< Luke 18 >

1 He also spoke a parable to them that they must always pray and not give up,
လူ တို့သည် အား မ လျော့ဘဲကြိုးစား ၍ ဆုတောင်း ရ မည်အကြောင်း ကို ဥပမာ စကားအားဖြင့်မိန့် တော်မူသည်ကား၊
2 saying, “There was a judge in a certain city who did not fear God and did not respect man.
မြို့ တစ် မြို့၌ ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သော တရားသူကြီး တစ် ယောက်ရှိ ၏။
3 A widow was in that city, and she often came to him, saying, ‘Defend me from my adversary!’
ထို မြို့ ၌ နေ သော မုတ်ဆိုးမ တစ်ယောက်သည် တရားသူကြီး ထံသို့ သွား ၍ ၊ ကျွန်မ ရန်ဘက် ကို လက်စားချေ လောက်အောင်အပြစ်အလျောက် ဒဏ် စီရင်ပါဟု တောင်းပန် သော်လည်း၊
4 He would not for a while; but afterward he said to himself, ‘Though I neither fear God nor respect man,
တရား မ စီရင်ဘဲ ကြာမြင့် စွာနေ၏။ ထိုနောက် တရားသူကြီး က၊ ငါသည် ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သောသူ ဖြစ် သော်လည်း ၊
5 yet because this widow bothers me, I will defend her, or else she will wear me out by her continual coming.’”
ဤ မုတ်ဆိုးမ သည် ငါ့ ကိုနှောင့်ရှက် သောကြောင့် သူ့ ဘက်၌ တရားစီရင် မည်။ သို့မဟုတ် အစဉ် လာ ၍ ငါ့ ကို ပင်ပန်း စေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။
6 The Lord said, “Listen to what the unrighteous judge says.
မတရား သော ထိုတရားသူကြီး ၏ အကြံကိုမှတ် ကြလော့။
7 Will not God avenge his chosen ones who are crying out to him day and night, and yet he exercises patience with them?
ဘုရားသခင် ရွေးကောက် တော်မူသောသူ တို့သည်ညဉ့် နေ့ မပြတ်အော်ဟစ် ၍ တောင်းလျှောက် လျှင်၊ ဘုရားသခင်သည် သူ တို့ဘက်၌ တရား မ စီရင်ဘဲ နေ တော်မူမည်လော။ ကြာမြင့်စွာသည်းခံ တော်မူမည်လော။
8 I tell you that he will avenge them quickly. Nevertheless, when the Son of Man comes, will he find faith on the earth?”
ငါ ဆိုသည်ကား ၊ သူ တို့ဘက်၌ အလျင်အမြန် တရား စီရင်တော်မူမည်။ သို့သော်လည်း လူ သား သည် ကြွလာ သောအခါ ယုံကြည် ခြင်းကို မြေကြီး ပေါ်မှာ တွေ့ မည်လော ဟု သခင်ဘုရားသည် မိန့် တော်မူ၏။
9 He also spoke this parable to certain people who were convinced of their own righteousness, and who despised all others:
ကိုယ် ကုသိုလ် ကို အမှီပြု ၍ သူတစ်ပါး ကို မထီမဲ့မြင် ပြု တတ်သောသူ အချို့ တို့အား မိန့် တော်မူသော ဥပမာ ကား ၊
10 “Two men went up into the temple to pray; one was a Pharisee, and the other was a tax collector.
၁၀လူ နှစ် ယောက်တို့သည် ဆုတောင်း ပဌနာပြုခြင်းငှာဗိမာန် တော်ပေါ်သို့ တက် ကြ၏။ တစ် ယောက်ကား ဖာရိရှဲ ဖြစ်၏။ တစ် ယောက်ကား အခွန်ခံ ဖြစ်၏။
11 The Pharisee stood and prayed by himself like this: ‘God, I thank you that I am not like the rest of men: extortionists, unrighteous, adulterers, or even like this tax collector.
၁၁ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။
12 I fast twice a week. I give tithes of all that I get.’
၁၂အကျွန်ုပ် သည် ခုနှစ်ရက်တွင် နှစ် ရက်အစာရှောင် ပါ၏။ ဥစ္စာရှိသမျှ တို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ဆုတောင်း ပဌနာပြု၏။
13 But the tax collector, standing far away, would not even lift up his eyes to heaven, but beat his chest, saying, ‘God, be merciful to me, a sinner!’
