< Ezekiel 3 >

1 He said to me, “Son of man, eat what you find. Eat this scroll, and go, speak to the house of Israel.”
တဖန် ၊ အချင်းလူသား ၊ သင်တွေ့ သောအရာ ကို စား လော့။ ဤ စာလိပ် ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသား တို့ရှိရာသို့ သွား ၍ ဟောပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
2 So I opened my mouth, and he caused me to eat the scroll.
ငါ သည်ပစပ် ကိုဖွင့် စဉ် ထို စာလိပ် ကို ခွံ့ တော်မူလျက် ၊
3 He said to me, “Son of man, eat this scroll that I give you and fill your belly and your bowels with it.” Then I ate it. It was as sweet as honey in my mouth.
အချင်းလူသား ၊ ငါ ပေး သော ဤ စာလိပ် ကို စား ၍ ဝမ်း ပြည့် စေလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည် စား ၍ ပစပ် ၌ ပျားရည် ကဲ့သို့ ချို ၏။
4 He said to me, “Son of man, go to the house of Israel, and speak my words to them.
တဖန် ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့ ရှိရာသို့ သွား ၍ ငါ့ စကား ကို ဟောပြော လော့။
5 For you are not sent to a people of a strange speech and of a hard language, but to the house of Israel—
သင် မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုး ရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလ အမျိုး ရှိရာသို့ စေလွှတ် ၏။
6 not to many peoples of a strange speech and of a hard language, whose words you cannot understand. Surely, if I sent you to them, they would listen to you.
သင်မ သိ မကျွမ်း၊ နားလည် ခဲသောစကား၊ အလျှင်း နား မလည်နိုင်သော စကား ကို ပြောတတ်သော လူ အမျိုးမျိုး တို့ ရှိရာသို့ စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့ သောသူ တို့ ရှိရာသို့ စေလွှတ် လျှင်၊ သင့် စကားကို နားထောင် ကြလိမ့်မည်။
7 But the house of Israel will not listen to you, for they will not listen to me; for all the house of Israel are obstinate and hard-hearted.
ဣသရေလ အမျိုး တို့မူကား ၊ သင့် စကားကို နား မ ထောင်ကြ။ ငါ့ စကားကို ပင် နား မ ထောင်ကြ။ ဣသရေလ အမျိုးသား အပေါင်း တို့သည် ခိုင်မာ သော နဖူး နှင့် ခိုင်မာ သော နှလုံး ရှိကြ၏။
8 Behold, I have made your face hard against their faces, and your forehead hard against their foreheads.
သို့ရာတွင်၊ သူ တို့မျက်နှာ တဘက် ၌ သင် ၏ မျက်နှာ ကို၎င်း ၊ သူ တို့နဖူး တဘက် ၌ သင် ၏နဖူး ကို၎င်းငါခိုင်ခံ့ စေ ပြီ။
9 I have made your forehead as a diamond, harder than flint. Do not be afraid of them, neither be dismayed at their looks, though they are a rebellious house.”
သင် ၏နဖူး ကို ကျောက် ထက် မက၊ စိန် ထက် သာ၍ခိုင်မာ စေ ပြီ။ သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သင်သည်မ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်ဟု မိန့်တော်မူ၏။
10 Moreover he said to me, “Son of man, receive in your heart and hear with your ears all my words that I speak to you.
၁၀တဖန် ၊ အချင်းလူသား ၊ သင့် အား ငါပြော လတံ့ သမျှ သော စကား တို့ကို နားထောင် ၍ နှလုံး သွင်း လော့။
11 Go to them of the captivity, to the children of your people, and speak to them, and tell them, ‘This is what the Lord GOD says,’ whether they will hear, or whether they will refuse.”
၁၁သိမ်းသွား ခြင်းကို ခံရသောသင် ၏အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ဟု၊ သူတို့နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
12 Then the Spirit lifted me up, and I heard behind me the voice of a great rushing, saying, “Blessed be the LORD’s glory from his place.”
၁၂ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ ၍ ၊ ထာဝရဘုရား ကျိန်းဝပ် တော်မူရာ အရပ်မှ ဘုန်း တော်သည် မင်္ဂလာ ရှိစေသတည်းဟု၊ ငါ့ နောက် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို ငါကြား ၏။
13 I heard the noise of the wings of the living creatures as they touched one another, and the noise of the wheels beside them, even the noise of a great rushing.
၁၃တခု နှင့်တခုစပ်လျက်ရှိသောသတ္တဝါ တို့၏ အတောင် များမြည်သံ ကို၎င်း ၊ သူ တို့အနား မှာ ဘီး များ မြည်သံ ကို၎င်း၊ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို၎င်း ငါကြားရ၏။
14 So the Spirit lifted me up, and took me away; and I went in bitterness, in the heat of my spirit; and the LORD’s hand was strong on me.
၁၄ဝိညာဉ် တော်သည် ငါ့ ကိုချီသွား တော်မူ၍ ၊ ငါ သည်ခါး သောစိတ်၊ ပူပန် သောစိတ် နှင့်လိုက် ရ၏။ ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ လေးလံ စွာ တင် လျက်ရှိ၏။
15 Then I came to them of the captivity at Tel Aviv who lived by the river Chebar, and to where they lived; and I sat there overwhelmed among them seven days.
၁၅သိမ်းသွား ခြင်းကိုခံရ၍ ၊ ခေဗာ မြစ် နား ၊ တေလဗိဗ ရွာမှာ နေရာ ကျသောသူတို့ ရှိရာသို့ ငါရောက် ၍ ၊ သူ တို့နေရာ အရပ်၌ ခုနစ် ရက် ပတ်လုံးမိန်းမောတွေဝေလျက်နေ၏။
16 At the end of seven days, the LORD’s word came to me, saying,
၁၆ခုနစ် ရက် လွန် မှ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
17 “Son of man, I have made you a watchman to the house of Israel. Therefore hear the word from my mouth, and warn them from me.
