< 2 Kings 14 >

1 In the second year of Joash, son of Joahaz, king of Israel, Amaziah the son of Joash king of Judah began to reign.
ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှ နန်းစံနှစ်နှစ်တွင်၊
2 He was twenty-five years old when he began to reign; and he reigned twenty-nine years in Jerusalem. His mother’s name was Jehoaddin of Jerusalem.
ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့ သူ ယုဒ္ဒန်အမည်ရှိ၏။
3 He did that which was right in the LORD’s eyes, yet not like David his father. He did according to all that Joash his father had done.
ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌တရား သော အမှုကိုပြုသော်လည်း၊ အဘဒါဝိဒ်၏ အကျင့်ကိုမမှီ၊ ခမည်းတော်ယောရှပြုသမျှအတိုင်းပြု၏။
4 However the high places were not taken away. The people still sacrificed and burned incense in the high places.
သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။
5 As soon as the kingdom was established in his hand, he killed his servants who had slain the king his father,
အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သော ကျွန်တို့ကို သတ်လေ ၏။
6 but the children of the murderers he did not put to death, according to that which is written in the book of the law of Moses, as the LORD commanded, saying, “The fathers shall not be put to death for the children, nor the children be put to death for the fathers; but every man shall die for his own sin.”
သားအတွက်အဘသည် အသေမခံရ။အဘ အတွက် သားသည် အသေမခံရ။ လူတိုင်းမိမိအပြစ် ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍ ခမည်းတော်ကိုသတ်သောသူတို့၏ သားများကိုမသတ်ဘဲ နေ၏။
7 He killed ten thousand Edomites in the Valley of Salt, and took Sela by war, and called its name Joktheel, to this day.
အာမဇိမင်းသည် ဧဒုံအမျိုးသားတသောင်းကို ဆားချိုင့်၌ သတ်၍ သေလမြို့ကို တိုက်သဖြင့်၊ ယနေ့ တိုင်အောင် ယုဿေလဟူ၍ သမုတ်လေ၏။
8 Then Amaziah sent messengers to Jehoash, the son of Jehoahaz son of Jehu, king of Israel, saying, “Come, let’s look one another in the face.”
ထိုအခါ ဣသရေလရှင်ဘုရင်ယေဟုသား ယောခတ်၏ သားယဟောရှထံသို့ သံတမန်ကို စေလွှတ် ၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက် လျှင်၊
9 Jehoash the king of Israel sent to Amaziah king of Judah, saying, “The thistle that was in Lebanon sent to the cedar that was in Lebanon, saying, ‘Give your daughter to my son as wife.’ Then a wild animal that was in Lebanon passed by, and trampled down the thistle.
ဣသရေလရှင်ဘုရင် ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ထံသို့ စေလွှတ်၍၊ သင့် သမီးကို ငါ့သားနှင့် ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန် သားရဲတကောင်သည် ရှောက်သွား၍ ဆူးပင်ကို နင်းမိ ၏။
10 You have indeed struck Edom, and your heart has lifted you up. Enjoy the glory of it, and stay at home; for why should you meddle to your harm, that you fall, even you, and Judah with you?”
၁၀သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါ အဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင် အာမဇိကိုပြန်၍ မှာလိုက်လေ၏။
11 But Amaziah would not listen. So Jehoash king of Israel went up; and he and Amaziah king of Judah looked one another in the face at Beth Shemesh, which belongs to Judah.
၁၁ထိုစကားကို အာမဇိသည် နားမထောင်သော ကြောင့်၊ ဣသရေလရှင်ဘုရင်သည် စစ်ချီ၍ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့၌ မျက်နှာချင်း ဆိုင်မိကြသဖြင့်၊
12 Judah was defeated by Israel; and each man fled to his tent.
၁၂ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး၍ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
13 Jehoash king of Israel took Amaziah king of Judah, the son of Jehoash the son of Ahaziah, at Beth Shemesh and came to Jerusalem, then broke down the wall of Jerusalem from the gate of Ephraim to the corner gate, four hundred cubits.
၁၃ဣသရေလရှင်ဘုရင်ယဟောရှသည်၊ ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ၏ သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင် ယေရုရှလင်မြို့ရိုးအတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက် လေ၏။
14 He took all the gold and silver and all the vessels that were found in the LORD’s house and in the treasures of the king’s house, the hostages also, and returned to Samaria.
