< Ordsprogene 6 >

1 Min Søn: har du borget for din næste og givet en anden Håndslag,
ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းအတွက် အာမခံ မိသော် ၎င်း၊ သူတပါး နှင့် လက်ဝါး ချင်း ရိုက် မိ သော်၎င်း၊
2 er du fanget ved dine Læber og bundet ved Mundens Ord,
ကိုယ် နှုတ်ထွက် စကား ဖြင့် ကျော့မိ ပြီ။ ကိုယ် ပြော သောစကား ကြောင့် အမှု ရောက်လေပြီ။
3 gør så dette, min Søn, og red dig, nu du er kommet i Næstens Hånd: Gå hen uden Tøven, træng ind på din Næste;
ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းလက် သို့ ရောက် မိလျှင် ၊ ကိုယ်ကိုနှုတ် အံ့သောငှါအဘယ်သို့ပြု ရမည်နည်းဟူမူကား ၊ အဆွေ ခင်ပွန်းထံသို့သွား ၍ ၊ ကိုယ်ကိုနှိမ့်ချ လျက် သူ့ကို နှိုးဆော်လော့။
4 und ikke dine Øjne Søvn, ej heller dine Øjenlåg Hvile,
အိပ် မ ပျော်နှင့်။ မျက်စိ မှိတ် ၍ မငိုက် နှင့်။
5 red dig som en Gazel af Snaren, som en Fugl af Fuglefængerens Hånd.
မုဆိုး လက် မှ သမင်ဒရယ် ကို၎င်း၊ ငှက် ကို၎င်းနှုတ် ရသကဲ့သို့ ကိုယ်ကိုနှုတ် လော့။
6 Gå hen til Myren, du lade, se dens Færd og bliv viis.
အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။
7 Skønt uden Fyrste, Foged og Styrer,
ပရွတ်ဆိတ် သည်ဆရာ မ ရှိ၊ ပဲ့ပြင် သောသူမရှိ၊ မင်း မရှိဘဲလျက် ၊
8 sørger den dog om Somren for Æde og sanker sin Føde i Høst.
နွေ ကာလနှင့် စပါး ရိတ်ရာကာလ၌ မိမိ စားစရာ အစာ ကို ရှာဖွေသိုထား တတ်၏။
9 Hvor længe vil du ligge, du lade, når står du op af din Søvn?
အိုလူပျင်း ၊ သင် သည် အဘယ် မျှကာလ ပတ်လုံးအိပ် လျက်နေလိမ့်မည်နည်း။ အဘယ် သောအခါနိုး လိမ့်မည်နည်း။
10 Lidt Søvn endnu, lidt Blund, lidt Hvile med samlagte Hænder:
၁၀ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် အံ့သောငှါ ခဏ လက် ချင်းပိုက် လျက် နေစဉ်တွင်၊
11 som en Stimand kommer da Fattigdom over dig, Trang som en skjoldvæbnet Mand.
၁၁ဆင်းရဲ ခြင်းသည် ခရီးသွား သော သူကဲ့သို့ ၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာ လိမ့်မည်။
12 En Nidding, en ussel Mand er den, som vandrer med Falskhed i Munden,
၁၂ဆိုးယုတ် သော သူ နှင့်မ တရားသောသူ သည် ကောက်လိမ် သော စကား၌ ကျင်လည် တတ်၏။
13 som blinker med Øjet, skraber med Foden og giver Tegn med Fingrene,
၁၃မျက်တောင် ခတ် လျက် ၊ ခြေ ဖြင့် အမှတ် ပေးလျက် ၊ လက် ချောင်းတို့ဖြင့် သွန်သင် လျက် ပြုတတ်၏။
14 som smeder Rænker i Hjertet og altid kun ypper Kiv;
၁၄ကောက် သောစိတ် သဘောနှင့် ပြည့်စုံ၍၊ မ ကောင်းသော အကြံကို အစဉ် ကြံစည် တတ်၏။ သူတပါးချင်းရန်တွေ့ စေခြင်းငှါပြုတတ်၏။
15 derfor kommer hans Undergang brat, han knuses på Stedet, kan ikke læges.
၁၅ထိုကြောင့် သူ သည် အမှတ်တမဲ့ အမှု ရောက် ၍၊ ကိုးကွယ် ရာမ ရဘဲ ချက်ခြင်း ကျိုးပဲ့ ပျက်စီးရလိမ့်မည်။
16 Seks Ting hader HERREN, syv er hans Sjæl en Gru:
၁၆ထာဝရဘုရား မုန်း တော်မူသောအရာ ခြောက် ပါးမက၊ စက်ဆုပ် ရွံ့ရှာတော်မူသောအရာ ခုနစ် ပါး ဟူမူကား ၊
17 Stolte Øjne, Løgnetunge, Hænder, der udgyder uskyldigt Blod,
၁၇ထောင်လွှား သော မျက်နှာ တပါး၊ မုသာ ၌ ကျင်လည် သော လျှာ တပါး၊ အပြစ် မရှိသောသူ၏ အသက် ကိုသတ် သော လက် တပါး၊
18 et Hjerte, der udtænker onde Råd, Fødder, der haster og iler til ondt,
၁၈မ ကောင်းသော အကြံ ကို ကြံစည် သော နှလုံး တပါး၊ အပြစ် ပြုရာသို့ အလျင် အမြန်ပြေး တတ်သော ခြေ တပါး၊
19 falsk Vidne, der farer med Løgn, og den, som sætter Splid mellem Brødre.
