< Genesis 37 >

1 And Jacob dwelt in the land of his father's sojourning, in the land of Canaan.
ယာကုပ် သည် မိမိ အဘ တည်းခို ရာခါနာန် ပြည် ၌ နေ ၏။
2 These are the generations of Jacob. Joseph, being seventeen years old, was feeding the flock with his brothers. And he was a lad with the sons of Bilhah, and with the sons of Zilpah, his father's wives, and Joseph brought the evil report of them to their father.
ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များ ဟူမူကား ၊ ယောသပ် သည် အသက် တဆယ် ခုနစ် နှစ်ရှိ ၍၊ အစ်ကို တို့နှင့်အတူ သိုး ဆိတ်များကို ထိန်း လေ၏။ အဘ ၏မယား ဗိလဟာ နှင့် ဇိလပ ၏သား တို့နှင့်အတူ နေ၍၊ သူ တို့အပြစ် ကို အဘ အား ကြား ပြောတတ်၏။
3 Now Israel loved Joseph more than all his sons, because he was the son of his old age. And he made for him a coat of many colors.
ဣသရေလ သည် အသက် ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သား အပေါင်း တို့ကို ချစ် သည်ထက် ယောသပ် ကို သာ၍ချစ်၏။ အဆင်း အရောင်ထူးခြားသော အင်္ကျီ ကို ချုပ် ၍ ပေး၏။
4 And his brothers saw that their father loved him more than all his brothers. And they hated him, and could not speak peaceably to him.
အဘ သည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ် ကြောင်းကို၊ အစ်ကို တို့သည် သိမြင် သောအခါ ၊ သူ့ ကိုမုန်း ၍ မေတ္တာ စကားကို သူ့ အား မ ပြော နိုင်ကြ။
5 And Joseph dreamed a dream, and he told it to his brothers, and they hated him yet the more.
ယောသပ် သည် အိပ်မက် ကို မြင် ၍ ၊ အစ်ကို တို့ အား ပြန်ပြော သဖြင့် ၊ သူတို့သည် သာ၍ မုန်း ကြ၏။
6 And he said to them, Hear, I pray you, this dream which I have dreamed.
အိပ်မက်ကို အဘယ်သို့ပြန်ပြောသနည်းဟူမူကား၊ ကျွန်ုပ်မြင် ရသောအိပ်မက် ကို နားထောင် ကြပါ လော့။
7 For, behold, we were binding sheaves in the field, and, lo, my sheaf arose, and also stood upright. And, behold, your sheaves came round about, and made obeisance to my sheaf.
ကျွန်ုပ် တို့သည် လယ် ၌ ကောက်လှိုင်း ကို စည်း ၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်း သည် ထ ၍ မတ်တတ်နေသဖြင့်၊ သင် တို့၏ ကောက်လှိုင်း တို့သည် ဝိုင်း ၍ ရပ် လျက် ၊ ကျွန်ုပ် ကောက်လှိုင်း ကို ရှိခိုး ကြသည်ဟု ပြောဆို လေ၏။
8 And his brothers said to him, Shall thou indeed reign over us? Or shall thou indeed have dominion over us? And they hated him yet the more for his dreams, and for his words.
အစ်ကို တို့ကလည်း၊ သင်သည် ငါ တို့၌ မင်း ပြု ရလိမ့်မည်လော၊ ငါ တို့ကို အစိုး ရလိမ့်မည်လောဟု ပြန် ဆို ၍ ၊ သူ ၏အိပ်မက် နှင့် သူ ၏စကား အကြောင်း ကြောင့် သာ၍ မုန်း ကြ၏။
9 And he dreamed yet another dream, and told it to his brothers. And said, Behold, I have dreamed a dream again. And, behold, the sun and the moon and eleven stars made obeisance to me.
တဖန် အိပ်မက် ကိုမြင် ပြန်၍ အစ်ကို တို့အား ၊ အခြားသော အိပ်မက် ကို ကျွန်ုပ်မြင် ရပြီ။ နေ ၊ လ နှင့်တကွ ၊ ကြယ် ဆယ့် တလုံး တို့သည်၊ ကျွန်ုပ် ကို ရှိခိုး ကြ၏ဟု ကြားပြော လေ၏။
10 And he told it to his father, and to his brothers. And his father rebuked him, and said to him, What is this dream that thou have dreamed? Shall I and thy mother and thy brothers indeed come to bow down ourselves to thee to the earth?
