< Salme 69 >

1 (Til Sangmesteren. Til Liljerne. Af David.) Frels mig Gud, thi Vandene når mig til Sjælen,
အကျွန်ုပ် ကို ကယ် ယူတော်မူပါ ဘုရား ။ ရေ သည် အကျွန်ုပ်အသက် ဝိညာဉ်တိုင်အောင် ရောက် ပါပြီ။
2 jeg er sunket i bundløst Dynd, hvor der intet Fodfæste er, kommet i Vandenes Dyb, og Strømmen går over mig;
ခြေနင်း ရာမ ရှိ။ နက် လှသော ရွှံ့ ထဲ မှာ ကျွံ ပါပြီ။ လှိုင်း တံပိုးလွှမ်းမိုး ရာ နက် သော ရေ ထဲ သို့ ရောက် ပါပြီ။
3 træt har jeg skreget mig, Struben brænder, mit Øje er mat af at bie på min Gud;
အော်ဟစ် ၍ ပင်ပန်း ပါပြီ။ လည်ချောင်း ခြောက် ပါပြီ။ အကျွန်ုပ် ၏ ဘုရား သခင်ကို အကျွန်ုပ် မျှော် ကြည့် ၍ မျက်စိပျက် ပါပြီ။
4 flere end mit Hoveds Hår er de, der hader mig uden Grund, mange er de, som vil mig til Livs, uden Skel er mig fjendske; hvad jeg ikke har ranet, skal jeg dog erstatte!
အကြောင်း မရှိဘဲ အကျွန်ုပ် ကို မုန်း သောသူတို့သည် အကျွန်ုပ် ၏ဆံပင် ထက် များ ကြပါ၏။ မဟုတ် မမှန် ဘဲ အကျွန်ုပ် ကို ရန်ဘက် ပြု၍ ဖျက်ဆီး သောသူတို့ သည် ခွန်အား ကြီးကြပါ၏။ ထိုအခါ အကျွန်ုပ် သည် မ ယူ သော ဥစ္စာကိုပင်ပြန် ပေးရပါ၏။
5 Gud, du kender min Dårskab, min Skyld er ej skjult for dig.
အိုဘုရား သခင်၊ အကျွန်ုပ် မိုက် ခြင်းအမှုကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် ၏အပြစ် တို့ကို ရှေ့တော်၌ ဝှက် ၍ မ ထားရပါ။
6 Lad mig ej bringe Skam over dem, som bier på dig, o Herre, Hærskarers HERRE, lad mig ej bringe Skændsel over dem der søger dig, Israels Gud!
ကောင်းကင်ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရား ၊ ကိုယ်တော် ကို မြော်လင့် သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ် မ ပျက်ကြပါစေနှင့်။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကိုယ်တော် ကို ရှာ သောသူတို့ သည် အကျွန်ုပ် အကြောင်းကြောင့် ရှက် ကြောက်ခြင်းသို့ မ ရောက်ကြပါစေနှင့်။
7 Thi for din Skyld bærer jeg Spot, mit Åsyn dækkes af Skændsel;
ကိုယ်တော် အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။ အကျွန်ုပ် မျက်နှာ သည် ရှက် ခြင်းနှင့် ပြည့်စုံ ပါ၏။
8 fremmed er jeg for mine Brødre en Udlænding for min Moders Sønner.
ကိုယ် ညီအစ် ကိုတို့တွင် ၊ လူစိမ်း ဖြစ် ခဲ့ပါပြီ။ တမိ တည်းသော ပေါက်ဘော် တို့တွင် ၊ တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ။
9 Thi Nidkærhed for dit Hus har fortæret mig, Spotten mod dig er faldet på mig:
ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို စား ပါ၏။ ကိုယ်တော် ကို ကဲ့ရဲ့ သောသူတို့ ၏စကားသည် အကျွန်ုပ် အပေါ် သို့ ရောက် ပါ၏။
10 jeg spæged min Sjæl med Faste, og det blev mig til Spot;
၁၀အကျွန်ုပ်သည် ငိုကြွေး ၍ စိတ် နှလုံးပါလျက် ၊ အစာ ရှောင်သောအကျင့် ကြောင့် ပင် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။
11 i Sæk har jeg klædt mig, jeg blev dem et Mundheld.
