< Judges 16 >

1 Samson went to Gaza, and saw there a prostitute, and went in to her.
နောက်တဖန် ရှံဆုန် သည် ဂါဇ မြို့သို့ သွား ၍ ပြည်တန်ဆာ မိန်းမ ကို တွေ့ ပြီးလျှင် သူ့ ဆီသို့ ဝင် ၍ နေ၏။
2 The Gazites were told, “Samson is here!” They surrounded him and laid wait for him all night in the gate of the city, and were quiet all the night, saying, “Wait until morning light; then we will kill him.”
ရှံဆုန် ရောက် ကြောင်းကို ဂါဇ မြို့သားတို့သည် ကြားလျှင် ဝိုင်း ထားလျက် ၊ မြို့ တံခါးဝ ၌ တညဉ့် လုံး ချောင်းမြောင်း လျက် ၊ နံနက် မိုဃ်းလင်း သောအခါ သူ့ ကိုသတ် မည်ဟု ဆို ၍ တညဉ့် လုံး ငြိမ်သက် စွာနေကြ၏။
3 Samson lay until midnight, then arose at midnight and took hold of the doors of the gate of the city, with the two posts, and plucked them up, bar and all, and put them on his shoulders and carried them up to the top of the mountain that is before Hebron.
ရှံဆုန် သည် သန်းခေါင် တိုင်အောင် အိပ် ပြီးမှ ၊ သန်းခေါင် အချိန်၌ ထ ၍ မြို့ တံခါး ရွက် တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင် နှင့်တကွ ယူ ၍ ပခုံး ပေါ် မှာ တင် လျက် ထမ်း သွား၍၊ ဟေဗြုန် မြို့ရှေ့ ၊ တောင် ပေါ် ၌ ပစ်ထားလေ၏။
4 It came to pass afterward that he loved a woman in the valley of Sorek, whose name was Delilah.
နောက်တဖန် စောရက် ချိုင့် ၌ နေသောဒေလိလ အမည် ရှိသောမိန်းမ တယောက်ကို ချစ် ပြန်၏။
5 The lords of the Philistines came up to her and said to her, “Entice him, and see in which his great strength lies, and by what means we may prevail against him, that we may bind him to afflict him; and we will each give you eleven hundred pieces of silver.”
ဖိလိတ္တိ မင်း တို့သည် ထိုမိန်းမ ဆီသို့ လာ ၍ ၊ ရှံဆုန်၌ ကြီး သောခွန်အား သည် အဘယ် အရာအားဖြင့် တည်သနည်း၊ သူ့ ကို ချည်နှောင် ၍ နှိပ်စက် ခြင်းငှါ အဘယ်သို့ တတ်နိုင် မည်နည်းဟု သူ့ ကို ချော့မော့ ၍ စူးစမ်း ပါ။ ငါတို့သည် ဝိုင်း၍ ငွေ ဆယ်တ ပိဿာကို ပေး မည်ဟု ဆို ကြ၏။
6 Delilah said to Samson, “Please tell me where your great strength lies, and what you might be bound to afflict you.”
ဒေလိလ ကလည်း ၊ သင် ၌ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို၎င်း၊ သင့် ကို နှိပ်စက် ခြင်းငှါ အဘယ်သို့ ချည်နှောင် ရမည်ကို၎င်းပြော ပါဟု ရှံဆုန် အား တောင်းပန် သော်၊
7 Samson said to her, “If they bind me with seven green cords that were never dried, then shall I become weak, and be as another man.”
ရှံဆုန် က၊ တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းနှင့် ငါ့ ကို ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
8 Then the lords of the Philistines brought up to her seven green cords which had not been dried, and she bound him with them.
ထိုအခါ ဖိလိတ္တိ မင်း တို့သည် တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းတို့ကို ယူ ခဲ့၍ ၊ ထိုမိန်းမသည် ရှံဆုန် ကို ချည်နှောင် လေ၏။
9 Now she had an ambush waiting in the inner room. She said to him, “The Philistines are on you, Samson!” He broke the cords as a flax thread is broken when it touches the fire. So his strength was not known.
ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်း ထဲမှ ချောင်းမြောင်း လျက် နေ သည်ဖြစ်၍မိန်းမက၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆို သော် ၊ သူသည် မီး ထိ သော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ် လေ၏။ သို့ဖြစ်၍ သူ ၏ခွန်အား ကို မ သိ ရကြ။
10 Delilah said to Samson, “Behold, you have mocked me, and told me lies. Now please tell me how you might be bound.”
၁၀ဒေလိလ ကလည်း ၊ သင်သည် ငါ့ ကို ကျီစား ၍ မုသာ ကိုသာ ပြော ပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခု ပြော ပါဟု ရှံဆုန် အား တောင်းပန် သော်၊
11 He said to her, “If they only bind me with new ropes with which no work has been done, then shall I become weak, and be as another man.”
၁၁သူက၊ မ သုံး ဘူးသော ကြိုး သစ် နှင့် ကျပ်ကျပ်ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သော သူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
12 So Delilah took new ropes and bound him with them, then said to him, “The Philistines are on you, Samson!” The ambush was waiting in the inner room. He broke them off his arms like a thread.
၁၂ဒေလိလ သည် ကြိုး သစ် တို့ကို ယူ ၍ ချည်နှောင် ပြီးမှ ၊ ထိုအခန်း ၌ ချောင်းမြောင်း သော သူအချို့ ရှိ နေလျက်၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ၊ ရှံဆုန်သည် လက်ရုံး ၌ ချည်သော ကြိုးတို့ကို အပ်ချည် ကဲ့သို့ ဖြတ် လေ၏။
13 Delilah said to Samson, “Until now, you have mocked me and told me lies. Tell me with what you might be bound.” He said to her, “If you weave the seven locks of my head with the fabric on the loom.”
၁၃ဒေလိလ ကလည်း ၊ ယခု တိုင်အောင် သင်သည် ငါ့ ကို ကျီစား ၍ မုသာ ကိုသာ ပြော ပြီ။ အဘယ်သို့ ချည်နှောင် ရမည်ကို ပြော ပါဟု ရှံဆုန် အား တောင်းပန် သော် ၊ သူက၊ ငါ့ ဆံပင် ခုနစ် စု တို့ကို ရက်ကန်းသား ၌ ရက် သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ငါဖြစ်လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
14 She fastened it with the pin, and said to him, “The Philistines are on you, Samson!” He awakened out of his sleep, and plucked away the pin of the beam and the fabric.
၁၄ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့ နှင့် ရိုက် ထားပြီးမှ ၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ၊ ရှံဆုန်နိုး ၍ ရက်ကန်းလက်လိပ် ၊ စို့ ၊ ရက်ကန်းသား ပါလျက် သွား ၏။
15 She said to him, “How can you say, ‘I love you,’ when your heart is not with me? You have mocked me these three times, and have not told me where your great strength lies.”
၁၅ဒေလိလကလည်း၊ သင် သည် ငါ့ကို ချစ် သည်ဟု စိတ်နှလုံး မ ပါ ဘဲလျက် အဘယ်သို့ ပြော နိုင်သနည်း။ သင့် ၌ ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို မ ပြော။ သုံး ကြိမ် တိုင်အောင်ငါ့ ကို ကျီစား ပြီဟု ဆို ၏။
16 When she pressed him daily with her words and urged him, his soul was troubled to death.
၁၆ထိုသို့ ဒေလိလသည် နေ့ တိုင်း ပူဆာ ၍ သူ အသက် သေ လုအောင် နှောင့်ရှက် သောကြောင့်၊
17 He told her all his heart and said to her, “No razor has ever come on my head; for I have been a Nazirite to God from my mother’s womb. If I am shaved, then my strength will go from me and I will become weak, and be like any other man.”
