< Acts 10 >
1 Now there was a certain man in Caesarea, Cornelius by name, a centurion of what was called the Italian Regiment,
၁ကဲသရိမြို့တွင်ကော်နေလိနာမည်ရှိသူလူ တစ်ယောက်ရှိ၏။ သူသည် ``ဣတလိတပ်'' ဟု ခေါ်သောတပ်မှတပ်ခွဲမှူးတစ်ယောက်ဖြစ်၏။-
2 a devout man, and one who feared God with all his house, who gave gifts for the needy generously to the people, and always prayed to God.
၂သူနှင့်တကွသူ၏အိမ်ထောင်စုသားတို့သည် ဘုရားတရားကြည်ညို၍ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူများဖြစ်ကြ၏။ သူသည် ဆင်းရဲသောယုဒအမျိုးသားတို့အား ရက် ရောစွာလှူဒါန်းတတ်၏။ သူသည်ဘုရား သခင်ထံအချိန်မှန်မှန်ပတ္ထနာပြုလေ၏။-
3 At about the ninth hour of the day, he clearly saw in a vision an angel of God coming to him and saying to him, “Cornelius!”
၃မွန်းလွဲသုံးနာရီခန့်အချိန်၌ဘုရားသခင် ၏ကောင်းကင်တမန်သည်သူ့ထံသို့လာ၍ ``ကော် နေလိ'' ဟုခေါ်သည်ကိုဗျာဒိတ်ရူပါရုံတွင် အထင်အရှားမြင်ရ၏။
4 He, fastening his eyes on him and being frightened, said, “What is it, Lord?” He said to him, “Your prayers and your gifts to the needy have gone up for a memorial before God.
၄သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။-
5 Now send men to Joppa, and get Simon, who is also called Peter.
၅ယခုပင်ယုပ္ပေမြို့သို့လူလွှတ်၍ပေတရုခေါ် ရှိမုန်ဆိုသူကိုပင့်ခေါ်လော့။-
6 He is staying with a tanner named Simon, whose house is by the seaside.
၆သူသည်သားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏။ ထိုအိမ်ကားပင်လယ်ကမ်း အနီးတွင်ရှိ၏'' ဟုမြွက်ဆို၏။-
7 When the angel who spoke to him had departed, Cornelius called two of his household servants and a devout soldier of those who waited on him continually.
၇ထိုကောင်းကင်တမန်ထွက်ခွာသွားသောအခါ ကော်နေလိသည် မိမိ၏အစေခံနှစ်ယောက်နှင့် ဘုရားဝတ်၌မွေ့လျော်သောအပါးတော်မြဲ စစ်သားတစ်ယောက်ကိုခေါ်ကာ၊-
8 Having explained everything to them, he sent them to Joppa.
၈အကြောင်းအလုံးစုံကိုပြောပြပြီးလျှင် ယုပ္ပေမြို့သို့စေလွှတ်လေသည်။
9 Now on the next day as they were on their journey and got close to the city, Peter went up on the housetop to pray at about noon.
၉ထိုသူတို့သည်ခရီးပြုကြရာနောက်တစ်နေ့ ၌ယုပ္ပေမြို့အနီးသို့ရောက်ကြ၏။ မွန်းတည့် ချိန်ခန့်တွင်ပေတရုသည် ဆုတောင်းရန်အိမ် အမိုးပေါ်သို့တက်လေသည်။-
10 He became hungry and desired to eat, but while they were preparing, he fell into a trance.
၁၀သူသည်ဆာလောင်မွတ်သိပ်သဖြင့်အစား အစာကိုတောင့်တ၏။ သူ၏အတွက်အစား အစာများပြင်ဆင်နေကြစဉ်သူသည်ဗျာ ဒိတ်ရူပါရုံကိုမြင်ရလေသည်။-
11 He saw heaven opened and a certain container descending to him, like a great sheet let down by four corners on the earth,
၁၁ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။-
12 in which were all kinds of four-footed animals of the earth, wild animals, reptiles, and birds of the sky.