၁၄ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက်၌၎င်း၊ ရှိသမျှသော ရွှေငွေမှစ၍ တန်ဆာအလုံးစုံနှင့် အာမခံ သောသူအချို့တို့ကို ယူပြီးမှ ရှမာရိမြို့သို့ပြန်သွား၏။
15 Now the rest of the acts of Jehoash which he did, and his might, and how he fought with Amaziah king of Judah, are not they written in the book of the chronicles of the kings of Israel?
၁၅ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ တန်ခိုးကြီးခြင်း၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
16 Jehoash slept with his fathers, and was buried in Samaria with the kings of Israel; and Jeroboam his son reigned in his place.
၁၆ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ သားတော်ယေ ရောဗောင်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
17 Amaziah the son of Joash king of Judah lived after the death of Jehoash son of Jehoahaz, king of Israel, fifteen years.
၁၇ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။
18 Now the rest of the acts of Amaziah, are not they written in the book of the chronicles of the kings of Judah?
၁၈အာမဇိ ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
19 They made a conspiracy against him in Jerusalem, and he fled to Lachish; but they sent after him to Lachish and killed him there.
၁၉ထိုမင်းတဘက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ် ၍ သတ်စေပြီးမှ၊
20 They brought him on horses, and he was buried at Jerusalem with his fathers in David’s city.
၂၀မြင်းပေါ်၌တင်လျက် ယေရုရှလင်မြို့သို့ ဆောင် ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။
21 All the people of Judah took Azariah, who was sixteen years old, and made him king in the place of his father Amaziah.
၂၁ယုဒပြည်သူပြည်သားအပေါင်းတို့သည် အသက် တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော် အာမဇိအရာ၌ နန်းတင်ကြ၏။
22 He built Elath and restored it to Judah. After that the king slept with his fathers.
၂၂ထိုမင်းသည် ခမည်းတော်သေသည်နောက်၊ ဧလတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။
23 In the fifteenth year of Amaziah the son of Joash king of Judah, Jeroboam the son of Joash king of Israel began to reign in Samaria for forty-one years.
၂၃ယုဒရှင်ဘုရင်ယောရှသား အာမဇိနန်းစံ ဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌ မင်းပြု၍ လေးဆယ် တနှစ်စိုးစံ၏။
24 He did that which was evil in the LORD’s sight. He did not depart from all the sins of Jeroboam the son of Nebat, with which he made Israel to sin.
၂၄ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ၏။
25 He restored the border of Israel from the entrance of Hamath to the sea of the Arabah, according to the LORD, the God of Israel’s word, which he spoke by his servant Jonah the son of Amittai, the prophet, who was from Gath Hepher.
၂၅ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် မိမိကျွန် ဂါသေဖာမြို့နေ၊ အမိတ္တဲ၏ သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူ သောစကားတော် အတိုင်း၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှ နှုတ်၍ပြုစုလေ၏။
26 For the LORD saw the affliction of Israel, that it was very bitter for all, slave and free; and there was no helper for Israel.
၂၆အကြောင်းမူကား၊ ဣသရေလအမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကို၎င်း၊ မြို့၌ အချုပ် ခံရသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ဣသ ရေလအမျိုး၌ မစနိုင်သောသူ မရှိသည်ကို၎င်း၊ ထာဝရ ဘုရားသည်မြင်လျှင်၊
27 The LORD did not say that he would blot out the name of Israel from under the sky; but he saved them by the hand of Jeroboam the son of Joash.
၂၇ဣသရေလအမျိုး၏ နာမကို မိုဃ်းကောင်းကင် အောက်၌ မပျောက်စေမည်အကြောင်း ကြံတော်မူ၍၊ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တင်တော် မူ၏။
28 Now the rest of the acts of Jeroboam, and all that he did, and his might, how he fought, and how he recovered Damascus, and Hamath, which had belonged to Judah, for Israel, are not they written in the book of the chronicles of the kings of Israel?
၂၈ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်း၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဘို့၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာ တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
29 Jeroboam slept with his fathers, even with the kings of Israel; and Zechariah his son reigned in his place.
၂၉ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသ ရေလရှင်ဘုရင်တို့နှင့်အိပ်ပျော်၍ သားတော် ဇာခရိသည် ခမည်းတော်အရာ၌နန်းထိုင်၏။

< 2 Kings 14 >