< Judges 20 >

1 Then all the children of Israel went out, and the congregation was assembled as one man, from Dan even to Beersheba, with the land of Gilead, to the LORD at Mizpah.
မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-
2 The chiefs of all the people, even of all the tribes of Israel, presented themselves in the assembly of the people of God, four hundred thousand footmen who drew sword.
စု​ရုံး​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​တွင် ဣ​သ​ရေ​လ​အ​နွယ် အ​ပေါင်း​တို့​၏​ခေါင်း​ဆောင်​များ​ပါ​ဝင် ကြ​၏။ မိ​ဇ​ပါ​မြို့​၌​ခြေ​လျင်​တပ်​သား ပေါင်း​လေး​သိန်း​မျှ​စု​ရုံး​လျက်​ရှိ​သ​တည်း။-
3 (Now the children of Benjamin heard that the children of Israel had gone up to Mizpah.) The children of Israel said, “Tell us, how did this wickedness happen?”
ဤ​အ​တော​အ​တွင်း​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​ဇ​ပါ​မြို့​၌ အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​လျက်​ရှိ ကြောင်း​ကို​ကြား​သိ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ဤ​ရာ​ဇ​ဝတ် မှု​ကို​အ​ဘယ်​သို့​ကူး​လွန်​ပါ​သ​နည်း။ ငါ တို့​အား​ပြော​ပြ​ပါ​လော့'' ဟု​မေး​ကြ​လျှင်၊-
4 The Levite, the husband of the woman who was murdered, answered, “I came into Gibeah that belongs to Benjamin, I and my concubine, to spend the night.
အ​သတ်​ခံ​ရ​သူ​မိန်း​မ​၏​လင်​လေ​ဝိ​အ​မျိုး သား​က``ကျွန်ုပ်​သည်​မ​ယား​ငယ်​နှင့်​အ​တူ ဗင်္ယာ မိန်​နယ်​မြေ​ရှိ​ဂိ​ဗာ​မြို့​သို့​ည​အ​ခါ​တည်း ခို​ရန်​သွား​ရောက်​ခဲ့​ပါ​၏။-
5 The men of Gibeah rose against me, and surrounded the house by night. They intended to kill me and they raped my concubine, and she is dead.
ဂိ​ဗာ​မြို့​သား​တို့​သည်​ကျွန်ုပ်​အား​ရန်​ပြု​လို​၍ အိမ်​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​သည်။ သူ​တို့​သည် ကျွန်ုပ်​ကို​သတ်​ရန်​ကြံ​ရွယ်​သော်​လည်း​ကျွန်ုပ် ၏​မယား​ငယ်​အား​မု​ဒိန်း​ကျင့်​သ​ဖြင့်​သူ သည်​သေ​ဆုံး​သွား​ပါ​၏။-
6 I took my concubine and cut her in pieces, and sent her throughout all the country of the inheritance of Israel; for they have committed lewdness and folly in Israel.
ကျွန်ုပ်​သည်​သူ​၏​ရုပ်​အ​လောင်း​ကို​ယူ​၍​အ​ပိုင်း ပိုင်း​ဖြတ်​ပြီး​လျှင် ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ် မျိုး​ထံ​သို့​တစ်​ပိုင်း​စီ​ပေး​ပို့​ခဲ့​ပါ​၏။ ဤ​သူ တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဆိုး​ညစ် သော​အ​မှု၊ အ​ဋ္ဌမ္မ​အ​မှု​ကို​ပြု​ကြ​ပါ​ပြီ။-
7 Behold, you children of Israel, all of you, give here your advice and counsel.”
ဤ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော​သင်​တို့ အ​ပေါင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ ဖြစ်​ကြ​သည်။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍​အ​ဘယ် သို့​အ​ရေး​ယူ​ဆောင်​ရွက်​ကြ​ပါ​မည်​နည်း'' ဟု မေး​၏။
8 All the people arose as one man, saying, “None of us will go to his tent, neither will any of us turn to his house.
လူ​အ​ပေါင်း​တို့​သည်​တစ်​ပြိုင်​နက်​ထ​၍``ငါ တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် မိ​မိ​၏​တဲ​ရှင် သို့​မ​ဟုတ်​အိမ်​သို့​မ​ပြန်​ကြ​တော့​ပြီ။-
9 But now this is the thing which we will do to Gibeah: we will go up against it by lot;
ငါ​တို့​ပြု​မည့်​အ​မှု​ကား​စာ​ရေး​တံ​မဲ​ချ ၍​လူ​အ​ချို့​ကို​ရွေး​ချယ်​ပြီး​လျှင် ဂိ​ဗာ မြို့​ကို​တိုက်​ခိုက်​ကြ​ရန်​ပင်​တည်း။-
10 and we will take ten men of one hundred throughout all the tribes of Israel, and one hundred of one thousand, and a thousand out of ten thousand to get food for the people, that they may do, when they come to Gibeah of Benjamin, according to all the folly that the men of Gibeah have done in Israel.”
