< Salme 78 >

1 (En Maskil af Asaf.) Lyt, mit folk til min lære, bøj eders øre til ord fra min Mund;
ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သော စကားကို နားထောင်ကြလော့။
2 jeg vil åbne min Mund med Billedtale, fremsætte Gåder fra fordums Tid,
ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲ သော အရာများကို ဘော်ပြပေအံ့။
3 hvad vi har hørt og ved, hvad vore Fædre har sagt os;
ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရ သော ထိုအရာများကို၊
4 vi dølger det ikke for deres Børn, men melder en kommende Slægt om HERRENs Ære og Vælde og Underne, som han har gjort.
သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကို၎င်း၊ ပြုတော်မူ သော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ ဖြစ်လတံ့သောသူတို့အား ဘော်ပြကြမည်။
5 Han satte et Vidnesbyrd i Jakob, i Israel gav han en Lov, idet han bød vore Fædre at lade deres Børn det vide,
အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေ တရားကိုစီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။
6 at en senere Slægt kunde vide det, og Børn, som fødtes siden, stå frem og fortælle deres Børn derom,
သဘောမဖြောင့်၊
7 så de slår deres Lid til Gud og ikke glemmer Guds Gerninger, men overholder hans Bud,
ဘုရားသခင်၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ် သောအမျိုး၊
8 ej slægter Fædrene på, en vanartet, stridig Slægt, hvis Hjerte ikke var fast, hvis Ånd var utro mod Gud
ငြင်းဆန်၍ ပုန်ကန်တတ်အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည် မဖြစ်၊ ဘုရားသခင် အမှုတော်တို့ကို မမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အား ပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့ အား ပြသကြမည်အကြောင်း ပညတ်ထားတော်မူပြီ။
9 - Efraims Børn var rustede Bueskytter, men svigted på Stridens Dag -
ဧဖရိမ် အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။
10 Gudspagten holdt de ikke, de nægtede at følge hans Lov;
၁၀ဘုရားသခင်၏ သစ္စာတော်ကို မစောင့်။ တရားတော်လမ်း၌ သွားခြင်းငှါ အလိုမရှိကြ။
11 hans Gerninger gik dem ad Glemme, de Undere, han lod dem skue.
၁၁အမှုတော်တို့ကို၎င်း၊ ပြတော်မူသောအံ့ဩဘွယ် တို့ကို၎င်း မေ့လျော့ကြ၏။
12 Han gjorde Undere for deres Fædre i Ægypten på Zoans Mark;
၁၂အဲဂုတ္တုပြည်၊ ဇောနအရပ်တွင် သူတို့အဘများ မျက်မှောက်၌ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူ၏။
13 han kløvede Havet og førte dem over, lod Vandet stå som en Vold;
၁၃ပင်လယ်ကိုခွဲ၍ သူတို့ကိုရှောက်သွားစေတော် မူ၏။ ရေများကို စုပုံ၍ ထားတော်မူ၏။
14 han ledede dem ved Skyen om Dagen, Natten igennem ved Ildens Skær;
၁၄နေ့အချိန်၌ကား၊ မိုဃ်းတိမ်ဖြင့်၎င်း၊ ညဉ့်အချိန်၌ကားတညဉ့်လုံးမီးအလင်းဖြင့်၎င်း သူတို့ကို လမ်းပြတော်မူ၏။
15 han kløvede Klipper i Ørkenen, lod dem rigeligt drikke som af Strømme,
၁၅တော၌ ကျောက်တို့ကိုဖေါက်၍၊ ပင်လယ်ရေ ကဲ့သို့ များစွာသော ရေကို သူတို့အား တိုက်တော်မူ၏။
16 han lod Bække rinde af Klippen og Vand strømme ned som Floder.
၁၆ကျောက်ထဲကစီးသော ရေကိုထွက်စေ၍၊ မြစ်ရေ ကဲ့သို့ရေများကို စီးစေတော်မူ၏။
17 Men de blev ved at synde imod ham og vække den Højestes Vrede i Ørkenen;
၁၇ထိုသူတို့မူကား၊ အမြင့်ဆုံးသော ဘုရားကို တော၌ပုန်ကန်သောအားဖြင့် တိုး၍ပြစ်မှားကြ၏။
18 de fristede Gud i Hjertet og krævede Mad til at stille Sulten,
၁၈မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ် နှလုံးထဲမှာ ဘုရားသခင်ကို စုံစမ်းကြ၏။
19 de talte mod Gud og sagde: "Kan Gud dække Bord i en Ørken?
