< Johannes 15 >

1 Ik ben de ware wijnstok en mijn Vader is de wijngaardenier.
ငါ သည် မှန် သောစပျစ် နွယ်ပင်ဖြစ် ၏။ ငါ့ ခမည်းတော် သည်လည်း ဥယျာဉ်စောင့် ဖြစ် တော်မူ၏။
2 Elke rank aan Mij, die geen vrucht draagt, snijdt Hij af; en elke rank die wèl vrucht draagt, zuivert Hij, opdat ze nog meer vrucht mag dragen.
ငါ ၌ အသီး မ သီး သောအခက် ရှိသမျှ တို့ကို ခုတ်ပစ် တော်မူ၏။ အသီး သီး သောအခက်ရှိသမျှ တို့ကို သာ၍ သီး စေခြင်းငှာ သုတ်သင် ရှင်းလင်းတော်မူ၏။
3 Reeds zijt gij rein door het woord, dat Ik tot u gesproken heb.
သင် တို့သည် ငါဟောပြော သောစကား အားဖြင့် ယခုပင် ရှင်းလင်း လျက်ရှိ ကြ၏။
4 Blijft in Mij, en Ik blijf in u. Zoals de rank uit zichzelf geen vrucht kan dragen, maar alleen wanneer ze aan de wijnstok blijft, zo kunt ook gij het niet, wanneer gij niet blijft in Mij.
ငါ ၌ တည်နေ ကြလော့။ ငါ သည်လည်း သင် တို့၌ တည်နေမည်။ စပျစ်ခက် သည် အပင် ၌ မ တည် လျှင် ၊ ကိုယ်အလိုအလျောက် အသီး မ သီး နိုင် သကဲ့သို့ ၊ သင် တို့သည် ငါ ၌ မ တည် လျှင် အသီးမ သီးနိုင်ကြ။
5 Ik ben de wijnstok, gij zijt de ranken. Wie in Mij blijft, en Ik in hem, hij draagt rijke vrucht; want zonder Mij kunt gij niets doen.
ငါ သည် စပျစ် နွယ်ပင်ဖြစ် ၏။ သင် တို့သည်အခက် များဖြစ်ကြ၏။ အကြင်သူ သည် ငါ ၌ တည် ၍ ငါ သည် လည်းသူ့ ၌ တည်၏၊ ထိုသူ သည် များစွာ သောအသီး ကိုသီး တတ်၏။ ငါ နှင့်ကွာ လျှင် သင်တို့သည် အဘယ် အမှု ကိုမျှ မ တတ်နိုင်ကြ။
6 Zo iemand in Mij niet blijft, dan wordt hij weggeworpen als de rank, en verdort; men raapt ze bijeen, werpt ze in het vuur, en verbrandt ze.
ငါ ၌ မ တည် သောသူ သည် သွေ့ခြောက် သောအခက် ကဲ့သို့ ပြင် သို့ပစ် လိုက်ခြင်းကိုခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်စုသိမ်း ၍ မီး ထဲသို့ ချ လိုက်ကြသဖြင့် မီးလောင် ခြင်းသို့ ရောက်ကြ၏။
7 Maar zo gij in Mij blijft, en mijn woorden in u blijven, vraagt dan al wat gij wilt, en gij zult het verkrijgen.
သင်တို့သည် ငါ ၌ တည် ၍ ငါ့ စကား သည်သင် တို့၌ တည် လျှင် ၊ သင် တို့သည်တောင်း ချင် သမျှ ကို တောင်း ၍ရ ကြလိမ့်မည်။
8 Dit is het, wat mijn Vader verheerlijkt: dat gij veel vruchten draagt, en mijn leerlingen wordt.
သင်တို့သည် များစွာ သောအသီး ကိုသီး သောအားဖြင့် ၊ ငါ့ ခမည်းတော် သည် ဘုန်း ထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ ၏တပည့် မှန် ကြလိမ့်မည်။
9 Zoals de Vader Mij heeft bemind, zo ook heb Ik u bemind; blijft in mijn liefde.
ခမည်းတော် သည် ငါ့ ကိုချစ် တော်မူသကဲ့သို့ ငါ သည်သင် တို့ကိုချစ် ၏။ ငါ ၏ချစ် ခြင်းမေတ္တာ၌ တည်နေ ကြလော့။
10 Wanneer gij mijn geboden onderhoudt, zult gij in mijn liefde blijven; zoals ook Ik de geboden van mijn Vader heb onderhouden, en in zijn liefde blijf.
