< Salme 104 >

1 Min sjæl, lov Herren! Herren min Gud, du er såre stor! Du er klædt i Højhed og Herlighed,
အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် အလွန် ကြီးမြတ် တော်မူ၏။ ဘုန်း တန်ခိုး အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။
2 hyllet i Lys som en Kappe! Himlen spænder du ud som et Telt;
အဝတ် နှင့်ခြုံသကဲ့သို့ ၊ အလင်း နှင့် ကိုယ်တော်ကို ခြုံ တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် တော်မူထသော၊
3 du hvælver din Højsal i Vandene, gør Skyerne til din Vogn, farer frem på Vindens Vinger;
နေတော်မူရာအထက် ခန်း၊ အမြစ်ကိုရေ ၌ တည် တော်မူထသော၊ မိုဃ်းတိမ် ရထား ကို စီး၍၊ လေ အတောင် တို့ဖြင့် ကြွ သွားတော်မူထသော၊
4 Vindene gør du til Sendebud, Ildsluer til dine Tjenere!
မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း၊ မိမိ အစေအပါး တို့ကို မီး လျှံ ကဲ့သို့၎င်း ဖြစ် စေတော်မူထသော၊
5 Du fæsted Jorden på dens Grundvolde, aldrig i Evighed rokkes den;
မြေကြီး အမြစ် ကို ကာလ အစဉ်အမြဲ မ ရွေ့ မလှုပ် စေခြင်းငှါ၊ တည် တော်မူသောဘုရားပေတည်း။
6 Verdensdybet hylled den til som en Klædning, Vandene stod over Bjerge.
ကိုယ်တော်သည် မြေကြီး ကို အဝတ် နှင့် ဖုံး သကဲ့သို့ ၊ ပင်လယ် နှင့် ဖုံးတော်မူ၍၊ ရေ တို့သည် တောင် များ အပေါ် မှာ ရပ် နေကြပါ၏။
7 For din Trusel flyede de, skræmtes bort ved din Tordenrøst,
တဖန် ဆုံးမ တော်မူ၍ သူတို့သည် ပြေး ကြပါ၏။ မိုဃ်းချုန်း တော်မူသံ ကိုကြား၍ ၊ အလျင် အမြန်ပြန်သွား ကြပါ၏။
8 for op ad Bjerge og ned i Dale til det Sted, du havde beredt dem;
တောင် တို့သည် တက် လျက်၊ ချိုင့် တို့သည် ဆင်း လျက်၊ သူ တို့ဘို့ ခွဲခန့် တော်မူသောအရပ် သို့ ရောက်ကြပါ ၏။
9 du satte en Grænse, de ej kommer over, så de ikke igen skal tilhylle Jorden.
ရေတို့သည် ပြန်လာ ၍ မြေကြီး ကို မ လွှမ်းမိုး စေခြင်းငှါ ၊ မ ကျော် ရသောနယ်စပ် ကိုပိုင်းခြား တော်မူ၏။
10 Kilder lod du rinde i Dale, hen mellem Bjerge flød de;
၁၀ထာဝရဘုရားသည် ချိုင့် များထဲ သို့ စမ်း ရေကို လွှတ် တော်မူ၍၊ ရေသည် တောင် တို့တွင် စီး လျက်၊
11 de læsker al Markens Vildt, Vildæsler slukker deres Tørst;
၁၁မြေ တိရစ္ဆာန် အပေါင်း တို့အား သောက် ရသောအခွင့်ကိုပေး ၏။ မြည်း ရိုင်းတို့သည် အငတ် ပြေ ရကြ၏။
12 over dem bygger Himlens Fugle, mellem Grenene lyder deres Kvidder.