၁၉မုသာ စကားကိုပြော ၍ မ မှန်သောသက်သေ တပါး၊ အပေါင်း အဘော်ချင်း ရန်တွေ့ စေခြင်းငှါပြုတတ် သော သူတပါးတည်း။
20 Min Søn, tag Vare på din Faders Bud, opgiv ikke din Moders Belæring,
၂၀ငါ့ သား ၊ အဘ ၏ပညတ် စကားကို နားထောင် လော့။ အမိ ပေးသော တရား ကို မ ပယ် နှင့်။
21 bind dem altid på dit Hjerte, knyt dem fast om din Hals;
၂၁နှလုံး ပေါ် မှာ အမြဲ ချည် ၍ လည်ပင်း ၌ ဆွဲ ထား လော့။
22 på din Vandring lede den dig, på dit Leje vogte den dig, den tale dig til, når du vågner;
၂၂သင် သည် အခြားသို့ သွား သောအခါ ၊ ထိုပညတ် တရားသည် လမ်း ပြလိမ့်မည်။ အိပ် သောအခါ သင့် ကို စောင့် လိမ့်မည်။ နိုး သောအခါ သင် နှင့် နှုတ်ဆက် လိမ့်မည်။
23 thi Budet er en Lygte, Læren Lys, og Tugtens Revselse Livets Vej
၂၃အကြောင်း မူကား၊ ပညတ် တော်သည် မီးခွက် ဖြစ်၏။ တရား တော်သည် အလင်း ဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒ စကားသည် အသက် လမ်း ဖြစ်၏။
24 for at vogte dig for Andenmands Hustru, for fremmed Kvindes sleske Tunge!
၂၄ဆိုး သောမိန်းမ နှင့် ၎င်း၊ အမျိုး ပျက်သော မိန်းမချော့မော့ တတ်သော နှုတ် နှင့်၎င်း လွတ်စေခြင်းငှါ၊ သင့် ကို စောင့် ဘို့ရာဖြစ်သတည်း။
25 Attrå ej i dit Hjerte hendes Skønhed, hendes Blik besnære dig ej!
၂၅ထိုသို့သောမိန်းမ သည် အဆင်း လှသော်လည်း ၊ တပ်မက် သောစိတ် မ ရှိနှင့်။ သူ သည် မျက်ခမ်း တို့ဖြင့် သင့် ကိုမ ကျော့မိ စေနှင့်။
26 Thi en Skøge får man blot for et Brød, men Andenmands Hustru fanger dyrebar Sjæl.
၂၆အကြောင်း မူကား၊ ပြည်တန်ဆာ မကို မှီဝဲသော ယောက်ျား သည် ဆင်းရဲ၍၊ မုန့် တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမ သည်လည်း မြတ် သောအသက် ကို ဘမ်း တတ်၏။
27 Kan nogen bære Ild i sin Brystfold, uden at Klæderne brænder?
၂၇လူ သည်အဝတ် မ လောင် ဘဲ မီး ကို ပိုက် ဘက်နိုင် သလော ။
28 Kan man vandre på glødende Kul, uden at Fødderne svides?
၂၈ခြေ မ လောင် ဘဲမီး ခဲပေါ် မှာ နင်း နိုင်သလော။
29 Så er det at gå ind til sin Næstes Hustru; ingen, der rører hende, slipper for Straf.
၂၉သူ့ မယား ထံသို့ ဝင် သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့ မယားကို ပြစ်မှား သော သူမည်သည် ကား၊ အပြစ် နှင့် မ ကင်းမလွတ်နိုင်ရာ၊
30 Ringeagter man ikke Tyven, når han stjæler fot at stille sin Sult?
၃၀မွတ်သိပ် သောစိတ် ပြေ စေခြင်းငှါ ၊ ခိုး သောသူ ပင် အပြစ် မလွတ်ရ။
31 Om han gribes, må han syvfold bøde og afgive alt sit Huses Gods.
၃၁တွေ့ မိလျှင် ခုနစ် ဆပြန်ပေး ရမည်။ ကိုယ် အိမ် ၌ ရှိသမျှ သော ဥစ္စာ တို့ကို လျော် ရမည်။
32 Afsindig er den, der boler med hende, kun en Selvmorder handler så;
၃၂သူ့မယား ကိုပြစ်မှား သောသူသည် ဉာဏ် မ ရှိ။ ထိုသို့ ပြု သောသူ သည် မိမိ အသက် ကို ဖျက်ဆီး တတ်၏။
33 han opnår Hug og Skændsel, og aldrig udslettes hans Skam.
၃၃နာကျင် စွာ ထိခိုက်ခြင်းနှင့် အသရေ ရှုတ်ချခြင်း ကိုခံရ လိမ့်မည်။ သူ ၏အရှက် ကွဲခြင်းသည် မ ပြေ နိုင်။
34 Thi Skinsyge vækker Mandens Vrede, han skåner ikke på Hævnens Dag;
၃၄အကြောင်း မူကား၊ ယောက်ျား သည် မယားကို မယုံ သောစိတ်ရှိလျှင် ၊ ပြင်းထန်စွာ အမျက်ထွက် တတ်၏။ အပြစ် ပေးချိန် ရောက်သောအခါ သနား ခြင်းမ ရှိတတ်။
35 ingen Bøde tager han god; store Tilbud rører ham ikke.
၃၅လျော်ပြစ်ငွေ မည်မျှ ကို ပမာဏ မ ပြုတတ်။ များစွာ သော လက်ဆောင် တို့ကိုပေးသော်လည်း စိတ် မ ပြေတတ်။

< Ordsprogene 6 >