပ်ကြား လမ်း ၌ တဖန် ရပ် နေ၏။
25 The donkey saw the LORD’s angel, and she thrust herself to the wall, and crushed Balaam’s foot against the wall. He struck her again.
၂၅ထာဝရဘုရား ၏ ကောင်းကင်တမန် ကို မြည်း သည် မြင် ပြန်သောအခါ ၊ စောင်ရန်း တဘက် ၌ တိုး ၍ ဗာလမ် ၏ခြေ ကို ဖိ လေ၏။ ဗာလမ်လည်း တဖန် ရိုက် ပြန်လေ၏။
26 The LORD’s angel went further, and stood in a narrow place, where there was no way to turn either to the right hand or to the left.
၂၆ထာဝရဘုရား ၏ ကောင်းကင်တမန် သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မ လွှဲ နိုင်အောင်ကျဉ်းမြောင်း သော အရပ် ၌ ရပ် နေ၏။
27 The donkey saw the LORD’s angel, and she lay down under Balaam. Balaam’s anger burned, and he struck the donkey with his staff.
၂၇မြည်း သည်လည်း ထာဝရဘုရား ၏ကောင်းကင်တမန် ကို မြင် ပြန်သောအခါ ၊ ဗာလမ် အောက် ၌ ဝပ် လျက် နေ၏။ ဗာလမ် သည် အမျက် ထွက် ၍ တောင်ဝေး နှင့် မြည်း ကိုရိုက် လေ၏။
28 The LORD opened the mouth of the donkey, and she said to Balaam, “What have I done to you, that you have struck me these three times?”
၂၈ထိုအခါ ထာဝရဘုရား သည် မြည်း ၏နှုတ် ကို ဖွင့် တော်မူ၍ ၊ မြည်းက သင်သည် ငါ့ ကို သုံး ကြိမ် တိုင်အောင် ရိုက် ရမည်အကြောင်း ၊ ငါသည် သင် ၌ အဘယ်သို့ ပြု ဘိသနည်းဟု ဗာလမ် အား မေး လျှင်၊
29 Balaam said to the donkey, “Because you have mocked me, I wish there were a sword in my hand, for now I would have killed you.”
၂၉ဗာလမ် က၊ သင်သည် ငါ့ ကို ကျီစား ပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထား ရှိ လျှင် သင့် ကို ယခု သတ် မည်ဟု မြည်း အား ဆို ၏။
30 The donkey said to Balaam, “Am I not your donkey, on which you have ridden all your life long until today? Was I ever in the habit of doing so to you?” He said, “No.”
၃၀မြည်း ကလည်း ၊ ငါ သည် ယနေ့ တိုင်အောင် သင် ၏အစီး ကို အစဉ် ခံရသောသင် ၏ မြည်း ဖြစ်သည်မ ဟုတ် လော။ သင် ၌ တခါမျှ ဤသို့ ငါပြု ဘူး သလော ဟုဗာလမ် အား မေး လျှင် ၊ မ ပြုဘူးဟု ပြန်ပြော ၏။
31 Then the LORD opened the eyes of Balaam, and he saw the LORD’s angel standing in the way, with his sword drawn in his hand; and he bowed his head, and fell on his face.
၃၁ထိုအခါ ထာဝရဘုရား သည် ဗာလမ် မျက်စိ ကို ဖွင့် တော်မူ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကိုမိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို ဗာလမ်သည် မြင် သဖြင့် ဦးချ ၍ ပြပ်ဝပ် လေ၏။
32 The LORD’s angel said to him, “Why have you struck your donkey these three times? Behold, I have come out as an adversary, because your way is perverse before me.
၃၂ထာဝရဘုရား ၏ကောင်းကင် တမန်ကလည်း ၊ သင် ၏မြည်း ကို သုံး ကြိမ် တိုင်အောင်အဘယ်ကြောင့် ရိုက် သနည်း။ သင်သွားသောလမ်း သည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ၊ သင့်ကို ဆီးတား ခြင်းငှါ ငါထွက်လာ ပြီ။
33 The donkey saw me, and turned away before me these three times. Unless she had turned away from me, surely now I would have killed you, and saved her alive.”
