< Jeremia 13 >

1 Jahweh sprak tot mij: Ga u een linnen gordel kopen, en doe die om uw midden; maar laat er geen water bij komen.
တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်း ကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊
2 Ik kocht een gordel, zoals Jahweh gezegd had, en sloeg hem mij om.
ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။
3 Toen werd het woord van Jahweh voor de tweede maal tot mij gericht:
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင်၊
4 Neem de gordel, die ge gekocht hebt, en die ge om uw midden draagt; trek op naar de Eufraat, en begraaf hem daar in een rotsspleet.
သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီး လျှင်၊ ဥဖရတ်မြစ်သို့ ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထား လော့ဟု၊
5 Ik ging heen, en begroef hem bij de Eufraat, zoals Jahweh mij bevolen had.
မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။
6 Geruime tijd later sprak Jahweh tot mij: Trek op naar de Eufraat, en haal er de gordel vandaan, die Ik u geboden heb, daar te begraven.
ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရ ဘုရားက၊ သင်သည် ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။
7 Weer ging ik naar de Eufraat, en groef de gordel op van de plaats, waar ik hem had begraven. En zie, de gordel was verrot, en deugde nergens meer voor.
ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာ အရပ်၌တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။
8 Nu werd het woord van Jahweh tot mij gericht:
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ရောက်၍ မိန့်တော်မူသည်ကား၊
9 Zo spreekt Jahweh! Zo zal Ik de geweldige trots van Juda en van Jerusalem laten rotten.
ထိုနည်းတူ၊ ယုဒပြည်၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။
10 Dat boze volk, dat weigert naar mijn woorden te luisteren, dat zijn afgestompt hart blijft volgen, en achter vreemde goden loopt, om ze te dienen en te aanbidden: het zal als deze gordel worden, die nergens voor deugt.
၁၀ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံးခိုင်မာ သော သဘောအတိုင်းကျင့်၍၊ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှါ လိုက်သွားသော ဤလူဆိုး မျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်။
11 Want zoals de gordel aan iemands midden wordt gehecht, zo had Ik het hele huis van Israël en het hele huis van Juda aan Mij willen hechten, spreekt Jahweh: om mijn volk te zijn, mijn roem, mijn glorie en eer; maar ze luisterden niet.
၁၁ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့၊ ဣသရေလ အမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏ လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေဖြစ်စေခြင်းငှါ၊ ငါ၌မှီဝဲ စေသော်လည်း၊ သူတို့သည်နားမထောင်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။
12 Ook het volgende moet ge hun zeggen: Zo spreekt Jahweh, Israëls God! Kruiken worden met wijn gevuld! En als ze u antwoorden: Dat weten we zelf wel, dat kruiken met wijn worden gevuld;
၁၂တဖန် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည် နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို၊ သင်သည် သူတို့အားပြောလော့။ သူတို့ကလည်း၊ သားရေဘူး ရှိသမျှ တို့သည် စပျစ်ရည်နှင့်ပြည့်ကြလိမ့်မည်အကြောင်းကို၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင်၊
13 dan moet ge hun zeggen: Zo spreekt Jahweh! Zie, Ik ga alle bewoners van dit land, en de koningen, die op Davids troon zijn gezeten, en de priesters, profeten en alle bewoners van Jerusalem met een zwijmeldrank vullen;
၁၃သင်ကလည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင် မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။
14 en dan sla Ik ze tegen elkander te pletter, de vaders tegelijk met de zonen, spreekt Jahweh: vernielen zal Ik ze zonder genade, zonder ontferming, zonder erbarmen.
၁၄ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
15 Hoort en luistert, weest niet trots: Want het is Jahweh, die spreekt!
၁၅သင်တို့သည် နားထောင်နာယူကြလော့။ ထောင် လွှားသော စိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော် ရှိ၏။
16 Geeft eer aan Jahweh, uw God, Eer het avond gaat worden, Eer ge uw voeten zult stoten Aan sombere bergen; Eer Hij het licht, dat ge wacht, tot duisternis maakt, En in donker verandert.
