< Judges 21 >

1 Now the men of Israel had sworn in Mizpah, saying, “None of us will give his daughter to Benjamin as a wife.”
ဣသရေလ အမျိုးသား တို့သည် အဘယ်သူ မျှမိမိ သမီး ကို ဗင်္ယာမိန် အမျိုးသား၌ မ ပေးစား ရမည်အကြောင်း၊ မိဇပါ မြို့မှာ ကျိန်ဆို ခြင်းကို ပြုနှင့်ကြပြီ။
2 The people came to Bethel and sat there until evening before God, and lifted up their voices, and wept severely.
လူ များတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ ၍ ဘုရား သခင့် ရှေ့ တော်၌ ည ဦးတိုင်အောင် နေ လျက် ၊ အသံ ကို လွှင့် ၍ ငိုကြွေး လျက်၊
3 They said, “The LORD, the God of Israel, why has this happened in Israel, that there should be one tribe lacking in Israel today?”
အိုဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ချို့တဲ့ ရသောအမှု သည် အဘယ်ကြောင့် ဖြစ် ရပါသနည်းဟု လျှောက် ဆိုကြ၏။
4 On the next day, the people rose early and built an altar there, and offered burnt offerings and peace offerings.
နက်ဖြန် နံနက်စောစောလူ များတို့သည် ထ ပြီးလျှင် ၊ ယဇ် ပလ္လင်ကိုတည် ၍ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
5 The children of Israel said, “Who is there among all the tribes of Israel who did not come up in the assembly to the LORD?” For they had made a great oath concerning him who did not come up to the LORD to Mizpah, saying, “He shall surely be put to death.”
ဣသရေလ အမျိုးသား တို့ကလည်း ၊ ဣသရေလ အမျိုး အနွယ်အပေါင်း တို့တွင် အဘယ်သူ သည် ပရိသတ် အပေါင်းနှင့်အတူထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသနည်းဟုမေး ကြ၏။ အကြောင်း မူကား၊ မိဇပါ မြို့ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသောသူ သည် ဧကန်အမှန် အသေ သတ်ခြင်းကိုခံစေဟု ကြီးစွာ သော ကျိန်ဆို ခြင်းကိုပြု နှင့်ကြပြီ။
6 The children of Israel grieved for Benjamin their brother, and said, “There is one tribe cut off from Israel today.
ဣသရေလ အမျိုးသား တို့သည်လည်း ၊ ညီ ဗင်္ယာမိန် အတွက် နောင်တရ လျက် ၊ ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ဆုံး ပြီ။
7 How shall we provide wives for those who remain, since we have sworn by the LORD that we will not give them of our daughters to wives?”
ငါ တို့သည် ကိုယ် သမီး ကို သူ တို့အား မ ပေးစား ရမည်အကြောင်း ၊ ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို သောကြောင့် ၊ ကျန် ကြွင်းသောသူတို့အဘို့ မိန်းမ တို့ကို အဘယ်သို့ ရ နိုင်သနည်းဟူ၍၎င်း၊
8 They said, “What one is there of the tribes of Israel who did not come up to the LORD to Mizpah?” Behold, no one came from Jabesh Gilead to the camp to the assembly.
ဣသရေလ အမျိုး အနွယ်တို့တွင် အဘယ်သူ သည် မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲ နေသနည်းဟူ၍၎င်း မေးမြန်း လျှင် ၊ ဂိလဒ် ပြည်ယာဗက်မြို့သားတယောက် မျှ စုဝေး ရာ တပ် သို့ မ ရောက် မလာကြောင်းကို သိ ကြ၏။
9 For when the people were counted, behold, there were none of the inhabitants of Jabesh Gilead there.
လူ များတို့ကို ရေတွက် သောအခါ ၊ ဂိလဒ် ပြည်ယာဗက်မြို့သား တယောက် မျှ မပါ။
10 The congregation sent twelve thousand of the most valiant men there, and commanded them, saying, “Go and strike the inhabitants of Jabesh Gilead with the edge of the sword, with the women and the little ones.
