< Haggaï 1 >

1 In het tweede jaar van koning Darius, in de zesde maand en op de eerste dag van de maand, werd het woord van Jahweh door den profeet Aggeus gericht tot Zorobabel, den zoon van Salatiël en landvoogd van Juda, en tot den hogepriester Jehosjóea, den zoon van Jehosadak:
ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဌမလတရက်နေ့ တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍၊
2 Zo spreekt Jahweh der heirscharen! Dit volk zegt: De tijd is nog niet gekomen, om de tempel van Jahweh te bouwen.
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေး ဟု၊ ဤလူများ ပြောဆိုကြသည်မှာ၊
3 Maar het woord van Jahweh werd door den profeet Aggeus verkondigd:
ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်ရောက်လာသည်ကား၊
4 Is het dan wel de tijd voor u, om in betimmerde huizen te wonen, terwijl dit huis nog in puin ligt?
အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက် လျက် နေရမည်လော။
5 Welnu, zo spreekt Jahweh der heirscharen: Let dan eens op, wat er met u is gebeurd!
ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့။
6 Ge hebt veel gezaaid, maar weinig geoogst; ge hebt gegeten, maar werdt niet verzadigd; ge hebt gedronken, maar uw dorst niet gelest; ge hebt u gekleed, maar niet verwarmd; en de werkman kreeg zijn loon in een buidel zonder bodem.
သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ် လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏။
7 Zo spreekt Jahweh der heirscharen: Let eens op, wat er met u is gebeurd!
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။
8 Gaat dus de bergen in, om hout te halen, en bouwt het huis; Ik zal er mijn vreugde en glorie in vinden, spreekt Jahweh!
တောင်ပေါ်သို့ တက်သွား၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည် လည်း အားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
9 Ge hebt veel verwacht, maar weinig gekregen; ge hebt het binnen gesleept, maar Ik blies het weg. Waarom? is de godsspraak van Jahweh. Omdat mijn huis in puin ligt, terwijl gij allen u rept voor uw eigen huis.
သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။
10 Daarom weigerde de hemel u dauw;
၁၀ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။
11 daarom heb Ik een droogte ontboden over het land en de bergen, over koren en most, over olie en veldvrucht, over mensen en dieren, over al het werk uwer handen!
၁၁မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါ်၌၎င်း၊ လုပ် ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။
12 Zorobabel, de zoon van Salatiël, en Jehosjóea de hogepriester, de zoon van Jehosadak, luisterden met al het overige volk naar de stem van Jahweh, hun God, en naar de woorden van den profeet Aggeus, welke Jahweh hem had gelast, tot hen te spreken. En het volk werd met vrees voor Jahweh vervuld.
၁၂ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၎င်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎င်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။
13 Toen sprak Aggeüs, de gezant van Jahweh, in opdracht van Jahweh tot het volk: Ik ben met u, is de godsspraak van Jahweh!
၁၃ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား၏ တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့ နှင့်အတူရှိ၏ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။
14 Zo prikkelde Jahweh de ijver van Zorobabel, den zoon van Salatiël en landvoogd van Juda, de ijver van Jehosjóea, den hogepriester en zoon van Jehosadak, de ijver ook van al het overige volk, zodat zij begonnen te werken aan het huis van Jahweh der heirscharen, hun God.
၁၄ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့်၊
15 Men begon op de vier en twintigste dag van de zesde maand, in het tweede jaar van koning Darius.
၁၅ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ အလုပ်လုပ်ကြ၏။

< Haggaï 1 >