< Exodus 15 >

1 Then Moses and the children of Israel sang this song to the LORD, and said, “I will sing to the LORD, for he has triumphed gloriously. He has thrown the horse and his rider into the sea.
ထိုအခါ မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည်၊ ထာဝရဘုရား အား သီချင်း ဆို သော စကား ဟူမူကား ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုပါအံ့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။
2 The LORD is my strength and song. He has become my salvation. This is my God, and I will praise him; my father’s God, and I will exalt him.
ထာဝရ ဘုရားသည် ငါ့ အစွမ်း သတ္တိ၊ ငါသီချင်း ဆိုကြောင်း၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ် တော်မူ၏။ ထို ဘုရား သည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာ ပြုပါမည်။ ငါ့ ဘိုးဘေး တို့၏ ဘုရား သခင်ဖြစ်တော်မူ၍ ၊ ငါချီးမြှောက် ပါမည်။
3 The LORD is a man of war. The LORD is his name.
ထာဝရဘုရား သည် စစ်သူရဲ ဖြစ်တော်မူ၏။ ထာဝရ ဘုရားတည်းဟူသောနာမ တော်ရှိတော်မူ၏။
4 He has cast Pharaoh’s chariots and his army into the sea. His chosen captains are sunk in the Red Sea.
ဖာရော ဘုရင်၏ ရထား နှင့် ဗိုလ်ခြေ တို့ကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။ ရွေး သော ဗိုလ် မင်းတို့သည်၊ ဧဒုံ ပင်လယ် ထဲ၌ မြုပ် လျက်ရှိကြ၏။
5 The deeps cover them. They went down into the depths like a stone.
နက် စွာသောအရပ်၌ လွှမ်းမိုး လျက်ရှိကြ၏။ ကျောက် ကဲ့သို့ အောက် သို့ ဆင်း ကြ၏။
6 Your right hand, LORD, is glorious in power. Your right hand, LORD, dashes the enemy in pieces.
အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် တန်ခိုး အားဖြင့် ဘုန်းကြီး တော်မူ၏။ အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် ရန်သူ တို့ကို ချိုးဖဲ့ ဖျက်ဆီးတော်မူ၏။
7 In the greatness of your excellency, you overthrow those who rise up against you. You send out your wrath. It consumes them as stubble.
ကိုယ်တော် တဘက်၌ ထ သောသူတို့ကို၊ ဘုန်း တန်ခိုးအာနုဘော်တော်တို့နှင့် လှဲ တော်မူ၏။ အမျက် တော်ကို လွှတ် ၍၊ သူ တို့ကို အမှိုက် ကဲ့သို့ မီးလောင် စေတော်မူ၏။
8 With the blast of your nostrils, the waters were piled up. The floods stood upright as a heap. The deeps were congealed in the heart of the sea.
နှာခေါင်း တော်လေ အားဖြင့် ရေ သည် စုဝေး ၍ ၊ စီး သောရေသည် ပုံ့ပုံ့ကြွ ၍၊ ပင်လယ် ၏အထဲ ၌ ပင် နက် သောရေသည် တောင့်မာ လျက်နေရ၏။
9 The enemy said, ‘I will pursue. I will overtake. I will divide the plunder. My desire will be satisfied on them. I will draw my sword. My hand will destroy them.’
ရန်သူ က၊ ငါလိုက် မည်။ သူတို့ကို မှီ လိမ့်မည်။ လုယူသောဥစ္စာ ကို ဝေ ၍ သူ တို့၌ ငါ ချင်ရဲပြေ လိမ့်မည်။ ထား ကို အိမ်မှ ထုတ် ၍ သူ တို့ကို ငါ့ လက် နှင့် ဖျက်ဆီး မည်ဟု ဆို သတည်း။