၁၇ရှံဆုန်သည် မိမိ စိတ်နှလုံး ၌ ရှိသမျှ အတိုင်းပြော ၍၊ ငါ့ ဆံပင် ကို တခါမျှ မရိတ် သေး။ အမိ ဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ်၏။ ငါ့ဆံပင်ကိုရိတ် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
18 When Delilah saw that he had told her all his heart, she sent and called for the lords of the Philistines, saying, “Come up this once, for he has told me all his heart.” Then the lords of the Philistines came up to her and brought the money in their hand.
၁၈ထိုသို့ မိမိ စိတ် နှလုံးထဲမှာ ရှိသမျှ အတိုင်း ပြော ကြောင်း ကို ဒေလိလ သိ လျှင် ၊ ဖိလိတ္တိ မင်း တို့ကို တဖန်ခေါ် ၍ ၊ ယခုတခါ လာ ကြပါဦး။ သူသည် မိမိ စိတ် နှလုံးရှိသမျှ အတိုင်း ပြော ပြီဟု မှာ လိုက်သဖြင့်၊ သူတို့သည် ငွေ ကို ဆောင် ယူခဲ့လျက် လာ ကြ၏။
19 She made him sleep on her knees; and she called for a man and shaved off the seven locks of his head; and she began to afflict him, and his strength went from him.
၁၉ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိ ဒူး ပေါ် မှာ တင်လျက် သူ့ ကို အိပ် စေသဖြင့် ၊ လူ တယောက်ကို ခေါ် ၍ သူ ၏ ဆံပင် ခုနစ် စု တို့ကိုရိတ် စေပြီးမှ ၊ သူ့ ကို နှောင့်ရှက် စ ပြု၍ သူ ၏ ခွန်အား သည် လျော့ပျောက် ၏။
20 She said, “The Philistines are upon you, Samson!” He awoke out of his sleep, and said, “I will go out as at other times, and shake myself free.” But he did not know that the LORD had departed from him.
၂၀မိန်းမကလည်း ၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက် လာကြသည်ဟု ဆို သော်၊ ရှံဆုန်နိုး ၍ ထာဝရဘုရား စွန့် တော်မူကြောင်း ကို မ ရိပ်မိ သောကြောင့် ၊ အရင် ကဲ့သို့ ငါထွက် ၍ အားထုတ် မည်ဟု အကြံ ရှိသော်လည်း၊
21 The Philistines laid hold on him and put out his eyes; and they brought him down to Gaza and bound him with fetters of bronze; and he ground at the mill in the prison.
၂၁ဖိလိတ္တိ လူတို့သည် ဘမ်းဆီး ၍ သူ့ မျက်စိ ကို ဖောက် ပြီးမှ ဂါဇ မြို့သို့ ယူ သွားပြီးလျှင် ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ထောင် အိမ် ၌ ကြိတ်ဆုံနှင့် ကြိတ် စေကြ၏။
22 However, the hair of his head began to grow again after he was shaved.
၂၂ရှံဆုန်ဆံပင်ရိတ် သောနောက်၊ တဖန် ပေါက် ပြန်သောအခါ၊
23 The lords of the Philistines gathered together to offer a great sacrifice to Dagon their god, and to rejoice; for they said, “Our god has delivered Samson our enemy into our hand.”
၂၃ဖိလိတ္တိ မင်း တို့ကို၊ ငါ တို့ဘုရား သည် ငါ တို့ ရန်သူ ကို ငါ တို့လက် သို့ အပ် တော်မူပြီဟု ဆို လျက်၊ သူ တို့ ဘုရား ဒါဂုန် အား ယဇ် ကြီး ကို ပူဇော် ၍ ပျော်မွေ့ ခြင်းကို ပြုအံ့သောငှါစည်းဝေး ကြ၏။
24 When the people saw him, they praised their god; for they said, “Our god has delivered our enemy and the destroyer of our country, who has slain many of us, into our hand.”