၁၀ငါ သည် ငါ့ ခမည်းတော် ၏ပညတ် တို့ကို စောင့်ရှောက် ၍ ခမည်းတော် ၏မေတ္တာ ၌ တည်နေ သကဲ့သို့ ၊ သင်တို့သည် ငါ့ ပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ငါ့ မေတ္တာ ၌ တည်နေ ကြလိမ့်မည်။
11 Dit alles heb Ik tot u gezegd, opdat mijn vreugde uw deel mag worden, en uw vreugde volkomen mag zijn. —
၁၁သင် တို့၌ ငါ ဝမ်းမြောက် စရာအကြောင်း တည် စေခြင်းငှာ ၎င်း ၊ သင် တို့ ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာ၎င်း၊ ဤ စကားကို သင် တို့အားငါဟောပြော ၏။
12 Dit is mijn gebod: Hebt elkander lief, zoals Ik u heb bemind.
၁၂ငါ့ ပညတ် ဟူမူကား၊ ငါသည် သင် တို့ကိုချစ် သည်နည်းတူ ၊ သင်တို့သည် အချင်းချင်း ချစ် ကြလော့။
13 Niemand heeft groter liefde dan hij, die zijn leven geeft voor zijn vrienden.
၁၃ကိုယ် အဆွေ တို့အဘို့ အလိုငှာ ကိုယ် အသက် ကိုစွန့် ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာ သည် အဘယ်သူ ၌မျှမရှိ ။
14 Gij zijt mijn vrienden, zo gij doet, wat Ik u gebied.
၁၄သင် တို့သည် ငါ ပညတ် သမျှတို့ကို ကျင့်ဆောင် လျှင် ငါ ၏အဆွေ ဖြစ် ကြ၏။
15 Ik noem u geen dienstknechten meer, want de knecht weet niet wat zijn heer doet; maar u heb Ik vrienden genoemd, omdat Ik u alles bekend heb gemaakt, wat Ik van mijn Vader gehoord heb.
၁၅ယခုမှစ၍ငါသည်သင် တို့ကို ကျွန် ဟူ၍မ ခေါ် ။ ကျွန် မူကား ၊ ကိုယ် သခင် ပြု သောအမှုကိုမ သိ ။ သင် တို့ကို အဆွေ ဟူ၍ငါခေါ် ၏။ အကြောင်းမူကား ၊ ငါ သည် ခမည်းတော် ထံ၌ ကြား သမျှသောအရာ တို့ကို သင် တို့ အား ငါပြသ ၏။
16 Niet gij hebt Mij uitverkoren, maar Ik heb ú uitverkoren; en Ik heb u aangesteld, om vrucht te gaan dragen, en wèl blijvende vrucht; en de Vader geve u alles, wat gij Hem in mijn naam zult vragen.
၁၆သင် တို့သည် ငါ့ ကိုရွေးကောက် ကြသည်မ ဟုတ်။ ငါ သည် သင် တို့ကို ရွေးကောက် သဖြင့်၊ သင် တို့သည် သွား ၍ တည်ကြည် သောအသီး ကိုသီး မည်အကြောင်း နှင့် ငါ့ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာတောင်း သမျှ တို့ကို ရ မည်အကြောင်း သင် တို့ကို ငါခန့်ထား ၏။
17 Dit leg Ik u op: Hebt elkander lief.
၁၇သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ ဤ ပညတ်တို့ကို ငါပေး ၏။
18 Wanneer de wereld u haat, weet, dat ze Mij het eerst heeft gehaat.
၁၈လောကီသား တို့သည် သင် တို့ကိုမုန်း လျှင် ၊ သင် တို့ကို မ မုန်း မှီ ငါ့ ကိုမုန်းကြသည်ကို သိမှတ် ကြလော့။
19 Zo gij van de wereld waart, zou de wereld beminnen wat haar toebehoort; maar omdat gij niet van de wereld zijt, maar Ik u uit de wereld heb uitverkoren, daarom haat u de wereld.