၁၀ထိုသို့အဘ နှင့် အစ်ကို တို့အား ကြားပြော သောအခါ ၊ အဘ က ၊ သင်မြင် သောအိပ်မက် သည် အဘယ်သို့ နည်း။ ငါ နှင့် သင် ၏အမိ ၊ သင် ၏ အစ်ကို တို့သည် သင့် ထံ သို့ စင်စစ် လာ ၍ ဦးညွှတ် ချရမည်လောဟူ၍၊ သူ့ ကို ဆုံးမ လေ၏။
11 And his brothers envied him, but his father kept the saying in mind.
၁၁အစ်ကို တို့သည် သူ့ ကို ငြူစူ ကြ၏။ အဘ သည် ထိုအရာ ကို မှတ် လေ၏။
12 And his brothers went to feed their father's flock in Shechem.
၁၂အစ်ကို တို့သည် အဘ ၏သိုး ဆိတ်များကို ရှေခင် မြို့မှာ ထိန်း ခြင်းငှါ သွား ကြ၏။
13 And Israel said to Joseph, Are not thy brothers feeding the flock in Shechem? Come, and I will send thee to them. And he said to him, Here I am.
၁၃ဣသရေလ သည် ယောသပ် ကို ခေါ် ၍ ၊ သင် ၏ အစ်ကို တို့သည် သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်း ကြသည်မ ဟုတ်လော။ လာ ပါ။ သင့် ကို သူ တို့ရှိရာသို့ ငါ စေလွှတ် မည်ဟုခေါ်လျှင်၊ ကျွန်ုပ် ရှိ ပါသည်ဟုဆို သော်၊
14 And he said to him, Go now, see whether it is well with thy brothers, and well with the flock, and bring me word again. So he sent him out of the valley of Hebron, and he came to Shechem.
၁၄အဘ က သွား ပါ၊ အစ်ကို တို့သည် ချမ်းသာ သလော၊ သိုး ဆိတ်တို့လည်း ကောင်းမွန် စွာရှိသလောဟူ၍ကြည့်ရှု ပြီးလျှင် ၊ ငါ့ အားသိတင်း ကြားပြော ပါဟု မှာ လိုက်လျက်၊ ဟေဗြုန် ချိုင့် မှ စေလွှတ် သဖြင့် ၊ သူသည် ရှေခင် မြို့သို့ ရောက် လေ၏။
15 And a certain man found him, and, behold, he was wandering in the field. And the man asked him, saying, What do thou seek?
၁၅တော ၌ လှည့်လည် စဉ်တွင်၊ တစုံတယောက် သောသူနှင့် တွေ့ ၍ ထိုသူ က၊ သင်သည် ဘာ ကိုရှာ သနည်း ဟုမေး လျှင်၊
16 And he said, I am seeking my brothers. Tell me, I pray thee, where they are feeding.
၁၆အစ်ကို များကို ရှာ ၏။ အဘယ် မှာထိန်း ကြသည် ကို ပြော ပါဟုဆိုသော်၊
17 And the man said, They are departed from here, for I heard them say, Let us go to Dothan. And Joseph went after his brothers, and found them in Dothan.
၁၇ထိုသူ က၊ ဤ အရပ်မှ ထွက် သွားပြီ။ ဒေါသန် မြို့သို့ သွား ကြစို့ဟု သူတို့ပြော သံကို ကျွန်ုပ်ကြား ခဲ့ပြီဟုဆို ၏။ ယောသပ် သည်လည်း ၊ အစ်ကို တို့ကို လိုက် ရှာ၍ ဒေါသန် မြို့မှာ တွေ့ လေ၏။
18 And they saw him afar off. And before he came near to them, they conspired against him to kill him.
၁၈အနီးသို့မ ရောက် မှီ အဝေး ၌ ရှိစဉ်ပင်၊ အစ်ကိုတို့ သည်မြင် လျှင် ၊ သတ် ခြင်းငှါ တိုင်ပင် လျက်၊
19 And they said one to another, Behold, this dreamer comes.
၁၉ကြည့် လော့။ အိပ်မက် ဆရာ လာ ပြီ။
20 Come now therefore, and let us kill him, and cast him into one of the pits. And we will say, An evil beast has devoured him. And we shall see what will become of his dreams.
