< 2 Kings 23 >

1 The king sent, and they gathered to him all the elders of Judah and of Jerusalem.
ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား အသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍၊ “
2 The king went up to the LORD’s house, and all the men of Judah and all the inhabitants of Jerusalem with him—with the priests, the prophets, and all the people, both small and great; and he read in their hearing all the words of the book of the covenant which was found in the LORD’s house.
ယုဒ ပြည်သူ ယေရုရှလင် မြို့သား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ဗိမာန် တော်သို့တက် ၍ ၊ ဗိမာန် တော်၌ တွေ့ သော ပဋိညာဉ် ကျမ်း စာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏
3 The king stood by the pillar and made a covenant before the LORD to walk after the LORD and to keep his commandments, his testimonies, and his statutes with all his heart and all his soul, to confirm the words of this covenant that were written in this book; and all the people agreed to the covenant.
ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ်ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ် နှလုံး အကြွင်းမဲ့ စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု တိုင် နား မှာ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။ လူ အပေါင်း တို့သည်လည်း ထိုအဓိဋ္ဌာန် ကို ဝန်ခံ ကြ၏
4 The king commanded Hilkiah the high priest, and the priests of the second order, and the keepers of the threshold, to bring out of the LORD’s temple all the vessels that were made for Baal, for the Asherah, and for all the army of the sky; and he burned them outside of Jerusalem in the fields of the Kidron, and carried their ashes to Bethel.
နောက် တဖန်ယဇ်ပုရောဟိတ် မင်း ဟိလခိ ၊ ဒုတိယ ယဇ် ပုရောဟိတ်များနှင့် တံခါး စောင့် များတို့သည် ဗာလ ဘုရား၊ အာရှရ ပင်၊ မိုဃ်း ကောင်းကင်တန်ဆာ အဘို့ လုပ် သမျှ သောအသုံး အဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ် မည်အကြောင်း ရှင်ဘုရင် စီရင် သဖြင့်၊ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် တော ၌ မီးရှို့ ၍ ပြာ ကို ဗေသလ မြို့သို့ ဆောင် သွားကြ၏
5 He got rid of the idolatrous priests whom the kings of Judah had ordained to burn incense in the high places in the cities of Judah and in the places around Jerusalem; those also who burned incense to Baal, to the sun, to the moon, to the planets, and to all the army of the sky.
ယေရုရှလင် မြို့ပတ်လည် အစရှိသော ယုဒ မြို့ရွာ ၌ မြင့် သော အရပ်တို့အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒ ရှင်ဘုရင် ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကို၎င်း၊ ဗာလ ဘုရား၊ နေ လ ရာသီ စောင့် အစ ရှိသော မိုဃ်း ကောင်းကင်တန်ဆာ တို့အား နံ့သာပေါင်းကို မီးရှို့ သောသူတို့ ကို၎င်း ၊ သုတ်သင် ပယ်ရှင်းတော်မူ၏
6 He brought out the Asherah from the LORD’s house, outside of Jerusalem, to the brook Kidron, and burned it at the brook Kidron, and beat it to dust, and cast its dust on the graves of the common people.
အာရှရပင် ကိုလည်း ဗိမာန် တော်ထဲက ထုတ် ၍ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် ချောင်း သို့ ယူသွားသဖြင့်၊ ထိုချောင်းနား မှာ မီးရှို့ ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့် ကို ဆင်းရဲသားသင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ၏
7 He broke down the houses of the male shrine prostitutes that were in the LORD’s house, where the women wove hangings for the Asherah.
မိန်းမ တို့သည် အာရှရ ပင်အဘို့ ကုလားကာ ကို ရက် ရာအရပ် ဗိမာန် တော်နား မှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက် တော်မူ၏
8 He brought all the priests out of the cities of Judah, and defiled the high places where the priests had burned incense, from Geba to Beersheba; and he broke down the high places of the gates that were at the entrance of the gate of Joshua the governor of the city, which were on a man’s left hand at the gate of the city.