၁၂ထို ရေအနား မှာ မိုဃ်း ကောင်းကင်ငှက် တို့သည် နေရာ ကျ၍ ၊ သစ်ပင် အခက်အလက်တို့တွင် ကြွေးကြော် ကြ၏။
13 Fra din Højsal vander du Bjergene, Jorden mættes fra dine Skyer;
၁၃အထက် ခန်းတော်ထဲ က တောင် များကို ရေ ပေး တော်မူ၏။ စီရင် ပြုပြင်တော်မူခြင်းအကျိုး ကြောင့် ၊ မြေကြီး သည် ရောင့်ရဲ လျက်ရှိ၏။
14 du lader Græs gro frem til Kvæget og Urter til Menneskets Tjeneste, så du frembringer Brød af Jorden
၁၄တိရစ္ဆာန် ဘို့ မြက်ပင် ကို၎င်း ၊ လူ သုံးဘို့ စပါး ပင်ကို၎င်းပေါက် စေတော်မူသဖြင့်၊ မြေကြီး ထဲ က မုန့် ကို ထုတ် ဘော်တော်မူ၏။
15 og Vin, der glæder Menneskets Hjerte, og lader Ansigtet glinse af Olie, og Brødet skal styrke Menneskets Hjerte.
၁၅စပျစ် ရည်သည်လည်း လူ တို့ကို ရွှင်လန်း စေ၏။ ဆီ အားဖြင့်လည်း သူတို့မျက်နှာ ကို ပြောင် စေတော်မူ၏။ မုန့် သည်လည်း ၊ သူ တို့နှလုံး ကို ထောက်မ ၏။
16 HERRENs Træer bliver mætte, Libanons Cedre, som han har plantet,
၁၆ထာဝရဘုရား ၏သစ်ပင် ၊ စိုက် တော်မူသောလေဗနုန် အာရဇ် ပင်တို့သည်လည်း ရောင့်ရဲ လျက်ရှိကြ၏။
17 hvor Fuglene bygger sig Rede; i Cypresser har Storken sin Bolig.
၁၇ထိုအပင်တို့၌ ငှက် တို့သည် အသိုက် လုပ်တတ် ကြ၏။ ထင်းရူး ပင်တို့၌ တောငန်း တို့သည် နေရာ ကျ တတ်ကြ၏။
18 Højfjeldet er for Stenbukken, Klipperne Grævlingens Tilflugt.
၁၈မြင့် သောတောင် တို့သည် တောဆိတ် များမှီခို ရာ၊ ကျောက် တို့သည် ရှာဖန်ယုန် များ မှီခိုရာ ဖြစ်ကြ၏။
19 Du skabte Månen for Festernes Skyld, Solen kender sin Nedgangs Tid;
၁၉ချိန်းချက် သောအချိန်ဘို့ ၊ လ ကို ဖန်းဆင်း တော်မူပြီ။ နေ သည်လည်း၊ မိမိ ဝင် ရသောအချိန်ကိုသိ ၏။
20 du sender Mørke, Natten kommer, da rører sig alle Skovens Dyr;
၂၀ကိုယ်တော်သည် မှောင်မိုက် ကို စီရင် တော်မူ၍ ညဉ့် ဖြစ် ပါ၏။ ထိုအချိန်၌ တော တိရစ္ဆာန် အပေါင်း တို့ သည် တွား လျက် ထွက်တတ်ကြပါ၏။
21 de unge Løver brøler efter Rov, de kræver deres Føde af Gud.
၂၁ခြင်္သေ့ ပျိုတို့သည် လုယက် ခြင်းအလိုငှါ ဟောက် ၍ ၊ ဘုရား သခင့်ထံမှာ အစာ ကို ရှာ ကြပါ၏။
22 De sniger sig bort, når Sol står op, og lægger sig i deres Huler;
၂၂တဖန်နေ ထွက် ပြန်လျှင်၊ သူတို့သည် ဆုတ် သွား ၍ နေမြဲတွင်း တို့၌ အိပ် နေကြပါ၏။
23 Mennesket går til sit Dagværk, ud til sin Gerning, til Kvæld falder på.
၂၃လူ သည်လည်း လုပ်ဆောင် ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွား ပါ၏။