၂၀ကိုင်ကြ။ သူ့ ကိုသတ် ၍ တစုံတခု သောတွင်း ထဲ သို့ ချ ပစ်ကြစို့။ ဆိုး သောသားရဲ တစုံတခုကိုက်စား ပြီဟု ပြော ကြစို့။ ထိုသို့ပြုလျှင်၊ သူ ၏ အိပ်မက် တို့သည် အဘယ်သို့ နေရာ ကျမည်ကို ကြည့် ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။
21 And Reuben heard it, and delivered him out of their hand, and said, Let us not take his life.
၂၁ထိုစကားကို ရုဗင် ကြား လျှင် ၊ သူ့ကို မ သတ် ဘဲ နေကြစို့ဟုဆို လျက် ၊ သူ တို့လက် မှ ယောသပ် ကို နှုတ် လေ၏။
22 And Reuben said to them, Shed no blood. Cast him into this pit that is in the wilderness, but lay no hand upon him, that he might deliver him out of their hand, to restore him to his father.
၂၂တဖန် ရုဗင် က၊ သူ ၏အသွေး ကို မ သွန်း ကြနှင့်။ ကိုယ်လက် နှင့် မ ပြု ဘဲ၊ တော ၌ ဤ မည်သောတွင်း ထဲ သို့ ချ ကြစို့ဟု သူ တို့လက် မှ ယောသပ် ကို နှုတ် ယူ၍၊ အဘ ၌ တဖန် အပ် မည်အကြံရှိသည်နှင့်ဆို လေ၏။
23 And it came to pass, when Joseph came to his brothers, that they stripped Joseph of his coat, the coat of many colors that was on him,
၂၃ယောသပ် သည် အစ်ကို တို့ထံ သို့ရောက် သောအခါ ၊ သူ ဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီ ကို ချွတ် ပြီးမှ၊
24 and they took him, and cast him into the pit. And the pit was empty; there was no water in it.
၂၄သူ့ ကိုကိုင် ယူ၍ တွင်း ထဲ သို့ ချ ကြ၏။ ထိုတွင်း ၌ ရေ မရှိ၊ သွေ့ခြောက် သောတွင်း ဖြစ်သတည်း။
25 And they sat down to eat bread. And they lifted up their eyes and looked, and, behold, a caravan of Ishmaelites was coming from Gilead, with their camels bearing spicery and balm and myrrh, going to carry it down to Egypt.
၂၅ထိုနောက် အစာ စား ခြင်းငှါ ထိုင် ကြစဉ် မြော် ကြည့် ၍ ၊ ဣရှမေလ အမျိုးသားအစုအဝေးသည် ဂိလဒ် ပြည်မှ လာ ၍ နံ့သာ မျိုး၊ ဗာလစံစေး ၊ မုရန်စေး များ ကို ကုလားအုပ် ပေါ်၌ တင် ဆောင်လျက်၊ အဲဂုတ္တု ပြည်သို့ ခရီးသွား ကြသည်ကို မြင် လျှင်၊
26 And Judah said to his brothers, What profit is it if we kill our brother and conceal his blood?
၂၆ယုဒ က၊ ငါတို့သည် ညီ ကိုသတ် ၍ သေ ကြောင်းကို ဖွက် ထားလျှင် အဘယ် ကျေးဇူး ရှိသနည်း။
27 Come, and let us sell him to the Ishmaelites, and let not our hand be upon him, for he is our brother, our flesh. And his brothers hearkened to him.
၂၇ကိုင်ကြ။ ကိုယ်တိုင် မ ညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်း လိုက်ကြစို့။ သူသည် တို့ ညီ ၊ တို့ အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ် ကိုတို့ သည် ဝန်ခံ ကြ၏။
28 And there passed by Midianites, merchantmen, and they drew and lifted Joseph up out of the pit, and sold Joseph to the Ishmaelites for twenty pieces of silver. And they brought Joseph into Egypt.