၂၄လူ များတို့သည် ရှံဆုန် ကို မြင် သောအခါ ၊ ငါ တို့ဘုရား သည် ငါ တို့ပြည် ကို ဖျက်ဆီး ၍ ၊ ပြည်သားအများ တို့ကိုသတ် သော ငါ တို့၏ရန်သူ ကို၊ ငါ တို့လက် သို့ အပ် တော်မူပြီဟု မိမိ တို့ဘုရား ကို ချီးမွမ်း ကြ၏။
25 When their hearts were merry, they said, “Call for Samson, that he may entertain us.” They called for Samson out of the prison; and he performed before them. They set him between the pillars;
၂၅စိတ် နှလုံးရွှင်လန်း သောအခါ ၊ ရှံဆုန် ကို ခေါ် ခဲ့။ ငါ တို့အဘို့ ကစား ပါလေစေဟု ဆို သဖြင့် ၊ ရှံဆုန် ကို ထောင် အိမ် မှ ခေါ် ခဲ့၍ သူသည် ကစား ရ၏။ သူ့ ကိုလည်း စရပ်တိုင် ကြား မှာထား ကြ၏။
26 and Samson said to the boy who held him by the hand, “Allow me to feel the pillars on which the house rests, that I may lean on them.”
၂၆ရှံဆုန် ကလည်း ၊ စရပ် တိုင် တို့ကို ငါမှီ ၍ နေရအောင် လက်နှင့်တွေ့ ပါရစေဟု လက် ဆွဲ သော လူ ကလေးကို အခွင့် တောင်း၏။
27 Now the house was full of men and women; and all the lords of the Philistines were there; and there were on the roof about three thousand men and women, who saw while Samson performed.
၂၇ထိုစရပ် ၌ ယောက်ျား မိန်းမ တို့သည် အပြည့် ရှိကြ၏။ ဖိလိတ္တိ မင်း အပေါင်း တို့လည်း ပါကြ၏။ စရပ်မိုး ပေါ် မှာလည်း သုံး ထောင် မျှ လောက်သော ယောက်ျား မိန်းမ တို့သည် ရှံဆုန် ကစား သည်ကို ကြည့်ရှု လျက်ရှိကြ၏။
28 Samson called to the LORD, and said, “Lord GOD, remember me, please, and strengthen me, please, only this once, God, that I may be at once avenged of the Philistines for my two eyes.”
၂၈ရှံဆုန် ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် မျက်စိ နှစ် ဘက်ကို ဖောက်သော ဖိလိတ္တိ လူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခု တကြိမ် မျှသာ ခွန်အား ကို ပြန်ပေးတော်မူပါဘုရား ဟု ထာဝရဘုရား အား ဆုတောင်း ပြီးမှ၊
29 Samson took hold of the two middle pillars on which the house rested and leaned on them, the one with his right hand and the other with his left.
၂၉စရပ် ခေါင် တိုင် နှစ် တိုင်တို့ကို လက်ျာ လက်၊ လက်ဝဲ လက်နှစ်ဘက်နှင့်ကိုင် ၍ မှီ နေလျက်၊
30 Samson said, “Let me die with the Philistines!” He bowed himself with all his might; and the house fell on the lords, and on all the people who were in it. So the dead that he killed at his death were more than those who he killed in his life.
၃၀အကျွန်ုပ်သည် ဖိလိတ္တိ လူတို့နှင့်အတူ သေ ပါရစေဟု ဆို လျက် ၊ အား ထုတ် ၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ် သည် မင်း များ၊ လူ များအပေါင်း တို့အပေါ် မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက် ရှင်စဉ် အခါ သတ် ခဲ့သည်ထက် သေ စဉ် အခါ သာ၍များ သောသူတို့ ကိုသတ် လေ၏။
31 Then his brothers and all the house of his father came down and took him, and brought him up and buried him between Zorah and Eshtaol in the burial site of Manoah his father. He judged Israel twenty years.
၃၁သူ့ ညီ များ၊ အဆွေအမျိုး များ အပေါင်း တို့သည် လာ ၍ အလောင်း ကောင်ကို ထမ်း သွား ပြီးလျှင် ၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား တွင် အဘ မာနော် ၏ သင်္ချိုင်း ၌ သင်္ဂြိုလ် ကြ၏။ သူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး သတည်း။

< Judges 16 >