၁၁လျှော်တေ အဝတ် ကို ဝတ် သောအခါ ၊ သူ တို့သည် သရော် တတ်ကြပါ၏။
12 De, der sidder i Porten, taler om mig, ved Drikkelagene synger de om mig.
၁၂ရုံး၌ ထိုင် သောသူတို့သည် အကျွန်ုပ် တဘက်မှာ ပြော ဆို၍ ၊ သေသောက် ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆို တတ်ကြပါ၏။
13 Men jeg beder, HERRE, til dig i Nådens Tid, o Gud, i din store Miskundhed svare du mig!
၁၃အိုထာဝရဘုရား ၊ အကျွန်ုပ် မူကား ၊ မင်္ဂလာ အချိန် ကာလ၌ ကိုယ်တော် ကို ဆုတောင်း ပါ၏။ အိုဘုရား သခင်၊ ကရုဏာ တော် ကြွယ်ဝ သည်နှင့်အညီ ၊ ကယ်တင် တော်မူခြင်း သစ္စာ အတိုင်း ၊ အကျွန်ုပ် စကားကို နားထောင် တော်မူပါ။
14 Frels mig med din trofaste Hjælp fra Dyndet, at jeg ikke skal synke; red mig fra dem, der hader mig, fra Vandenes Dyb,
၁၄အကျွန်ုပ် ကို ရွှံ့ ထဲ က ကယ်နှုတ် တော်မူပါ။ နစ် စေတော်မ မူပါနှင့်။ အကျွန်ုပ် ကို မုန်း သောသူတို့ လက်မှ ၎င်း၊ နက် သော ရေ ထဲ က၎င်း လွှတ် ပါစေသော။
15 lad Strømmen ikke gå over mig; lad Dybet ikke sluge mig eller Brønden lukke sig over mig.
၁၅ရေ ထ ၍ မ လွှမ်း ပါစေနှင့်။ နက်နဲ ရာ၌ မ မြုပ် ပါစေနှင့်။ အကျွန်ုပ် အပေါ် မှာ တွင်း ဝ မ ပိတ် ပါစေနှင့်။
16 Svar mig, HERRE, thi god er din Nåde, vend dig til mig efter din store Barmhjertighed;
၁၆အိုထာဝရဘုရား ၊ ကျေးဇူး ပြုချင်သော စေတနာတော်သည် ကောင်းမွန် သောကြောင့် ၊ အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် ကို မျက်နှာ ပြုတော်မူပါ။
17 dit Åsyn skjule du ej for din Tjener, thi jeg er i Våde, skynd dig og svar mig;
၁၇ကိုယ်တော် ၏ ကျွန် မှ မျက်နှာ တော်ကို လွှဲ တော်မ မူပါနှင့်။ ဘေး ရောက်ပါပြီ။ အလျင် အမြန်နားထောင် တော်မူပါ။
18 kom til min Sjæl og løs den, fri mig for mine Fjenders Skyld!
၁၈အကျွန်ုပ် ၏အသက် ဝိညာဉ်သို့ ချဉ်းကပ် ၍ ရွေး တော်မူပါ။ ရန်သူ များရှိကြောင်း ကိုထောက် ၍ ချမ်းသာ ပေးတော်မူပါ။
19 Du ved, hvorledes jeg smædes og bærer Skam og Skændsel; du har Rede på alle mine Fjender.
၁၉အကျွန်ုပ် ခံရသောကဲ့ရဲ့ ခြင်း၊ အရှက် ကွဲခြင်း၊ အသရေ ပျက်ခြင်းတို့ကို ကိုယ်တော် သည် သိ တော်မူ၏။ အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ရှေ့ တော်၌ ထင်ရှားလျက် ရှိကြပါ၏။
20 Spot har ulægeligt knust mit Hjerte; jeg bied forgæves på Medynk, på Trøstere uden at finde;
၂၀ကဲ့ရဲ့ ခြင်းအားဖြင့်အကျွန်ုပ် သည် စိတ် ပျက် ၍ အလွန် ပူဆွေးခြင်း ရှိပါ၏။ သနား သောသူကို ကြည့် ၍ မ မြင်။ သက်သာ စေသောသူကို ရှာ ၍ မ တွေ့ရပါ။
21 de gav mig Malurt at spise og slukked min Tørst med Eddike.
၂၁အကျွန်ုပ် စားစရာ ဘို့ ဆေးခါး ကို ကျွေး ကြပါ၏။ ရေငတ် သောအခါ ပုံးရည် ကို တိုက် ကြပါ၏။
22 Lad Bordet foran dem blive en Snare, deres Takofre blive en Fælde;
၂၂သူ တို့စားပွဲ သည် သူ တို့ရှေ့ မှာ ကျော့ကွင်း သော် ၎င်း၊ ခံ ထိုက်သောအပြစ်သော် ၎င်း၊ ထောင် ချောက်သော် ၎င်း ဖြစ် ပါစေ။
23 lad Øjnene slukkes, så Synet svigter, lad Lænderne altid vakle!
