< Salme 51 >

1 (Til sangmesteren. En salme af David, dengang Natan kom til ham, efter at han havde været inde hos Batseba.) Gud, vær mig nådig efter din Miskundhed, udslet mine Overtrædelser efter din store Barmhjertighed,
ဒါဝိဒ် သည် ဗာသရှေဘ နှင့်မှားယွင်း ၍ ပရောဖက် နာသန် ၏ဆုံးမ ခြင်းကိုခံပြီးမှ စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ ကျေးဇူး ပြုချင်သော စေတနာစိတ် တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကိုသနား တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် လွန်ကျူး ခြင်း အပြစ်ကိုဖြေ တော်မူပါ။
2 tvæt mig fuldkommen ren for min Skyld og rens mig for min Synd!
ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော ၍ ၊ အကျွန်ုပ် ကို သန့်ရှင်း စေတော်မူပါ။
3 Mine Overtrædelser kender jeg jo, min Synd står mig altid for Øje.
အကျွန်ုပ် လွန်ကျူး ပါပြီဟု ဝန်ချလျက် ကိုယ် အပြစ် ကို အစဉ် မပြတ်အောက်မေ့လျက်နေပါ၏။
4 Mod dig har jeg syndet, mod dig alene, og gjort, hvad i dine Øjne er ondt, at du må få Ret, når du taler, stå ren, når du dømmer.
ကိုယ်တော် ကို ပြစ်မှားပါပြီ။ ကိုယ်တော် ကိုသာ ပြစ်မှား ၍ မျက်မှောက် တော်၌ ပင် မ တရားသောအမှုကို ပြု ပါပြီ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်တော်မူချက်သည် အပြစ် လွတ်ပါ၏။
5 Se, jeg er født i Misgerning, min Moder undfanged mig i Synd.
အကျွန်ုပ် သည် မွေး စကပင် အပြစ် ပါလျက် ရှိ၏။ အမိ ဝမ်းထဲမှာ ပဋိသန္ဓေ ယူစဉ်ပင် အပြစ် စွဲ၏။
6 Du elsker jo Sandhed i Hjertets Løndom, så lær mig da Visdom i Hjertedybet.
ဟုတ်မှန် ဖြောင့်မတ် သော စိတ် နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍ ၊ အကျွန်ုပ် ၏ စိတ် နှလုံးထဲမှာ ပညာ ကို သွန်သင် တော်မူပါ။
7 Rens mig for Synd med Ysop, tvæt mig hvidere end Sne;
အကျွန်ုပ် ကို စင်ကြယ် စေခြင်းငှါ၊ ဟုဿုပ် ပင် ညွန့်နှင့် သန့်ရှင်း ခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့် ထက် သာ၍ဖြူ စေခြင်းငှါ ဆေးကြော တော်မူ ပါ။
8 mæt mig med Fryd og Glæde, lad de Ben, du knuste, juble;
စိတ်သက်သာဝမ်းမြောက် ခြင်း ရှိမည်အကြောင်းစကားကို အကျွန်ုပ် အားကြား စေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့ တော်မူသောအရိုး တို့သည် ရွှင်မြူး ခြင်းရှိကြပါလိမ့် မည်။
9 skjul dit Åsyn for mine Synder, udslet alle mine Misgerninger;
အကျွန်ုပ် လွန်ကျူး ခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ ၍ ၊ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကိုလည်းဖြေ တော်မူ ပါ။
10 skab mig, o Gud, et rent Hjerte, giv en ny, en stadig Ånd i mit Indre;
၁၀အိုဘုရား သခင်၊ အကျွန်ုပ် အထဲ ၌ စင်ကြယ် သောနှလုံး ကို ဖန်ဆင်း တော်မူပါ။ မြဲမြံ တည်ကြည်သော သဘော ကို အသစ် ပြုပြင်တော်မူပါ။
11 kast mig ikke bort fra dit Åsyn, tag ikke din hellige Ånd fra mig;
၁၁အကျွန်ုပ် ကို အထံ တော်ထဲ က နှင်ထုတ် တော် မ မူပါနှင့်။ သန့်ရှင်း သောဝိညာဉ် တော်ကို ရုပ်သိမ်း တော် မ မူပါနှင့်။
12 glæd mig igen med din Frelse, giv mig til Støtte en villig Ånd!
၁၂ကယ်တင် တော်မူခြင်းနှင့် ယှဉ်သော ဝမ်းမြောက် ခြင်း အခွင့်ကို ပြန် ၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာ စိတ် သဘောသည် အကျွန်ုပ် ကိုထောက် မပါ စေသော။
13 Da vil jeg lære Overtrædere dine Veje, og Syndere skal vende om til dig.
၁၃အကျွန်ုပ်သည်လည်း မ တရားသောသူတို့အား တရားလမ်း ကို ပြသသွန်သင် ပါမည်။ အပြစ် ရှိသောသူတို့ သည် ကိုယ်တော် ထံ သို့ပြန် ကြပါလိမ့်မည်။
14 Fri mig fra Blodskyld, Gud, min Frelses Gud, så skal min Tunge lovsynge din Retfærd;
၁၄အိုဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် တော်မူ သောဘုရား ၊ လူ အသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ် ကို ကင်းလွတ် စေတော်မူပါ။ တရား သဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ် လျှာ သည် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
15 Herre, åben mine Læber, så skal min Mund forkynde din Pris.
၁၅အိုထာဝရ ဘုရား၊ အကျွန်ုပ် ၏ နှုတ် ကို ဖွင့် တော်မူ ပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ မြွက်ဆို ပါမည်။
16 Thi i Slagtoffer har du ikke Behag, og gav jeg et Brændoffer, vandt det dig ikke.
၁၆ယဇ် ပူဇော်ခြင်းကို အလို တော်မ ရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့ သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက် တော်မ မူ။
17 Offer for Gud er en sønderbrudt Ånd; et sønderbrudt, sønderknust Hjerte agter du ikke ringe, o Gud.
၁၇ဘုရား သခင်နှစ်သက်တော်မူသောယဇ် မူကား၊ ကျိုးပဲ့ သောစိတ် ပေတည်း။ အိုဘုရား သခင်၊ ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသော နှလုံး ကို ငြင်းပယ် တော်မ မူ တတ်ပါ။
18 Gør vel i din Nåde mod Zion, opbyg Jerusalems Mure!
၁၈စေတနာ စိတ်တော်ရှိ၍ ဇိအုန် တောင်ကို ကျေးဇူး ပြုတော်မူပါ။ ယေရုရှလင် မြို့ရိုး ကို တည် စေတော်မူပါ။
19 Da skal du have Behag i rette Ofre, Brænd- og Heloffer, da bringes Tyre op på dit Alter.
၁၉ထိုအခါ တရား သဖြင့် ပူဇော်သောယဇ် ၊ မီးရှို့ သောယဇ်၊ တကိုယ် လုံးမီးရှို့သောယဇ်နှင့် မွေ့လျော် တော်မူလိမ့်မည်။ ထိုအခါ ယဇ် ပလ္လင်တော်ပေါ် မှာ နွား လား တို့ကို ယဇ် ပူဇော်ကြပါလိမ့်မည်။

< Salme 51 >