၁၉သင်တို့သည် လောကီ နှင့်ဆက်ဆံ လျှင် ၊ လောကီသား တို့သည် မိမိ တို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည် ။ သင်တို့သည် လောကီ နှင့်မ ဆက်ဆံ ၊ လောကီ ထဲက ငါ ရွေးကောက် သောသူဖြစ်သောကြောင့် ၊ လောကီသား တို့သည် သင် တို့ကိုမုန်း ကြ၏။
20 Denkt aan het woord, dat Ik u heb gezegd: Een dienaar is niet meer dan zijn heer. Heeft men Mij vervolgd, dan zal men ook u vervolgen; heeft men mijn woord geacht, dan zal men ook het uwe achten.
၂၀ကျွန် သည် မိမိ သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် ဟု ငါ ပြော ခဲ့ပြီးသောစကား ကို အောက်မေ့ ကြ လော့။ သူတို့သည်ငါ့ ကိုညှဉ်းဆဲ လျှင် သင် တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ ငါ့ စကား ကိုနားထောင် လျှင် သင် တို့၏ စကားကို နားထောင် ကြလိမ့်မည်။
21 Maar dit alles zal men u aandoen om mijn naam, omdat men Hèm niet kent, die Mij heeft gezonden.
၂၁ထိုသူတို့သည် ငါ့ ကိုစေလွှတ် တော်မူသောသူ ကို မ သိ သည်ဖြစ်၍ ၊ ငါ ၏နာမ ကြောင့် သင် တို့အား ထို အမှု ရှိသမျှတို့ကို ပြု ကြလိမ့်မည်။
22 Wanneer Ik niet gekomen was en niet tot hen had gesproken, dan zouden ze geen zonde hebben; maar nu hebben ze geen verontschuldiging voor hun zonde;
၂၂ငါ သည် လာ၍ ထိုသူ တို့အား မ ဟော မပြောလျှင် သူတို့၌အပြစ် မ ရှိ ။ ယခု မူကား ၊ မိမိ တို့အပြစ် ကို ဝှက် မ ထား နိုင်ကြ။
23 wie Mij haat, haat ook mijn Vader.
၂၃ငါ့ ကို မုန်း သောသူ သည် ငါ့ ခမည်းတော် ကိုမုန်း ၏။
24 Had Ik onder hen niet de werken gedaan, die niemand anders gedaan heeft, dan zouden ze geen zonde hebben; maar nu hebben zij ze gezien, en toch èn Mij èn mijn Vader gehaat.
၂၄ငါသည် အခြား သူမ ပြု ဘူးသောအမှု ကို ထိုသူ တို့ရှေ့ မှာမ ပြု လျှင် သူတို့၌အပြစ် မ ရှိ ။ ယခု မူကား ၊ သူတို့သည် ထိုအမှုကိုမြင် ရ၍ ငါ နှင့် ငါ့ ခမည်းတော် ကိုမုန်း ကြ၏။
25 Maar het woord moest worden vervuld, dat in hun Wet staat geschreven: "Zij hebben Mij gehaat zonder reden".
၂၅သို့ဖြစ်လျှင် ၊ အကြောင်း မရှိဘဲငါ့ ကိုမုန်း ကြ၏ဟု သူ တို့၏ပညတ္တိ ကျမ်းစာ၌ ရေး ထားသောစကား သည် ပြည့်စုံ ခြင်းသို့ ရောက်သတည်း။
26 Maar wanneer de Helper komt, dien Ik u van den Vader zal zenden, de Geest der waarheid, die uitgaat van den Vader, dan zal Hij van Mij getuigen.
၂၆ခမည်းတော် ထံမှ ထွက်လာ ၍ သမ္မာတရား နှင့်ပြည့်စုံသောဝိညာဉ် တော်တည်းဟူသောခမည်းတော် ထံမှ သင် တို့ဆီသို့ငါ စေလွှတ် လတံ့သော ဥပဇ္ဈာယ် ဆရာသည်ရောက်လာ သောအခါ ၊ ငါ ၏အကြောင်း ကို သက်သေခံ လိမ့်မည်။
27 Maar ook gij moet getuigen, omdat gij van de aanvang af bij Mij zijt geweest.
၂၇သင် တို့သည်လည်း ရှေးဦးစွာ မှစ၍ ငါ နှင့်အတူ ရှိ နေသောကြောင့် သက်သေခံ ရကြလိမ့်မည်။

< Johannes 15 >