< Genesis 18 >

1 The LORD appeared to him by the oaks of Mamre, as he sat in the tent door in the heat of the day.
ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူ မူကား၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊
2 He lifted up his eyes and looked, and saw that three men stood near him. When he saw them, he ran to meet them from the tent door, and bowed himself to the earth,
မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက် ရပ်နေကြသည်ကို မြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး၍ မြေသို့ ဦးညွတ်ချလျက်၊
3 and said, “My lord, if now I have found favor in your sight, please do not go away from your servant.
အကျွန်ုပ်သခင်၊ ရှေ့တော်၌ အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှလွန်၍မသွားပါနှင့်။
4 Now let a little water be fetched, wash your feet, and rest yourselves under the tree.
ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကို ဆေးပြီး လျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။
5 I will get a piece of bread so you can refresh your heart. After that you may go your way, now that you have come to your servant.” They said, “Very well, do as you have said.”
မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အမော အပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကို ခံစေခြင်းငှါ၊ ကိုယ်တော် ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်း ပြုပါလော့ဟုဆိုကြ၏။
6 Abraham hurried into the tent to Sarah, and said, “Quickly prepare three seahs of fine meal, knead it, and make cakes.”
အာဗြဟံသည်လည်း၊ တဲအတွင်း၌ရှိသော စာရာ ဆီသို့ အလျင်အမြန်ဝင်ပြီးလျှင်၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင်၍နယ်ပါ။ ပေါင်မုန့်ကို လုပ်ပါဟုဆိုလေ၏။
7 Abraham ran to the herd, and fetched a tender and good calf, and gave it to the servant. He hurried to dress it.
တဖန်နွားစုသို့ပြေး၍ နုထွားကောင်းမွန်သော နွားသငယ်ကို ယူခဲ့၍၊ လုလင်၌အပ်သဖြင့် မြန်မြန်ပြင်ဆင် စေ၏။
8 He took butter, milk, and the calf which he had dressed, and set it before them. He stood by them under the tree, and they ate.
ထိုနောက် နို့နှင့် နို့စမ်းကို၎င်း၊ ပြင်ဆင်သော နွားသငယ်ကို၎င်း ယူ၍၊ ထိုသူတို့ရှေ့၌ ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည် စားကြ၏။
9 They asked him, “Where is Sarah, your wife?” He said, “There, in the tent.”
ပြီးသောအခါ၊ သင်၏ မယားစာရာသည် အဘယ်မှာရှိသနည်းဟု မေးကြလျှင်၊ တဲအတွင်း၌ ရှိပါသည်ဟု ပြန်ပြော၏။
10 He said, “I will certainly return to you at about this time next year; and behold, Sarah your wife will have a son.” Sarah heard in the tent door, which was behind him.
၁၀ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သော အခါ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါ သင်၏မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ၏နောက်၌ တံခါးဝအနား မှာ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား၏။
11 Now Abraham and Sarah were old, well advanced in age. Sarah had passed the age of childbearing.
၁၁ထိုအခါ အာဗြဟံနှင့်စာရာသည် အသက် အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲ ရှိသည့်အတိုင်း မရောက်ပြီ။
12 Sarah laughed within herself, saying, “After I have grown old will I have pleasure, my lord being old also?”
၁၂ထိုကြောင့် စာရာက၊ ငါလည်းအိုပြီ၊ ငါ့သခင် လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ်လေ၏။
13 The LORD said to Abraham, “Why did Sarah laugh, saying, ‘Will I really bear a child when I am old?’
၁၃သင်၏မယားစာရာက၊ အကယ်၍ ငါသည် အိုပြီးမှ၊ သားကို ဘွားလိမ့်မည်လောဟုဆိုလျက်၊ အဘယ် ကြောင့် ရယ်သနည်း။
14 Is anything too hard for the LORD? At the set time I will return to you, when the season comes around, and Sarah will have a son.”
၁၄ထာဝရဘုရားမတတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ၏။
15 Then Sarah denied it, saying, “I did not laugh,” for she was afraid. He said, “No, but you did laugh.”
၁၅စာရာကလည်း ကျွန်မမရယ်ပါဟု၊ ကြောက်၍ ငြင်းလေ၏။ မဟုတ်ဘူး။ သင်ရယ်ပြီဟုမိန့်တော်မူ၏။
16 The men rose up from there, and looked toward Sodom. Abraham went with them to see them on their way.
၁၆ထိုလူတို့သည် ထိုအရပ်က ထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက် သွားကြ၏။ အာဗြဟံသည်လည်း သူတို့ ကို ပို့ခြင်းငှါ လိုက်လေ၏။
17 The LORD said, “Will I hide from Abraham what I do,
၁၇ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော။
18 since Abraham will surely become a great and mighty nation, and all the nations of the earth will be blessed in him?
