< 1 Chronicles 24 >

1 These were the divisions of the sons of Aaron. The sons of Aaron: Nadab, Abihu, Eleazar, and Ithamar.
အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။
2 But Nadab and Abihu died before their father, and had no children; therefore Eleazar and Ithamar served as priests.
နာဒပ်နှင့်အဘိဟုသည်သားမရှိ။ အဘ လက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။
3 David, with Zadok of the sons of Eleazar and Ahimelech of the sons of Ithamar, divided them according to their ordering in their service.
ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီးဆောင်သင့်သည် အတိုင်းခန့်ထားလေ၏။
4 There were more chief men found of the sons of Eleazar than of the sons of Ithamar; and they were divided like this: of the sons of Eleazar there were sixteen, heads of fathers’ houses; and of the sons of Ithamar, according to their fathers’ houses, eight.
ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေ အမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက် တို့ကို အသီးအသီးခွဲခန့်လေ၏။
5 Thus they were divided impartially by drawing lots; for there were princes of the sanctuary and princes of God, both of the sons of Eleazar, and of the sons of Ithamar.
စာရေးတံပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။
6 Shemaiah the son of Nethanel the scribe, who was of the Levites, wrote them in the presence of the king, the princes, Zadok the priest, Ahimelech the son of Abiathar, and the heads of the fathers’ households of the priests and of the Levites; one fathers’ house being taken for Eleazar, and one taken for Ithamar.
လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊
7 Now the first lot came out to Jehoiarib, the second to Jedaiah,
ပဌမသူယောယာရိပ်၊ ဒုတိယသူယေဒါယ၊
8 the third to Harim, the fourth to Seorim,
တတိယသူဟာရိမ်၊ စတုတ္ထသူစောရိမ်၊
9 the fifth to Malchijah, the sixth to Mijamin,
ပဥ္စမသူမာလခိယ၊ ဆဌမသူမိယမိန်၊
10 the seventh to Hakkoz, the eighth to Abijah,
၁၀သတ္တမသူဟက္ကုတ်၊ အဋ္ဌမသူအဘိယ၊
11 the ninth to Jeshua, the tenth to Shecaniah,
၁၁နဝမသူယေရွှာ၊ ဒသမသူ ရှေကနိ၊
12 the eleventh to Eliashib, the twelfth to Jakim,
၁၂ဧက ဒသမသူဧလျာရှိပ်၊ ဒွါဒသမသူယာကိမ်၊
13 the thirteenth to Huppah, the fourteenth to Jeshebeab,
၁၃တကျိပ်သုံးယောက်မြောက်သော သူဟုပ္ပ၊ တကျိပ်လေးယောက်မြောက်သောသူ ယေရှေဗပ်၊
14 the fifteenth to Bilgah, the sixteenth to Immer,
၁၄တကျိပ်ငါးယောက်မြောက်သော သူဗိလဂ၊ တကျိပ်ခြောက်ယောက် မြောက်သောသူဣမ္မေရ၊
15 the seventeenth to Hezir, the eighteenth to Happizzez,
၁၅တကျိပ်ခုနစ်ယောက်မြောက်သော သူဟေဇိရ၊ တကျိပ်ရှစ် ယောက်မြောက်သူအပ်ဇဇ်၊
16 the nineteenth to Pethahiah, the twentieth to Jehezkel,
၁၆တကျိပ်ကိုးယောက်မြောက်သောသူပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊
17 the twenty-first to Jachin, the twenty-second to Gamul,
၁၇နှစ်ကျိပ်တယောက်မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူ ဂါမုလ၊
18 the twenty-third to Delaiah, and the twenty-fourth to Maaziah.
၁၈နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း။
19 This was their ordering in their service, to come into the LORD’s house according to the ordinance given to them by Aaron their father, as the LORD, the God of Israel, had commanded him.
၁၉ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား၏ အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း။
20 Of the rest of the sons of Levi: of the sons of Amram, Shubael; of the sons of Shubael, Jehdeiah.
၂၀ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊
21 Of Rehabiah: of the sons of Rehabiah, Isshiah the chief.
၂၁ရေဟဘိသားစုတွင် ဣရှယာ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊
22 Of the Izharites, Shelomoth; of the sons of Shelomoth, Jahath.
၂၂
23 The sons of Hebron: Jeriah, Amariah the second, Jahaziel the third, and Jekameam the fourth.
၂၃ဟေဗြုန်သားစုတွင် သားအကြီးယေရိ၊ ဒုတိယ သားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသား ယေကမံ၊
24 The sons of Uzziel: Micah; of the sons of Micah, Shamir.
၂၄ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊
25 The brother of Micah: Isshiah; of the sons of Isshiah, Zechariah.
၂၅မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း။
26 The sons of Merari: Mahli and Mushi. The son of Jaaziah: Beno.
၂၆မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊
27 The sons of Merari by Jaaziah: Beno, Shoham, Zaccur, and Ibri.
၂၇မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။
28 Of Mahli: Eleazar, who had no sons.
၂၈မဟာလိသားဧလာဇာ၌သားမရှိ။
29 Of Kish, the son of Kish: Jerahmeel.
၂၉ကိရှသားကား ယေရမေလတည်း။
30 The sons of Mushi: Mahli, Eder, and Jerimoth. These were the sons of the Levites after their fathers’ houses.
၃၀မုရှိသားကားမဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုး သားတည်း။
31 These likewise cast lots even as their brothers the sons of Aaron in the presence of David the king, Zadok, Ahimelech, and the heads of the fathers’ households of the priests and of the Levites, the fathers’ households of the chief even as those of his younger brother.
၃၁ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမ လက်အစရှိသော ယဇ်ပုရောဟိတ်လေဝိသားအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသား တို့က ဘက်တချက်အလှည့်လှည့်စားရေးတံပြုကြ၏။

< 1 Chronicles 24 >