ယဇ် ပုရောဟိတ်အပေါင်း တို့ကို ယုဒ မြို့ရွာ တို့မှ ခေါ် ခဲ့၍ ၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ ရာမြင့် သော အရပ်များကို ဂေဗ မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ညစ်ညူး စေတော်မူ၏။ ယေရုရှလင်မြို့ ဝန် ယောရှု ၏ တံခါး ဝ လက်ဝဲ ဘက်နား မှာတည်သော မြို့တံခါး ၏ ကုန်း တို့ကိုလည်း ဖြိုဖျက် တော်မူ၏
9 Nevertheless the priests of the high places did not come up to the LORD’s altar in Jerusalem, but they ate unleavened bread among their brothers.
မြင့် သောအရပ်နှင့် ဆိုင်သော ယဇ် ပုရောဟိတ်တို့သည်၊ ယေရုရှလင် မြို့ဗိမာန်တော် ယဇ် ပလ္လင်နားသို့ မ ချဉ်း ရဘဲ၊ အပေါင်း အဘော်တို့နှင့် တဆေး မဲ့မုန့်ကို စား ရသော အခွင့်သာရှိကြ၏
10 He defiled Topheth, which is in the valley of the children of Hinnom, that no man might make his son or his daughter to pass through the fire to Molech.
၁၀အဘယ်သူမျှမိမိ သား သမီး ကို မောလုတ် ဘုရား အား မီး ဖြင့် မ ပူဇော် နိုင်မည်အကြောင်း ၊ ဟိန္နုံ သား၏ ချိုင့်၌ ရှိသောတောဖက် အရပ်ကိုလည်း ညစ်ညှုး စေတော်မူ ၏
11 He took away the horses that the kings of Judah had dedicated to the sun, at the entrance of the LORD’s house, by the room of Nathan Melech the officer who was in the court; and he burned the chariots of the sun with fire.
၁၁ယုဒ ရှင် ဘုရင်တို့သည် နေ ကို ပူဇော် ၍ ၊ ဗိမာန် တော်ဝင်း ပြင် အရာရှိ နာသမ္မေလက် အိမ် နား ၊ ဝင်း တော် တံခါးဝ၌ ထားသော မြင်း တို့ကိုလည်း ပယ်ရှား ၍ နေ ရထား တို့ကိုလည်း မီးရှို့ တော်မူ၏
12 The king broke down the altars that were on the roof of the upper room of Ahaz, which the kings of Judah had made, and the altars which Manasseh had made in the two courts of the LORD’s house, and beat them down from there, and cast their dust into the brook Kidron.
၁၂ယုဒ ရှင် ဘုရင်တို့သည် အာဟပ် မင်းတိုက် တော် အထက်ဆင့် အပေါ် မှာတည် ထားသော ယဇ် ပလ္လင်တို့နှင့် မနာရှေ မင်းသည် ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် တည် ထားသော ပလ္လင် တို့ကို ရှင်ဘုရင် ဖြိုချ ချေဖျက်၍ အမှုန့် ကို ကေဒြုန် ချောင်း ထဲသို့ ပစ် တော်မူ၏
13 The king defiled the high places that were before Jerusalem, which were on the right hand of the mountain of corruption, which Solomon the king of Israel had built for Ashtoreth the abomination of the Sidonians, and for Chemosh the abomination of Moab, and for Milcom the abomination of the children of Ammon.
၁၃ဣသရေလ ရှင်ဘုရင် ရှောလမုန် သည် ယေရုရှလင် မြို့အရှေ့ ၊ ဖျက်ဆီး ခြင်းတောင် လက်ျာ ဘက်၌ ရွံရှာ ဘွယ်သော ဇိဒုန် ဘုရားအာရှတရက် ၊ ရွံရှာဘွယ် သော မောဘ ဘုရား ခေမုရှ ၊ ရွံရှာဘွယ် သော အမ္မုန် ဘုရားမိလကုံ အဘို့ တည် သော ကုန်း တို့ကိုလည်း ရှင်ဘုရင် ညစ်ညှုး စေတော်မူ၏
14 He broke in pieces the pillars, cut down the Asherah poles, and filled their places with men’s bones.
၁၄ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ ၍ အာရှရ ပင်တို့ကို ခုတ်လှဲ ပြီးမှ ၊ သူ တို့တည် ရာအရပ်များကို လူ သေအရိုး တို့ နှင့် ပြည့် စေတော်မူ၏
15 Moreover the altar that was at Bethel and the high place which Jeroboam the son of Nebat, who made Israel to sin, had made, even that altar and the high place he broke down; and he burned the high place and beat it to dust, and burned the Asherah.
