< Genesis 5 >

1 Dit is de geslachtslijst van Adam. Toen God den mens schiep, maakte Hij hem op God gelijkend;
အာ​ဒံ​၏​သား​စဉ်​မြေး​ဆက်​စာ​ရင်း​ကို​ဖော် ပြ​ပေ​အံ့။ (ဘု​ရား​သ​ခင်​သည်​လူ​ကို​ဖန်​ဆင်း ရာ​၌ မိ​မိ​၏​ပုံ​သဏ္ဌာန်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော် မူ​၏။-
2 man en vrouw schiep Hij hen. En op de dag van hun schepping zegende Hij hen, en noemde hen mens.
ကိုယ်​တော်​သည်​လူ​ယောကျာ်း​နှင့်​လူ​မိန်းမ​တို့ ကို​ဖန်​ဆင်း​၍ သူ​တို့​အား​ကောင်း​ချီး​ပေး လျက်​လူ​ဟု​သ​မုတ်​တော်​မူ​၏။-)
3 Adam was honderd dertig jaar oud, toen hij als zijn beeld, op zich gelijkend, een zoon verwekte, wien hij de naam Set gaf.
အာ​ဒံ​သည်​အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော် သူ​နှင့်​ရုပ်​ချင်း​တူ​သော​သား​ကို​ရ​၍ ရှေ​သ ဟု​နာ​မည်​မှည့်​လေ​၏။-
4 En Adam leefde, nadat hij Set verwekt had, nog achthonderd jaar, en verwekte zonen en dochters.
ထို​သား​ကို​ရ​ပြီး​နောက်​အာ​ဒံ​သည် နှစ်​ပေါင်း ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​လျက် သား​သ​မီး များ​ထပ်​ရ​သေး​၏။-
5 Heel de levensduur van Adam was negenhonderd dertig jaar. En hij stierf.
သူ​သည်​အ​သက်​ကိုး​ရာ​သုံး​ဆယ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
6 Set was honderd vijf jaar oud, toen hij Enos verwekte.
ရှေ​သ​သည်​အ​သက်​တစ်​ရာ့​ငါး​နှစ်​ရှိ​သော အ​ခါ​သား​ဧ​နုတ်​ကို​ရ​၏။-
7 En Set leefde, nadat hij Enos verwekt had, nog achthonderd zeven jaar, en verwekte zonen en dochters.
ထို​နောက်​သူ​သည်​ရှစ်​ရာ​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည်​နေ​ရ​ပြီး​လျှင် သား​သ​မီး များ​ထပ်​၍​ရ​သေး​၏။-
8 Heel de levensduur van Set was negenhonderd twaalf jaar. En hij stierf.
သူ​သည်​အ​သက်​ကိုး​ရာ​တစ်​ဆယ့်​နှစ်​နှစ်​ရှိ သော်​ကွယ်​လွန်​လေ​၏။
9 Enos was negentig jaar oud, toen hij Kaïnan verwekte.
ဧ​နုတ်​သည်​အ​သက်​ကိုး​ဆယ်​ရှိ​သော​အ​ခါ သား​ကာ​ဣ​နန်​ကို​ရ​ပြီး​နောက်၊-
10 En Enos leefde, nadat hij Kaïnan verwekt had, nog achthonderd vijftien jaar, en verwekte zonen en dochters.
၁၀ရှစ်​ရာ​တစ်​ဆယ့်​ငါး​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည် နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍ ရ​သေး​၏။-
11 Heel de levensduur van Enos was negenhonderd vijf jaar. En hij stierf.
၁၁အ​သက်​ကိုး​ရာ​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။
12 Kaïnan was zeventig jaar oud, toen hij Malaleël verwekte.
၁၂ကာ​ဣ​နန်​သည်​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော​အ​ခါ သား​မဟာ​လေ​လ​ကို​ရ​ပြီး​နောက်၊-
13 En Kaïnan leefde, nadat hij Malaleël verwekt had, nog achthonderd veertig jaar, en verwekte zonen en dochters.
၁၃နှစ်​ပေါင်း​ရှစ်​ရာ​လေး​ဆယ်​ဆက်​၍​အ​သက်​ရှည် ရှည်​နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ် ၍​ရ​သေး​၏။-
14 Heel de levensduur van Kaïnan was negenhonderd tien jaar. En hij stierf.
၁၄အ​သက်​ကိုး​ရာ​တစ်​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန် လေ​၏။