၁၀ဣ​သ​ရေ​လ​လူ​မျိုး​၏​ယောကျာ်း​ဆယ်​ပုံ​တစ် ပုံ​သည်​စစ်​တပ်​အ​တွက်​ရိက္ခာ​ပို့​ရ​မည်။ ကျန် သူ​တို့​သည်​ဂိဗာ​မြို့​သား​တို့​အား ဣ​သ​ရေ​လ လူ​မျိုး​တွင်​ကူး​လွန်​ခဲ့​သည့်​အ​ဋ္ဌမ္မ​အ​မှု အ​တွက်​ဒဏ်​ပေး​ရ​မည်'' ဟု​ပြန်​ပြော​ကြ​၏။-
11 So all the men of Israel were gathered against the city, knit together as one man.
၁၁သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​ရှိ​လူ​အ​ပေါင်း တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ရန်​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​စု​ဝေး​ကြ​ကုန်​၏။
12 The tribes of Israel sent men through all the tribe of Benjamin, saying, “What wickedness is this that has happened among you?
၁၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန် အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​တစ်​လျှောက်​သို့ လူ​များ​ကို​စေ​လွှတ်​၍``သင်​တို့​ကူး​လွန်​ခဲ့ သည့်​အ​ဋ္ဌမ္မ​အ​မှု​ကား​အ​ဘယ်​သို့​နည်း။-
13 Now therefore deliver up the men, the wicked fellows who are in Gibeah, that we may put them to death and put away evil from Israel.” But Benjamin would not listen to the voice of their brothers, the children of Israel.
၁၃ဂိ​ဗာ​မြို့​၌​ရှိ​သော​အ​ဋ္ဌမ္မ​လူ​တို့​ကို​ငါ​တို့ သတ်​၍​ဣ​သ​ရေ​လ​လူ​မျိုး​မှ ဤ​ဆိုး​ညစ်​မှု ကို​ဖယ်​ရှား​ပစ်​နိုင်​ရန်​ယ​ခု​ငါ​တို့​လက်​သို့ ပေး​အပ်​ကြ​လော့'' ဟု​ပြော​ကြား​စေ​၏။ သို့ ရာ​တွင်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ကား​ကို ဂ​ရု​မ​စိုက်​ဘဲ၊-
14 The children of Benjamin gathered themselves together out of the cities to Gibeah, to go out to battle against the children of Israel.
၁၄သူ​တို့​အား​တိုက်​ခိုက်​ရန်​ဗင်္ယာ​မိန်​မြို့​အ​ပေါင်း မှ​ထွက်​လာ​၍​ဂိ​ဗာ​မြို့​၌​စု​ရုံး​ကြ​၏။-
15 The children of Benjamin were counted on that day out of the cities twenty-six thousand men who drew the sword, in addition to the inhabitants of Gibeah, who were counted seven hundred chosen men.
၁၅သူ​တို့​သည်​ထို​နေ့​၌​မိ​မိ​တို့​မြို့​များ​မှ​စစ် သား​နှစ်​သောင်း​ခြောက်​ထောင်​ကို​ခေါ်​ထုတ်​ခဲ့ ကြ​၏။ ထို​မှ​တစ်​ပါး​ဂိ​ဗာ​မြို့​သား​တို့​သည် လက်​ရွေး​စင်​ဘယ်​သန်​လူ​ခု​နစ်​ရာ​ကို​လည်း စု​ရုံး​ပေး​ကြ​၏။ ထို​လက်​ရွေး​စင်​တို့​သည် ဆံ​ချည်​တစ်​ပင်​ကို​လောက်​လွှဲ​နှင့်​မ​လွဲ အောင်​ပစ်​နိုင်​သူ​များ​ဖြစ်​ကြ​၏။-
16 Among all these soldiers there were seven hundred chosen men who were left-handed. Every one of them could sling a stone at a hair and not miss.
၁၆
17 The men of Israel, besides Benjamin, were counted four hundred thousand men who drew sword. All these were men of war.