၁၉ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင် နိုင်သလော။
20 Se, Klippen slog han, så Vand flød frem, og Bække vælded ud; mon han også kan give Brød og skaffe kød til sit Folk?"
၂၀ကြည့်ကြလော့။ ကျောက်ကို ရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်း ပေးနိုင် သလော။ မိမိလူတို့အဘို့ အမဲသားကိုပြင်ဆင်နိုင်သလော ဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။
21 Det hørte HERREN, blev vred, der tændtes en Ild mod Jakob, ja Vrede kom op mod Israel,
၂၁ထိုစကားကို ထာဝရဘုရားသည် ကြား၍ အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍၊ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။
22 fordi de ikke troede Gud eller stolede på hans Frelse.
၂၂အကြောင်းမူကား၊ အထက်မိုဃ်းတမ်တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ကို ဖွင့်၍၊ သူတို့ စားစရာဘို့ မန္နကို မိုဃ်းရွာစေသဖြင့်၊ ကောင်းကင် ဆန် စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော သူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည် အကြောင်းပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကို မကိုးစားဘဲ နေကြ၏။
23 Da bød han Skyerne oventil, lod Himlens Døre åbne
၂၃
24 og Manna regne på dem til Føde, han gav dem Himmelkorn;
၂၄
25 Mennesker spiste Englebrød, han sendte dem Mad at mætte sig med.
၂၅
26 Han rejste Østenvinden på Himlen, førte Søndenvinden frem ved sin Kraft;
၂၆မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသောတောင် လေကို ဆောင်ခဲ့သဖြင့်၊
27 Kød lod han regne på dem som Støv og vingede Fugle som Havets Sand,
၂၇သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ ပျံတက်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ မိုဃ်းရွာ စေလျက်၊
28 lod dem falde midt i sin Lejr, rundt omkring sine Boliger;
၂၈သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေ တော်မူ၏။
29 Og de spiste sig overmætte, hvad de ønskede, lod han dem få.
၂၉ထိုသို့ သူတို့ အလိုရှိသည်အတိုင်း ပေးတော် မူသဖြင့်၊ သူတို့သည် ဝပြောစွာ စားရကြ၏။
30 Men før deres Attrå var stillet, mens Maden var i deres Mund,
၃၀သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင်၊
31 rejste Guds Vrede sig mod dem; han vog deres kraftige Mænd, fældede Israels Ynglinge.
၃၁ဘုရားသခင်၏အမျက်တော်သည် သက်ရောက် သဖြင့်၊ ကျန်းမာသောသူတို့ကို ကွပ်မျက်၍၊ ဣသရေလ လူပျိုတို့ကို လှဲချတော်မူ၏။
32 Og dog blev de ved at synde og troede ej på hans Undere.
၃၂ထိုအမှုအလုံးစုံတို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ။ ပြစ်မှားလျက် နေကြသေး၏။
33 Da lod han deres Dage svinde i Tomhed og endte brat deres År.
၃၃ထိုကြောင့် သူတို့ နေ့ရက်ကာလကို အချည်းနှီး လွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှုပ်တော် မူ၏။
34 Når han vog dem, søgte de ham, vendte om og spurgte om Gud,
၃၄သူတို့ကို ကွပ်မျက်တော်မူသောအခါ ကိုယ်တော် ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကို လိုက်ရှာကြ၏။
35 kom i Hu, at Gud var deres Klippe, Gud den Allerhøjeste deres Genløser.
၃၅ဘုရားသခင်သည် သူတို့၏ကျောက်၊ အမြင့်ဆုံး သော ဘုရားသည် သူတို့ကို ကယ်တင်သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိရကြ၏။
36 De hyklede for ham med Munden, løj for ham med deres Tunge;
၃၆သို့သော်လည်း၊ ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့ ၍၊ လျှာဖြင့်လည်း မုသာစကားကို လျှောက်ဆိုကြ၏။
37 deres Hjerter holdt ikke fast ved ham, hans Pagt var de ikke tro.
၃၇သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌ မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။
38 Og dog er han barmhjertig, han tilgiver Misgerning, lægger ej øde, hans Vrede lagde sig Gang på Gang, han lod ikke sin Harme fuldt bryde frem;
၃၈ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကို မဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော် ကိုနှိုးဆော်တော်မမူ။
39 han kom i Hu, de var Kød, et Pust, der svinder og ej vender tilbage.