၃၃မြည်း သည် ငါ့ ကို မြင် ၍ သုံး ကြိမ် ရှောင် ခဲ့ပြီ။ ထိုသို့ မရှောင် လျှင်၊ အကယ်စင်စစ် သင့် ကိုငါသတ် ၍ မြည်း ကို အသက် ချမ်းသာပေးလေပြီဟု ဆို ၏။
34 Balaam said to the LORD’s angel, “I have sinned; for I did not know that you stood in the way against me. Now therefore, if it displeases you, I will go back again.”
၃၄ဗာလမ် ကလည်း ၊ အကျွန်ုပ်ပြစ်မှား ပါပြီ။ ကိုယ်တော် သည် လမ်း ၌ ကန့်လန့် နေ တော်မူသည်ကို အကျွန်ုပ် မ သိ ပါ။ ယခု မှာ အလို တော်မရှိလျှင် အကျွန်ုပ်ပြန် သွားပါမည် ဟု ထာဝရဘုရား ၏ ကောင်းကင် တမန်အား ဆို လျှင်၊
35 The LORD’s angel said to Balaam, “Go with the men; but you shall only speak the word that I shall speak to you.” So Balaam went with the princes of Balak.
၃၅ထာဝရဘုရား ၏ကောင်းကင် တမန်က၊ သူ တို့နှင့်အတူ လိုက် လော့။ သို့ရာတွင် ငါမှာထား သော စကား ကိုသာ ဟောပြော ရမည်ဟု ဗာလမ် အား မိန့် တော်မူ သည်အတိုင်း ၊ သူသည် ဗာလက် မင်း၏ ကျွန် တို့နှင့်အတူ လိုက် သွားလေ၏။
36 When Balak heard that Balaam had come, he went out to meet him to the City of Moab, which is on the border of the Arnon, which is in the utmost part of the border.
၃၆ဗာလမ် ရောက် သောသိတင်းကို ဗာလက် မင်း ကြား လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ၊ မောဘ ပြည် စွန်း အာနုန် ချောင်းနား မှာရှိသော မြို့တမြို့သို့ ထွက်သွား ၏။
37 Balak said to Balaam, “Did not I earnestly send for you to summon you? Why did not you come to me? Am I not able indeed to promote you to honor?”
၃၇ဗာလက် မင်းကလည်း၊ ကိုယ်တော် ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ်စေလွှတ် သည်မ ဟုတ် လော ။ အဘယ်ကြောင့် နှေး ပါသနည်း။ ကိုယ်တော် ကို ငါချီးမြှောက် နိုင် သည်မ ဟုတ်လော ဟု ဗာလမ် အား ဆို လျှင် ၊
38 Balaam said to Balak, “Behold, I have come to you. Have I now any power at all to speak anything? I will speak the word that God puts in my mouth.”
၃၈ဗာလမ် က၊ မင်းကြီး ထံသို့ ငါလာ ပါပြီ။ သို့ရာတွင်ငါသည် စကားတခွန်း ကိုမျှ ပြော ပိုင် သလော။ ငါ့ နှုတ် ၌ ဘုရားသခင် ထား တော်မူသော စကား ကိုသာ ငါပြော ပါ မည်ဟု ပြန်ပြော ပြီးမှ၊
39 Balaam went with Balak, and they came to Kiriath Huzoth.
၃၉ဗာလက် မင်းနှင့်အတူ လိုက်၍ ကိရယဿုဇုတ် မြို့သို့ ရောက် ကြ၏။
40 Balak sacrificed cattle and sheep, and sent to Balaam, and to the princes who were with him.
၄၀ဗာလက် မင်းသည်လည်း ၊ သိုး နွား တို့ကို ပူဇော် ၍ ဗာလမ် နှင့် အရာရှိ တို့အား ပေး လိုက်လေ၏။
41 In the morning, Balak took Balaam, and brought him up into the high places of Baal; and he saw from there part of the people.
၄၁နက်ဖြန် နေ့၌ ဗာလက် မင်းသည် ဗာလမ် ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင် ပြခြင်းငှါဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုး ပေါ်သို့ပို့ဆောင် လေ၏။

< Numbers 22 >