၂၈ထိုအခါ၊ မိဒျန် အမျိုးသား ကုန်သည် တို့သည် ခရီးသွား ကြစဉ်တွင် ၊ အစ်ကိုတို့သည် ယောသပ် ကို တွင်း ထဲက ဆွဲ တင် ပြီးလျင် ၊ ငွေ အကျပ်နှစ်ဆယ် အဘိုး နှင့် ဣရှမေလ လူတို့အား ရောင်း ၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တု ပြည်သို့ ဆောင်သွား ကြ၏။
29 And Reuben returned to the pit, and, behold, Joseph was not in the pit. And he tore his clothes,
၂၉ရုဗင် သည်လည်း တွင်း သို့ သွား ၍ ၊ တွင်း ထဲမှာ ယောသပ် မ ရှိသည်ကို မြင် လျင်၊ မိမိ အဝတ် ကို ဆွဲဆုတ် လျက်၊
30 and he returned to his brothers, and said, The child is not, and I, where shall I go?
၃၀ညီ တို့ရှိရာသို့ သွား ၍ ၊ သူငယ် မ ရှိပါတကား။ ငါ သည် အဘယ်သို့ သွား ရပါ မည်နည်းဟု ဆို လေ၏။
31 And they took Joseph's coat, and killed a he-goat, and dipped the coat in the blood.
၃၁သူတို့သည်လည်း၊ ယောသပ် အင်္ကျီ ကိုယူ ၍ ၊ ဆိတ် သငယ် ကိုသတ် ပြီးမှ ၊ အင်္ကျီ ကိုအသွေး ၌ နှစ် လေ၏။
32 And they sent the coat of many colors, and they brought it to their father, and said, We have found this. Know now whether it is thy son's coat or not.
၃၂ထိုနောက်မှ ၊ အဆင်း ထူးခြားသော ထိုအင်္ကျီ ကို ပေး လိုက်၍၊ အချို့တို့သည် အဘ ထံ သို့ဆောင် ခဲ့လျက် ၊ ဤ အင်္ကျီကို အကျွန်ုပ်တို့ တွေ့ ပါပြီ။ သား ၏အင်္ကျီ ဟုတ် သည် မဟုတ်သည်ကို ကြည့် ပါဟုဆို လျှင်၊
33 And he knew it, and said, It is my son's coat. An evil beast has devoured him; Joseph is without doubt torn in pieces.
၃၃ထို အင်္ကျီကို အဘမှတ်မိ ၍ ၊ ငါ့ သား ၏ အင်္ကျီ မှန်၏။ သူ့ ကိုဆိုး သော သားရဲ ကိုက်စား ပြီ။ အကယ်၍ယောသပ် ကိုအပိုင်းပိုင်းကိုက်ဖြတ် ပါပြီတကားဟုဆို လျက်၊
34 And Jacob tore his garments, and put sackcloth upon his loins, and mourned for his son many days.
၃၄မိမိ အဝတ် ကို ဆွဲဆုတ် ၍ ၊ လျှော်တေ အဝတ်ကို ပတ်စည်း သဖြင့် ၊ အင်တန် ကာလပတ်လုံး၊ သား ကြောင့် စိတ် မသာ ညည်းတွားလျက် နေလေ၏။
35 And all his sons and all his daughters rose up to comfort him, but he refused to be comforted, and he said, For I will go down to Sheol to my son mourning. And his father wept for him. (Sheol h7585)
၃၅သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။ (Sheol h7585)
36 And the Midianites sold him into Egypt to Potiphar, an officer of Pharaoh's, the captain of the guard.
၃၆ယောသပ် ကိုကား၊ မိဒျန် လူတို့သည် အဲဂုတ္တု ပြည် သို့ ဆောင်သွား၍၊ ဖါရော ဘုရင်၏ အမတ် ဖြစ်သော ကိုယ်ရံတော် မှူး၊ ပေါတိဖါ ထံ မှာ ရောင်း ကြ၏။

< Genesis 37 >