၁၂ထိုအရာထဲတွင်ခြေလေးချောင်းသတ္တဝါ မျိုး၊ တွားတတ်သည့်သတ္တဝါအမျိုးမျိုးနှင့် ကောင်းကင်ငှက်အမျိုးမျိုးတို့ဖြင့်ပါရှိ၏။-
13 A voice came to him, “Rise, Peter, kill and eat!”
၁၃``ပေတရု၊ ထလော့၊ သတ်၍စားလော့'' ဟူသော အသံကိုသူကြားရ၏။
14 But Peter said, “Not so, Lord; for I have never eaten anything that is common or unclean.”
၁၄ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။
15 A voice came to him again the second time, “What God has cleansed, you must not call unclean.”
၁၅ထိုအခါဗျာဒိတ်သံက ``ဘုရားသခင်သန့်စင် သည်ဟုဆိုသည့်အရာကိုသင်ကညစ်ညမ်းသည် ဟုမဆိုရ'' ဟုမိန့်တော်မူ၏။-
16 This was done three times, and immediately the thing was received up into heaven.
၁၆ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ချက်ချင်းပင်ရွက်ထည်နှင့်တူသောအရာသည် မိုးကောင်းကင်သို့ပြန်လည်ရုပ်သိမ်းခြင်းကို ခံရလေသည်။
17 Now while Peter was very perplexed in himself what the vision which he had seen might mean, behold, the men who were sent by Cornelius, having made inquiry for Simon’s house, stood before the gate,
၁၇ပေတရုသည်ထိုဗျာဒိတ်ရူပါရုံ၏အနက် အဋ္ဌိပ္ပါယ်ကိုဆင်ခြင်စဉ်းစားလျက်နေ၏။ ထို အချိန်၌ကော်နေလိစေလွှတ်လိုက်သောလူ တို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေ၍ ယခုအိမ်ရှေ့သို့ရောက်ရှိလာကြ၏။-
18 and called and asked whether Simon, who was also called Peter, was lodging there.
၁၈ထိုသူတို့က ``ပေတရုခေါ်ရှိမုန်သည်ဤ အိမ်တွင်ရှိပါ၏လော'' ဟုအော်၍မေးမြန်း ကြ၏။
19 While Peter was pondering the vision, the Spirit said to him, “Behold, three men seek you.
၁၉ပေတရုသည်ဗျာဒိတ်ရူပါရုံအကြောင်း ကိုစဉ်းစားနေစဉ်ဝိညာဉ်တော်က ``လူသုံး ယောက်တို့သည်သင့်ကိုရှာနေကြ၏။-
20 But arise, get down, and go with them, doubting nothing; for I have sent them.”
၂၀ထ၍ဆင်းသွားလော့။ ငါပင်သူတို့ကိုစေလွှတ် လိုက်သည်ဖြစ်၍ မဆိုင်းမတွဘဲသူတို့နှင့် အတူလိုက်သွားလော့'' ဟုမိန့်တော်မူ၏။-
21 Peter went down to the men, and said, “Behold, I am he whom you seek. Why have you come?”
၂၁သို့ဖြစ်၍ပေတရုသည်ထိုသူတို့ထံသို့ဆင်း သွားပြီးလျှင် ``သင်တို့ရှာနေသူကားငါပင် ဖြစ်သည်။ အဘယ်အကြောင်းကြောင့်သင်တို့ ရောက်လာကြပါသနည်း'' ဟုမေး၏။
22 They said, “Cornelius, a centurion, a righteous man and one who fears God, and well spoken of by all the nation of the Jews, was directed by a holy angel to invite you to his house, and to listen to what you say.”