၁၀ထိုအခါ စုဝေး သောသူတို့သည် စစ်သူရဲ တသောင်း နှစ်ထောင်တို့ကို စေလွှတ် လျက် ၊ သင်တို့သည် သွား ၍ ဂိလဒ် ပြည် ယာဗက်မြို့သား ယောက်ျား မိန်းမ သူငယ် တို့ကို ထား နှင့် လုပ်ကြံ ကြလော့။
11 This is the thing that you shall do: you shall utterly destroy every male, and every woman who has lain with a man.”
၁၁သို့ဆိုသော်၊ ယောက်ျား အပေါင်း ကို၎င်း ၊ ယောက်ျား နှင့်ဆက်ဆံ သော မိန်းမ အပေါင်း ကို၎င်း၊ ရှင်းရှင်းပယ်ရှား ကြလော့ဟု မှာ ထားသည်အတိုင်း၊
12 They found among the inhabitants of Jabesh Gilead four hundred young virgins who had not known man by lying with him; and they brought them to the camp to Shiloh, which is in the land of Canaan.
၁၂စစ်သူရဲတို့သည် ဂိလဒ် ပြည် ယာဗက်မြို့သား တို့တွင် ၊ ယောက်ျား နှင့် မ ဆက်ဆံ သေးသော ကညာ မိန်းမ အပျိုလေး ရာ တို့ကို တွေ့ ၍ ခါနာန် ပြည် ၌ တပ် ချရာ၊ ရှိလော မြို့သို့ ဆောင် ခဲ့ကြ၏။
13 The whole congregation sent and spoke to the children of Benjamin who were in the rock of Rimmon, and proclaimed peace to them.
၁၃တဖန် စုဝေး သော သူအပေါင်း တို့သည်၊ ရိမ္မုန် ကျောက် ၌ နေသော ဗင်္ယာမိန်လူ တို့ကို နှုတ်ဆက် ၍ အသင့်အတင့် ခေါ် ခြင်းငှါ လူတို့ကို စေလွှတ် ကြ၏။
14 Benjamin returned at that time; and they gave them the women whom they had saved alive of the women of Jabesh Gilead. There still were not enough for them.
၁၄ထိုအခါ ဗင်္ယာမိန် လူတို့သည် လာ ပြန်၍ ၊ ဣသရေလလူတို့သည် အရှင် ချန်ထားသော ဂိလဒ် ပြည် ယာဗက်မြို့သူ မိန်းမ တို့နှင့် ပေးစား ကြ၏။ သို့သော်လည်း မိန်းမတို့သည် မ လောက် မကြေ။
15 The people grieved for Benjamin, because the LORD had made a breach in the tribes of Israel.
၁၅ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုး အနွယ်တို့တွင် ပြိုပျက် ရာကို ပြု တော်မူသောကြောင့် ၊ ဣသရေလလူ တို့သည် ဗင်္ယာမိန် အတွက် နောင်တရ ကြ၏။
16 Then the elders of the congregation said, “How shall we provide wives for those who remain, since the women are destroyed out of Benjamin?”
၁၆စုဝေးရာ ပရိသတ် အသက်ကြီး သူတို့ကလည်း ၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမ တို့ကို ပယ်ရှင်း သောကြောင့် ၊ ကျန် ကြွင်းသောသူတို့ အဘို့ မိန်းမ တို့ကို အဘယ်သို့ ရ နိုင်သနည်းဟူ၍၎င်း၊
17 They said, “There must be an inheritance for those who are escaped of Benjamin, that a tribe not be blotted out from Israel.
၁၇ဣသရေလ အမျိုး တို့တွင် တမျိုးကို မ ပျောက် စေခြင်းငှါ သေ ဘေးမှ လွှတ်သော ဗင်္ယာမိန် လူတို့ အမွေခံ စရာမြေရှိရမည်။
18 However, we may not give them wives of our daughters, for the children of Israel had sworn, saying, ‘Cursed is he who gives a wife to Benjamin.’”
၁၈သို့သော်လည်းအကြင်သူသည် ဗင်္ယာမိန် လူ၌ သမီးကို ပေးစား ၏။ ထိုသူသည် ကျိန် အပ်သောသူဖြစ်စေဟုဣသရေလ လူ တို့သည် ကျိန်ဆို ခြင်းကို ပြုသောကြောင့် ငါ တို့သည် ကိုယ် သမီး တို့ကို မ ပေးစား ရ ဟူ၍၎င်း၊
19 They said, “Behold, there is a feast of the LORD from year to year in Shiloh, which is on the north of Bethel, on the east side of the highway that goes up from Bethel to Shechem, and on the south of Lebonah.”