၂၃သူ တို့သည် မမြင် နိုင်အောင် မျက်စိ ကွယ် ပါစေ။ သူ တို့ခါး သည်လည်း အစဉ် တုန် ပါစေ။
24 Din Vrede udøse du over dem din glødende Harme nå dem;
၂၄သူ တို့အပေါ် မှာ အမျက် တော်ကို သွန်းလောင်း တော်မူ၍ ၊ အမျက် တော်အရှိန် သည် သူ တို့ကို မှီ ပါစေ။
25 deres Teltlejr blive et Øde, og ingen bo i deres Telte!
၂၅သူ တို့နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ် ဖြစ် ပါစေ။ သူ တို့အိမ် ၌ နေ သောသူ မ ရှိ ပါစေနှင့်။
26 Thi de forfølger den, du slog, og øger Smerten for dem, du såred.
၂၆အကြောင်း မူကား၊ သူတို့သည် ဒဏ်ခတ် တော်မူသောသူ ကို ညှဉ်းဆဲ ကြပါ၏။ နာ စေတော်မူသောသူတို့ကို ထပ်၍ နာ စေကြပါ၏။
27 Tilregn dem hver eneste Brøde lad dem ikke få Del i din Retfærd;
၂၇သူ တို့အပြစ် ၌ အပြစ် ကိုထပ်၍ ပေး တော်မူပါ။ ကုသိုလ် တော်နှင့် မ ဆိုင် ကြပါစေနှင့်။
28 lad dem slettes af Livets Bog, ej optegnes blandt de retfærdige!
၂၈အသက် ရှင်သောသူတို့စာရင်း ၌ သူတို့နာမည်များကို ချေ၍ ၊ ဖြောင့်မတ် သောသူတို့နှင့်အတူ မ ရေး မမှတ်ပါစေနှင့်။
29 Men mig, som er arm og lidende, bjærge din Frelse, o Gud!
၂၉အကျွန်ုပ် မူကား ၊ ဆင်းရဲ ငြိုငြင် ပါ၏။ အိုဘုရား သခင်၊ ကယ်တင် တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ် ကို ချီးမြှင့် ပါစေသော။
30 Jeg vil prise Guds Navn med Sang og ophøje ham med Tak;
၃၀ငါသည် ဘုရား သခင်၏ နာမတော် ကို ထောမနာ သီချင်းဆို မည်။ ကျေးဇူး တော်ကို ပြ၍ ဘုရား သခင်ကို ချီးမွမ်း မည်။
31 det er mer for HERREN end Okser end Tyre med Horn og Klove!
၃၁ထာဝရဘုရား သည် ချို နှင့်၎င်း၊ ခွါ နှင့်၎င်း ပြည့်စုံသော နွား လားကို နှစ်သက် သည်ထက် ၊ ထိုအကျင့်ကို သာ၍နှစ်သက်တော်မူလိမ့်မည်။
32 Når de ydmyge ser det, glæder de sig; I, som søger Gud, eders Hjerte oplives!
၃၂နှိမ့်ချ သောသူတို့ သည် မြင် ၍ ဝမ်းမြောက် ကြလိမ့်မည်။ ဘုရား သခင်ကို ရှာ သောသူတို့ ၏ စိတ် နှလုံးသည် အား ပြည့်လိမ့်မည်။
33 Thi HERREN låner de fattige Øre, han agter ej fangne Venner ringe.
၃၃ထာဝရဘုရား သည် ဆင်းရဲ သောသူတို့၏စကားကို နားထောင် တော်မူ၏။ အချုပ် ခံရသောမိမိ လူတို့ကို မထီမဲ့မြင် ပြုတော်မ မူတတ်။
34 Himmel og Jord skal prise ham, Havet og alt, hvad der rører sig der;
၃၄ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ တို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါ အပေါင်း တို့သည် ဘုရား သခင်ကို ချီးမွမ်း ကြပါစေသော။
35 thi Gud vil frelse Zion og opbygge Judas Byer; der skal de bo og tage det i Eje;
၃၅ဘုရား သခင်သည် ဇိအုန် မြို့ကို စောင့် ၍ ၊ ယုဒ မြို့ တို့ကို ပြု စုတော်မူသဖြင့် ၊ ထို သူတို့သည် နေ ၍ ပိုင် ရကြလိမ့်မည်။
36 hans Tjeneres Afkom skal arve det, de, der elsker hans Navn, skal bo deri.
၃၆ကျွန် တော်မျိုး၏သား မြေးတို့သည် ထိုမြို့ ကို အမွေ ခံရ၍ ၊ နာမတော် ကို ချစ် သောသူတို့သည် နေရာ ကျရကြလိမ့်မည်။

< Salme 69 >