၁၇ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မ​ပါ​ဘဲ​လက်​နက် ကိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား စစ်​သား​ဦး​ရေ မှာ​လေး​သိန်း​မျှ​ရှိ​သ​တည်း။
18 The children of Israel arose, went up to Bethel, and asked counsel of God. They asked, “Who shall go up for us first to battle against the children of Benjamin?” The LORD said, “Judah first.”
၁၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗေ​သ​လ မြို့​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား ၍``ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား​မည်​သည့် အ​နွယ်​ဝင်​များ​က​ဦး​စွာ​ပ​ထ​မ​တိုက်​ခိုက် ရ​ပါ​မည်​နည်း'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​မေး​မြန်း​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​ဝင်​များ'' ဟူ​၍​ဖြေ​ကြား​တော်​မူ​၏။
19 The children of Israel rose up in the morning and encamped against Gibeah.
၁၉သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နောက်​တစ်​နေ့​နံ​နက်​၌​ထွက်​ခွာ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​နီး​တွင်​တပ်​စ​ခန်း​ကြ​၏။-
20 The men of Israel went out to battle against Benjamin; and the men of Israel set the battle in array against them at Gibeah.
၂၀သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ကို​စစ်​ဆင်​ရန် သွား​ရောက်​ကာ မိ​မိ​တို့​၏​စစ်​သား​များ အား​မြို့​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-
21 The children of Benjamin came out of Gibeah, and on that day destroyed twenty-two thousand of the Israelite men down to the ground.
၂၁ဗင်္ယာ​မိန်​တပ်​သည်​မြို့​ထဲ​မှ​ထွက်​လာ​၍​နေ မ​ဝင်​မီ​ပင် ဣ​သ​ရေ​လ​တပ်​သား​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​သတ်​ဖြတ်​လိုက်​ကြ​၏။-
22 The people, the men of Israel, encouraged themselves, and set the battle again in array in the place where they set themselves in array the first day.
၂၂ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုး ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင် အောင်​ငို​ကြွေး​ကြ​၏။ သူ​တို့​က​ကိုယ်​တော် အား``အ​ကျွန်ုပ်​တို့​၏​ညီ​ဖြစ်​သော​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​အား တစ်​ဖန်​စစ်​တိုက်​ရ​ပါ မည်​လော'' ဟု​မေး​လျှောက်​ကြ​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​အား တက်​၍​လာ​ပြီး​လျှင် တပ်​သား​များ​အား​ယ​မန် နေ့​က​အ​တိုင်း​နေ​ရာ​ယူ​စေ​ပြန်​၏။-
23 The children of Israel went up and wept before the LORD until evening; and they asked of the LORD, saying, “Shall I again draw near to battle against the children of Benjamin my brother?” The LORD said, “Go up against him.”
၂၃
24 The children of Israel came near against the children of Benjamin the second day.
၂၄သူ​တို့​သည်​ဒု​တိ​ယ​အ​ကြိမ်​ဗင်္ယာ​မိန်​တပ် ရှိ​ရာ​သို့​ချီ​တက်​ကြ​လေ​သည်။-
25 Benjamin went out against them out of Gibeah the second day, and destroyed down to the ground of the children of Israel again eighteen thousand men. All these drew the sword.
၂၅ဗင်္ယာ​မိန်​တပ်​သား​တို့​သည်​လည်း​ဂိ​ဗာ​မြို့​မှ ဒု​တိ​ယ​အ​ကြိမ်​ထွက်​လာ​ကြ​၏။ ဤ​အ​ကြိမ် တွင်​သူ​တို့​သည်​လက်​နက်​ကိုင် ဣ​သ​ရေ​လ တပ်​သား​တစ်​သောင်း​ရှစ်​ထောင်​ကို​သတ်​ဖြတ် လိုက်​ကြ​လေ​သည်။-
26 Then all the children of Israel and all the people went up, and came to Bethel, and wept, and sat there before the LORD, and fasted that day until evening; then they offered burnt offerings and peace offerings before the LORD.