၂၂ထိုသူတို့က ``ကောင်းကင်တမန်တစ်ပါးသည် တပ်ခွဲမှူးကော်နေလိအားအရှင့်ကိုခေါ်ဖိတ် ၍ အရှင်၏တရားစကားကိုကြားနာရန်ညွှန် ကြားခဲ့ပါသည်။ ကော်နေလိသည်လူကောင်း တစ်ယောက်ဖြစ်၍ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသူဖြစ်ပါသည်။ ယုဒအမျိုးသား အပေါင်းတို့၏ကြည်ညိုလေးစားမှုကို လည်းခံရသူဖြစ်ပါ၏'' ဟုပြောကြား၏။-
23 So he called them in and provided a place to stay. On the next day Peter arose and went out with them, and some of the brothers from Joppa accompanied him.
၂၃ပေတရုသည်ထိုသူတို့အားအိမ်ထဲသို့ ခေါ်ဖိတ်၍ထိုညအိပ်စေ၏။ နောက်တစ်နေ့၌သူသည်ထိုသူတို့နှင့်အတူ ထွက်ခွာသွားသောအခါ ယုပ္ပေမြို့မှယုံကြည်သူ ညီအစ်ကိုအချို့တို့လည်းလိုက်ပါသွားကြ၏။-
24 On the next day they entered into Caesarea. Cornelius was waiting for them, having called together his relatives and his near friends.
၂၄နောက်တစ်နေ့၌ပေတရုသည်ကဲသရိမြို့သို့ ရောက်လေသည်။ ထိုမြို့တွင်ကော်နေလိသည် မိမိဖိတ်ခေါ်ထားသည့်ဆွေမျိုးသားချင်း များ၊ ရင်းနှီးသောမိတ်ဆွေများနှင့်အတူ သူ့အားစောင့်မျှော်လျက်နေကြ၏။-
25 When Peter entered, Cornelius met him, fell down at his feet, and worshiped him.
၂၅ပေတရုဝင်လာသောအခါ ကော်နေလိသည် ခရီးဦးကြို၍သူ၏ခြေရင်းတွင်ပျပ်ဝပ် လေ၏။-
26 But Peter raised him up, saying, “Stand up! I myself am also a man.”
၂၆သို့ရာတွင်ပေတရုက ``ထလော့၊ ငါကိုယ်တိုင် ပင်လူသာမန်ဖြစ်ပါသည်'' ဟုဆို၍ ကော်နေလိ ကိုအထခိုင်း၏။-
27 As he talked with him, he went in and found many gathered together.
၂၇ထိုနောက်ကော်နေလိနှင့်အတူစကားပြော လျက်အိမ်ထဲသို့ဝင်သွားသောအခါ လူ အမြောက်အမြားစုဝေးလျက်ရှိသည်ကို တွေ့မြင်ရ၏။-
28 He said to them, “You yourselves know how it is an unlawful thing for a man who is a Jew to join himself or come to one of another nation, but God has shown me that I should not call any man unholy or unclean.
၂၈ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
29 Therefore I also came without complaint when I was sent for. I ask therefore, why did you send for me?”
၂၉ထို့ကြောင့်ငါ့ကိုသင်ခေါ်ဖိတ်သောအခါ ငါသည်မငြင်းမဆိုဘဲလိုက်လာခဲ့၏။ အဘယ်ကြောင့်ငါ့ကိုခေါ်ဖိတ်ရကြောင်း ပြောကြားပါလော့'' ဟုဆို၏။
30 Cornelius said, “Four days ago, I was fasting until this hour; and at the ninth hour, I prayed in my house, and behold, a man stood before me in bright clothing
၃၀ကော်နေလိက ``လွန်ခဲ့သောသုံးရက်ကမွန်း လွဲသုံးနာရီ၌ အကျွန်ုပ်သည်အိမ်မှာဆုတောင်း လျက်နေပါ၏။ ထိုအခါတောက်ပြောင်သော အဝတ်ကိုဝတ်ဆင်ထားသူလူတစ်ယောက် သည် အကျွန်ုပ်၏ရှေ့တွင်ရုတ်တရက်ရပ်၍၊-
31 and said, ‘Cornelius, your prayer is heard, and your gifts to the needy are remembered in the sight of God.