၁၃အခွန်ခံ မူကား ၊ အဝေး ကရပ် ၍ ကောင်းကင် သို့ မ မျှော် မကြည့်ဝံ့ ဘဲ ရင်ပတ် ကိုခက် လျက် ၊ အို ဘုရားသခင် ၊ အပြစ် များသော အကျွန်ုပ် ကို သနား ခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်း လေ၏။
14 I tell you, this man went down to his house justified rather than the other; for everyone who exalts himself will be humbled, but he who humbles himself will be exalted.”
၁၄ငါဆို သည်ကား၊ ထိုသူ သည် အပြစ် ပြေလျက် မိမိ အိမ် သို့ ပြန်သွား ၏။ ဖာရိရှဲ မူကား အပြစ်မပြေ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကား ၊ နှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သောသူ မည်သည်ကား၊ ချီးမြှောက် ခြင်းသို့ရောက်လတံ့ ဟု မိန့် တော်မူ၏။
15 They were also bringing their babies to him, that he might touch them. But when the disciples saw it, they rebuked them.
၁၅ထိုအခါ သူငယ် တို့ကို လက်တော်နှင့်တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ကို တပည့် တော်တို့သည် မြင် လျှင် အပြစ်တင် ကြ၏။
16 Jesus summoned them, saying, “Allow the little children to come to me, and do not hinder them, for God’s Kingdom belongs to such as these.
၁၆ယေရှု သည် ထိုသူငယ် တို့ကို ခေါ် တော်မူ၍ ငါ့ ထံသို့ လာ ပါလေစေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏ နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် ၏။
17 Most certainly, I tell you, whoever does not receive God’s Kingdom like a little child, he will in no way enter into it.”
၁၇ငါ အမှန် ဆိုသည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံ မယူ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူ၏။
18 A certain ruler asked him, saying, "Good Teacher, what shall I do to inherit consummate (aiōnios g166) life?"
၁၈အရာရှိ တစ် ယောက်က၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေခံ ရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု မေး လျှောက် သော်၊ (aiōnios g166)
19 Jesus asked him, “Why do you call me good? No one is good, except one: God.
၁၉ယေရှု က၊ ငါ့ ကို ကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။
20 You know the commandments: ‘Do not commit adultery,’ ‘Do not murder,’ ‘Do not steal,’ ‘Do not give false testimony,’ ‘Honor your father and your mother.’”
၂၀သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကို မ ပြစ်မှားနှင့်။ လူအသက်ကိုမသတ် နှင့်။ သူ့ဥစ္စာကိုမ ခိုး နှင့်။ မမှန် သော သက်သေကို မ ခံနှင့်။ မိဘ ကို ရိုသေ စွာပြုလော့ ဟု မိန့် တော်မူလျှင် ၊
21 He said, “I have observed all these things from my youth up.”
၂၁အရှင်ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို ငယ် သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက် ပါပြီဟု လျှောက် ပြန်သည်ကို ယေရှု သည်ကြား လျှင် သင် သည် တစ်ခု လို သေး ၏။
22 When Jesus heard these things, he said to him, “You still lack one thing. Sell all that you have and distribute it to the poor. Then you will have treasure in heaven; then come, follow me.”
၂၂ကိုယ် ဥစ္စာ ရှိသမျှ ကို ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေးဝေ လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
23 But when he heard these things, he became very sad, for he was very rich.
၂၃ထိုသူသည် များစွာ သောဥစ္စာ ကို ရတတ်သောသူဖြစ် ၍ ၊ ထို စကားကိုကြား လျှင် အလွန်စိတ်မသာ သည် နှင့် သွား လေ၏။
24 Jesus, seeing that he became very sad, said, “How hard it is for those who have riches to enter into God’s Kingdom!
၂၄ထိုသို့ စိတ်မသာ သည်ကို ယေရှု သည် မြင် တော်မူလျှင် ၊ ဥစ္စာ ရ တတ်သောသူ သည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။
25 For it is easier for a camel to enter in through a needle’s eye than for a rich man to enter into God’s Kingdom.”
၂၅ကုလားအုပ် သည် အပ် နဖား ကို လျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု မိန့် တော်မူ၏။
26 Those who heard it said, “Then who can be saved?”
၂၆ကြား သောသူ တို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
27 But he said, “The things which are impossible with men are possible with God.”
၂၇ကိုယ်တော်ကလည်း ၊ လူ မ တတ်နိုင်သောအမှု ကို ဘုရားသခင် တတ်နိုင်တော်မူ သည် ဟု မိန့် တော်မူ၏။
28 Peter said, “Look, we have left everything and followed you.”
၂၈ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီဟု လျှောက် လေသော်၊
29 He said to them, “Most certainly I tell you, there is no one who has left house, or wife, or brothers, or parents, or children, for God’s Kingdom’s sake,
၂၉ကိုယ်တော် က၊ ငါ အမှန် ဆိုသည်ကား ၊ အကြင်သူ သည် ဘုရားသခင် ၏ နိုင်ငံ တော်ကြောင့် ၊ အိမ်ရာ ၊ မိဘ ၊ ညီအစ်ကို ၊ သား မယား တည်းဟူသောတစ်ပါးပါးကို စွန့် ၏။
30 who will not receive many times more in this time, and in the age (aiōn g165) to come, consummate (aiōnios g166) life."