၁၅ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် သည်၊ ဗေသလ မြို့၌ တည် သော ကုန်း နှင့် ယဇ် ပလ္လင်ကိုလည်း ဖြိုချ ၍ မီးရှို့ ပြီးမှ ညက်ညက် ခြေတော်မူ၏။ အာရှရ ပင်ကိုလည်း မီးရှို့ တော်မူ၏
16 As Josiah turned himself, he spied the tombs that were there in the mountain; and he sent, and took the bones out of the tombs, and burned them on the altar, and defiled it, according to the LORD’s word which the man of God proclaimed, who proclaimed these things.
၁၆ယောရှိ မင်းသည် လှည့်လည် ၍ ကြည့်ရှုလျက် ၊ ထို တောင် ပေါ် မှာရှိသော သင်္ချိုင်း ကို မြင် သောအခါ ၊ လူကို စေလွှတ် ၍ ထိုသင်္ချိုင်း ထဲက လူသေအရိုး တို့ကို ထုတ် ပြီးလျှင် ၊ ထို အမှု ကို အထက်ကဘော်ပြ သော ဘုရား သခင်၏လူ ဆင့်ဆို သော ထာဝရဘုရား ၏ စကား တော်အတိုင်း ၊ အရိုးတို့ကို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ၍ ညစ်ညူး စေတော်မူ ၏
17 Then he said, “What monument is that which I see?” The men of the city told him, “It is the tomb of the man of God who came from Judah and proclaimed these things that you have done against the altar of Bethel.”
၁၇ယောရှိမင်းကလည်း၊ ငါ မြင် သော ထို မှတ်ကျောက် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ မြို့ သား တို့က၊ ကိုယ်တော်သည် ဗေသလ ယဇ် ပလ္လင်၌ ပြု တော်မူသော အမှု ကို၊ ယုဒ ပြည်မှ လာ ၍ ဘော်ပြ သော ဘုရား သခင်၏ လူ သင်္ချိုင်း ဖြစ်ပါသည်ဟု ပြန် လျှောက်ကြသော်၊ “
18 He said, “Let him be! Let no one move his bones.” So they let his bones alone, with the bones of the prophet who came out of Samaria.
၁၈ရှင် ဘုရင်က ၊ ရှိ စေလော့။ ထိုသူ ၏အရိုး တို့ကို အဘယ်သူ မျှမ ရွှေ့ စေနှင့်ဟု မိန့် တော်မူသည်အတိုင်း သူ ၏ အရိုး တို့နှင့် ရှမာရိ မြို့မှ လာ သောပရောဖက် အရိုး တို့ကို ရှိ စေကြ၏
19 All the houses also of the high places that were in the cities of Samaria, which the kings of Israel had made to provoke the LORD to anger, Josiah took away, and did to them according to all the acts that he had done in Bethel.
၁၉ဣသရေလ ရှင် ဘုရင်တို့သည် အမျက် တော်ကို နှိုးဆော်ခြင်းငှါ ၊ ရှမာရိ မြို့ရွာ တို့၌ မြင့် သောအရပ်ပေါ်မှာ တည် လုပ်သော အိမ် ရှိသမျှ တို့ကိုလည်း ယောရှိ မင်းသည် ပယ်ရှား ၍ ၊ ဗေသလ မြို့၌ ပြု သမျှ အတိုင်း ပြု တော်မူ၏
20 He killed all the priests of the high places that were there, on the altars, and burned men’s bones on them; and he returned to Jerusalem.
၂၀မြင့် သော အရပ်နှင့် ဆိုင်သောယဇ် ပုရောဟိတ်အပေါင်း တို့ကိုလည်း ယဇ် ပလ္လင်ပေါ် မှာ ကွပ်မျက် ၍ ၊ လူ သေအရိုး တို့ကို မီးရှို့ ပြီးမှယေရုရှလင် မြို့သို့ ပြန် တော်မူ ၏
21 The king commanded all the people, saying, “Keep the Passover to the LORD your God, as it is written in this book of the covenant.”