15 Malaleël was vijf en zestig jaar oud, toen hij Járed verwekte.
၁၅မ​ဟာ​လေ​လ​သည်​အ​သက်​ခြောက်​ဆယ်​နှစ်​ရှိ သော​အ​ခါ သား​ယာ​ရက်​ကို​ရ​ပြီး​နောက်၊-
16 En Malaleël leefde, nadat hij Járed verwekt had, nog achthonderd dertig jaar, en verwekte zonen en dochters.
၁၆နှစ်​ပေါင်း​ရှစ်​ရာ​သုံး​ဆယ်​ဆက်​၍​အ​သက်​ရှည် ရှည်​နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ် ၍​ရ​သေး​၏။-
17 Heel de levensduur van Malaleël was achthonderd vijf en negentig jaar. En hij stierf.
၁၇အ​သက်​ရှစ်​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန် လေ​၏။
18 Járed was honderd twee en zestig jaar oud, toen hij Henok verwekte.
၁၈ယာ​ရက်​သည်​အ​သက်​တစ်​ရာ့​ခြောက်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​သား​ဧ​နောက်​ကို​ရ​ပြီး​နောက်၊-
19 En Járed leefde, nadat hij Henok verwekt had, nog achthonderd jaar, en verwekte zonen en dochters.
၁၉နှစ်​ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​ရှည်​နေ​ရ​၏။ သူ သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-
20 Heel de levensduur van Járed was negenhonderd twee en zestig jaar. En hij stierf.
၂၀အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
21 Henok was vijf en zestig jaar oud, toen hij Matoesala verwekte.
၂၁ဧ​နောက်​သည်​အ​သက်​ခြောက်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ သား​မ​သု​ရှ​လ​ကို​ရ​လေ​၏။-
22 Henok leefde vertrouwelijk met God. En hij leefde, nadat hij Matoesala verwekt had, nog driehonderd jaar, en verwekte zonen en dochters.
၂၂ဧ​နောက်​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​လျက် နှစ်​ပေါင်း​သုံး​ရာ​ဆက်​၍​အ​သက်​ရှည်​၍ နေ​ထိုင်​စဉ်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-
23 Heel de levensduur van Henok was driehonderd vijf en zestig jaar.
၂၃သူ​သည်​အ​သက်​သုံး​ရာ​ခြောက်​ဆယ့်​ငါး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-
24 En omdat Henok vertrouwelijk met God had geleefd, nam God hem weg, en men vond hem niet meer.
၂၄သူ​သည်​သူ​၏​ဘ​ဝ​တစ်​လျှောက်​လုံး​တွင် ထာ​ဝ​ရ ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍ သက်​ရှင်​နေ​ထိုင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​သိမ်း​ယူ တော်​မူ​သ​ဖြင့်​ကွယ်​ပျောက်​သွား​လေ​၏။
25 Matoesala was honderd zeven en tachtig jaar oud, toen hij Lámek verwekte.
၂၅မ​သု​ရှ​လ​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့် ခု​နစ်​နှစ်​ရှိ​သော​အ​ခါ သား​လာ​မက်​ကို​ရ​ပြီး နောက်၊-
26 En Matoesala leefde, nadat hij Lámek verwekt had, nog zevenhonderd twee en tachtig jaar, en verwekte zonen en dochters.
၂၆ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​ဆက်​၍​အ​သက်​ရှည်​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-
27 Heel de levensduur van Matoesala was negenhonderd negen en zestig jaar. En hij stierf.
၂၇အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​ကိုး​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
28 Lámek was honderd twee en tachtig jaar oud, toen hij een zoon verwekte.
၂၈လာ​မက်​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့်​နှစ် နှစ်​ရှိ​သော​အ​ခါ သား​တစ်​ယောက်​ကို​ရ​လေ​၏။-
29 Hij noemde hem Noë, want hij sprak: Deze zal ons uit de bodem, die Jahweh vervloekt heeft, verkwikking verschaffen bij ons werken en zwoegen.
၂၉``ထာ​ဝ​ရ​ဘု​ရား​က​မြေ​ကို​ကျိန်​စာ​သင့်​စေ သ​ဖြင့် ငါ​တို့​သည်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရာ​မှ ဤ​သား​သည်​သက်​သာ​ရာ​ရ​စေ​မည့်​သူ​ဖြစ် သည်'' ဟု​လာ​မက်​ဆို​၍​ထို​သား​ကို​နော​ဧ​ဟု နာ​မည်​မှည့်​လေ​၏။-
30 En Lámek leefde, nadat hij Noë verwekt had, nog vijfhonderd vijf en negentig jaar, en verwekte zonen en dochters.
၃၀သူ​သည်​ငါး​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ဆက်​၍​အ​သက် ရှည်​၍​နေ​ထိုင်​စဉ် သား​သ​မီး​များ​ထပ်​၍​ရ​သေး ၏။-
31 Heel de levensduur van Lámek was zevenhonderd zeven en zeventig jaar. En hij stierf.
၃၁အ​သက်​ခု​နစ်​ရာ​ခု​နစ်​ဆယ့်​ခု​နစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​သည်။
32 Noë was vijfhonderd jaar oud, toen hij Sem, Cham en Jáfet verwekte.
၃၂နော​ဧ​သည်​အ​သက်​ငါး​ရာ​ပြည့်​ပြီး​နောက်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​နာ​မည်​ရှိ​သား​သုံး​ယောက်​ကို ရ​လေ​၏။

< Genesis 5 >