၃၉သူတို့သည် အသားဖြစ်ကြောင်းကို၎င်း၊ စုတေ့၍ နောက်တဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကို ၎င်း အောက်မေ့တော်မူ၏။
40 Hvor tit stod de ham ikke imod i Ørkenen og voldte ham Sorg i det øde Land!
၄၀သူတို့သည် ကိုယ်တော်ကို တော၌ပုန်ကန်၍၊ လူဆိတ်ညံရာ အရပ်၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။
41 De fristede alter Gud, de krænkede Israels Hellige;
၄၁ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍ ဣသရေလ အမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည်တကား။
42 hans Hånd kom de ikke i Hu, de Dag han friede dem fra Fjenden,
၄၂တန်ခိုးတော်ကို၎င်း၊ ဒုက္ခထဲက ကယ်လွှတ်တော် မူသော နေ့ရက်ကာလကို၎င်း မအောက်မေ့ကြ။
43 da han gjorde sine Tegn i Ægypten, sine Undere på Zoans Mark,
၄၃အဲဂုတ္တုပြည်၌ လက္ခဏာသက်သေတော်တို့ကို၎င်း၊ ဇောနအရပ်၌ အံ့ဘွယ်သော အမှုတို့ကို၎င်း ပြုတော်မူ၏။
44 forvandlede deres Floder til Blod, så de ej kunde drikke af Strømmene,
၄၄ထိုပြည်သားတို့သည် ရေမသောက်ရမည် အကြောင်း၊ သူတို့ မြစ်ရေ၊ စမ်းရေများကို သွေးဖြစ် စေတော်မူ၏။
45 sendte Myg imod dem, som åd dem, og Frøer, som lagde dem øde,
၄၅သူတို့ကို ကိုက်စားတတ်သောယင်ရဲတို့ကို၎င်း၊ ဖျက်ဆီးတတ်သော ဘားတို့ကို၎င်း စေလွှတ်တော်မူ၏။
46 gav Æderen, hvad de avlede, Græshoppen al deres Høst,
၄၆သူတို့၏ မြေအသီးအနှံကို ခါသိလကျိုင်းတို့အား၎င်း၊ သူတို့လုပ်၍ရသောဥစ္စာကို အရာဘကျိုင်းတို့အား ၎င်း ပေးတော်မူ၏။
47 slog deres Vinstokke ned med Hagl, deres Morbærtræer med Frost,
၄၇သူတို့စပျစ်နွယ်ပင်များကို မိုဃ်းသီးဖြင့်၎င်း၊ သူတို့ သဖန်းပင်များကို နှင်းခဲဖြင့်၎င်း ဖျက်ဆီးတော်မူ၏။
48 prisgav Kvæget for Hagl og deres Hjorde for Lyn.
၄၈သူတို့၏ သိုးနွားများကို မိုဃ်းသီး၌၎င်း၊ ပြုစု သော တိရစ္ဆာန်များကို မီး၌၎င်း အပ်တော်မူ၏။
49 Han sendte sin Vredesglød mod dem, Harme, Vrede og Trængsel, en Sendefærd af Ulykkesengle;
၄၉အမျက်တော် အရှိန်အားဖြင့်သူတို့၌ ဆိုးသော တမန်တို့ကို စေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ရှက်ခြင်းအမှုကိုဖြစ်စေတော်မူ၏။
50 frit Løb gav han sin Vrede, skånede dem ikke for Døden, gav deres Liv til Pris for Pest;
၅၀အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှါ ကာလနာသို့ အပ်နှံသဖြင့်၊
51 alt førstefødt i Ægypten slog han, Mandskraftens Førstegrøde i Kamiternes Telte,
၅၁အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို၎င်း၊ ဟာမသားတို့နေရာ အရပ်၌ အထွဋ်အမြတ်များကို၎င်း ဒဏ်ခတ်တော်မူ၏။
52 lod sit Folk bryde op som en Hjord, ledede dem som Kvæg i Ørkenen,
၅၂မိမိလူများကိုကား၊ သိုးကဲ့သို့ ထွက်စေ၍၊ တော၌သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ၏။
53 ledede dem trygt, uden Frygt, mens Havet lukked sig over deres Fjender;
၅၃ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူ သဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။
54 han bragte dem til sit hellige Land, de Bjerge, hans højre vandt,
၅၄သန့်ရှင်းသော ပြည်တော်စွန်းတိုင်အောင်၎င်း၊ လက်ျာလက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
55 drev Folkeslag bort foran dem, udskiftede ved Lod deres Land og lod Israels Stammer bo i deres Telte.