၃၁`ကော်နေလိ၊ သင်၏ဆုတောင်းပတ္ထနာကိုဘုရား သခင်ကြားတော်မူပြီ။ သင်၏စွန့်ကြဲပေးကမ်း မှုကိုလည်းသိမှတ်တော်မူပြီ။-
32 Send therefore to Joppa and summon Simon, who is also called Peter. He is staying in the house of a tanner named Simon, by the seaside. When he comes, he will speak to you.’
၃၂သို့ဖြစ်၍ယုပ္ပေမြို့သို့လူလွှတ်၍ရှိမုန်ပေတရု ဟုခေါ်သောသူကိုပင့်လော့။ သူသည်ပင်လယ်ကမ်း အနီးရှိသားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏' ဟုမြွက်ဆိုပါ၏။-
33 Therefore I sent to you at once, and it was good of you to come. Now therefore we are all here present in the sight of God to hear all things that have been commanded you by God.”
၃၃ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
34 Peter opened his mouth and said, “Truly I perceive that God does not show favoritism;
၃၄ထိုအခါပေတရုက ``အကယ်စင်စစ်ဘုရား သခင်သည်မျက်နှာကြီးငယ်ထောက်တော် မမူကြောင်းကို ယခုငါသိရှိနားလည်လာ ၏။-
35 but in every nation he who fears him and works righteousness is acceptable to him.
၃၅ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲနှစ်သက်လက်ခံ တော်မူ၏။-
36 The word which he sent to the children of Israel, preaching good news of peace by Jesus Christ—he is Lord of all—
၃၆ဣသရေလအမျိုးသားတို့ထံသို့ပေးပို့သော ဘုရား၊ လူခပ်သိမ်းတို့၏အရှင်သခင်ဖြစ်တော် မူသောသခင်ယေရှုခရစ်အားဖြင့် ကြေညာ တော်မူသည့်ရန်ငြိမ်းခြင်းဆိုင်ရာသတင်း ကောင်းကိုသင်တို့သိကြ၏။-
37 you yourselves know what happened, which was proclaimed throughout all Judea, beginning from Galilee, after the baptism which John preached;
၃၇ဗတ္တိဇံတရားကိုယောဟန်ဟောပြောပြီးသည့် နောက် ဂါလိလဲပြည်မှအစပြု၍ ယုဒပြည် တစ်လျှောက်လုံးတွင်ဖြစ်ပျက်ခဲ့သည့်အမှု အရာများအကြောင်းကိုလည်းကောင်း၊-
38 how God anointed Jesus of Nazareth with the Holy Spirit and with power, who went about doing good and healing all who were oppressed by the devil, for God was with him.
၃၈နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-
39 We are witnesses of everything he did both in the country of the Jews and in Jerusalem; whom they also killed, hanging him on a tree.
၃၉ယေရုရှလင်မြို့၌လည်းကောင်း၊ ဣသရေလ နိုင်ငံရှိအခြားမြို့ရွာများ၌လည်းကောင်း၊ ကိုယ်တော်လုပ်ဆောင်ခဲ့သမျှသောအမှုအရာ တို့နှင့်ပတ်သက်၍ ငါတို့သည်အသိသက်သေ များဖြစ်ကြ၏။ ထိုနောက်လူတို့သည်ကိုယ်တော် ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။-
40 God raised him up the third day and gave him to be revealed,
၄၀သို့ရာတွင်တတိယနေ့၌ဘုရားသခင်သည် ကိုယ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ကိုယ်ထင်ပြစေတော်မူ၏။-
41 not to all the people, but to witnesses who were chosen before by God, to us, who ate and drank with him after he rose from the dead.