၁၇အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။
18 When I tell the wicked, ‘You will surely die;’ and you give him no warning, nor speak to warn the wicked from his wicked way, to save his life, that wicked man will die in his iniquity; but I will require his blood at your hand.
၁၈သင်သည် အမှန်သေ လိမ့်မည်ဟု၊ လူဆိုး အား ငါ ပြော လျက် နှင့် သင်သည်သတိ မ ပေး၊ လူဆိုး ၏ အသက် ကို ချမ်းသာစေခြင်းငှါ ၊ လူဆိုး အား သတိ ပေးသောစကား ကို မ ပြော ဘဲနေလျှင် ထို လူဆိုး သည် မိမိ အပြစ် ၌ သေ လိမ့်မည်။ သူ ၏အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။
19 Yet if you warn the wicked, and he does not turn from his wickedness, nor from his wicked way, he will die in his iniquity; but you have delivered your soul.”
၁၉သို့မဟုတ် ၊ သင် သည် လူဆိုး ကို သတိ ပေးလျက် နှင့်သူ သည် မိမိ ပြုသော ဒုစရိုက် ကို ၎င်း ၊ မိမိ လိုက်သော အဓမ္မ လမ်း ကို ၎င်းမ ရှောင် ဘဲနေလျှင် ၊ မိမိ အပြစ် ၌ သေ လိမ့်မည်။ သင် မူကား ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီ။
20 “Again, when a righteous man turns from his righteousness and commits iniquity, and I lay a stumbling block before him, he will die. Because you have not given him warning, he will die in his sin, and his righteous deeds which he has done will not be remembered; but I will require his blood at your hand.
၂၀တဖန်တုံ ၊ ဖြောင့်မတ် သောသူသည်ဖေါက်ပြန် ၍ ဒုစရိုက် ကိုပြု လျှင် ၎င်း ၊ ထိမိ ၍ လဲစရာအကြောင်းကို သူ့ ရှေ့ မှာငါထား လျှင် ၎င်း သူ သည် သေ လိမ့်မည်။ သင်သည်သတိ မ ပေးသောကြောင့် ၊ သူသည်မိမိ အပြစ် ၌ သေ လိမ့်မည်။ သူကျင့် ဘူးသော တရား ကို ပမာဏ မ ပြုရ။ သူ ၏ အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။
21 Nevertheless if you warn the righteous man, that the righteous not sin, and he does not sin, he will surely live, because he took warning; and you have delivered your soul.”
၂၁သို့မဟုတ် ၊ ဖြောင့်မတ် သောသူသည် ဒုစရိုက် ကို မ ပြုမည်အကြောင်း ၊ သင် သည်သတိ ပေး၍ သူ သည် ဒုစရိုက် ကို မ ပြုဘဲနေလျှင် ၊ သတိ ပေးသောကျေးဇူးကြောင့် စင်စစ်အသက် ချမ်းသာလိမ့်မည်။ သင် သည် လည်း ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီဟု မိန့်တော်မူ၏။
22 The LORD’s hand was there on me; and he said to me, “Arise, go out into the plain, and I will talk with you there.”
၂၂တဖန် ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ တင် ပြီးလျှင် ၊ သင်ထ ၍ လွင်ပြင် သို့ သွား လော့။ ထို အရပ်၌ ငါပြော မည်ဟု မိန့် တော်မူသည် အတိုင်း ၊
23 Then I arose, and went out into the plain, and behold, the LORD’s glory stood there, like the glory which I saw by the river Chebar. Then I fell on my face.
၂၃ငါသည် ထ ၍ လွင်ပြင် သို့ သွား ၏။ ရောက်သောအခါ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော ထာဝရဘုရား ၏ ဘုန်း တော်သည် ရပ် တော်မူ၍ ၊ ငါသည် ပြပ်ဝပ်လျက် နေ၏။
24 Then the Spirit entered into me and set me on my feet. He spoke with me, and said to me, “Go, shut yourself inside your house.
၂၄ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေလျက် ၊ သင်သွား လော့။ ကိုယ် အိမ် ၌ ပုန်းရှောင် ၍ နေလော့။
25 But you, son of man, behold, they will put ropes on you, and will bind you with them, and you will not go out among them.
၂၅အချင်းလူသား ၊ သင် သည်ကြိုး နှင့် ချည်နှောင် ခြင်းကိုခံ ၍ သူ တို့တွင် မ ထွက် ရ။
26 I will make your tongue stick to the roof of your mouth so that you will be mute and will not be able to correct them, for they are a rebellious house.
၂၆သင် သည် သူ တို့ကို မ ဆုံးမ ဘဲနေ စေခြင်းငှါ ၊ စကား အလျက် သင့် လျှာ ကိုအာခေါင် ၌ ကပ် စေမည်။ အကြောင်း မူကား၊ သူ တို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။
27 But when I speak with you, I will open your mouth, and you shall tell them, ‘This is what the Lord GOD says.’ He who hears, let him hear; and he who refuses, let him refuse; for they are a rebellious house.”
၂၇သို့ရာတွင် ၊ သင့် အားငါ ပြော သောအခါ သင့် နှုတ် ကို ငါဖွင့် မည်။ သင်က၊ အရှင် ထာဝရဘုရား မိန့် တော်မူ၏ ဟု သူ တို့အား ဟောပြော ရမည်။ နားထောင် သောသူသည် နားထောင် စေ၊ နား မထောင်သောသူသည် နား မထောင်ဘဲနေစေ။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်ကြသည် ဟုမိန့်တော်မူ၏။

< Ezekiel 3 >