10 You blew with your wind. The sea covered them. They sank like lead in the mighty waters.
၁၀ကိုယ်တော် သည် လေ ကို မှုတ် တော်မူသဖြင့် ၊ ပင်လယ် သည် သူ တို့ကို လွှမ်းမိုး ၍ သူတို့သည် အားကြီး သောရေ ထဲ မှာ ခဲ ကဲ့သို့ ဆင်း ကြလေ၏။
11 Who is like you, LORD, among the gods? Who is like you, glorious in holiness, fearful in praises, doing wonders?
၁၁အို ထာဝရဘုရား ၊ ဘုရား များတို့တွင် အဘယ်မည် သော ဘုရားသည် ကိုယ်တော် နှင့်တူ ပါသနည်း။ သန့်ရှင်း ခြင်းအားဖြင့် ဘုန်းကြီး တော်မူထသော၊ ချီးမွမ်းခြင်းကိုခံ စဉ်တွင်၊ ကြောက်မက် ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူသော၊ ကိုယ်တော် နှင့် အဘယ် ဘုရား တူ ပါသနည်း။
12 You stretched out your right hand. The earth swallowed them.
၁၂လက်ျာ လက်တော်ကို ဆန့် တော်မူသဖြင့်၊ သူ တို့ကို မြေ မြှုပ် လေ၏။
13 “You, in your loving kindness, have led the people that you have redeemed. You have guided them in your strength to your holy habitation.
၁၃ရွေး တော်မူသော လူ မျိုးကို ကရုဏာ တော်အားဖြင့် ပို့ဆောင် တော်မူ၏။ သန့်ရှင်း သော နေ တော်မူရာသို့ တန်ခိုး တော်အားဖြင့် လမ်းပြ တော်မူ၏။
14 The peoples have heard. They tremble. Pangs have taken hold of the inhabitants of Philistia.
၁၄လူမျိုး တို့သည် သိတင်းကြား ၍ ကြောက်လန့် ကြလိမ့်မည်။ ပါလေတ္တိန ပြည်သူ ပြည်သားတို့သည် ပူပန် ခြင်းသို့ ရောက် ကြလိမ့်မည်။
15 Then the chiefs of Edom were dismayed. Trembling takes hold of the mighty men of Moab. All the inhabitants of Canaan have melted away.
၁၅ဧဒုံ ဗိုလ် တို့သည် မိန်းမော တွေဝေခြင်း၊ မောဘ သူရဲ တို့သည် တုန်လှုပ် ခြင်း၊ ခါနာန် ပြည်သား အပေါင်း တို့ သည် စိတ်ပျက် ခြင်းသို့ ရောက် ကြလိမ့်မည်။
16 Terror and dread falls on them. By the greatness of your arm they are as still as a stone, until your people pass over, LORD, until the people you have purchased pass over.
၁၆အို ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့သည် လွန် သွားသောအခါ ၊ ရွေး တော်မူသော ကိုယ်တော်၏လူ တို့ သည် လွန်သွား သောအခါ ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံး တော်တန်ခိုး ကြောင့် ၊ သူတို့သည် ကျောက် ကဲ့သို့ ငြိမ်ငြိမ် နေကြလိမ့်မည်။
17 You will bring them in, and plant them in the mountain of your inheritance, the place, LORD, which you have made for yourself to dwell in: the sanctuary, Lord, which your hands have established.
၁၇အို ထာဝရ ဘုရား၊ အမွေခံ တော်မူရာ တောင် တည်းဟူသောကျိန်းဝပ် တော်မူရာ ဘို့ ဖန်ဆင်း တော်မူသော အရပ်ထဲသို့ ကိုယ်တော်၏လူ တို့ကို သွင်း တော်မူလိမ့်မည်။ အို ထာဝရဘုရား ၊ လက် တော်နှင့် တည် တော်မူသော သန့်ရှင်း ရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
18 The LORD will reign forever and ever.”
၁၈ထာဝရဘုရား သည် ကာလ အစဉ်အမြဲ စိုးစံ တော်မူစေသတည်းဟု သီချင်းဆို ကြလေ၏။
19 For the horses of Pharaoh went in with his chariots and with his horsemen into the sea, and the LORD brought back the waters of the sea on them; but the children of Israel walked on dry land in the middle of the sea.
