< Micah 2 >

1 Woe to those who devise iniquity and work evil on their beds! When the morning is light, they practice it, because it is in the power of their hand.
အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​လျက် မ​ကောင်း​မှု ကို​ကြံ​စည်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​အ​ခွင့် ရ​လျှင်​ရ​ခြင်း မိ​မိ​တို့​ကြံ​စည်​သည့်​မ​ကောင်း မှု​ကို​ပြု​လုပ်​တတ်​ကြ​၏။-
2 They covet fields and seize them, and houses, then take them away. They oppress a man and his house, even a man and his heritage.
သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ကို​ဖြစ်​စေ၊ လယ်​ယာ​ကို​ဖြစ်​စေ၊ တပ်​မက်​လာ​လျှင်​အ​နိုင် အ​ထက်​သိမ်း​ယူ​တတ်​ကြ​သည်။ မည်​သူ​၏​အိုး အိမ်​နှင့်​အ​မွေ​ပစ္စည်း​ဟူ​သ​မျှ​လုံ​ခြုံ​သည် ဟူ​၍​မ​ရှိ။
3 Therefore the LORD says: “Behold, I am planning against these people a disaster, from which you will not remove your necks, neither will you walk haughtily, for it is an evil time.
သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ဘေး ဒုက္ခ​ရောက်​စေ​ရန်​ငါ​စီ​ရင်​မည်။ ထို​ဘေး​ဒုက္ခ မှ​သင်​တို့​လွတ်​မြောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​မောက်​မာ​ကြွား​ဝါ နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-
4 In that day they will take up a parable against you, and lament with a doleful lamentation, saying, ‘We are utterly ruined! My people’s possession is divided up. Indeed he takes it from me and assigns our fields to traitors!’”
ထို​အ​ချိန်​ကာ​လ​ရောက်​ရှိ​လာ​သော​အ​ခါ လူ​များ​တို့​က သင်​တို့​ဘေး​ဒုက္ခ​ရောက်​ရ​ပုံ ကို​အ​ကြောင်း​ပြု​၍ ပြော​စ​မှတ်​ပြု​ကြ လိမ့်​မည်။ သင်​တို့​၏​ဘ​ဝ​အ​တွေ့​အ​ကြုံ ကို​လည်း​ဤ​သို့​ဝမ်း​နည်း​ကြေ​ကွဲ​ဖွယ် တေး​ဖွဲ့​သီ​ဆို​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လုံး​ဝ​အ​ကျိုး​နည်း​ပျက်​စီး ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို​ငါ​တို့ လက်​မှ ရုပ်​သိမ်း​၍​ရန်​သူ့​လက်​သို့​အပ်​သ​ဖြင့် ငါ​တို့​သည်​လည်း​တစ်​ပါး​ကျွန်​ဖြစ်​ရ​ချေ​ပြီ။
5 Therefore you will have no one who divides the land by lot in the LORD’s assembly.
သို့​ဖြစ်​၍​တိုင်း​ပြည်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​လက်​သို့​ပြန်​၍​အပ်​သော အ​ခါ​၌ သင်​တို့​အ​နက်​မည်​သူ​မျှ​မြေ ဝေ​စု​ကို​ရ​မည်​မ​ဟုတ်။
6 “Do not prophesy!”—they prophesy— “Do not prophesy about these things. Disgrace will not overtake us.”
လူ​တို့​က``အ​ကျွန်ုပ်​တို့​အား​တ​ရား​မ​ဟော ပါ​နှင့်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို​မ​ပြော ပါ​နှင့်၊ ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​တို့​အား အ​ရှက်​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​တော်​မူ မည်​မ​ဟုတ်​ပါ။-
7 Shall it be said, O house of Jacob, “Is the LORD’s Spirit angry? Are these his doings? Do not my words do good to him who walks blamelessly?”