၁၈အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံ သော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
19 For I have known him, to the end that he may command his children and his household after him, that they may keep the way of the LORD, to do righteousness and justice; to the end that the LORD may bring on Abraham that which he has spoken of him.”
၁၉အကြောင်းမူကား၊ သူသည် မိမိနောက်၌ ဖြစ်သော သားများ၊ အိမ်သူများတို့အား ပညတ်မည်အရာ ကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏ တရား လမ်းသို့ လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့် မည်။ သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရ ဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
20 The LORD said, “Because the cry of Sodom and Gomorrah is great, and because their sin is very grievous,
၂၀တဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရ မြို့၌ ကြွေးကြော်သော အသံသည်ကြီး၍၊ အလွန်အပြစ် လေးသောကြောင့်၊
21 I will go down now, and see whether their deeds are as bad as the reports which have come to me. If not, I will know.”
၂၁ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေး ကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည် ဟု မိန့်တော်မူ၏။
22 The men turned from there, and went toward Sodom, but Abraham stood yet before the LORD.
၂၂ထိုသူတို့သည် ထိုအရပ်မှ မျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြံဟံမူကား၊ ထာဝရဘုရား ရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။
23 Abraham came near, and said, “Will you consume the righteous with the wicked?
၂၃ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သော သူတို့ကို၊ မတရားသော သူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။
24 What if there are fifty righteous within the city? Will you consume and not spare the place for the fifty righteous who are in it?
၂၄ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူ ငါးဆယ် ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော် မူမည်လော။
25 May it be far from you to do things like that, to kill the righteous with the wicked, so that the righteous should be like the wicked. May that be far from you. Should not the Judge of all the earth do right?”
၂၅ထိုသို့ပြု၍ ဖြောင့်မတ်သော သူတို့ကို မတရား သော သူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင် ဝေးပါစေသတည်း။ ဖြောင့်မတ်သော သူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း၊ မြေကြီးလုံးကို စီရင်တော်မူသော သခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျောက်ဆို၏။
26 The LORD said, “If I find in Sodom fifty righteous within the city, then I will spare the whole place for their sake.”
၂၆ထာဝရဘုရားကလည်း၊ သောဒုမြို့၌ ဖြောင့်မတ် သောသူငါးဆယ်ကို ငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ် လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ၏။
27 Abraham answered, “See now, I have taken it on myself to speak to the Lord, although I am dust and ashes.
၂၇တဖန်အာဗြဟံက၊ အကျွန်ုပ်သည် မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကို ယခုလျှောက် မည်ဟု အားထုတ်ပါ၏။
28 What if there will lack five of the fifty righteous? Will you destroy all the city for lack of five?” He said, “I will not destroy it if I find forty-five there.”
၂၈ဖြောင့်မတ်သောသူ ငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သော အတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌ လေးဆယ့်ငါးယောက်ကို ငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။
29 He spoke to him yet again, and said, “What if there are forty found there?” He said, “I will not do it for the forty’s sake.”
၂၉တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော် မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။
30 He said, “Oh do not let the Lord be angry, and I will speak. What if there are thirty found there?” He said, “I will not do it if I find thirty there.”
၃၀တဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ် လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။
31 He said, “See now, I have taken it on myself to speak to the Lord. What if there are twenty found there?” He said, “I will not destroy it for the twenty’s sake.”
၃၁တဖန်တုံ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခု လျှောက်မည်ဟု အားထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
32 He said, “Oh do not let the Lord be angry, and I will speak just once more. What if ten are found there?” He said, “I will not destroy it for the ten’s sake.”
၃၂အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
33 The LORD went his way as soon as he had finished communing with Abraham, and Abraham returned to his place.
၃၃ထာဝရဘုရားသည် အာဗြံဟံနှင့် နှုတ်ဆက်ခြင်း အမှုကုန်စင်ပြီးမှ ကြွသွားတော်မူ၏။ အာဗြံဟံသည် လည်း မိမိနေရာအရပ်သို့ ပြန်လေ၏။

< Genesis 18 >