၂၁တဖန် ရှင်ဘုရင် ကလည်း၊ ဤ ပဋိညာဉ် ကျမ်းစာ ၌ လာ သည်အတိုင်း ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား ပသခါ ပွဲကို ဆောင် ကြလော့ဟု လူ အပေါင်း တို့ကို မိန့် တော်မူ၏
22 Surely there was not kept such a Passover from the days of the judges who judged Israel, nor in all the days of the kings of Israel, nor of the kings of Judah;
၂၂အကယ်၍ ဣသရေလ အမျိုးကို အုပ်စိုး သော တရားသူကြီး လက်ထက် မှစ၍ ၊ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် လက်ထက် ကာလပတ်လုံး ၊ ထိုသို့ သော ပသခါ ပွဲကို တခါ မျှမဆောင် ကြ
23 but in the eighteenth year of King Josiah, this Passover was kept to the LORD in Jerusalem.
၂၃ယောရှိ မင်းကြီး နန်းစံဆယ် ရှစ် နှစ် တွင် ထို ပွဲ ကို ယေရုရှလင် မြို့၌ ထာဝရဘုရား အား ဆောင် ကြသတည်း
24 Moreover, Josiah removed those who had familiar spirits, the wizards, and the teraphim, and the idols, and all the abominations that were seen in the land of Judah and in Jerusalem, that he might confirm the words of the law which were written in the book that Hilkiah the priest found in the LORD’s house.
၂၄ထို မှတပါး၊ ဗိမာန် တော်၌ ယဇ်ပုရောဟိတ် ဟိလခိ တွေ့ သော ကျမ်းစာ ၌ ပါ သောစကား အတိုင်း ကျင့် လိုသောငှါ ၊ ယောရှိ မင်းသည် စုန်း ၊ နတ်ဝင် ၊ တေရပ် ရုပ်တု မှစ၍ ရုပ်တု ဆင်းတုများကို၎င်း ၊ ယေရုရှလင် မြို့နှင့် ယုဒ ပြည် လုံးတွင် ရွံရှာဘွယ် သောအရာ တွေ့ သမျှ တို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏
25 There was no king like him before him, who turned to the LORD with all his heart, and with all his soul, and with all his might, according to all the law of Moses; and there was none like him who arose after him.
၂၅မောရှေ တရား ၌ ပါသမျှ ကို ကျင့်သဖြင့်၊ စိတ်နှလုံး အကြွင်းမဲ့ အစွမ်း သတ္တိရှိသမျှ နှင့် ထာဝရဘုရား အထံ တော်သို့ ပြောင်းလဲ ၍ ၊ ယောရှိ မင်းနှင့် တူသော ရှင်ဘုရင် တယောက် မျှ မ ဖြစ် စဖူး။ နောင် ကာလ၌လည်း မ ပေါ် မရှိ
26 Notwithstanding, the LORD did not turn from the fierceness of his great wrath, with which his anger burned against Judah, because of all the provocation with which Manasseh had provoked him.
၂၆သို့ရာတွင် မနာရှေ သည် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ၊ ပြစ်မှား သော အပြစ် ရှိသမျှ တို့ကြောင့် ၊ ယုဒ အမျိုး၌ ပြင်းစွာ အမျက် ထွက်၍ စိတ် တော်မ ပြေ။
27 The LORD said, “I will also remove Judah out of my sight, as I have removed Israel; and I will cast off this city which I have chosen, even Jerusalem, and the house of which I said, ‘My name shall be there.’”
၂၇ဣသရေလ အမျိုးကို ငါ့ မျက်မှောက် မှ ပယ်ရှား သကဲ့သို့ ယုဒ အမျိုးကိုလည်း ငါပယ်ရှား မည်။ ငါရွေးချယ် သော ယေရုရှလင် မြို့ကို၎င်း ၊ အကြင်ဗိမာန်၌ငါ့ နာမ ကို ငါတည် စေမည်ဟု ငါဆို သော ဗိမာန် ကို၎င်း၊ ငါစွန့်ပစ် မည်ဟု မိန့် တော်မူ၏
28 Now the rest of the acts of Josiah, and all that he did, are not they written in the book of the chronicles of the kings of Judah?
၂၈ယောရှိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
29 In his days Pharaoh Necoh king of Egypt went up against the king of Assyria to the river Euphrates; and King Josiah went against him, but Pharaoh Necoh killed him at Megiddo when he saw him.