၂၆ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည် ဗေ​သ​လ​မြို့​သို့​သွား​၍​ငို​ကြွေး​ကြ​၏။ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထိုင် လျက် ည​နေ​ချမ်း​တိုင်​အောင်​အ​စာ​ရှောင်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိတ် သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော် ကြ​၏။-
27 The children of Israel asked the LORD (for the ark of the covenant of God was there in those days,
၂၇ထို​ကာ​လ​၌​ဗေ​သ​လ​မြို့​တွင်​ဘု​ရား​သ​ခင် ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တည်​ရှိ​သ​တည်း။ ထို သေတ္တာ​တော်​ကို​အာ​ရုန်​၏​မြေး၊ ဧ​လိ​ဇာ​၏​သား၊ ဖိ​န​ဟတ်​က​တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​၏။ လူ တို့​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​ညီ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား ယ​ခု​တစ်​ဖန်​သွား​ရောက်​တိုက်​ခိုက်​ရ​ပါ မည်​လော။ မ​တိုက်​ခိုက်​ဘဲ​နေ​ရ​ပါ​မည် လော'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​ခိုက်​လော့။ နက်​ဖြန် နေ့​၌​ငါ​သည်​သင်​တို့​အား​ထို​သူ​တို့​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။
28 and Phinehas, the son of Eleazar, the son of Aaron, stood before it in those days), saying, “Shall I yet again go out to battle against the children of Benjamin my brother, or shall I cease?” The LORD said, “Go up; for tomorrow I will deliver him into your hand.”
၂၈
29 Israel set ambushes all around Gibeah.
၂၉ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ပတ်​လည်​၌​စစ်​သား​အ​ချို့​ကို​ပုန်း အောင်း​၍​နေ​စေ​ကြ​၏။-
30 The children of Israel went up against the children of Benjamin on the third day, and set themselves in array against Gibeah, as at other times.
၃၀ထို​နောက်​သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ရှိ​ရာ​သို့ တ​တိ​ယ​အ​ကြိမ်​ချီ​တက်​ကာ မိ​မိ​တို့​၏​တပ် သား​များ​ကို​ရှေ့​က​နည်း​တူ​ဂိ​ဗာ​မြို့​ကို​မျက် နှာ​မူ​၍​တိုက်​ပွဲ​ဝင်​ရန်​နေ​ရာ​ယူ​စေ​ကြ​၏။-
31 The children of Benjamin went out against the people, and were drawn away from the city; and they began to strike and kill of the people as at other times, in the highways, of which one goes up to Bethel and the other to Gibeah, in the field, about thirty men of Israel.
၃၁ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​တိုက်​ခိုက်​ရန်​ထွက် လာ​သော​အ​ခါ မြို့​နှင့်​ဝေး​ကွာ​ရာ​သို့​မျှား​၍ ခေါ်​ဆောင်​ခြင်း​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ကွင်း​ပြင် တွင်​လည်း​ကောင်း၊ ဗေ​သ​လ​မြို့​သို့​သွား​ရာ​လမ်း နှင့်​ဂိ​ဗာ​မြို့​သို့​သွား​ရာ​လမ်း​၌​လည်း​ကောင်း ယ​ခင်​က​ကဲ့​သို့​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​စ​တင်​လုပ်​ကြံ​ကြ​ရာ​လူ​ပေါင်း​သုံး​ဆယ် ခန့်​သေ​လေ​သည်။-
32 The children of Benjamin said, “They are struck down before us, as at the first.” But the children of Israel said, “Let’s flee, and draw them away from the city to the highways.”
၃၂ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က``ငါ​တို့​သည်​ရှေး နည်း​တူ​ပင်​သူ​တို့​အား​နှိမ်​နင်း​လိုက်​လေ​ပြီ'' ဟု​ဆို​ကြ​၏။ သို့​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တပ်​ကို​ဆုတ်​ခွာ​၍ မြို့​နှင့်​ဝေး​ရာ လမ်း​များ​ပေါ်​သို့​ရောက်​အောင်​ရန်​သူ့​အား သွေး​ဆောင်​ခေါ်​ယူ​သွား​ရန်​စီ​စဉ်​ထား​ကြ​၏။-
33 All the men of Israel rose up out of their place and set themselves in array at Baal Tamar. Then the ambushers of Israel broke out of their place, even out of Maareh Geba.
၃၃သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင် မ​တပ်​ကြီး​သည် ဆုတ်​ခွာ​၍ ဗာ​လ​တာ​မာ​မြို့​၌ ပြန်​လည်​စု​ရုံး​မိ​သော​အ​ခါ ဂိ​ဗာ​မြို့​ကို​ဝိုင်း​ရံ ထား​သော​တပ်​ပုန်း​သည် မိ​မိ​တို့​ပုန်း​အောင်း​ရာ ကျောက်​ပေါ​များ​သည့်​မြို့​ပတ်​လည်​အ​ရပ်​မှ ရုတ်​တ​ရက်​ထွက်​လာ​ကြ​၏။-
34 Ten thousand chosen men out of all Israel came over against Gibeah, and the battle was severe; but they did not know that disaster was close to them.