၁၉အကြောင်းမူကား၊ ဖာရော ဘုရင်၏ မြင်း များ၊ ရထား များ၊ မြင်းစီးသူရဲ များတို့သည် ပင်လယ် ထဲသို့ ဝင် ၍ ၊ ထာဝရဘုရား သည် သူ တို့အပေါ် မှာ ပင်လယ် ရေ ကို လွှမ်းမိုး စေတော်မူ၏။ ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၏။
20 Miriam the prophetess, the sister of Aaron, took a tambourine in her hand; and all the women went out after her with tambourines and with dances.
၂၀အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။
21 Miriam answered them, “Sing to the LORD, for he has triumphed gloriously. He has thrown the horse and his rider into the sea.”
၂၁မိရိအံ ကလည်း ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ကို ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုကြလော့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီဟု သူ တို့နှင့် အသံပြိုင်၍ ဆို လေ၏။
22 Moses led Israel onward from the Red Sea, and they went out into the wilderness of Shur; and they went three days in the wilderness, and found no water.
၂၂ထိုနောက် မောရှေ သည် ဣသရေလ လူတို့ကို၊ ဧဒုံ ပင်လယ် မှ ဆောင်သွား ၍ ၊ သူတို့သည် ရှုရ တော သို့ ရောက် ကြ၏။ ထိုတော ၌ သုံး ရက် ခရီးသွား ၍ ရေ ကို မ တွေ့ မရကြ။
23 When they came to Marah, they could not drink from the waters of Marah, for they were bitter. Therefore its name was called Marah.
၂၃မာရ အရပ်သို့ ရောက် သောအခါ ၊ မာရ ရေ သည် ခါး သောကြောင့် မ သောက် နိုင် ကြ။ ထိုကြောင့် ထိုအရပ်ကို မာရ ဟု သမုတ် ကြသတည်း။
24 The people murmured against Moses, saying, “What shall we drink?”
၂၄လူ များတို့သည် မောရှေ ကို အပြစ်တင် ၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက် ရပါမည်နည်းဟု ဆို ကြ၏။
25 Then he cried to the LORD. The LORD showed him a tree, and he threw it into the waters, and the waters were made sweet. There he made a statute and an ordinance for them, and there he tested them.
၂၅မောရှေသည် ထာဝရဘုရား အား အော်ဟစ် ၍ ထာဝရဘုရား သည် သစ်ပင် တပင်ကို ပြ တော်မူ၏။ ထိုအပင်ကို ရေ ထဲသို့ ချ ပြီးလျှင် ၊ ရေ သည် ချို လေ၏။ ထို အရပ်၌ သူ တို့ကို စုံစမ်း ၍ စီရင် ထုံးဖွဲ့ တော်မူသည်ကား၊
26 He said, “If you will diligently listen to the LORD your God’s voice, and will do that which is right in his eyes, and will pay attention to his commandments, and keep all his statutes, I will put none of the diseases on you which I have put on the Egyptians; for I am the LORD who heals you.”
၂၆သင်တို့သည် သင်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား ကို စေ့စေ့နားထောင် ၍ နှစ်သက် တော်မူသောအကျင့်ကို ကျင့် လျှင်၎င်း၊ ပညတ် တရားတော်အလိုသို့ လိုက် ၍ စီရင် တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ ငါသည် အဲဂုတ္တု လူတို့၌ စွဲ စေသော ရောဂါ တစုံ တခုကိုမျှ သင် တို့၌ မ စွဲ စေ။ ငါ သည် သင် တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
27 They came to Elim, where there were twelve springs of water and seventy palm trees. They encamped there by the waters.
၂၇ထိုနောက်မှ ရေတွင်း ဆယ် နှစ် တွင်း၊ စွန်ပလွံ ပင် ခုနစ်ဆယ် နှင့် ပြည့်စုံရာ ဧလိမ် ရွာသို့ ရောက် ၍ ၊ ထို အရပ်တွင် ရေ ရှိရာအနား မှာ တပ်ချ ကြ၏။

< Exodus 15 >