၁၆မိုဃ်းမချုပ်မှီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက်၍ မလဲမှီ၊ အလင်းကို မြော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
17 Maar zo ge niet luistert, Zal ik wenen in stilte om uw trots; Zal mijn oog bitter schreien en stromen van tranen, Omdat de kudde van Jahweh in ballingschap gaat.
၁၇သင်တို့သည် နားမထောင်ဘဲနေလျှင် မူကား၊ သင်တို့ မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏ သိုးစုကို သိမ်း သွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန် ငို၍ မျက်ရည် ကျမည်။
18 Zeg tot den koning en tot de gebiedster: Ge moet lager gaan zitten; Want van uw hoofd is Uw stralende kroon gevallen!
၁၈ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသော သရဖူသည် သင်တို့၏ ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြော လော့။
19 De steden van de Négeb zijn ingesloten, En niemand, die ze ontzet; Heel Juda gaat de ballingschap in, Is geheel ontvolkt!
၁၉တောင်ဘက် မြို့တို့ကို ပိတ်ထား၍ အဘယ် သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သားအပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။
20 Sla uw ogen op, en zie rond: Wie zijn er uit het noorden gekomen? Waar is de kudde, u toevertrouwd, Waar zijn uw prachtige schapen?
၂၀မြောက်မျက်နှာကလာသော သူတို့ကို မျှော်၍ ကြည့်လော့။ သင့်အား ငါပေးသော သိုးစု၊ လှသောသိုးစု သည် အဘယ်မှာရှိသနည်း။
21 Wat zegt ge ervan, dat ze als meesters over u heersen, Die ge hadt aangehaald als uw minnaars; Grijpen u de weeën niet aan Als een barende vrouw?
၂၁သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီး။ သားဘွားသော မိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့် မည်မဟုတ်လော။
22 Vraagt ge dan nog bij uzelf: Waarom overkomt mij dit alles? Om de grootheid van uw misdaad gaan uw slippen omhoog, Worden uw hielen ontbloot!
၂၂သင်ကလည်း၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌ အောက်မေ့လျှင်၊ သင်၏အပြစ်များသောကြောင့်၊ သင့်အဝတ်ကို ချွတ်ရ၏။ ခြေနင်းကိုလည်းမစီးရ။
23 Of kan een moor zijn huid nog veranderen, Een panter zijn vlekken: Kunt gij het goede nog doen, Die aan het kwaad zijt verslaafd?
၂၃အဲသယောပိလူသည် မိမိအရေ၏ အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို၎င်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
24 Neen, Ik zal u verstrooien als kaf, Dat wegstuift voor de wind van de steppe;
၂၄ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက် လွှင့်သကဲ့သို့၊ ထိုသူတို့ကို ငါလွင့်စေမည်။
25 Dit zal uw lot en uw deel zijn, Dat Ik u toemeet, spreekt Jahweh! Omdat ge Mij hebt vergeten, En op leugens hebt vertrouwd:
၂၅သင်သည်ငါ့ကို မေ့လျော့၍၊ မုသာ၌ မှီဝဲ ဆည်းကပ်သောကြောင့်၊ သင့်အဘို့ ငါတိုင်းထွာ၍ ပေး လတံ့သော အငန်းအတာကား ဤသို့တည်း။
26 Daarom licht Ik uw slippen op tot uw hoofd, Komt uw schaamte te kijk!
၂၆ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှါ၊ သင်၏ အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။
27 Uw echtbreuk, uw hunkeren, uw schandelijke ontucht, Uw gruwelen op de heuvels der vlakte heb Ik gezien. Wee u, Jerusalem! Nooit wordt ge meer rein, Hoe lang het ook duurt!
၂၇သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန် ၏ညစ်ညူးခြင်း၊ တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

< Jeremia 13 >