< 1 Kings 9 >

1 When Solomon had finished the building of the LORD’s house, the king’s house, and all Solomon’s desire which he was pleased to do,
ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
2 The LORD appeared to Solomon the second time, as he had appeared to him at Gibeon.
ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော် မူသကဲ့သို့၊ ဒုတိယအကြိမ်၌ ထင်ရှားတော်မူလျက်၊
3 The LORD said to him, “I have heard your prayer and your supplication that you have made before me. I have made this house holy, which you have built, to put my name there forever; and my eyes and my heart shall be there perpetually.
သင်သည် ငါ့ရှေ့မှာဆုတောင်းပဌနာပြုသော စကားကို ငါကြားပြီ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေ မည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက် နေမည်။
4 As for you, if you will walk before me as David your father walked, in integrity of heart and in uprightness, to do according to all that I have commanded you, and will keep my statutes and my ordinances,
သင်သည် ငါမှာထားသမျှကိုပြု၍၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာ ကျင့်နေလျှင်၊
5 then I will establish the throne of your kingdom over Israel forever, as I promised to David your father, saying, ‘There shall not fail from you a man on the throne of Israel.’
ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ် အား ငါဂတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ၏ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
6 But if you turn away from following me, you or your children, and not keep my commandments and my statutes which I have set before you, but go and serve other gods and worship them,
သို့မဟုတ်သင်နှင့် သင်၏သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲလျက် ငါမှာထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မစောင့်၊ အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊
7 then I will cut off Israel out of the land which I have given them; and I will cast this house, which I have made holy for my name, out of my sight; and Israel will be a proverb and a byword among all peoples.
ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။
8 Though this house is so high, yet everyone who passes by it will be astonished and hiss; and they will say, ‘Why has the LORD done this to this land and to this house?’
အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
9 and they will answer, ‘Because they abandoned the LORD their God, who brought their fathers out of the land of Egypt, and embraced other gods, and worshiped them, and served them. Therefore the LORD has brought all this evil on them.’”
တယောက်က၊ သူတို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သူတို့၏ ဘုရားသခင် ထာဝရ ဘုရားကို သူတို့သည်စွန့်၍ အခြားတပါးသောဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ထာဝရဘုရား သည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
10 At the end of twenty years, in which Solomon had built the two houses, the LORD’s house and the king’s house
၁၀ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
11 (now Hiram the king of Tyre had furnished Solomon with cedar trees and cypress trees, and with gold, according to all his desire), King Solomon gave Hiram twenty cities in the land of Galilee.
၁၁တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး၏။
12 Hiram came out of Tyre to see the cities which Solomon had given him; and they did not please him.
၁၂ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ၍ ကြည့်ရှုသောအခါ အားမရ။
13 He said, “What cities are these which you have given me, my brother?” He called them the land of Cabul to this day.
၁၃ငါ့ညီ၊ ငါ့အားပေးသော မြို့တို့သည် အဘယ်သို့သောမြို့နည်းဟု ဆိုလျက်၊
14 Hiram sent to the king one hundred twenty talents of gold.
၁၄ထိုအရပ်ကို တာဗုလဟူ၍ ယနေ့တိုင်အောင် သမုတ်သတည်း။
15 This is the reason of the forced labor which King Solomon conscripted: to build the LORD’s house, his own house, Millo, Jerusalem’s wall, Hazor, Megiddo, and Gezer.
၁၅ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း။
16 Pharaoh king of Egypt had gone up, taken Gezer, burned it with fire, killed the Canaanites who lived in the city, and given it for a wedding gift to his daughter, Solomon’s wife.
၁၆ဂေဇာမြို့ကိုကား၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူ မီးရှို့သဖြင့်၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ။
17 Solomon built in the land Gezer, Beth Horon the lower,
၁၇သို့ဖြစ်၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ၏။ ထိုမှတပါး၊ အောက်ဗေသောရုန်မြို့၊
18 Baalath, Tamar in the wilderness,
၁၈ဗာလက်မြို့၊ တောအရပ်၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ၏။
19 all the storage cities that Solomon had, the cities for his chariots, the cities for his horsemen, and that which Solomon desired to build for his pleasure in Jerusalem, and in Lebanon, and in all the land of his dominion.
၁၉ဘဏ္ဍာတော် သိုထားသောမြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
20 As for all the people who were left of the Amorites, the Hittites, the Perizzites, the Hivites, and the Jebusites, who were not of the children of Israel—
၂၀ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊
21 their children who were left after them in the land, whom the children of Israel were not able utterly to destroy—of them Solomon raised a levy of bondservants to this day.
၂၁ပြည်တော်၌ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။
22 But of the children of Israel Solomon made no bondservants; but they were the men of war, his servants, his princes, his captains, and rulers of his chariots and of his horsemen.
၂၂ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထား တော်မူ၏။
23 These were the five hundred fifty chief officers who were over Solomon’s work, who ruled over the people who labored in the work.
၂၃တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။
24 But Pharaoh’s daughter came up out of David’s city to her house which Solomon had built for her. Then he built Millo.
၂၄ဖာရောရှင်ဘုရင်၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက်၍၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ၏။
25 Solomon offered burnt offerings and peace offerings on the altar which he built to the LORD three times per year, burning incense with them on the altar that was before the LORD. So he finished the house.
၂၅ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
26 King Solomon made a fleet of ships in Ezion Geber, which is beside Eloth, on the shore of the Red Sea, in the land of Edom.
၂၆တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။
27 Hiram sent in the fleet his servants, sailors who had knowledge of the sea, with the servants of Solomon.
၂၇ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။
28 They came to Ophir, and fetched from there gold, four hundred and twenty talents, and brought it to King Solomon.
၂၈သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ၏။

< 1 Kings 9 >