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​စာ သင့်​နေ​ပြီ​ဟူ​၍​မ​ထင်​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​သည်း​မ​ခံ​နိုင်​တော့​ပြီ​လော။ ကိုယ်​တော်​သည်​ထို​သို့​ဧ​ကန်​ပြု​တော်​မူ ပါ​မည်​လော။ ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​သူ တို့​အား ကိုယ်​တော်​သည်​သ​နား​ကြင်​နာ သည့်​စ​ကား​ကို​ပြော​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​ငါ့​အား​ပြန်​၍​တ​ရား​ဟော ကြ​၏။
8 But lately my people have risen up as an enemy. You strip the robe and clothing from those who pass by without a care, returning from battle.
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ကို​ရန်​သူ​သ​ဖွယ်​တိုက် ခိုက်​ကြ​၏။ လုံ​ခြုံ​မှု​ရှိ​ရာ​နေ​အိမ်​သို့​စစ် ပွဲ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပေါ်​ရုံ​အင်္ကျီ​ကို သင်​တို့​ချွတ်​ယူ​ကြ​၏။-
9 You drive the women of my people out from their pleasant houses; from their young children you take away my blessing forever.
သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​တို့​၏​အ​မျိုး သ​မီး​များ​ကို​သူ​တို့​မြတ်​နိုး​သော​နေ​အိမ် များ​မှ​နှင်​ထုတ်​ကြ​၍ သူ​တို့​သား​သ​မီး​များ အ​နာ​ဂတ်​ကောင်း​စား​ရေး​မျှော်​လင့်​ချက် ဖြစ်​သည့် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ပျက်​ပြား​စေ​ကြ​၏။-
10 Arise, and depart! For this is not your resting place, because of uncleanness that destroys, even with a grievous destruction.
၁၀ထ​၍​ထွက်​ခွာ​ကြ​လော့။ ဤ​ပြည်​သည်​သင်​တို့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရာ​အ​ရပ်​မ​ဟုတ်​တော့​ပြီ။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ဤ​ပြည် သည်​ပျက်​စီး​ရ​လိမ့်​မည်။
11 If a man walking in a spirit of falsehood lies, saying, “I will prophesy to you of wine and of strong drink,” he would be the prophet of this people.
၁၁``သင်​တို့​တွင်​စ​ပျစ်​ရည်​နှင့် အ​ရက်​လှိုင်​လှိုင် ပေါ​များ​လိမ့်​မည်​ဟု​ငါ​ဟော​၏' ဟူ​၍​လိမ် လည်​လှည့်​ဖြား​ပြော​ဆို​တတ်​သော​ပ​ရော​ဖက် မျိုး​ကို​ဤ​သူ​တို့​နှစ်​သက်​ကြ​၏။
12 I will surely assemble all of you, Jacob. I will surely gather the remnant of Israel. I will put them together as the sheep of Bozrah, as a flock in the middle of their pasture. They will swarm with people.
၁၂``ငါ​သည်​သင်​တို့​တွင်​ကြွင်း​ကျန်​သော​ဣ​သ ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​မည်။ ခြံ သို့​ပြန်​လာ​သော​သိုး​များ​သ​ဖွယ်​သင်​တို့​ကို စု​သိမ်း​မည်။ စား​ကျက်​တွင်​သိုး​မြောက်​မြား စွာ​စု​ရုံး​ကျက်​စား​သ​ကဲ့​သို့ သင်​တို့​၏​ပြည် တွင်​တစ်​ဖန်​လူ​မြောက်​မြား​စွာ​နေ​ထိုင်​လိမ့် မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​တော်​မူ​၏။
13 He who breaks open the way goes up before them. They break through the gate, and go out. Their king passes on before them, with the LORD at their head.
၁၃သူ​တို့​အား​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ​လွတ် မြောက်​ရန် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ရှေ့ ဆောင်​လမ်း​ပြ​တော်​မူ​မည်။ သူ​တို့​သည်​မြို့ တံ​ခါး​များ​ကို​ချိုး​ဖောက်​၍​လွတ်​မြောက် လာ​ကြ​မည်။ သူ​တို့​၏​ဘုရင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သူ​တို့​ကို​ထုတ်​ဆောင်​တော် မူ​မည်။

< Micah 2 >