၂၉ထိုမင်း လက်ထက် ၌ အဲဂုတ္တု ဖာရော ဘုရင် နေခေါ သည် ဥဖရတ် မြစ် တိုင်အောင် အာရှုရိ ရှင်ဘုရင် ကို စစ်ချီ ၍ ၊ ယောရှိ မင်းကြီး သည် ဆီးတား ခြင်းငှါ ထွက် ရာတွင်၊ မေဂိဒ္ဒေါ မြို့မှာ မင်း ချင်းတွေ့ သောအခါ ၊ ယောရှိ မင်း သည် အသက် ဆုံးလေ၏
30 His servants carried him dead in a chariot from Megiddo, brought him to Jerusalem, and buried him in his own tomb. The people of the land took Jehoahaz the son of Josiah, and anointed him, and made him king in his father’s place.
၃၀ကျွန် တို့သည် ရထား တော်ပေါ်မှာ တင် ပြီးလျှင် ၊ မင်းကြီး သေ စဉ်တွင် မေဂိဒ္ဒေါ မြို့မှ ယေရုရှလင် မြို့သို့ ဆောင် သွား၍ သင်္ချိုင်း တော်၌ သင်္ဂြိုဟ် ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ဘိသိတ် ပေးလျက် ခမည်းတော် အရာ ၌ နန်းတင် ကြ၏
31 Jehoahaz was twenty-three years old when he began to reign; and he reigned three months in Jerusalem. His mother’s name was Hamutal the daughter of Jeremiah of Libnah.
၃၁ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။ မယ်တော် ကား ၊ လိဗန မြို့သားယေရမိ ၏ သမီး ဟာမုတာလ အမည် ရှိ၏
32 He did that which was evil in the LORD’s sight, according to all that his fathers had done.
၃၂ထို မင်းသည် ဘိုးဘေး ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
33 Pharaoh Necoh put him in bonds at Riblah in the land of Hamath, that he might not reign in Jerusalem; and put the land to a tribute of one hundred talents of silver and a talent of gold.
၃၃ဖာရော နေခေါ သည် ထိုမင်း ကို ယေရုရှလင် မြို့မှာ မင်း မပြုစေခြင်းငှါ ဟာမတ် ပြည် ၊ ရိဗလ မြို့မှာ အကျဉ်း ထား၍ ၊ ယုဒပြည် ၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကိုအခွန် တောင်း လေ၏
34 Pharaoh Necoh made Eliakim the son of Josiah king in the place of Josiah his father, and changed his name to Jehoiakim; but he took Jehoahaz away, and he came to Egypt and died there.
၃၄ဖာရော နေခေါ သည်လည်း ၊ ယောရှိ သား ဧလျာကိမ် ကို ခမည်းတော် အရာ ၌ နန်းတင် ၍ ယောယကိမ် အမည် သစ်ကိုပေး ၏။ ယောခတ် ကို အဲဂုတ္တု ပြည်သို့ယူ သွား၍ ထို ပြည်၌ ယောခတ်သည်သေ ၏
35 Jehoiakim gave the silver and the gold to Pharaoh; but he taxed the land to give the money according to the commandment of Pharaoh. He exacted the silver and the gold of the people of the land, from everyone according to his assessment, to give it to Pharaoh Necoh.
၃၅ယောယကိမ် သည်လည်း ဖာရော ဘုရင် အမိန့် တော်အတိုင်း ၊ တပြည်လုံးတွင် ရွှေ ငွေ ခွဲ၍ ဖာရော ဘုရင် အား အခွန် ဆက်ရ၏။ ပြည်သူ ပြည်သားအသီးအသီးတို့ကို ရွှေ ငွေ ခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရော နေခေါ အား ဆက် လေ၏
36 Jehoiakim was twenty-five years old when he began to reign, and he reigned eleven years in Jerusalem. His mother’s name was Zebidah the daughter of Pedaiah of Rumah.
၃၆ယောယကိမ် သည် အသက်နှစ်ဆယ် ငါး နှစ် ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ရုမ မြို့သားပေဒဲယ ၏သမီး ဇေဗုဒ အမည် ရှိ၏
37 He did that which was evil in the LORD’s sight, according to all that his fathers had done.
၃၇ထိုမင်း သည် ဘိုးဘေး ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏

< 2 Kings 23 >