၃၄ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​မှ​လက်​ရွေး​စင်​လူ​တစ် သောင်း​တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ကြ​လေ​သည်။ တိုက်​ပွဲ​မှာ​ပြင်း​ထန်​လှ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ရ​တော့​မည့် အ​ဖြစ်​ကို​မ​ရိပ်​မိ​ကြ​ချေ။-
35 The LORD struck Benjamin before Israel; and the children of Israel destroyed of Benjamin that day twenty-five thousand one hundred men. All these drew the sword.
၃၅ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဗင်္ယာ​မိန်​တပ်​အ​ပေါ်​တွင်​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ရန်​သူ​နှစ်​သောင်း​ငါး​ထောင်​တစ်​ရာ ကို​လုပ်​ကြံ​သတ်​ဖြတ်​လိုက်​ကြ​၏။-
36 So the children of Benjamin saw that they were struck, for the men of Israel yielded to Benjamin because they trusted the ambushers whom they had set against Gibeah.
၃၆ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​အ​ရေး ရှုံး​နိမ့်​ကြ​သည်​ကို​သိ​မြင်​လာ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင်​မ​တပ်​ကြီး သည် ဂိ​ဗာ​မြို့​ပတ်​လည်​တွင်​ချ​ထား​သည့်​တပ်​ပုန်း ကို​အား​ကိုး​ကာ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​၏ ရှေ့​မှ​ဆုတ်​ခွာ​သွား​ကြ​၏။-
37 The ambushers hurried, and rushed on Gibeah; then the ambushers spread out, and struck all the city with the edge of the sword.
၃၇ထို​အ​ခါ​တပ်​ပုန်း​သည်​ဂိဗာ​မြို့​ထဲ​သို့​အ​လျင် အ​မြန်​ဝင်​ပြီး​လျှင် လူ​ဖြန့်​၍​ရှိ​သ​မျှ​သော​မြို့ သူ​မြို့​သား​တို့​အား​လုပ်​ကြံ​သတ်​ဖြတ်​ကြ​လေ သည်။-
38 Now the appointed sign between the men of Israel and the ambushers was that they should make a great cloud of smoke rise up out of the city.
၃၈ဣ​သ​ရေ​လ​တပ်​မ​ကြီး​သည်​တပ်​ပုန်း​နှင့် အ​ချက် ပြ​အ​မှတ်​အ​သား​တစ်​ခု​ကို​စီ​စဉ်​ထား​ခဲ့​ကြ ၏။ မြို့​ထဲ​မှ​မီး​ခိုး​လုံး​ကြီး​များ​တက်​လာ​သည် ကို​မြင်​သော​အ​ခါ၊-
39 The men of Israel turned in the battle, and Benjamin began to strike and kill of the men of Israel about thirty persons; for they said, “Surely they are struck down before us, as in the first battle.”
၃၉စစ်​မြေ​ပြင်​တွင်​ရှိ​နေ​ကြ​သော​ဣ​သ​ရေ​လ​တပ် သား​တို့​သည်​ထွက်​ပြေး​ရာ​မှ​လှည့်​၍​ပြန်​လာ​ရန် ဖြစ်​၏။ ယင်း​သို့​ထွက်​ပြေး​ဆုတ်​ခွာ​ချိန်​၌​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​တပ်​သား​သုံး ဆယ်​ကို​သတ်​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​က``ယ​ခု တစ်​ကြိမ်​လည်း​ရှေး​နည်း​တူ​ပင်​သူ​တို့​အ​ပေါ် ၌​ငါ​တို့​အ​နိုင်​ရ​လေ​ပြီ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။-
40 But when the cloud began to arise up out of the city in a pillar of smoke, the Benjamites looked behind them; and behold, the whole city went up in smoke to the sky.