24 Hvor mange er dine Gerninger, HERRE, du gjorde dem alle med Visdom; Jorden er fuld af, hvad du har skabt!
၂၄အို ထာဝရဘုရား ၊ ကိုယ်တော် စီရင် ပြုပြင်တော်မူ သောအရာတို့သည် အလွန်များပြား ပါ၏။ ရှိရှိသမျှ တို့ကို ပညာ တော်အားဖြင့် ဖန်ဆင်း တော်မူ၏။ မြေကြီး သည် ဘဏ္ဍာ တော်နှင့် ကြွယ်ဝ ပါ၏။
25 Der er Havet, stort og vidt, der vrimler det uden Tal af Dyr, både små og store;
၂၅မ ရေတွက် နိုင်အောင် တွား တတ်သော တိရစ္ဆာန် အစရှိ သော တိရစ္ဆာန်အကြီး အငယ် များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာ လည်း ရှိပါသေး၏။
26 Skibene farer der, Livjatan, som du danned til Leg deri.
၂၆ထို အရပ်၌ သင်္ဘော တို့သည် သွား လာကြပါ၏။ ထို အရပ်၌ ကွန့်မြူးစေခြင်းငှါဖန်ဆင်းတော်မူသောငါးကြီးလဝိသန်သည်လည်း ရှိပါ၏။
27 De bier alle på dig, at du skal give dem Føde i Tide;
၂၇ထိုသို့သော တိရစ္ဆာန် အပေါင်း တို့သည် အချိန်တန် လျှင် အစာ ကျွေး တော်မူစေခြင်းငှါ ၊ ကိုယ်တော် ကို မြော်လင့် လျက် နေကြပါ၏။
28 du giver dem den, og de sanker, du åbner din Hånd, og de mættes med godt.
၂၈ကိုယ်တော်ချ ထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူ ကြပါ၏။ လက် တော်ကို ဖွင့် တော်မူသော အားဖြင့် ၊ သူတို့သည် ကောင်း သောအရာနှင့် ရောင့်ရဲ ကြ ပါ၏။
29 Du skjuler dit Åsyn, og de forfærdes; du tager deres Ånd, og de dør og vender tilbage til Støvet;
၂၉မျက်နှာ တော်ကို လွှဲ တော်မူလျှင်၊ သူတို့သည် ပင်ပန်း ကြပါ၏။ သူ တို့အသက် ကို ရုပ်သိမ်း တော်မူလျှင်၊ သူတို့သည် သေ ၍ မိမိ တို့မြေမှုန့် ထဲ သို့ ပြန် သွားကြပါ၏။
30 du sender din Ånd, og de skabes, Jordens Åsyn fornyer du.
၃၀တဖန်ဝိညာဉ် တော်ကို လွှတ် ၍ ၊ သူတို့ကို ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီး မျက်နှာ ကို အသစ် ပြုပြင် တော်မူ၏။
31 HERRENs Herlighed vare evindelig, HERREN glæde sig ved sine Værker!
၃၁ထာဝရဘုရား ၏ဘုန်း တော်သည် နိစ္စ အမြဲ တည် ၏။ ထာဝရဘုရား သည် မိမိ အမှု တော်တို့တွင် ဝမ်းမြောက် တော်မူ၏။
32 Et Blik fra ham, og Jorden skælver, et Stød fra ham, og Bjergene ryger
၃၂မြေကြီး ကို ကြည့်ရှု တော်မူ၍ သူသည် တုန်လှုပ် တတ်၏။ တောင် တို့ကို တို့ တော်မူ၍ ၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ၏။
33 Jeg vil synge for HERREN, så længe jeg lever, lovsynge min Gud, den Tid jeg er til.
၃၃ငါ သည် အသက် ရှင်စဉ် ၊ ထာဝရဘုရား ကို သီချင်း ဆိုမည်။ ငါဖြစ်သည် ကာလ ပတ်လုံး၊ ငါ ၏ ဘုရား သခင် ကို ထောမနာသီချင်း ဆိုမည်။
34 Min Sang være ham til Behag, jeg har min Glæde i HERREN.
၃၄ငါ ဥဒါန်း ကျူးခြင်းအသံသည် နှစ်သက် တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား ၌ ငါ ရွှင်လန်း လိမ့်မည်။
35 Måtte Syndere svinde fra Jorden og gudløse ikke mer være til! Min Sjæl, lov HERREN! Halleluja!
၃၅ပြစ်မှား သောသူတို့ကို မြေကြီး မှ သုတ်သင် ပယ်ရှင်း၍ ၊ မ တရားသောသူတို့ သည် နောက် တဖန် မ ဖြစ်ရကြ။ အိုငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။

< Salme 104 >