၁၉ဗေသလ မြို့ မြောက် ဘက်၊ ဗေသလ မြို့မှ ရှေခင် မြို့သို့ သွား သောလမ်း အရှေ့ ဘက်၊ လေဗောန မြို့တောင် ဘက်၊ ရှိလော မြို့နယ်တွင် ထာဝရဘုရား အဘို့ နှစ် စဉ်ပွဲ ခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့်အညီ
20 They commanded the children of Benjamin, saying, “Go and lie in wait in the vineyards,
၂၀ဗင်္ယာမိန် လူ တို့ကို ခေါ် ၍ သင်တို့သည် သွား ကြလော့။ စပျစ် ဥယျာဉ်တို့၌ ချောင်းမြောင်း လျက်နေကြလော့။ ရှိလော မြို့သမီး တို့သည် ပွဲခံအံ့သောငှါ က လျက်လာ ကြသောအခါ၊
21 and see, and behold, if the daughters of Shiloh come out to dance in the dances, then come out of the vineyards, and each man catch his wife of the daughters of Shiloh, and go to the land of Benjamin.
၂၁စပျစ် ဥယျာဉ်ထဲက ထွက် ပြီးလျှင် ၊ ထိုမြို့သမီး တို့ကို အသီးအသီး ကိုယ် မယား ဖြစ်စေဘို့ ဘမ်းဆီး ၍ ဗင်္ယာမိန် ပြည် သို့ ဆောင် သွားကြလော့။
22 It shall be, when their fathers or their brothers come to complain to us, that we will say to them, ‘Grant them graciously to us, because we did not take for each man his wife in battle, neither did you give them to them; otherwise you would now be guilty.’”
၂၂သူ တို့အဘ နှင့်မောင် တို့သည် ငါ တို့ထံ သို့လာ ၍ အမှု လုပ်သောအခါ ၊ ငါတို့က ငါ တို့မျက်နှာကို ထောက်၍ သူ တို့ကို သနား ကြပါ။ စစ်တိုက် ရာတွင် သူ တို့ အသီးအသီးဆိုင်သော မယား တို့ကို သူတို့ အဘို့ ငါတို့သည် မ ချန် မထားမိပါ။ သင်တို့၌ အပြစ် ရောက်စေခြင်းငှါ ယခုပေးစား ကြသည် မ ဟုတ်ဟု သူ တို့အား ပြန်ပြော မည်ဟု မှာ ထားကြသည်အတိုင်း၊
23 The children of Benjamin did so, and took wives for themselves according to their number, of those who danced, whom they carried off. They went and returned to their inheritance, built the cities, and lived in them.
၂၃ဗင်္ယာမိန် လူ တို့သည်ပြု ၍ ပွဲခံလျက်က သော မိန်းမတို့ကို ကိုယ် အရေအတွက် အတိုင်း မယားဖြစ်ဘို့ရာ ဘမ်းဆီး ၍ ယူ သွားကြ၏။ ကိုယ် အမွေခံ ရာမြေသို့ ပြန် ရောက်ပြီးလျှင် ၊ မြို့ တို့ကို အသစ် ပြင်ဆင်၍ နေ ကြ၏။
24 The children of Israel departed from there at that time, every man to his tribe and to his family, and they each went out from there to his own inheritance.
၂၄ထိုအခါ ဣသရေလ လူ အပေါင်းတို့သည်လည်း ကိုယ် အမျိုး ၊ ကိုယ် အဆွေ နေရာ ကိုယ် အမွေခံ ရာမြေ သို့ ပြန် သွားကြ၏။
25 In those days there was no king in Israel. Everyone did that which was right in his own eyes.
၂၅ထို ကာလ ၌ ဣသရေလ ရှင်ဘုရင် မ ရှိ၊ လူ တိုင်း မိမိ စိတ်အလို ရှိသည်အတိုင်း ပြု သတည်း။

< Judges 21 >