၃၀ထိုသူ သည် ယခု ကာလ ၌ အဆများစွာ သောအကျိုးကို၎င်း ၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့ ဟု မိန့် တော်မူ၏။ (aiōn g165, aiōnios g166)
31 He took the twelve aside and said to them, “Behold, we are going up to Jerusalem, and all the things that are written through the prophets concerning the Son of Man will be completed.
၃၁ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို ခေါ် ၍၊ ငါတို့သည် ယေရုရှလင် မြို့သို့ ယခု သွား ကြ၏။ ပရောဖက် များ ရေးမှတ် သမျှ သည် လူ သား ၌ ပြည့်စုံ ရလိမ့်မည်။
32 For he will be delivered up to the Gentiles, will be mocked, treated shamefully, and spit on.
၃၂တစ်ပါး အမျိုးသားတို့လက်သို့အပ်နှံ ခြင်း၊ ပြက်ယယ်ပြု ခြင်း၊ ညှဉ်းဆဲ ခြင်း၊ တံတွေး နှင့် ထွေးခြင်းကို ခံရလိမ့်မည်။
33 They will scourge and kill him. On the third day, he will rise again.”
၃၃သူတို့သည် လူသား ကို ရိုက်ပုတ် ၍ သတ် ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
34 They understood none of these things. This saying was hidden from them, and they did not understand the things that were said.
၃၄ထို စကားတော်တစ်ခွန်း ကိုမျှ တပည့် တော်တို့သည်နား မလည်ကြ။ ထို အကြောင်း အရာသည် ဝှက်ထား လျက် ရှိ သည်ဖြစ်၍ မိန့် တော်မူချက်အနက် ကို မ ရိပ်မိ ကြ။
35 As he came near Jericho, a certain blind man sat by the road, begging.
၃၅ယေရိခေါ မြို့အနီး ၌ ရှိတော်မူစဉ် တွင်၊ လူကန်း တစ် ယောက်သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ၏။
36 Hearing a multitude going by, he asked what this meant.
၃၆ထို လူကန်းသည် လမ်း၌ လူ များသွား သံကို ကြား လျှင် အဘယ်သို့ ဖြစ် သနည်းဟုမေး ၏။
37 They told him that Jesus of Nazareth was passing by.
၃၇နာဇရက် မြို့သားယေရှု ကြွသွား ကြောင်း ကို သူတစ်ပါးပြော လျှင် ၊
38 He cried out, “Jesus, you son of David, have mercy on me!”
၃၈ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
39 Those who led the way rebuked him, that he should be quiet; but he cried out all the more, “You son of David, have mercy on me!”
၃၉ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ ရှေ့ တော်၌ သွားသောသူ တို့သည်ငေါက် ၍ ဆိုကြသော်လည်း၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြလေ၏။
40 Standing still, Jesus commanded him to be brought to him. When he had come near, he asked him,
၄၀ယေရှု သည်လည်းရပ် တော်မူလျက်၊ ထိုသူ ကို ခေါ် ခဲ့ဟု အမိန့် တော်ရှိ၏။ လူကန်း သည် အထံ တော်သို့ ချဉ်းကပ် ပြီးမှ ၊ သင် ၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊
41 “What do you want me to do?” He said, “Lord, that I may see again.”
၄၁သခင် ၊ အကျွန်ုပ် မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လျှောက် လေသော်၊
42 Jesus said to him, “Receive your sight. Your faith has healed you.”
၄၂ယေရှု က၊ မျက်စိမြင် စေ။ သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်မ ပြီ ဟုမိန့် တော်မူ၏။
43 Immediately he received his sight and followed him, glorifying God. All the people, when they saw it, praised God.
၄၃ထိုခဏခြင်း တွင် ထိုသူ သည် မျက်စိ မြင်၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းလျက် နောက် တော်သို့ လိုက်လေ၏။ လူ အပေါင်း တို့သည် မြင် လျှင် ဘုရားသခင် ကို အံ့ဩချီးမွမ်း ကြ၏။

< Luke 18 >