၄၀ထို​အ​ချိန်​၌​မီး​ခိုး​လုံး​ကြီး​တစ်​ခု​သည်​မြို့​ထဲ မှ​တက်​စ​ပြု​ပြီ​ဖြစ်​၍ အ​ချက်​ပြ​အ​မှတ်​လက္ခ ဏာ​ပေါ်​လာ​လေ​သည်။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ သည်​နောက်​သို့​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ မြို့​တစ်​မြို့​လုံး​မီး​လျှံ​တောက်​နေ​သည်​ကို​မြင် သ​ဖြင့်​အံ့​အား​သင့်​၍​သွား​ကြ​၏။-
41 The men of Israel turned, and the men of Benjamin were dismayed; for they saw that disaster had come on them.
၄၁ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြန် ၍​လှည့်​လာ​ကြ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဆုံး​ပါး​ပျက်​စီး​ရ​တော့​မည့်​အ​ဖြစ် ကို​သိ​ရှိ​လာ​သ​ဖြင့်​ကြောက်​လန့်​တုန်​လှုပ်​လျက်၊-
42 Therefore they turned their backs before the men of Israel to the way of the wilderness, but the battle followed hard after them; and those who came out of the cities destroyed them in the middle of it.
၄၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ဆုတ်​ခွာ​၍ တော​ကန္တာ​ရ​ထဲ​သို့​ထွက်​ပြေး​ကြ​၏။ သို့​ရာ​တွင် မလွတ်​မ​မြောက်​နိုင်​ကြ။ ဣ​သ​ရေ​လ​ပင်​မ​တပ် ကြီး​နှင့်​မြို့​ထဲ​မှ​ထွက်​လာ​သော​တပ်​ပုန်း​တို့ ၏​စပ်​ကြား​တွင် ပိတ်​၍​မိ​နေ​ကြ​သ​ဖြင့်​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​တော့​၏။-
43 They surrounded the Benjamites, chased them, and trod them down at their resting place, as far as near Gibeah toward the sunrise.
၄၃ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ​တို့​အား ဝိုင်း​ရံ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​ရှေ့​ဘက်​သို့​တိုင်​အောင် မ​ရပ်​မ​နား​လိုက်​လံ​တိုက်​ခိုက်​သတ်​ဖြတ်​ကြ သ​ဖြင့်၊-
44 Eighteen thousand men of Benjamin fell; all these were men of valor.
၄၄ဗင်္ယာ​မိန်​အ​မျိုး​သား​လက်​ရွေး​စင်​တပ်​သား တစ်​သောင်း​ရှစ်​ထောင်​မျှ​ကျ​ဆုံး​လေ​သည်။-
45 They turned and fled toward the wilderness to the rock of Rimmon. They gleaned five thousand men of them in the highways, and followed hard after them to Gidom, and struck two thousand men of them.
၄၅အ​ခြား​သူ​တို့​သည်​လှည့်​၍​တော​ကန္တာ​ရ​ဘက်​သို့ ပြေး​ပြီး​လျှင်​ရိမ္မုန်​ကျောက်​သို့​ရောက်​ကြ​၏။ လမ်း များ​ပေါ်​၌​ထို​သူ​တို့​အ​နက်​လူ​ငါး​ထောင်​မျှ ကျ​ဆုံး​ရ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျန်​ရှိ​သေး​သူ​တို့​အား ဂိ​ဒုံ​မြို့​တိုင် အောင်​ဆက်​လက်​လိုက်​လံ​တိုက်​ခိုက်​၍​လူ​နှစ် ထောင်​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
46 So that all who fell that day of Benjamin were twenty-five thousand men who drew the sword. All these were men of valor.
၄၆ထို​နေ့​၌​ဗင်္ယာ​မိန်​အ​မျိုး​သား​စု​စု​ပေါင်း​နှစ် သောင်း​ငါး​ထောင်​မျှ​သေ​ရ​ကြ​၏။ ထို​သူ​အား လုံး​ပင်​သူ​ရဲ​ကောင်း​များ​ဖြစ်​ကြ​သ​တည်း။
47 But six hundred men turned and fled toward the wilderness to the rock of Rimmon, and stayed in the rock of Rimmon four months.
၄၇သို့​ရာ​တွင်​လူ​ခြောက်​ရာ​တို့​သည်​တော​ကန္တာ​ရ​ရှိ ရိမ္မုန်​ကျောက်​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ လေ​သည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​လေး​လ မျှ​နေ​ကြ​၏။-
48 The men of Israel turned again on the children of Benjamin, and struck them with the edge of the sword—including the entire city, the livestock, and all that they found. Moreover they set all the cities which they found on fire.
၄၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​၍ ယောကျာ်း၊ မိန်း​မ၊ က​လေး၊ တိရစ္ဆာန်​အ​ပါ​အ​ဝင် ကျန်​ရှိ​နေ​သေး​သည့်​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ အား​သတ်​ပစ်​ကြ​လေ​သည်။ တွေ့​သ​မျှ​သော မြို့​တို့​ကို​လည်း​မီး​ရှို့​ကြ​၏။

< Judges 20 >