၅၅သူတို့ရှေ့မှာလည်း၊ တပါးအမျိုးသားတို့ကို နှင် ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့ သည် အမွေခံရသော မြေကို တာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။
56 Dog fristed og trodsede de Gud den Allerhøjeste og overholdt ikke hans Vidnesbyrd;
၅၆သို့သော်လည်း၊ သူတို့သည် အမြင့်ဆုံးသော ဘုရားကို စုံစမ်း၍ ပုန်ကန်ကြ၏။ သက်သေခံတော်မူချက် များကို မစောင့်ဘဲ၊
57 de faldt fra, var troløse som deres Fædre, svigtede som en slappet Bue,
၅၇ဘိုးဘေးများကဲ့သို့ ဖေါက်ပြန်၍သစ္စာကို ဖျက် ကြ၏။ လိမ်တတ်သော လေကဲ့သို့ လမ်းလွဲကြ၏။
58 de krænkede ham med deres Offerhøje, æggede ham med deres Gudebilleder.
၅၈သူတို့သည် မြင့်သော အရပ်များအားဖြင့်၊ အမျက်တော်ကို နှိုးဆော်၍၊ ရုပ်တုများအားဖြင့်လည်း စိတ်တော်ကို ချုပ်ချယ်နှောင့်ရှက်ကြ၏။
59 Det hørte Gud og blev vred følte højlig Lede ved Israel;
၅၉ဘုရားသခင်သည် ကြားသိတော်မူလျှင်၊ အမျက် တော်ထွက်၍၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံရှာ သဖြင့်၊
60 han opgav sin Bolig i Silo, det Telt, hvor han boede blandt Mennesker;
၆၀ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသော အရပ်ကိုစွန့်တော်မူ၏။
61 han gav sin Stolthed i Fangenskab, sin Herlighed i Fjendehånd,
၆၁တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှါ၎င်း၊ ဘုန်း တော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှါ၎င်း စီရင် တော်မူ၏။
62 prisgav sit Folk for Sværdet, blev vred på sin Arvelod;
၆၂မိမိလူတို့ကိုလည်း ထားဘေး၌ အပ်၍၊ အမွေ တော်ကို အမျက်ထွက်တော်မူ၏။
63 Ild fortærede dets unge Mænd, dets Jomfruer fik ej Bryllupssange,
၆၃လူပျိုတို့သည် မီးလောင်ခြင်းကိုခံရသော်လည်း၊ အပျိုတို့သည် မငိုကြွေးရကြ။
64 dets Præster faldt for Sværdet, dets Enker holdt ikke Klagefest.
၆၄ယဇ်ပုရောဟိတ်တို့သည် ထားဘေးဖြင့် ဆုံး သော်လည်း၊ မုတ်ဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။
65 Da vågnede Herren som en, der har sovet, som en Helt, der er døvet af Vin;
၆၅ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူ ကဲ့သို့၎င်း၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့၎င်း နိုးတော်မူ၏။
66 han slog sine Fjender på Ryggen, gjorde dem evigt til Skamme.
၆၆ရန်သူတို့ကိုဒဏ်ခတ်၍ လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ၏။
67 Men han fik Lede ved Josefs Telt, Efraims Stamme udvalgte han ikke;
၆၇သို့ရာတွင်၊ ယောသပ်၏ တဲတော်ကို ငြင်းပယ်၍ ဧဖရိမ်အမျိုးကို ရွေးတော်မမူ။
68 han udvalgte Judas Stamme, Zions Bjerg, som han elsker;
၆၈ယုဒအမျိုးကို၎င်း၊ ချစ်တော်မူသော ဇိအုန် တောင်ကို၎င်း ရွေးတော်မူ၏။
69 han byggede sit Tempel himmelhøjt, grundfæstede det evigt som Jorden.
၆၉သန့်ရှင်းရာဌာနတော်ကို အထွဋ်ကဲ့သို့ တည် ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။
70 Han udvalgte David, sin Tjener, og tog ham fra Fårenes Folde,
၇၀ကျွန်တော်မျိုး ဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူ တော်မူ၏။
71 hentede ham fra de diende Dyr til at vogte Jakob, hans Folk, Israel, hans Arvelod;
၇၁သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှ နှုတ်၍၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေ တော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်း ငှါ ခန့်ထားတော်မူ၏။
72 han vogtede dem med oprigtigt Hjerte, ledede dem med kyndig Hånd.
၇၂ထိုသူသည် ဖြောင့်သောသဘောရှိသည်အတိုင်း ကျွေးမွေး၍၊ လိမ္မာသောလက်နှင့် ပို့ဆောင်လေ၏။

< Salme 78 >