၄၁လူတိုင်းကိုယ်တော်ကိုဖူးမြင်ခွင့်ရကြသည် မဟုတ်။ အသိသက်သေများအဖြစ်ဖြင့်ဘုရား သခင်ကြိုတင်ရွေးချယ်ထားသူငါတို့သာ လျှင်ဖူးမြင်ရကြ၏။ ငါတို့သည်ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်နှင့်အတူစားသောက်ခဲ့သူများဖြစ် ကြ၏။-
42 He commanded us to preach to the people and to testify that this is he who is appointed by God as the Judge of the living and the dead.
၄၂ကိုယ်တော်သည်လူတို့အားသတင်းကောင်းကို ကြေညာရန်နှင့် ကိုယ်တော်သည်အသက်ရှင်နေ သူ၊ သေလွန်သူများကိုတရားစီရင်သော သခင်အဖြစ်ဖြင့် ဘုရားသခင်ခန့်ထားတော် မူကြောင်းဟောပြောသက်သေခံရန် ငါတို့ အားပညတ်ပေးတော်မူခဲ့၏။-
43 All the prophets testify about him, that through his name everyone who believes in him will receive remission of sins.”
၄၃ကိုယ်တော်ကိုသက်ဝင်ယုံကြည်သူအပေါင်း တို့သည် ကိုယ်တော်၏နာမတော်တန်ခိုးအား ဖြင့် မိမိတို့၏အပြစ်များဖြေလွှတ်ခြင်းခံ ရကြလတ္တံ့ဟူ၍ ကိုယ်တော်၏အကြောင်းကို ပရောဖက်အပေါင်းတို့ဟောပြောခဲ့ကြ၏'' ဟုမြွက်ဆိုလေသည်။
44 While Peter was still speaking these words, the Holy Spirit fell on all those who heard the word.
၄၄ဤသို့ပေတရုမြွက်ဆိုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည်နှုတ်ကပတ်တရားတော်ကို ကြားနာနေကြသောသူအပေါင်းတို့အပေါ် သို့ဆင်းသက်တော်မူ၏။-
45 They of the circumcision who believed were amazed, as many as came with Peter, because the gift of the Holy Spirit was also poured out on the Gentiles.
၄၅လူမျိုးခြားတို့သည်လည်းသန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးကိုခံယူရရှိကြ သည်ဖြစ်၍ ပေတရုနှင့်အတူလိုက်လာကြ သောယုံကြည်သူယုဒအမျိုးသားတို့ သည်လွန်စွာအံ့သြကြ၏။-
46 For they heard them speaking in other languages and magnifying God. Then Peter answered,
၄၆အဘယ်ကြောင့်ဆိုသော်လူမျိုးခြားတို့သည် ထူးဆန်းသောဘာသာစကားများကိုပြော ၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြသည်ကိုကြားကြသောကြောင့်ဖြစ်၏။ ထိုအခါပေတရုက၊-
47 “Can anyone forbid these people from being baptized with water? They have received the Holy Spirit just like us.”
၄၇``ဤသူတို့သည်ငါတို့ကဲ့သို့ပင်သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူရရှိသူများဖြစ် ကြ၏။ သို့ဖြစ်၍အဘယ်သူသည်သူတို့ဗတ္တိ ဇံမင်္ဂလာခံယူမှုကိုတားမြစ်နိုင်သနည်း'' ဟု ဆို၏။-
48 He commanded them to be baptized in the name of Jesus Christ. Then they asked him to stay some days.
၄၈ထိုနောက်ပေတရုသည်ထိုသူတို့အားယေရှု ခရစ်၏နာမတော်ကိုအမှီပြု၍ ဗတ္တိဇံမင်္ဂလာ ခံစေရန်အမိန့်ပေးလေ၏။ ထိုနောက်ပေတရု အားမိမိတို့နှင့်အတူ ရက်အနည်းငယ်နေ ထိုင်ရန်ထိုသူတို့သည်မေတ္တာရပ်ခံကြ၏။